03/08/2022
介護
介護(かいご)ပြုစုစောင့်ရှောက်ရေးအလုပ်ဆိုတာဘယ်လိုမျိုးလဲ
ပထမဆုံး နဲနဲလောက်ရှင်းပြချင်ပါတယ်။
❇️介護(かいご)とは日常生活(にちじょうせいかつ)の自立(じりつ)を目指す(めざす)行為(こうい)
#介護 = 自立支援
Kaigoအလုပ်ဆိုတာ လူသားတွေရဲ့နေ့စဉ် အနိစ္စဓူဝ ဘဝမှာ အသက်ရှင်,ရှင်သန်ဖို့ အတွက် ကိုယ်တိုင်မဆောင်ရွက်နိုင်တဲ့ သက်ကြီးရွယ်အို၊မသန်စွမ်းသူတွေကို သူတို့ကိုယ်တိုင်ဘယ်လောက်ထိ ပြန်လည် စွမ်းဆောင်နိုင်အောင်ကူညီပြုမှူပေးရမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့လိုအပ်တဲ့ အကူအညီ ပြုစုစောင့်ရှောက်ပေးမှု့ကိုဆိုတယ်...
‼️ဒီမှာတူမလိုလိုနဲ့ကျွန်တော်တို့ အထင်လွှဲကြတာတစ်ခုက 介護 (かいご) 介助(かいじょ)ဆိုတာပဲ . . .
❇️(介助とは介護をするための手段(しゅだん)日常生活をサポートする行為)
かいごထဲမှာမှပါဝင်တဲ့ နည်းလမ်း တစ်စိပ်တစ်ဒေသသာဖြစ်တယ် နေ့စဉ်ဘဝကို ချောချောမွေ့မွေ့ နဲ့ အနာတရမရှိ ကုန်ဆုံးနိုင်ဖို့ ဘေးကနေ လိုအပ်တာ Supportပေးခြင်းမျိုးပဲဖြစ်တယ်...(介護ကို 介護士တစ်ယောက်အနေထိမသွားပဲ 介助အနေနဲ့ပဲ တွေးမယ်ဆို အဲ့ဒီအလုပ်ကဒီနေရာမှာ တင်ပြီးဆုံးပြီး ပျော်ရွှင်မှု့ပျောက်အလုပ်လုပ်ရခြင်း အသက်ရှင်ရခြင်းဆိုတာ အဓိပ္ပာယ်မရှိခံစားရနိုင်ပါတယ်)
ထပ်ဆက်ရအောင် .....
❇️介護の業務内容(かいごのぎょうむないよう)
Kaigoအလုပ်ရဲ့ အသေးစိပ် အချက်အလက်
အဓိကအနေနဲ့ (၃)မျိုးရှိမယ်
(၁)身体介護(しんたいかいご)
နေ့စဉ်အသက်ရှင်ဖို့ လိုအပ်တဲ့ တစ်ကိုယ်ရေတာနှင့်ဆက်နွယ်နေတဲ့ အကူအညီပေးမှု့ ၊ပြုစုပေးမှု့မျိုး
ဒီနေရာမှာမှ 介助ပါမယ်
(ဉပမာ 食事介助 (しょくじかいじょ)ထမင်းကျွေးခြင်း
အဲ့မှာ ခွံ့ကျွေးရတာ သူစားနေတာကို မနင်အောင် ဘေးကိုကြည့်ရှု့နေပေးတာ တို့
入浴介助 (にゅうよくかいじょ)
ရေချိုးဝင်ခြင်း
ထို့သူအပူချိန် မမျှ ဖြစ်ပြီး Shock မဖြစ်အောင် ဲမဖျားအောင် ချော်မလဲအောင် သတိထားပေးရတာတွေပါမယ်
更衣介助(こういかいじょ)အဝတ်လဲပေးခြင်း
ကိုယ်တိုင်အဝတ်မလဲနိုင်သူလဲပေးတာ အရေပြာမှာ အနာ ဒဏ်ရာ ရှိမရှိသတိထားရတာတို့
排泄介助(はいせつかいじょ)
အညစ်အကြေးစွန့်ခြင်း
အိမ်သာလိုက်ပို့ပေးတာ တို့ ကိုယ်တိုင် မသွားနိုင်သူတွေ オムツလဲပေးတာတို့ ဆေးကြောပေးတာတို့ စသည့် သူကိုယ်တိုင်တစ်နေ့တာဘဝကို မရပ်တည်နိုသူကို ဘေးကနေ Support ပေး ပြုစုပေးရတယ်
(၂)生活援助(せいかつえんじょ)
ဒါက သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့မှု့မရှိတဲ့ တဲ့ နေ့စဉ်အသက်ရှင်ဖို့ လိုအပ်တဲ့ သန့်ရှင်းရေး၊ အဝတ်လျှော် ၊ အဝတ်အစားပြဲရင်ချုပ်ပေးတာ ဟင်းချက်တာ စျေးသွားတာစတာတွေပါဝင်တယ်....
(၃)その他の支援(しえん)အခြားသော စောင့်ရှောက်မှု့
ကျန်မာဖို့ အများသူမှာထိတွေ့မှု့ရှိဖို့ တွေ အကုန်စုပြီးကစားပေးတာ ဖျော်ဖြေရေးတွေလုပ်တာမတဲ့ recreationတို့ ၊သူတို့ဝါသနာနဲ့လိုက်တဲ့ Supportingလုပ်ပေးရတာတို့ ပြီးတော့ လူသားတွေဖြစ်တာနဲ့အညီ စိတ်ညစ်တာ စိတ်ဓာက်ကျတာ မပျော်ရွှင်ရတာတွေ့ စသည့် Mental ပိုင်းကိုပါ သတိထား Careလုပ်ပေးတာတို့ ၊ထို သူ့ရဲ့ မိသားစု ဆွေမျိုး တွေ နဲ့ အဆင်ပြေဖို့ လိုအပ်တဲ့ ဆက်သွယ်မှု့ Serviceတွေအထိပါဝင်ပါတယ် ....
#介護ဆိုတာ ဘိုးဘွား မသန်စွမ်းသူတွေရဲ့ သာမန်ပြုစုစောင့်ရှေက်ခြင်းဆိုတဲ့ အဓိပ္ပာယ်လို့ ထင်ကြရပေမဲ့ လည်း တကယ့်လက်တွေ့မှာ သူတို့ရဲ့ တစ်ဉီးတစ်ယောက်ချင်းဆီရဲ့ ဆန္ဒ ၊မျှော်လင့် ချက်ကို ဖြည့်စီးပေးတဲ့
Serviceပဲဖြစ်တယ်လို့ ထင်ပါတယ် ။
အဆုံးထိဖတ်ပေးတာ ကျေးဇူးပါ...
အမှားပါရင် ထောက်ပြပေးပါ ကွဲလွဲတာရှိရင် ဝေဖန်ပေးပါ🙏 ။
Kaigoနဲ့ပတ်သက်တာသိချင်များရှိရင် cbသို့ commentမှ မေးမြန်းနိုင်ပါသည်။
/14.2021
Photo Crd