12/02/2026
ဂျပန်ပြည်တွင်း 特定技能第3回目(2026年1月〜2月)ဖြေခဲ့တဲ့သူတွေရဲ့ အောင်စာရင်း ဒီလ16ရက်နေ့ ညနေ 5နာရီနောက်ပိုင်း ကြည့်လို့ရပါပီ။
အောက်ပါ Link ကနေ Login ဝင်ပီး result ကြည့်လို့ရပါတယ်။
https://otaff1.jp/news/?c=news-2&pk=496
#特定技能
#အောင်စာရင်း
28/01/2026
❇️「連絡が何度も続いて申し訳ない」
【ခဏခဏအကြောင်းကြားရတာ စိတ်မရှိပါနဲ့ 】ဆိုတာကို လှလှလေး ဘယ်လိုပြောမလဲ👇👇👇
⭕️「五月雨式(さみだれしき)に失礼いたします」
☔️旧暦カレンダー 【明治5年(1872年) 】အထိသုံးခဲ့တဲ့ ဂျပန်ပြက္ခဒိန်ရဲ့ 5 လပိုင်း ( ခုသုံးတဲ့ ပြက္ခဒိန်အရတော့ 6လပိုင်း) မှာရွာတဲ့မိုးလိုပြတ်တောက်ပြတ်တောက်နဲ့ ခဏခဏခဏ ရွာသလိုပုံစံမျိုး ဖြစ်လို့ 5月(၅ လပိုင်း) 雨(မိုး)ဆိုတဲ့ Kanjiကိုသုံးပီး 五月雨လို့ပြောတာပါ။
さみだれလို့အသံထွက်ပါတယ်။
🟡အလုပ်မှာအကြောင်းအရာတစ်ခုနဲ့ပါတ်သတ်ပီး တစ်ခါထဲမပြောပဲ နဲနဲချင်း ထပ်ကာထပ်ကာအကြောင်းကြားအသိပေးတဲ့အခါ 五月雨式(さみだれしき)လို့ ပြောပါတယ်။ ဂျပန်တွေနဲ့ အလုပ်အတူတွဲလုပ်တဲ့အခါ အထေထာက်အကူဖြစ်စေဖို့ သိထားသင့်တဲ့ စကားလုံးလေးဖြစ်ပါတယ်။
🌦️五月 (ごげつ) 5လပိုင်း
☔️雨(あめ) မိုး
🌬️式(しき) စနစ်၊ ပုံစံ
#五月雨
#ビジネス用語
#仕事の日本語
22/01/2026
📣📣📣ဒီအတန်း လူပြည့်သွားလို့ မအပ်လိုက်ရတဲ့သူများ အရင်အတန်းအချိန်အပြောင်းအလဲကြောင့် အပ်လို့ရပါသေးတယ်ရှင့်။
⚠️လူဦးရေကန့်သတ်ထားပါတယ်။
အတန်းစမဲ့ရက်ကို 2လပိုင်း7 ရက်နေ့ပြောင်းလဲသတ်မှာလိုက်ပါတယ်။
အချိန်ကတော့ မပြောင်းပါဘူးရှင့်။
🔔သင်တန်းအချိန်🔔
Start Date: 07/02/2026 (02月07日)
🗓Sat,Sun
⏰Myanmar Time : 6:30~8:00 PM
⏰Japan time : 9:00~10:30 PM
🧑🏻💻👩💻Japan ကုမ္ပဏီမှာSoftware Engineer、Programmer အနေနဲ့အလုပ်လုပ်မည့်သူများအတွက်
🔔လက်တွေ့လုပ်ငန်းသုံး စကားပြောများနှင့် Mannerများ၊ လုပ်ငန်းသုံးဝေါဟာများ၊
Project Flow ,Documentation များအကြောင်း၊Reporting စသည်များအပြင် Interviewing အတွက်ပါလေ့ကျင့်သင်ကြားပေးမယ့်
❇️ 実用会話【IT業務編】
❇️ Business Japanese for IT Engineers
အတန်းသစ်ထပ်မံဖွင့်လှစ်လိုက်ပါပီ။(Online)
📚📚📚 သင်ကြားပေးမယ့် contents တွေကတော့
I. ウォームアップ(日本で仕事を見つけよう)
1. 求人ポスター
2. 電話で問い合わせる
3. 職務経歴書
4. 面接
5. ビザの取得
II. 場面で覚える(プロジェクトチームの一員になろう)
1. 自己紹介
2. 要件定義書の読解
3. 内容確認
4. 担当業務の通知
5. 詳細設計書を書く
6. 仕様変更
7. 単体テスト終了報告
8. 進捗状況の報告
9. 遅延報告
10. 担当モジュール完成報告
11. 結合テスト
12. デバッグ終了報告とシステムテストの準備
13 . システムテスト
14. オペレーションデモの準備
15. オペレーションデモ
III. 仕様書を読む (文章表現に慣れておこう)
1. 販促対象検索処理
2. 受注处理
3. 発注処理
စတဲ့ text book contents တွေအပြင်
စာအုပ်မှာမပါတဲ့ Essential Skill တွေဖြစ်တဲ့အောက်ပါ အချက်အလက်တွေကိုလည်း ထည့်သွင်းသင်ကြားပေးသွားပါမယ်။
❶自己紹介/会社の挨拶 (Self Introducing and Greeding)
❷ 履歴書 書き方( how to write CV)
❸ 業務経歴書 書き方(スキールシート)
(how to write skill sheet)
❹自己PR 書き方(how to write self public relations)
❺ メール書き方(how to write mail format)
❻ 面接の質問と答え方(interview questions and how to answers)
❼ビジネスマナー(business manners)
❽ 漫談質問と練習(interview training)
❾基本設計、詳細設計、仕様書、テストとは
(what about basic design, detail design, specifications, testing)
➓外部設計と内部設計の違い
(differences between external design and internal design)
👩🏻💻👩🏻🎓👩🏫သင်ကြားမဲ့ဆရာမ
M.C. Sc ဘွဲ့ရ ဖြစ်ပီး
ဂျပန်နိုင်ငံတွင် Software Engineerအဖြစ်အတွေ့အကြုံ ၁၀ နှစ်ရှိထားပါတယ်။
🔔သင်တန်းကြေး🔔
350,000 Kyats (or) 15,000¥
🔔သင်တန်းအချိန်🔔
Start Date: 24/01/2026 (01月24日)
🗓Sat,Sun
⏰Myanmar Time : 6:30~8:00 PM
⏰Japan time : 9:00~10:30 PM
🔔သင်တန်းကာလ🔔
About 3.5 months
🔔သင်ကြားမည့်ပုံစံ🔔
Zoom Application
🎓🎓🎓ဒီသင်တန်းက ဘာတွေရနိုင်လဲ?
⭕️သင်တန်းပီးတာနဲ့အလုပ်ခွင်သုံး စကားလုံးတွေရပီးသားဖြစ်မှာဖြစ်ပီး ဂျပန်မှာ Software Engineer တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ကြိုတင်လေ့လာထားရမယ့်အချက်များ အလုပ်မှာဆောင်ရန်ရှောင်ရန်အချက်များနှင့် အလုပ်အတွေ့အကြုံများကိုလည်းကြုံသလိုမျှဝေပေးသွားဦးမှာပါ။
⭕️Interview မှာအမေးများတဲ့မေးခွန်းပေါင်း ၅၀ ကျော်ကို ဖြေပုံဖြေနည်းနှင့်တကွ 練習လုပ်ပေးတဲ့အထိသေချာလေ့ကျင့်သင်ပေးသွားမှာပါ။
💬N3 level အထက်နှင့် IT အတွေ့အကြုံရှိသူများ တက်ရောက်နိုင်ပါတယ်။
⛔️မှတ်ချက်⛔️ယခု အတန်းမှာCoding ရေးနည်းသင်တန်းမဟုတ်ပါ။ ဂျပန်မှာလက်တွေ့အလုပ်ခွင်မှာ လိုအပ်တဲ့ Coding Skills အပြင်ရှိရမယ့် Other Skills တွေအတွက်ဖြစ်ပါတယ်။
16/01/2026
🏃🏻♀️➡️ရုံးသွားချိန်မှာ ကိုယ်စီးမဲ့ရထားကနောက်ကျလို့ တစ်ခြားလိုင်းကပါတ်စီးပီးသွားတာကို 迂回လို့ခေါ်ပါတယ်။
🏃🏻♀️➡️ကားလမ်းပြင်နေလို့ တစ်ခြားလမ်းကပါတ်သွားတာမျိုးမှာလဲသုံးပါတယ်။
🏃🏻♀️➡️အဓိပ္ပါယ်ကတော့ ကိုယ်သွားချင်တဲ့နေရာရောက်ဖို့ ကွေ့ပါတ်သွားတာကိုပြောတာပါ။
🏃🏻♀️➡️ဒီနေ့ JR京浜東北線 ကရထားနောက်ကျလို့ ကိုယ်လဲ 迂回လုပ်လိုက်ရတယ်။
⭕️ရုံးကို 報告လုပ်တဲ့အခါ ရထားနောက်ကျလို့ ရုံးနောက်ကျမယ်လို့ပဲ ပြောလို့လဲရပါတယ်။
❇️ရထားနောက်ကျတဲ့အတွက်လမ်းကြောင်းပြောင်းလာရမှာမို့ ရုံးနောက်ကျမယ်လို့ ပြောချင်ရင် 報告ဘယ်လိုလုပ်မလဲ?👇
例:電車遅延で迂回する為、出社が遅れます。
(でんしゃちえんでうかいするため、しゅっしゃがおくれます。)
သူများပြောရင် နားလည်ရမယ့်စကားလုံးလေးဖြစ်လို့ Communication အတွက်အထောက်အထူဖြစ်စေတာမို့ ဂျပန်တွေနဲ့အတူအလုပ်လုပ်ရာမှာပိုအဆင်ပြေစေမှာပါ။💪💪💪
20/12/2025
🧑🏻💻👩💻Japan ကုမ္ပဏီမှာSoftware Engineer、Programmer အနေနဲ့အလုပ်လုပ်မည့်သူများအတွက်
🔔လက်တွေ့လုပ်ငန်းသုံး စကားပြောများနှင့် Mannerများ၊ လုပ်ငန်းသုံးဝေါဟာများ၊
Project Flow ,Documentation များအကြောင်း၊Reporting စသည်များအပြင် Interviewing အတွက်ပါလေ့ကျင့်သင်ကြားပေးမယ့်
❇️ 実用会話【IT業務編】
❇️ Business Japanese for IT Engineers
အတန်းသစ်ထပ်မံဖွင့်လှစ်လိုက်ပါပီ။(Online)
📚📚📚 သင်ကြားပေးမယ့် contents တွေကတော့
I. ウォームアップ(日本で仕事を見つけよう)
1. 求人ポスター
2. 電話で問い合わせる
3. 職務経歴書
4. 面接
5. ビザの取得
II. 場面で覚える(プロジェクトチームの一員になろう)
1. 自己紹介
2. 要件定義書の読解
3. 内容確認
4. 担当業務の通知
5. 詳細設計書を書く
6. 仕様変更
7. 単体テスト終了報告
8. 進捗状況の報告
9. 遅延報告
10. 担当モジュール完成報告
11. 結合テスト
12. デバッグ終了報告とシステムテストの準備
13 . システムテスト
14. オペレーションデモの準備
15. オペレーションデモ
III. 仕様書を読む (文章表現に慣れておこう)
1. 販促対象検索処理
2. 受注处理
3. 発注処理
စတဲ့ text book contents တွေအပြင်
စာအုပ်မှာမပါတဲ့ Essential Skill တွေဖြစ်တဲ့အောက်ပါ အချက်အလက်တွေကိုလည်း ထည့်သွင်းသင်ကြားပေးသွားပါမယ်။
❶自己紹介/会社の挨拶 (Self Introducing and Greeding)
❷ 履歴書 書き方( how to write CV)
❸ 業務経歴書 書き方(スキールシート)
(how to write skill sheet)
❹自己PR 書き方(how to write self public relations)
❺ メール書き方(how to write mail format)
❻ 面接の質問と答え方(interview questions and how to answers)
❼ビジネスマナー(business manners)
❽ 漫談質問と練習(interview training)
❾基本設計、詳細設計、仕様書、テストとは
(what about basic design, detail design, specifications, testing)
➓外部設計と内部設計の違い
(differences between external design and internal design)
👩🏻💻👩🏻🎓👩🏫သင်ကြားမဲ့ဆရာမ
M.C. Sc ဘွဲ့ရ ဖြစ်ပီး
ဂျပန်နိုင်ငံတွင် Software Engineerအဖြစ်အတွေ့အကြုံ ၁၀ နှစ်ရှိထားပါတယ်။
🔔သင်တန်းကြေး🔔
350,000 Kyats (or) 15,000¥
🔔သင်တန်းအချိန်🔔
Start Date: 24/01/2026 (01月24日)
🗓Sat,Sun
⏰Myanmar Time : 6:30~8:00 PM
⏰Japan time : 9:00~10:30 PM
🔔သင်တန်းကာလ🔔
About 3.5 months
🔔သင်ကြားမည့်ပုံစံ🔔
Zoom Application
🎓🎓🎓ဒီသင်တန်းက ဘာတွေရနိုင်လဲ?
⭕️သင်တန်းပီးတာနဲ့အလုပ်ခွင်သုံး စကားလုံးတွေရပီးသားဖြစ်မှာဖြစ်ပီး ဂျပန်မှာ Software Engineer တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ကြိုတင်လေ့လာထားရမယ့်အချက်များ အလုပ်မှာဆောင်ရန်ရှောင်ရန်အချက်များနှင့် အလုပ်အတွေ့အကြုံများကိုလည်းကြုံသလိုမျှဝေပေးသွားဦးမှာပါ။
⭕️Interview မှာအမေးများတဲ့မေးခွန်းပေါင်း ၅၀ ကျော်ကို ဖြေပုံဖြေနည်းနှင့်တကွ 練習လုပ်ပေးတဲ့အထိသေချာလေ့ကျင့်သင်ပေးသွားမှာပါ။
💬N3 level အထက်နှင့် IT အတွေ့အကြုံရှိသူများ တက်ရောက်နိုင်ပါတယ်။
⛔️မှတ်ချက်⛔️ယခု အတန်းမှာCoding ရေးနည်းသင်တန်းမဟုတ်ပါ။ ဂျပန်မှာလက်တွေ့အလုပ်ခွင်မှာ လိုအပ်တဲ့ Coding Skills အပြင်ရှိရမယ့် Other Skills တွေအတွက်ဖြစ်ပါတယ်။
10/12/2025
🔹ဒီနေ့ တင်ပေးချင်တဲ့ စကားလုံးလေးကတော့
👀文字化け😈
အဓိပ္ပါယ်ကတော့👇
文字(文字)စာလုံး
化ける(ばけ) အသွင်ပြောင်းခြင်း ၊ ပုံပျက်ခြင်း။
🔺စာလုံးတွေက Font ပြောင်းပီးဖတ်လို့မရတဲ့အခြေအနေမျိုး ဖြစ်နေတာကို 文字化けလို့ခေါ်ပါတယ်။
အလုပ်ထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Error မို့လို့ Japan မှာ IT Engineer လုပ်မယ်ဆို 文字化け ဆိုတဲ့စကားလုံးလေးက မဖြစ်မနေသိထားသင့်ပါတယ်။
ဘယ်လိုအချိန်မှာ 文字化けဖြစ်တတ်လဲဆိုရင်文字コード(Encoding)မတူတဲ့အခါဖြစ်တတ်ပါတယ်။
ဥပမာ။ 東京 ဆိုတဲ့စကားလုံး Browser မှာပေါ်ချင်လို့ HTML File မှာရေးပီး Save တဲ့အခါ Shift JIS နဲ့ Save လိုက်တယ်။
အဲ့ဒီ File ကို Browser (ブラウザ )မှာပြန်ဖွင့်နဲ့အခါ ブラウザ ရဲ့ Setting မှာက UTF-8 ဖြစ်နေတာမျိုးမှာ 東京 လို့မမြင်ရပဲ ဖတ်လို့မရတဲ့ ပုံစံမျိုးဖြစ်နေတာကို 文字化けလို့ခေါ်ပါတယ်။
မှတ်မိလွယ်အောင် お化け(တစ္ဆေ၊ သရဲ) 👻ဆိုတဲ့စကားလေးနဲ့ တွဲမှတ်လို့လဲရပါတယ်နော်။
ထူးဆန်းတဲ့ပုံစံ ၊ ပုံပျက်နေတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
#三徳
#文字化け
15/11/2025
🔹口頭(こうとう)ဆိုတဲ့ စကားလုံးလေးကအလုပ်မှာသုံးတတ်တဲ့ စကားလုံးလေးတစ်ခုမို့ IT Engineer တစ်ယောက်အတွက်သိထားသင့်တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။
🔹အလုပ်အကြောင်းအရာတွေနဲ့ပါတ်သတ်ပီး မေးကြဖြေကြပြောကြတဲ့အခါ teams, slack အစရှိတဲ့ SNS Tool တွေကနေ စာနဲ့ရေးပီးပြောကြသလို
ပါးစပ်ကနေ ပြောလိုက်တာမျိုးကို 口頭လို့ပြောပါတယ်။
🔹ဘယ်အချိန်မှာပြောလဲဆိုတာကို ကွဲကွဲပြားပြား ပြန်ပြောချင်တဲ့ အခါ သုံးလေ့ရှိပါတယ်။
例:先程(さきほど)口頭でご説明した通り。。。
ဥပမာ။ ခုနက နှုတ်နဲ့ရှင်းပြခဲ့သလိုမျိုး 。。。
#言葉
Engineer in Japan
#三徳
#さんとく