EiKay - Sharing Experience In Japan

EiKay - Sharing Experience In Japan EiKay - Sharing Experience In Japan, 教育, Tokyo, Kawasaki-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ဂျပန်နှင့် ပတ်သက်သော အကြောင်းအရာများ၊ ဂျပန် လာမယ့်သူများ သိထားသင့်သော အကြောင်းအရာများနှင့် ဂျပန်မှာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို sharing လုပ်ပေးနေပါတယ် 🫶🏻🫶🏻🫶🏻

11/05/2026

ဂျပန်မှာ လက်သည်း စမ်းလုပ်ချင်တဲ့ သူလေးတွေအတွက် 🥰




#လက်သည်းအလှဖော်

29/04/2026

Celebrating my 4th year on Facebook. Thank you for your continuing support.
I could never have made it without you. 🙏🤗🎉

引き続き宜しくお願い致します🙇‍♀️🙇

တော်ပါသေးတယ်ပဲ ပြောရမလား 🙂‍↔️在留 ကတ် သက်တမ်းတိုးရင် အရင် ကြားထားတဲ့ (၁၀) သောင်း မဟုတ်တော့ဘဲ (၇) သောင်းလောက်ပဲ ကျတော့မှာမိ...
29/04/2026

တော်ပါသေးတယ်ပဲ ပြောရမလား 🙂‍↔️

在留 ကတ် သက်တမ်းတိုးရင် အရင် ကြားထားတဲ့ (၁၀) သောင်း မဟုတ်တော့ဘဲ (၇) သောင်းလောက်ပဲ ကျတော့မှာမို့

မနေ့က 4/28 က သတင်းကို ဆရာက ပို့လာတော့မှ သတင်း ဝင်ကြည့်လိုက်တာ
(၅) နှစ် သက်တမ်း ရတဲ့သူက (၇) သောင်းဆို တစ်နှစ် ¥၁၄၀၀၀ ပေါ့
တစ်လဆို ပျှမ်းမျှ ၄၀၀ ကျော် ၅၀၀ လောက်ပဲ ကျတော့မယ်
နောက်ဆုံး တိုးတုန်းက ၆၀၀၀ လား ၄၀၀၀ လားပဲ ပေးခဲ့ရတာ ဆိုပေမယ့် အဲ့လိုပဲ တွက်ပြီး ဖြေသိမ့်ရတာပေါ့ 😌

#2026在留手数料

ဒီနေ့ ဆက်တိုက်ကို ငလျင် လှုပ်နေတယ်နော် 😥တိုကျိုမှာလည်း လှုပ်တာ မပြင်းပေမယ့် ခါတိုင်းထက်တော့ နည်းနည်း ပိုကြာတယ် 🙂‍↔️ဒီနေ့...
20/04/2026

ဒီနေ့ ဆက်တိုက်ကို ငလျင် လှုပ်နေတယ်နော် 😥

တိုကျိုမှာလည်း လှုပ်တာ မပြင်းပေမယ့် ခါတိုင်းထက်တော့ နည်းနည်း ပိုကြာတယ် 🙂‍↔️

ဒီနေ့ ဝန်ကြီးက 避難(ひなん) လုပ်ဖို့ ကြေညာနေတဲ့ သတင်းတွေ့လို့ アプリ ဖွင့်ကြည့်မိတာ 😊

皆さん、お気をつけください。

12/04/2026

ဂျပန်မှာ ဆေးရုံတက်ဖို့ ဖြစ်လာတဲ့အခါ ကိုယ့်အခွင့်အရေးတွေ (မသိလိုက်ဘဲ) မဆုံးရှူံးရအောင်လို့ပါ 😊



#ဆေးရုံတက်ရတဲ့အခါ
#高額医療制度
#医療費控除
#住民税

22/01/2026

ဂျပန်မှာ ဆေးဖိုးဝါးခ ကုန်ကျစရိတ်များလို့ 医療費控除 確定申告 လျှောက်ချင်တဲ့သူတွေ ဘာယူသွားရမလဲ ❓


#医療費控除
#確定申告
#医療費控除確定申告
#ဆေးဖိုးကုန်ကျစရိတ်ပြန်လျှောက်ချင်သူများ

22/01/2026

ဂျပန်မှာ ဆေးဖိုးကုန်ကျစရိတ် များနေလို့ ပြန်လျှောက်ချင်သူများအတွက် 😊


#医療費控除
#確定申告
#医療費控除確定申告
#ဆေးဖိုးကုန်ကျစရိတ်လျှောက်ထားခြင်း

 #医療控除確定申告 လျှောက်ဖို့ ဘောင်ချာတွေ ပြန်စုပြီး ပြင်ဆင်နေတာ အကုန် ပြန့်ကြဲလို့ 🤢အရင်တုန်းက အိကေ တင်ပေးထားဖူးတဲ့အတိုင်း ဂျပ...
14/01/2026

#医療控除確定申告 လျှောက်ဖို့ ဘောင်ချာတွေ ပြန်စုပြီး ပြင်ဆင်နေတာ အကုန် ပြန့်ကြဲလို့ 🤢

အရင်တုန်းက အိကေ တင်ပေးထားဖူးတဲ့အတိုင်း ဂျပန်မှာ ဆေးဖိုးဝါးခ အကုန်အကျ များတဲ့သူတွေ အခွန်လျှော့ပေါ့ခွင့် လျှောက်ထားလို့ ရပါတယ်

နီပွန်က အခွန် အရမ်းများတဲ့ နိုင်ငံလေနော် 🥲

高額医療制度 ကတော့ 2025 December 2 ရက်နေ့ကစပြီး My Number Card ကို マイナー保険 အဖြစ် 登録 လုပ်ထားတယ်ဆို လစာအလိုက် ဆေးရုံစရိတ်ကို တွက်ချက်ပေးပါလိမ့်မယ် အရင်နှစ်တွေလို သီးသန့် ထပ်လျှောက်စရာ မလိုတော့ပါဘူး တဲ့ ပြောတယ်

အားလုံးပဲ ကျန်းမာလှပသော ဘဝကို အမြဲထာဝရပိုင်ဆိုင်ကြပါစေနော် 🫶🏻




#医療控除
#確定申告
#高額医療制度

ဆေးရုံ တက်ရတာ ကိုယ် ထင်ထားတာထက်ကို facilities ကောင်းလို့ တော်တော်လေး အဆင်ပြေခဲ့ရပါတယ် 😊အကြိုက်ဆုံး အချက်ကတော့ ကုတင်ပေါ်က...
16/12/2025

ဆေးရုံ တက်ရတာ ကိုယ် ထင်ထားတာထက်ကို facilities ကောင်းလို့ တော်တော်လေး အဆင်ပြေခဲ့ရပါတယ် 😊

အကြိုက်ဆုံး အချက်ကတော့ ကုတင်ပေါ်က မွေ့ယာကို ကိုယ်လိုရာ ထောင့်ချိုးရဖို့ remote လေးနဲ့ ညှိလို့ ရတော့ ဗိုက်နာ/ခါးနာ အခြေအနေ မျိုးမှာ လိုသလို အိပ်နေရင်း remote နဲ့ ကစားလို့ ရတော့ အနာမကျက်သေးခင်မှာ ထောင့်ချိုး ခဏခဏ ပြောင်းပြောင်းပြီး သက်သောင့်သက်သာ အိပ်လို့ ရခဲ့တယ် 🥰
(ဗိုက်က နာနေတဲ့ အခြေအနေမျိုးမှာ ရိုးရိုး flat ဖြစ်နေတဲ့ မွေ့ယာပေါ်မှာ ဆန့်ဆန့်ကြီး ပက်လက်ပဲ ညတိုင်း အိပ်ရမယ် ဆိုရင်တော့ ခွဲရာက တင်းပြီး ပိုနာလာတာနဲ့ နေ့စဉ်ရက်ဆက် အိပ်ပျော်နိုင်မှာ မဟုတ်လောက်ဘူး 🥹)
အနာက ကုန်းလို့ ကွလို့ မရသေးခင်မှာ ကိုယ့်ဘာသာ ကုန်းမထနိုင်သေးရင်လည်း မွေ့ယာ အကူအညီနဲ့ပဲ ထောင်လိုက်/ချလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်
(၁) ပတ် (၁) ခါ မွေ့ယာအစွပ် အိပ်ရာခင်းအစွပ် ခေါင်းအုံးစွပ်တွေ လဲပေးတယ် နေ့စဉ်ကတော့ အဟောင်းကိုပဲ ပွနေတာတို့ ရွေ့နေတာတို့ ပြင်ပြီး ပြန်ခင်းပေးတယ်

ဒုတိယ ကြိုက်တဲ့ အချက်က ဆေးရုံက ကိုယ်နဲ့ သင့်တော်တဲ့ ရောဂါနဲ့ တည့်တဲ့ အစားအစာ အာဟာရကို (栄養士-Nutritionist) က တွက်ချက်ပေးထားတဲ့အတိုင်း ချက်ပြုတ်ပေးတာဆိုတော့ ကိုယ့်ဒဏ်ရာအတွက်လည်း အထောက်အကူ ဖြစ်သလို ကိုယ့်ရောဂါ နဲ့လည်း သဟဇာတ ဖြစ်တာပေါ့ ☺️

တတိယအချက် အဆင်ပြေတာက ဆေးရုံတက်နေစဉ်မှာ ဝတ်ဖို့ အဝတ်အစား ဌားလို့ ရတာလည်း ကိုယ့်လို လိုအပ်တိုင်း လာပေး/ကူလုပ်ပေးမယ့်သူ မရှိတဲ့သူမျိုးအတွက်က အရမ်းကို အဆင်ပြေပါတယ် (ပိုက်ဆံ ကုန်ပေမယ့်လည်း လူ အရမ်း သက်သာပါတယ်) ပိုးသတ်ထားတဲ့ အဝတ် တစ်နေ့တစ်စုံ ဌားခက ¥440 ပါ

စတုတ္ထအချက် အခန်းအပူချိန်ကို အပြင်နဲ့ လုံးဝမတူဘဲ ဆေးရုံတွင်းမှာ ပုံမှန်အတိုင်း နေလို့ ရအောင် လုပ်ထားပေးတော့ ကိုယ့်လို 寒がり အတွက်က အနွေးထည် မလိုတော့ တော်တော်ကို နေလို့ ကောင်းပါတယ်
(အဲ့ဒါတောင် သူများတွေက အတော်ပဲ ကိုယ့်မှာ ညနေလောက်ဆို အပူချိန်တွေ တက်လာပြီး ချမ်းချမ်းလာလို့ 😅)

ပဉ္စမအချက် သူနာပြု ထပ်ဌားစရာ မလိုဘဲ သူ့အဆိုင်းနဲ့သူ ရှိနေတော့ လိုအပ်တဲ့အခါ နာတဲ့အခါ အိပ်ရာနားမှာ တပ်ပေးထားတဲ့ nurse call ကို နှိပ်ပြီး ခေါ်လိုက်တာနဲ့ ရောက်လာပါတယ်
(အဲ့တစ်ချက်လည်း တော်တော် သဘောကျ ဘယ်သူ့ကိုမှ တကူးတက ဖားနေစရာ မလိုလို့ 😁)

မကြိုက်တဲ့ အချက်တွေလည်း ရှိပါတယ် ‌ဘာတွေလဲ ရေးပေးခဲ့ကြပါဦး 🤭

ပြီးတော့ ကံကောင်းသွားတာက အိကေ မှန်ပြောင်း result သွားနားထောင်တဲ့နေ့က ဆေးခန်းက ဆရာဝန်က ဆေးရုံ တက်ရမယ် ဘယ်ဆေးရုံ တက်ချင်လဲ ဘယ်မှာ နေလဲ တဲ့ မေးပြီး ဆေးရုံ (၂) ခု ရှာပေးတယ် အိကေ က ခုတက်နေတဲ့ ဆေးရုံနာမည် အစကို မှတ်မိတယ် နောက်ဆေးရုံနာမည်ကိုတော့ လုံးဝ မမှတ်မိဘူး 😅
ဆေးရုံကြီး (၂) ခုလုံးကလည်း နေရာတော့ သိပ်မဝေးလှပါဘူး ဒါပေမယ့် အိကေ က ကိုယ်မှတ်မိလိုက်တဲ့ ဆေးရုံပဲ အားသန်ပြီး အိမ်နဲ့ လမ်းကြောင်းလည်း သင့်တယ် ဆိုပြီး ရွေးလိုက်တာ ဆေးရုံ တက်ပြီး ကြာမှ လွန်ခဲ့တဲ့ (၉) နှစ် ကျော်ကတည်းက ဒီဆေးရုံကို အိမ်ကနေ လှမ်းပေမယ့် လာပြနေကျ အဒေါ်ကြီးနဲ့ စကားစပ်မိလို့ သိရတယ်
အိကေ က ဝေးတာတောင် ဘာလို့ ဒီမှာ လာပြတာလဲလို့ မေးလိုက်တော့ ဒီဆေးရုံရဲ့ 大腸肛門科 က ဂျပန်မှာ နာမည်ကြီးတယ် တဲ့
အစားအသောက်ကလည်း 味付け အရမ်းကောင်းပြီး Top Level မှာ ရှိတယ် တဲ့
တစ်နပ်စာကို ¥510 ဆိုပေမယ့် ပေးရတဲ့ ဈေးထက် ပိုတဲ့ ပမာဏ နဲ့ အရသာ အစုံကို စားရတယ် 😋
ဒါကတော့ အိကေ အတွက် Blessings in Disguise ပေါ့ 🥰




#入院中

住所

Tokyo
Kawasaki-shi, Kanagawa

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00
土曜日 09:00 - 17:00
日曜日 09:00 - 17:00

ウェブサイト

アラート

EiKay - Sharing Experience In Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

EiKay - Sharing Experience In Japanにメッセージを送信:

ショートカット

共有する

カテゴリー