Sunny's Journal

Sunny's Journal Japanese, Engineering, Finances, Software and my interested Knowledge Sharing
Online Private Classes

Tunnel トンネル ဥမင်လှိုဏ်ခေါင်း ----------------------------(Part9)Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၄Heavy m...
12/09/2025

Tunnel トンネル ဥမင်လှိုဏ်ခေါင်း
----------------------------
(Part9)

Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၄
Heavy machinery and equipment used to build tunnels

ဒီတစ်ခါတော့ Tunnel လုပ်ငန်းလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ စက်ပစ္စည်းတွေ အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်
Heavy Machine တွေနဲ့ပတ်သက်တဲ့ နောက်ဆုံး post လေးပါ

📝Batch Plant
バッチャープラント

Aggregate, cement နဲ့ water ကိုရောပြီး concrete ထုတ်ပေးတဲ့concrete batching plantတွေပါ
Sunny တို့ project မှာတော့ Tunnel အတွက် သုံးမယ့် concrete တွေကို တစ်နေရာမှာ လုပ်ပြီး site ထဲ သယ်ယူအသုံးပြုကြပါတယ်

📝Water Treatment facility
濁水処理設備

ရေဆိုးသန့်စင်ပေးတဲ့စက်ပါ ၊ Tunnel တူးရင်း ထွက်လာတဲ့ ရွှံရေတွေကို သန့်စင်တဲ့ ရေအဖြစ်ပြောင်းလဲဖို့ အသုံးပြုပါတယ်

📝Continuous Belt Conveyor
連続ベルトコンベア

ကျောက်သယ်တဲ့ Conveyor ပါ ၊ ဒါကတော့ Sunny တို့ Project မှာ မသုံးပါဘူး ဗဟုသုတအနေနဲ့ပဲ Sharing လုပ်တာပါ
တချို့သော ရှည်တဲ့ Tunnel တွေမှာ အခြေအနေအရ Tunnel ထဲက ထွက်ရှိလာတဲ့ ကျောက်တုံးတွေကို သယ်ယူဖို့အတွက် အသုံးပြုပါတယ်

📝Crusher
クラッシャー

ကျောက်ခွဲစက်ပါ ၊ ဒါလည်း Sunny တို့ Project မှာ မသုံးပါဘူး
Tunnel တူးပြီးရလာတဲ့ ကျောက်တုံးအကြီးတွေကို သယ်ယူပို့ဆောင်ရာမှာ လွယ်ကူအောင်လို့ အသေးလေးတွေဖြစ်အောင်ခွဲပေးတဲ့အခါ သုံးတဲ့ စက်ပါ

📝Tent-type muck storage area

テント式ずり置場

မြေသားကျောက်သားတွေကို ယာယီထားတဲ့နေရာမှာ
ဒီတခုကိုလည်း Sunny တို့ Project မှာတော့ အမိုးမပါတဲ့ ずり置場 တွေနဲ့ ယာယီစုပုံပြီး နေ့စဉ်မြေသားခွဲခြမ်းသန့်စင်တဲ့နေရာကို ချက်ချင်းသယ်ပါတယ်

အောက်က တစ်ပုံချင်းစီမှာလည်း စက်နဲ့စာကိုတွဲပြီးဖတ်နိုင်ပါတယ်

အရင်တင်ခဲ့တဲ့ အပိုင်းပေါင်းချုပ်ပါ

https://www.facebook.com/share/p/1AgKkSKB7e/?mibextid=wwXIfr

Sunny ဒီPage လေးကိုနားမှာမို့ နောက်ထပ်လေ့လာထားတာလေးတွေကို Personal Account မှာပဲ ဆက်တင်ပေးသွားပါမယ်ရှင်

ဤတွင် Heavy Machine တွေကို မိတ်ဆက်ပေးတဲ့ post လေးပြီးပါပြီရှင်

လုပ်ငန်းခွင်မှာ အခက်အခဲမရှိ အဆင်ပြေကြပါစေ
🌻🌻🌻🌻
Sunny

Tunnel トンネル ဥမင်လှိုဏ်ခေါင်း ----------------------------(Part8)Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၃Heavy m...
06/06/2025

Tunnel トンネル ဥမင်လှိုဏ်ခေါင်း
----------------------------
(Part8)

Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၃
Heavy machinery and equipment used to build tunnels

ဒီတစ်ခါတော့ Tunnel လုပ်ငန်းလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ စက်ပစ္စည်းတွေ အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်

📝Soundproof door
防音扉

အချို့သောလုပ်ငန်းတွေမှာ မြေခွဲတဲ့ မိုင်းသံတွေ မြေတူးသံတွေ မထွက်အောင် Tunnel ဝင်ပေါက်မှာ Steel တံခါးမကြီးတွေတပ်ဆင်ပေးကြရပါတယ်

📝Ventilation line
風管

မြေတူးတာတွေလုပ်နေတာမို့Tunnel ထဲက လေထုက ညစ်ညမ်းပါတယ်
ဒါကြောင့်ပြင်ပက လေသန့်တွေကို Tunnel ထဲထည့်ပေးဖို့လိုအပ်ပါတယ် အဲ့အခါမှာ Ventilation line တွေနဲ့ လေသန့်တွေထည့်ပေးရပါတယ်

📝Ventilation fan
送風機

လေသန့်ပိုက်လိုင်းတွေကို လေထည့်ပေးဖို့သုံးတဲ့ ပန်ကာတွေဖြစ်ပါတယ်

📝Dust Collector (Scrubber)
集じん機

လေထုထဲက မြေတူးလို့ထွက်တဲ့ ဖုန်တွေကို စုဆောင်းဖယ်ရှားပေးတဲ့ စက်ဖြစ်ပါတယ်

အောက်က တစ်ပုံချင်းစီမှာလည်း စက်နဲ့စာကိုတွဲပြီးဖတ်နိုင်ပါတယ်

အရင်တင်ခဲ့တဲ့ အပိုင်းပေါင်းချုပ်ပါ

https://www.facebook.com/share/p/1AgKkSKB7e/?mibextid=wwXIfr

နောက်ထပ်လေ့လာထားတာလေးတွေလည်း တင်ပေးသွားပါအုံးမယ်ရှင်

လုပ်ငန်းခွင်မှာ အခက်အခဲမရှိ အဆင်ပြေကြပါစေ
🌻🌻🌻🌻
Sunny

#日本 #トンネル #土木

Tunnel トンネル ဥမင်လှိုဏ်ခေါင်း ----------------------------(Part7)Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၂Heavy m...
01/06/2025

Tunnel トンネル ဥမင်လှိုဏ်ခေါင်း
----------------------------
(Part7)

Tunnel လုပ်ငန်းတွင် အသုံးပြုသော စက်ပစ္စည်းများ -၂
Heavy machinery and equipment used to build tunnels

ဒီတစ်ခါတော့ Tunnel လုပ်ငန်းလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ စက်ပစ္စည်းတွေ အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်

📝Breaker
ブレーカー

Tunnel တွင်းထဲ နံရံက ကျောက်သားတွေနဲ့ ကွန်ကရစ်ကိုခွဲဖို့အတွက် Breaker ကျောက်ခွဲစက် ကိုအသုံးပြုပါတယ်

📝Loader
ホイールローダー

တူးပြီးထွက်လာတဲ့ မြေသားတွေကို Dump truck နဲ့ Crusher ထဲကိုထည့်တဲ့အခါမှာ Loader မြေသယ်စက်ကို အသုံးပြုပါတယ်

📝Tunnel Lining Form
セントル

Tunnelနံရံသား ကွန်ကရစ်လောက်ဖို့အတွက် Formworkအနေနဲ့ အသုံးပြုတဲ့စက်ပါ

📝Heavy Dump Truck
重ダンプ

တူးပြီးထွက်လာတဲ့ မြေသားတွေကို သယ်ဖို့အတွက် အသုံးပြုတဲ့ Dump Truck ပါ

အောက်က တစ်ပုံချင်းစီမှာလည်း စက်နဲ့စာကိုတွဲပြီးဖတ်နိုင်ပါတယ်

အရင်တင်ခဲ့တဲ့ အပိုင်းပေါင်းချုပ်ပါ

https://www.facebook.com/share/p/1AgKkSKB7e/?mibextid=wwXIfr

နောက်ထပ်လေ့လာထားတာလေးတွေလည်း တင်ပေးသွားပါအုံးမယ်ရှင်

လုပ်ငန်းခွင်မှာ အခက်အခဲမရှိ အဆင်ပြေကြပါစေ
🌻🌻🌻🌻
Sunny

#トンネル #土木 #日本

တန်အောင်ရှင်သန်နေထိုင်ပါ 💚
30/05/2025

တန်အောင်ရှင်သန်နေထိုင်ပါ 💚

“ငွေအတွက်သက်သက် ရှင်သန်နေရတဲ့ ဘဝလောက် လူဖြစ်ရှုံးတာ မရှိဘူး”

🔳 Dead Poets Society ဆိုတဲ့ ရုပ်ရှင်ကားထဲက ထင်ရှားတဲ့ ဒိုင်ယာလော့ဂ်တစ်ခု ရှိတယ်။

“Medicine, law, business, engineering – these are noble pursuits, and necessary to sustain life.

But poetry, beauty, romance, love – these are what we stay alive for.”

ဆေးပညာ၊ ဥပဒေ၊ စီးပွားရေး၊ အင်ဂျင်နီယာအတတ် စတာတွေက လူတွေကို အသက်ရှည်စေတယ်။

ကဗျာ၊ အလှတရား၊ ချစ်ခြင်းမေတ္တာတွေကတော့ လူတွေ ရှင်သန်နေရတဲ့ အကြောင်းရင်း ဖြစ်တယ်တဲ့။

သိပ်လှတဲ့ စကားလေ။ ထင်းခနဲ လင်းခနဲ ဖြစ်သွားစေတဲ့ နှိုင်းယှဉ်မှု။

🔳 ဗဟုသုတ၊ သိပ္ပံပညာ၊ ဒါတွေက လူသားမျိုးနွယ်အတွက် အင်မတန် အရေးကြီးတယ်။ လူတွေရဲ့ဘ၀ ပိုပိုပြီး အဆင်ပြေလာတာ၊ လွယ်ကူလာတာတွေဟာ ဒီပညာရပ်တွေ တိုးတက်မှုနဲ့ အများကြီး သက်ဆိုင်တယ်။

ဒါပေမဲ့ နှလုံးသားပါမလာတဲ့ ပညာသက်သက်၊ ကိုယ်ကျင့်တရားတွေနဲ့ ထိန်းကွပ်မထားတဲ့ တိုးတက်မှုသက်သက်ဟာ တစ်ခါတရံမှာ လူမှုအသိုင်းအဝိုင်းအတွက် ပိုဆိုးတဲ့အရာတွေကို သယ်ဆောင်လာတတ်တယ်။

ဥပမာအနေနဲ့ ကမ္ဘာမှာရော၊ မြန်မာမှာပါ ရှိတယ်။ အင်မတန် တိုးတက်တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အင်မတန် ယုတ်ညံ့တဲ့လူတွေရဲ့ လက်ထဲရောက်နေတဲ့အခါ ဘာဖြစ်ကုန်သလဲ။

🔳 ကိုယ့်တစ်ကိုယ်စာအနေနဲ့ စဉ်းစားကြည့်မယ်ဆိုလည်း ကျွန်တော်တို့ ပညာတွေ သင်ကြတယ်။ လေ့ကျင့်ကြတယ်။ ဒါမှ လူ့လောကထဲမှာ အသက်မွေးနိုင်မယ်။ ငွေရှာနိုင်မယ်။

သုတစာအုပ်တွေ ဖတ်တယ်။ ဘဝနေနည်း၊ စီးပွားရေးလုပ်နည်း၊ ငွေရှာနည်း စသဖြင့် နည်းပေါင်းစုံကို လေ့လာကြတယ်။ ပြန်အသုံးချနိုင်လာတဲ့အခါ တိုးတက်လာတယ်။ ကြီးပွားလာတယ်။

🔳 ဒါနဲ့တင် လုံလောက်ပြီလား ဆိုတော့ မလုံလောက်သေးဘူး။ နှလုံးသားတွေ လှဖို့လည်း လိုသေးတယ်။ ကိုယ်ချင်းစာတတ်အောင်၊ ချစ်ခြင်းမေတ္တာ ထားတတ်အောင်၊ ဘဝမှာ ကြုံတွေ့ရတဲ့ လောကဓံတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင်ပေါ့။

ဒါတွေကျ သုတစာပေနဲ့ မလုံလောက်တော့ဘူး။ ရသစာပေကိုလည်း ဖတ်ရှုရတယ်။ ဒီကနေတဆင့် မသိမသာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ စံတန်ဖိုး၊ ဂုဏ်သိက္ခာ စတာတွေကို ပုံသွင်းသွားတာ ဖြစ်ပါတယ်။

🔳 ဆက်စပ်ပြီး ထပ်စဉ်းစားကြည့်တယ်။

လူတစ်ယောက် အသက်ရှင်ဖို့ဆို ဘာလိုသလဲ။ စားဝတ်နေရေး လိုတယ်။ ဆေးဝါးလိုတယ်။ အချုပ်ပြောရရင် ပိုက်ဆံပေါ့။

အို​ခေ ဒါဆို ချမ်းသာရင် ရပြီလား ဆိုတော့ နိုး။ မရသေးဘူး။ ငွေအတွက်သက်သက်နဲ့ ရှင်သန်နေရတဲ့ ဘဝဟာ အင်မတန် လူဖြစ်ရှုံးတယ်။

🔳 ဒီနေရာမှာ ငွေကြေးအဆင်မပြေလို့ တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက်ပဲ မနည်းရုန်းကန်နေရသူတွေကို ထားလိုက်ဦးနော်။

ဘဝမှာ ငွေရှိမှ တင့်တယ်တာ၊ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲ ဆိုပြီး ငွေမှငွေ၊ ပိုက်ဆံမှပိုက်ဆံ ဖြစ်နေသူတွေကို အဓိက ဆိုလိုတာ။ ဘယ်နည်းနဲ့ရရ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့သူတွေကို ပြောချင်တာ။

🔳 ချစ်ခြင်းမေတ္တာဆိုလည်း ငွေနဲ့ ဝယ်လို့ရမယ် ထင်နေတယ်။ သူငယ်ချင်းဆိုလည်း ငါ ငွေရှိနေသရွေ့၊ ဒီကောင်တွေကို အမ်းနိုင်သရွေ့ ငါ့နား နေကြလိမ့်မယ် မြင်နေတယ်။ မဟုတ်တာ လုပ်ပြီးရင်လည်း ငွေနဲ့ ဖုံးပစ်လိုက်မယ်။

အဲဒီအခါ အပေါ်ယံတော့ ပျော်နေတယ် ထင်ရပေမဲ့ အတွင်းထဲမှာက လစ်ဟာနေတယ်။ တစ်ခုခု လိုအပ်နေတယ်။

ဒါကြောင့် ငွေဟာ ရှင်သန်စေတာ မှန်ပေမဲ့ ဘာအတွက် အသက်ရှင်နေရတယ် ဆိုတဲ့ အကြောင်းရင်းကို တိတိပပ သိထားမှသာ လူ့ဘဝဟာ အဓိပ္ပါယ်ရှိတာ ဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်နိုင်တာ ဖြစ်တယ်။

🔳 Ikigai (အီခီဂိုင်း) ဆိုတဲ့ ဂျပန်စကားလုံး။ တော်တော်များများ ရင်းနှီးပြီးသား ဖြစ်ကြမယ်လို့ ထင်တယ်။ အဓိပ္ပါယ်က “A reason for being” တဲ့။ ရှင်သန်နေရတဲ့ အကြောင်းရင်း လို့ ဆိုလိုတယ်။

အဲဒါ သိထား၊ ရှိထားရင် ဘဝကို ပိုကျေနပ်တယ်။ ပိုပျော်ရွှင်တယ်။ ပိုပြီးလည်း တက်ကြွတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်။ အသက်လည်း ပိုရှည်စေတယ်လို့ ပြောကြတယ်။

🔳 ကျွန်တော့်အတွက်ဆို အီခီဂိုင်းဟာ စာရေးခြင်းပဲ။ ကိုယ့်ခေါင်းထဲက အတွေးတွေ၊ ရင်ထဲက ခံစားချက်တွေကို စာလုံးတွေအဖြစ်နဲ့ ချရေးရတာဟာ ဘဝရဲ့ အဓိပ္ပါယ်ပဲ။

ကံကောင်းချင်တော့ ဒီအလုပ်နဲ့ပဲ အသက်မွေးလို့ရတယ်။ ပြည့်စုံအောင် နေနိုင်တဲ့ အခြေအနေဖြစ်တယ်။ ငွေရဖို့အတွက် တခြားအလုပ်တစ်ခု လုပ်နေရတာမျိုး မဟုတ်ဘူး။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတယ်။

🔳 တချို့အတွက်ကျ အဲဒီလို မဟုတ်ဘူး။ ရူးသွပ်တဲ့အလုပ်က တစ်ခု။ ပိုက်ဆံ ဒီလောက်မရတော့ ဝင်ငွေအတွက် နောက်အလုပ်တစ်ခုကို လုပ်နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ထမင်းမေ့ ဟင်းမေ့ လုပ်နိုင်တဲ့အရာ၊ ဒါကို လုပ်နေရရင် ငွေရရ မရရ၊ နာမည်ကြီးကြီး မကြီးကြီး၊ ပျော်ရွှင်နေတယ် ဆိုတာမျိုး တစ်ခုခုတော့ ရှိသင့်တယ်။ မသိသေး၊ မရှိသေးရင်လည်း ရှာဖွေနေဖို့ လိုတယ်။

တစ်ခါတလေလည်း ကိုယ့်ရဲ့ အီခီဂိုင်းက လူတစ်ယောက်အတွက်၊ လူအများအတွက် ဖြစ်သွားတာမျိုး ရှိတတ်တယ်။ ဥပမာ ကိုယ့်ကလေးအတွက်၊ ကိုယ့်မိဘအတွက်၊ ဒုက္ခရောက်နေတဲ့ ပြည်သူအများအတွက် ငါ ကြိုးစားမယ်။ ထောက်ပံ့မယ်။ ကူညီမယ် ဆိုတာမျိုးပေါ့။

🔳 ပြန်ချုပ်ရရင်တော့ သိပ္ပံပညာဟာ လူမှုအသိုင်းအဝိုင်းကို တိုးတက်စေတယ်။ ပိုလှပလာစေတာကတော့ အနုပညာဖြစ်တယ်။

သုတစာပေက ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ရသစာပေက နှလုံးသားတွေကို ပိုပြည့်ဝလာစေတယ်။

ငွေကြေးက ကိုယ့်အသက်ရှင်ဖို့ လိုအပ်တာ မှန်ပေမဲ့ အဲဒီတစ်ခုတည်းသက်သက်နဲ့ ဘဝကို တည်ဆောက်လို့ မရနိုင်ဘူး။ ငါ ဘာအတွက် ရှင်သန်နေတာလဲ ဆိုတဲ့ အကြောင်းရင်းကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

🔳 သိပ္ပံခေတ်၊ သုတခေတ်၊ ငွေသာလျှင် အဓိက ဖြစ်နေတဲ့ခေတ်မှာ တစ်ဖက်စောင်းနင်း မဖြစ်စေဘဲ မျှမျှတတကလေး ရှင်သန်ကြစေချင်တယ်။ ကိုယ့်ကလေးတွေကိုလည်း အဲဒီအတိုင်း ပျိုးထောင်ကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၉.၅.၂၀၂၅

29/05/2025

လက်ရှိပစ္စုပ္ပန်မှာ ကျေနပ်ပျော်ရွှင် 🌷
28/05/2025

လက်ရှိပစ္စုပ္ပန်မှာ ကျေနပ်ပျော်ရွှင် 🌷

“စိတ်မပျော်ရွှင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲလာတယ်”

🔳 ဟိုရက်က ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဆက်စပ်ပြီး ရေးခဲ့တော့ ဒီတစ်ပုဒ်မှာ ကောင်းတဲ့ အလေ့အကျင့်တွေကို ဘယ်လိုပျိုးထောင်မလဲ ဆိုတာ ဆက်ရေးချင်ပါတယ်။

🔳 “You are what you repeatedly do.”

မင်း ထပ်ကာ ထပ်ကာ လုပ်တဲ့အရာတွေကပဲ မင်း ဆိုတဲ့လူကို ဖြစ်လာစေတာတဲ့။

ကောင်းတဲ့အလေ့အကျင့်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့အလေ့အကျင့်ပဲဖြစ်ဖြစ်ပေါ့။ ဆေးလိပ်တစ်လိပ် သောက်မိရုံနဲ့ ဘာမှ ဖြစ်မသွားသလို၊ တစ်ရက်လောက် အားကစား လုပ်ရုံနဲ့လည်း အဲဒီတစ်ရက် နေလို့ကောင်းသွားတာပဲ ရှိမယ်။ ရေရှည်အကျိုးကျေးဇူး မရှိဘူး။

🔳 ပြဿနာက ကျွန်တော်တို့က ဘာတွေကောင်းတယ်၊ ဘာတွေဆိုးတယ် မသိကြတာ မဟုတ်ဘူး။ သိတယ်။ မလုပ်နိုင်ကြတာ၊ သို့မဟုတ် မရှောင်နိုင်ကြတာ။

အဲဒီအတွက် အမူအကျင့် ပြောင်းလဲခြင်းဆိုင်ရာ သီအိုရီတွေ၊ အကြံပြုချက်တွေ အများကြီးထဲကမှ James Clear ရေးတဲ့ “Atomic Habits” စာအုပ်ထဲကနေ ထုတ်နှုတ်ပြီး ပြောပြချင်တယ်။ နာမည်ကြီးစာအုပ်မို့ တော်တော်များများလည်း သိပြီးသား ဖြစ်ကြမှာပါ။

🔳 အလေ့အကျင့်တစ်ခုဟာ အဆင့် ၄ ဆင့်ကို ဖြတ်ကျော်ရတယ်လို့ ဆိုတယ်။

• Cue – ကိုယ့်ကို ဒီအပြုအမူလုပ်ဖို့အတွက် လှုံ့ဆော်ပေးတာ
• Craving – ကိုယ်က လိုချင်တောင့်တလာတာ
• Response – ထလုပ်လိုက်တာ
• Reward – ကျေနပ်မှု ရသွားတာ

🔳 ဥပမာ ဖုန်းကို မြင်မိလိုက်တယ်။ ဆိုရှယ်မီဒီယာ ကြည့်ချင်လာတယ်။ ဖွင့်ကြည့်လိုက်တယ်။ ကျေနပ်သွားတယ်။

ကျန်းမာဖျတ်လတ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်တယ်။ ကိုယ်လည်း သူ့လို ဖြစ်ချင်လာတယ်။ လိုက်လုပ်တယ်။ ချွေးတွေ ထွက်လာပြီး လူက ပေါ့ပါးလန်းဆန်းသွားတယ်။ ရေရှည်မှာ ပိုကျန်းမာတဲ့သူ ဖြစ်လာတယ်။

အဆိုးဖြစ်ဖြစ်၊ အကောင်းဖြစ်ဖြစ် ဒီ ၄ ဆင့်ပဲ။

🔳 အဲဒီအခါ ဘာလုပ်ရလဲဆိုတော့ -

မကောင်းတဲ့ အမူအကျင့်ကို ဖြတ်တောက်ချင်သလား။

• Cue – လှုံ့ဆော်နေတာတွေကို မမြင်မိ၊ မကြုံမိအောင် ခပ်ဝေးဝေးနေ
• Craving – ဒီအပြုအမူနဲ့ ပတ်သက်လို့ စိတ်ပျက်စရာတွေကို များများတွေး
• Response – ထလုပ်ရ ခက်ခဲအောင် စီစဉ်ထား
• Reward – ရေရှည်ထိခိုက်မှာကို ထည့်စဉ်းစား

🔳 ကောင်းတဲ့ အမူအကျင့်ကို ပျိုးထောင်ချင်သလား။ ပြောင်းပြန်လုပ်။

• Cue – လှုံ့ဆော်နေတာတွေကို မြင်သာ၊ ထင်သာအောင် လုပ်ထား
• Craving – ဒီအပြုအမူနဲ့ ပတ်သက်လို့ ပျော်စရာတွေကို များများတွေး
• Response – ထလုပ်ရ လွယ်ကူအောင် စီစဉ်ထား
• Reward – ရေရှည်အကျိုးရှိမှာကို ထည့်စဉ်းစား

🔳 ဥပမာ အချိုတွေ၊ အဆီအစိမ့်တွေ အစားများနေတယ် ဆိုပါတော့။ အိမ်မှာ ဝယ်ထားရင်၊ မျက်စိရှေ့ မြင်တွေ့နေရင် စားချင်စိတ်က ဖြစ်မှာပဲ။ Cue က ထင်ရှားနေတာကိုး။ အဲဒီလိုကနေ စားချင်စိတ်ဖြစ်လာ။ ထွက်တစ်လုတ်၊ ဝင်တစ်လုတ် နှိုက်စား။ စားချင်တာလေး စားလိုက်ရတော့လည်း စိတ်ကျေနပ်သွား။ ကြာတော့ ကျန်းမာရေး ထိခိုက်လာရော။

အဲဒါကို ဖြတ်ချင်၊ လျှော့ချင်သလား။

🔳 Cue ကို မမြင်သာအောင် လုပ်။ ဆိုလိုတာက အိမ်မှာ ဝယ်မထားနဲ့။ မျက်စိရှေ့ မြင်မနေရစေနဲ့။

မြင်မိလို့ စားချင်လာပြီဆိုလည်း ဒါတွေက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုတာမျိုး တွေးပေး။

ဝယ်ရခက်အောင်လည်း လုပ်ထား။ မိုးရွာနေတယ်၊ ညဘက်မိုးချုပ်နေတယ်ဆို တော်ရုံ ထွက်မဝယ်ချင်ကြတော့ဘူးလေ။ ဆိုလိုတာက ခက်ခဲအောင် လုပ်ထားဖို့ပါ။

နောက်ဆုံး စားမိပြီးသွားရင်လည်း ငါတော့ ဝိတ်တက်တော့မှာပဲ၊ အချိုတွေ စားမိပြန်ပြီ၊ ဒီလိုတွေးလိုက်ပေါ့။

တခြား ကိုယ်ပြောင်းလဲချင်တဲ့ အမူအကျင့်ဆိုးတွေ၊ ပျိုးထောင်ချင်တဲ့ အမူအကျင့်ကောင်းတွေကိုလည်း အစားထိုး စဉ်းစားကြည့်လို့ရတယ်။ စာရှည်မှာစိုးလို့ ဥပမာ ထပ်မပေးတော့ဘူး။

🔳 ကျွန်တော့်အတွက်ဆို Cue ကို မမြင်အောင် လုပ်ထားခြင်းက သိပ်အကျိုးရှိတယ်။ အိမ်မှာကို ဝယ်မထားတော့ဘူး။ တကယ်က မစားချင်တာ မဟုတ်ဘူး။ မမြင်နေရလို့ မစားဖြစ်တော့တာ။ အဲဒီလိုကနေ မြင်နေရသည့်တိုင်အောင် မစားဘဲ ထိန်းနိုင်သည်အထိ ဖြစ်လာပါလိမ့်မယ်။

🔳 အဲဒီ ၄ ဆင့်မှာ အခက်ဆုံးက ဘာလဲဆိုတော့ Reward ဆိုတဲ့ ကျေနပ်မှုအဆင့်။

အားလုံးလည်း သိတဲ့အတိုင်း မကောင်းတဲ့ အပြုအမူတွေက ချက်ချင်းကျေနပ်မှုရတယ်။ ရေရှည်မှာ မကောင်းဘူး။ ကောင်းတဲ့ အပြုအမူတွေကတော့ ချက်ချင်းကျေနပ်မှု မရဘူး။ ရေရှည်မှာ ကောင်းတယ်။ အဲဒီမှာတင် ကျွန်တော်တို့က ချက်ချင်းကျေနပ်မှုနောက် လိုက်မိကြတော့တာပဲ။

ဆေးလိပ်သောက်တယ်။ ခုတော့ စိတ်ပျော်သွားတယ်။ ကျေနပ်သွားတယ်။ ရေရှည်ကျမှသာ အဆုတ်ကင်ဆာ ဖြစ်မှာ။

အခု အားကစားထလုပ်။ ချက်ချင်းလက်ငင်းမှာ ကိုယ်လက်ကိုက်ခဲမယ်။ ပင်ပန်းမယ်။ ရေရှည်အကျိုးကတော့ နောင်မှ ရမှာပေါ့။

🔳 အဲဒီလိုဖြစ်ရတာ အကြောင်းရင်း ၂ ခု ရှိတယ်။

ပထမတစ်ခုက ဒီနေ့ခေတ်က Instant ခေတ်။ အရာရာ ချက်ချင်းဆိုမှ ချက်ချင်း။ ခေတ်ကလည်း သိပ်ကို မြန်ဆန်လာတယ်။ ဒါကြောင့် လူတွေဟာ စိတ်မရှည်နိုင်တော့ဘူး။ မစောင့်ဆိုင်းနိုင်တော့ဘူး။

ရှေးယခင်လူသားတွေက မရေရာ မသေချာတဲ့ခေတ်ကို ဖြတ်သန်းခဲ့ကြရတာမို့ နေ့ဖို့ညစာ ချန်ထားဦးမှ၊ မနက်ဖြန် ဘာဖြစ်မယ် မသိဘူး၊ ဒီလိုရေရှည်အတွက် လက်ရှိလိုအင်ကို အောင့်အည်းသည်းခံနိုင်တဲ့ အလေ့အထ ရှိခဲ့တယ်။

🔳 ခေတ်က တိုးတက်လာတာနဲ့အမျှ အနာဂတ်က ရေရာလာတော့ လူတွေက ကြိုတွေးပြီး မပူပန်တော့ဘူး။ ခုလက်ရှိလိုအင်အတွက်ပဲ ဖြည့်ဆည်းလိုက်ကြတော့တယ်။ အဲဒီလိုနဲ့ နှောင်းခေတ်လူသားတွေရဲ့ ဦးနှောက်ကိုက Immediate reward ကို ပိုမက်မောလာကြတယ်လို့ စာရေးသူက ဆိုထားတယ်။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကြည့်လိုက်။ ငယ်လေလေ၊ စိတ်ရှည်သည်းခံမှု အားနည်းလေလေပဲ။ အင်တာနက်တောင် အဝိုင်းလည်နေရင် မကြိုက်တော့ဘူး။ ကျွန်တော်တို့ အင်တာနက်သုံးစကလိုဆို ဘယ်လိုများ နေကြမယ်တောင် မသိ။

🔳 နောက်တစ်ခုကတော့ စိတ်ကျန်းမာရေး အခြေအနေပဲ။

ဘဝတွေက ခက်ခဲပင်ပန်းလွန်းတဲ့အခါ ထွက်ပေါက်ရှာကြတယ်။ မျှော်လင့်ချက်တွေ ကင်းမဲ့လာတော့ အနာဂတ်မှာ ရမယ့်အကျိုးအတွက် မျှော်ရည်ပြီး ဘယ်သူမှ စောင့်ထိန်းမနေချင်တော့ဘူး။ ဆေးလိပ်သောက်တယ်။ စိတ်ပျော်သွားတယ်။ အရက်သောက်တယ်။ ခဏဖြစ်ဖြစ် ဒုက္ခတွေကို မေ့သွားတယ်။ စားချင်တာတွေ လျှောက်စား၊ ဝယ်ချင်တာတွေ ဝယ်ပစ်လိုက်တယ်။ အခုခဏလေးတော့ ပျော်သွားတယ်။

ဒါကြောင့်လည်း စိတ်မပျော်ရွှင်ရင် မကောင်းတဲ့ အမူအကျင့်တွေ လုပ်မိသွားတတ်ကြတာ။ ထိန်းချုပ်နိုင်ဖို့ရာ သိပ်ခက်သွားတယ်။ ဒီကာလ ကျွန်တော်တို့ တော်တော်များများ ကြုံနေရတဲ့ ပြဿနာဆိုလည်း အဲဒါပဲ။

ဒီအတွက် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့၊ မျှော်လင့်ချက်ကို အဆုံးရှုံးမခံဖို့၊ အနာဂတ်က ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ၊ ဝေဝါးနေပါစေ၊ ပိုကောင်းတဲ့နေ့ရက်တွေ ရှိလာလိမ့်မယ် ဆိုတဲ့စိတ်နဲ့ လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်ဖို့ကို တဖွဖွ ပြောနေရတာလည်း ဖြစ်ပါတယ်။

🔳 ကိုယ် ထပ်ကာထပ်ကာ လုပ်မိနေတဲ့အရာတွေကပဲ ကိုယ့်ဘဝကို ပုံဖော်ပေးမှာမို့ ကောင်းတဲ့အလေ့အကျင့်တွေ များများပျိုးထောင်နိုင်ဖို့၊ မကောင်းတဲ့ အလေ့အကျင့်တွေကို တတ်နိုင်သမျှ ဖယ်ရှားနိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

ကိုယ့်အခြေအနေအလိုက် Cue – Craving – Response – Reward ဒီ ၄ ဆင့်ကို စဉ်းစားပြီး ပျိုးထောင်သင့်တာ ပျိုးထောင်၊ ဖယ်ရှားသင့်တာ ဖယ်ရှားကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၇.၅.၂၀၂၅

24/05/2025

စနေနေ့ညနေလေးတစ်ခဏ Hokkaido Ranshima ကမ်းခြေလေးကိုခဏရောက်ဖြစ်ခဲ့တယ် 😊

ပီတိ 😊
22/05/2025

ပီတိ 😊

“စိတ်ကို ပျော်စေတဲ့ ဟော်မုန်းများ”

💙 Endorphin, Serotonin, Dopamine, Oxytocin - ဒီနာမည်တွေ မှတ်ရခက်မှာစိုးလို့ ခြုံပြီး ပြောလိုက်ရင် “Feel-good hormones” တွေလို့ ခေါ်တယ်။ စိတ်ခံစားချက်ကို ကောင်းသွားစေတဲ့၊ ပျော်ရွှင်သွားစေတဲ့ ဟော်မုန်းတွေပေါ့။

💙 ဒီဟော်မုန်းတွေ ခန္ဓာကိုယ်မှာ ထွက်လာဖို့အတွက် ဘာတွေ လုပ်ရမလဲ။

• နေရောင်ခြည်နဲ့ ထိတွေ့ခြင်း
• ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း
• ရယ်မောခြင်း
• သီချင်းနားထောင်ခြင်း
• တရားထိုင်ခြင်း
• ချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးခြင်း
• အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆော့ကစားခြင်း
• အာဟာရ ပြည့်ဝအောင် စားသောက်ခြင်း
• အိပ်ရေး၀၀ အိပ်စက်ခြင်း စတာတွေက ဒီပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထွက်စေတယ်လို့ ဆိုတယ်။

ဒါကြောင့် ကိုယ့်တစ်နေ့တာမှာ ဒါတွေထဲက ဘယ်နှခုလောက်ကို လုပ်ဖြစ်နေလဲ ပြန်စဉ်းစားကြည့်စေချင်တယ်။

💙 ပျော်ရွှင်ဖို့ဆိုရင် လူတွေက စိတ်ကို ဘယ်လိုထားရမလဲ ဆိုတာပဲ အာရုံစိုက်တတ်ကြတယ်။ တကယ်တော့ ရုပ်နဲ့ စိတ်က ဆက်စပ်နေတာ။ သီးခြားခွဲပြောလို့ မရဘူး။

ရုပ်ခန္ဓာ မကျန်းမာရင် စိတ်လည်း အဆင်မပြေဘူး။ စိတ်မပျော်ရင်လည်း ခန္ဓာကိုယ်က မကျန်းမာတော့ဘူး။ Healthy lifestyle ကို မထိန်းသိမ်းနိုင်တော့ဘူး။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ချင်၊ အစားတွေ ပိုစား၊ အရက်တွေသောက် ဖြစ်လာရော။

💙 ဒီအတွက် စိတ်ပျော်ဖို့မှာ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေကရော မှန်နေလား ဆိုတာလည်း ပြန်ဆန်းစစ်ကြည့်သင့်တယ်။

Positive actions တွေ လုပ်ဖြစ်နေရင် စိတ်ကလည်း အလိုလိုကြည်လာ၊ ပျော်လာတာပဲ။ ဒါ ဘယ်သူလုပ်လုပ် ဖြစ်တယ်။ ကျွန်တော်လုပ်လည်း အတူတူပဲ။ စာဖတ်သူတွေ လုပ်လည်း အတူတူပဲ။ ခန္ဓာကိုယ်ကနေကို ပျော်စေတဲ့ ဟော်မုန်းတွေ ထွက်လာတာလေ။ မပျော်ဘဲ ဘယ်နေပါတော့မလဲ။ ကိုယ်က လက်တွေ့လိုက်လုပ်ဖို့ပဲ လိုတာ။

💙 ဒီနေရာမှာ အထူးပြုပြီး ပြောချင်တာက Social Interaction ဆိုတဲ့ ထိတွေ့ဆက်ဆံမှုပဲ။

လူချင်း ထိကိုင်တာ၊ ပွေ့ဖက်တာတွေကလည်း စိတ်ကို ပျော်ရွှင်စေတယ်။ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်စေတယ်။ ဒီကာလအစောပိုင်းတွေမှာ တစ်ကိုယ်တည်း အကြာကြီး နေခဲ့ရဖူးလို့ အဲဒီ Physical touch က လူ့စိတ်ကို ဘယ်လိုသက်ရောက်တယ် ဆိုတာ သဘောပေါက်ခဲ့ဖူးတယ်။ ကိုဗစ်တုန်းကလည်း Social distancing တွေ လုပ်ခဲ့ကြရတော့ သိကြလိမ့်မယ် ထင်တယ်။

ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးခြင်း၊ ကူညီပေးခြင်း၊ လုံခြုံစေခြင်း စတဲ့ Social support ကလည်း အရေးကြီးတယ်။ အထူးသဖြင့် ခုလို လူတိုင်းနီးပါး ပင်ပန်းခက်ခဲနေတဲ့ ကာလမှာပေါ့။ ရယူသူတင်မက၊ ပေးသူရဲ့ စိတ်ကိုပါ ကြည်လင်သွားစေတယ်။ ပျော်ရွှင်သွားစေတယ်။

💙 ဒါကြောင့်လည်း

“If you are not happy, make other people happy.”

ကိုယ်မပျော်နေဘူးဆိုရင် သူတပါးကို ပျော်အောင်လုပ်ပေးလိုက်တာ ဆိုတဲ့အတိုင်း ကျွန်တော် ကျင့်သုံးဖြစ်နေတာပါ။

ကိုယ့်အားဖြင့် လူတစ်ယောက် အဆင်ပြေသွား၊ ပျော်သွားတာ သိရတိုင်း ကိုယ့်ရဲ့ Mood ကလေးလည်း ကောင်း ကောင်းလာတာ ခံစားမိလို့။

💙 ဒါလည်း သိပ္ပံရှုထောင့်က ပြောလို့ရတာပဲ။ အကြောင်းမဲ့ ဖြစ်တာ မဟုတ်ဘူး။ Feel-good hormones တွေ ထွက်လာလို့ပါပဲ။

သဘာဝတရားက သတ္တဝါအချင်းချင်း စောင့်ရှောက်အောင်၊ ကြင်နာတတ်အောင် တမင်လုပ်ထားတယ်ပဲ ဆိုပါတော့။

💙 ဒီအတွက် ကောင်းမွန်တဲ့ အဝန်းအဝိုင်းကလေးထဲ တိုးဝင်ပါ။ ကိုယ်တိုင်ကလည်း တပါးသူတွေအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်ကလေး ဖြစ်ပေးပါ။

အဲဒါဟာ အခုလို ဘာရေရာမှုမှ မရှိတဲ့ ခေတ်ကာလကို ဖြတ်သန်းနေရချိန်မှာ ကျွန်တော်တို့အားလုံးအတွက် အလိုအပ်ဆုံးအချက်လည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၁.၅.၂၀၂၅

◾◾◾◾◾◾

ကျွန်တော် မိတ်ဆက်ပေးနေကျ Yours TODAY Program က လာမယ့်သောကြာနေ့မှာလည်း ရှိပါတယ်။ ဒီအစီအစဉ်ကို To Day Psychology Classes ကနေ လုပ်ဆောင်တာဖြစ်ပြီး သေချာလေ့ကျင့်ပေးထားတဲ့ Volunteer Listener တွေကနေ နားထောင်ပေးတာပါ။ ဒါကြောင့် ကိုယ့်ရင်ထဲ ပိတ်​လှောင်​နေတာ​တွေ ရှိတယ်ဆို ဒီအစီအစဉ်လေးမှာ Join ကြည့်လို့ ရပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာအချိန် ညနေ ၇ နာရီကနေ ၉ နာရီပါ။ စည်းကမ်းချက်တွေနဲ့၊ စာရင်းပေးသွင်းရမဲ့ လင့်ခ်ကိုတော့ ကွန်မန့်မှာ ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

စိတ်လက်ပေါ့ပါးမှုလေးပါ 🤗
20/05/2025

စိတ်လက်ပေါ့ပါးမှုလေးပါ 🤗

တစ်ခါတလေ ရယ်လိုက်မိရင်တောင် ကိုယ့်ထက် ဒုက္ခကြီးသူတွေအပေါ် အားနာနေမိတယ်လို့ ဆိုကြတယ်။ကိုယ်ရယ်လိုက်မိတာဟာ လူတချို့အပေါ် မတရားရာများ ကျနေမလားဆိုတာမျိုးရော တွေးမိကြတယ်မဟုတ်လား။ လူစိတ်ရှိတဲ့ လူယဥ်ကျေးတွေမို့ ဒီလိုခံစားမိကြတာ ပုံမှန်ပါပဲ။ရင်ထဲမှာ မချမ်းမြေ့ရတာ မှန်ပေမဲ့ နှစ်ဆယ်လေးနာရီပတ်လုံး စိတ်ဆင်းရဲနေဖို့တော့ မလိုပါဘူး။ခဏတာ ရယ်မောလိုက်မိတယ်ဆိုတာဟာလည်း အပြစ်မရှိပါဘူး။

ဟာသအမြင်ရှိတဲ့ သူတွေကလည်း ဘယ်လိုအခြေအနေမျိုးမှာမဆို ဟာသရှုထောင့်ကနေ ကြည့်မြင်တတ်ကြတယ်။ မရှုနိုင်မကယ်နိုင်ခံစားမှုတွေကို သူတို့က ကာတွန်းတွေ ဆွဲပစ်လိုက်တယ်။ ရယ်စရာတွေ ရေးပစ်လိုက်ကြတယ်။ဟာသပို့စ်လေး တစ်ခုနှစ်ခုကို ဖျတ်ခနဲတွေ့လိုက်ရတဲ့အခါ သိပ်တန်ဖိုးထားမိပါတယ်။ ခဏလောက်အသက်ရှူခွင့် လွတ်လပ်ခွင့်ရသွားသလိုပါပဲ။

ဟာသတွေဖန်တီးပေးနေတဲ့သူတွေကိုကျေးဇူးတင်သလို ဟာသလေးတွေ မျှဝေပေးနေတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်တယ်။ ရယ်လိုက်ရရင် စိတ်က နည်းနည်း ပေါ့သွားတတ်တယ်။

ခဏတာ ရယ်မောလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ချုပ်ချယ်မထားပါနဲ့။ ရယ်မောခြင်းဟာ ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ ဘယ်အခြေအနေမှာမဆို ရယ်မောလိုက်ဖို့ ထိုက်တန်တဲ့အခိုက်အတန့်ကလေးတွေရှိနေတာကိုမမေ့ပါနဲ့။



住所

Iwanai-gun, Hokkaido

アラート

Sunny's Journalがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Sunny's Journalにメッセージを送信:

ショートカット

共有する