Aika Channel

Aika Channel 🌸 日本での生活・文化をシェア 🌸
日本の暮らしや文化、言語に関する楽しいコンテンツをお届けします!
🔹 日本のトレンドや日常生活
🔹 役立つ日本語&文化情報
🔹 面白い体験・Vlog
フォローして、日本の魅力を一緒に楽しみましょう🇯🇵✨

Awareness – Acceptance – Action8ရက်နေ့က ဆရာမ Sky Phyo - Growth Architect Sky Phyo ရဲ့ Seminar လေးကို ပြန်နားထောင်ဖြစ်ရင်...
10/08/2026

Awareness – Acceptance – Action

8ရက်နေ့က ဆရာမ Sky Phyo - Growth Architect Sky Phyo ရဲ့ Seminar လေးကို ပြန်နားထောင်ဖြစ်ရင်း ဒီစကားလုံး 3 ခုကို ပြန်ပြီး Remind ဖြစ်စေပါတယ်။

ဘဝမှာ အဆင်မပြေတဲ့အချိန်တွေ ရှိမယ်။
စိတ်ဆင်းရဲရတဲ့အချိန်တွေ ရှိမယ်။
ကိုယ်မမျှော်လင့်ထားတဲ့ ပြဿနာတွေ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေလည်း ကြုံရနိုင်ပါတယ်။

အဲဒီလိုအချိန်မျိုးမှာ ဒီအဆင့် 3 ခုကို သတိရကြည့်ပါ။

1. Awareness — သတိပြုမိခြင်း

ပထမဆုံး ကိုယ်ဘာဖြစ်နေလဲဆိုတာ သိဖို့ လိုပါတယ်။

“အခု ငါ စိတ်ဆိုးနေတယ်”
“ငါ ဝမ်းနည်းနေတယ်”
“ငါ အရမ်းစိုးရိမ်နေတယ်”
“ဒီကိစ္စကို ငါ လက်မလွှတ်နိုင်သေးဘူး”

ဆိုတာမျိုး ကိုယ့်ရဲ့စိတ်အခြေအနေကို ကိုယ်တိုင် သတိပြုမိဖို့ပါ။

ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေမှန်းတောင် မသိဘဲ ပြဿနာကို ဖြေရှင်းဖို့ ခက်ပါတယ်။

ဒါကြောင့် ပထမဆုံးက ပြောင်းလဲဖို့မကြိုးစားသေးဘဲ သိအောင်ကြည့်ပါ။

2. Acceptance — လက်ခံခြင်း

Awareness ရှိလာပြီဆိုရင် နောက်တစ်ဆင့်က လက်ခံခြင်း ပါ။

Acceptance ဆိုတာ
“ဘာဖြစ်ဖြစ် ဒီအတိုင်းပဲထားလိုက်တော့မယ်” ဆိုပြီး လက်လျှော့လိုက်တာ မဟုတ်ပါဘူး။

ဖြစ်နေတဲ့ Reality ကို Reality အတိုင်း လက်ခံနိုင်ခြင်းပါ။

“ဟုတ်တယ်၊ ဒီကိစ္စ ဖြစ်သွားပြီ”
“ဒီလူကို ငါ ပြောင်းလဲလို့မရဘူး”
“အတိတ်ကိုလည်း ပြန်ပြင်လို့မရဘူး”
“အခုအချိန်မှာ ငါ စိတ်မကောင်းဖြစ်နေတာလည်း အမှန်ပဲ”

ဆိုပြီး ဖြစ်နေတဲ့အရာကို ငြင်းဆန်မနေတော့တာပါ။

တချို့အချိန်တွေမှာ ကိုယ့်ကို နာကျင်စေတာက ဖြစ်ရပ်တစ်ခုတည်း မဟုတ်ပါဘူး။

ဖြစ်ပြီးသားအရာကို ဖြစ်သင့်တာနဲ့ နှိုင်းယှဉ်ပြီး လက်မခံနိုင်တာကလည်း ကိုယ့်ကို ပိုပြီးပင်ပန်းစေပါတယ်။

Acceptance ရှိလာတဲ့အခါ စိတ်က တဖြည်းဖြည်း ပေါ့ပါးလာပါတယ်။

3. Action — လုပ်ဆောင်ခြင်း

လက်ခံပြီးပြီဆိုပြီး ဘာမှမလုပ်ဘဲ နေတာလည်း မဟုတ်ပါဘူး။

နောက်ဆုံးမှာ ကိုယ်လုပ်နိုင်တဲ့အရာကို Action ယူဖို့ လိုပါတယ်။

ကိုယ်ပြောင်းလဲလို့ရတဲ့အရာဆိုရင် ပြောင်းလဲပါ။
ဖြေရှင်းလို့ရတဲ့ပြဿနာဆိုရင် ဖြေရှင်းပါ။
တောင်းပန်သင့်ရင် တောင်းပန်ပါ။
ပြောသင့်တာရှိရင် ပြောပါ။
အကူအညီလိုရင် အကူအညီတောင်းပါ။
လက်လွှတ်သင့်တဲ့အရာဆိုရင်လည်း လက်လွှတ်ဖို့ ကြိုးစားပါ။

အရေးကြီးတာက ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေနောက်ကို လိုက်ပြီး အားကုန်မနေဘဲ၊ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာ Action ယူခြင်း ပါ။

ဘဝမှာ အခက်အခဲတစ်ခုကြုံတိုင်း ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

Awareness — အခု ငါ့စိတ်ထဲမှာ ဘာဖြစ်နေလဲ?
Acceptance — ဘာကို လက်ခံဖို့လိုနေလဲ?
Action — အခု ငါလုပ်နိုင်တဲ့ အကောင်းဆုံးအရာက ဘာလဲ?

အရာအားလုံးကို ချက်ချင်းပြောင်းလဲနိုင်ဖို့ မလိုပါဘူး။

တစ်ခါတလေ သတိပြုမိခြင်းက ပထမခြေလှမ်း၊ လက်ခံနိုင်ခြင်းက စိတ်ကိုပေါ့ပါးစေတဲ့ခြေလှမ်း၊ လုပ်ဆောင်ခြင်းကတော့ ဘဝကို တကယ်ပြောင်းလဲစေတဲ့ခြေလှမ်း ဖြစ်ပါတယ်။

Awareness → Acceptance → Action

ကိုယ်မထိန်းချုပ်နိုင်တာကို လက်ခံပြီး၊
ကိုယ်ထိန်းချုပ်နိုင်တာကို ပြောင်းလဲဖို့ လုပ်ဆောင်နိုင်ပါစေ။ 🌱

ဂျပန်မှာအလုပ်လုပ်/အလုပ် ရှာတဲ့အခါ အရေးကြီးတဲ့အချက်Career Advisor အနေနဲ့ Candidate တွေကို အလုပ်မိတ်ဆက်ပေးရင်း Company ပေါ...
07/08/2026

ဂျပန်မှာအလုပ်လုပ်/အလုပ် ရှာတဲ့အခါ အရေးကြီးတဲ့အချက်

Career Advisor အနေနဲ့ Candidate တွေကို အလုပ်မိတ်ဆက်ပေးရင်း Company ပေါင်းများစွာနဲ့ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်မှာ ကျင်းပတဲ့ 就職・転職 フェア (Job Fair) တွေကို သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံတွေကနေ သတိထားမိတဲ့ အချက်တစ်ခုကို Sharing လုပ်ချင်ပါတယ်။

📌 Company တွေ အရေးကြီးဆုံး ကြည့်တာက…
Japanese Language Skill(Communication Skills)ပါ။

အထူးသဖြင့် JLPT N3 ကို အနည်းဆုံး Requirement အနေနဲ့ သတ်မှတ်တဲ့ Company တွေ ပိုများလာတာကို တွေ့ရပါတယ်။

Candidate တွေဆီက မကြာခဏ ကြားရတဲ့စကားက…

“ဂျပန်မှာ အလုပ်ရှာရတာ ခက်တယ်။”

ဟုတ်ပါတယ်။ ခက်နိုင်ပါတယ်။

ဒါပေမယ့် Company တွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး ကြိုတင်ပြင်ဆင်ထားရင် Opportunity တွေ အများကြီးရှိပါတယ်။

❓ Interview မှာ လည်း မေးလေ့ရှိတဲ့ မေးခွန်းဖြစ်သလို ကိုယ်တိုင်လည်းပြန်စဉ်းစားသင့်တဲ့မေးခွန်းက

“Why Japan?”

ဒီမေးခွန်းအတွက် အဖြေတစ်ခုတည်း မရှိနိုင်ပါဘူး။
Career အတွက်ဖြစ်ဖြစ်၊ Research အတွက်ဖြစ်ဖြစ်၊ ပိုကောင်းတဲ့ဘဝကို တည်ဆောက်ချင်လို့ပဲဖြစ်ဖြစ်…

အရေးကြီးတာက Japan က ပေးတဲ့ Opportunity ကို ရအောင်ယူနိုင်ဖို့ ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင်နေဖို့ပါပဲ။

ဂျပန်မှာ အောင်မြင်ချင်ရင်…

✅ Japanese Language ကို သေချာလေ့လာပါ။
(Certificate ထက်Communication Skills ပါ)

✅ Japanese Culture နဲ့ Rule တွေကို လေးစားပါ။
ကြိုက်တာမကြိုက်တာထက် နားလည်နေရမယ်
လေးစားလိုက်နာနိုင်ရမယ်

✅ ကိုယ့်ရဲ့ Skill ကို အမြဲ Update လုပ်ပါ။

Japanese Language ကို လေ့လာသင်ယူတာဟာ JLPT အောင်ဖို့တစ်ခုတည်း အတွက် မဟုတ်ပါဘူး။

သူ့နိုင်ငံရဲ့Languageကိုသေချာပိုင်နိုင်လာတဲ့အခါ Communication ကောင်းလာမယ်၊ ဂျပန်တွေနဲ့ ယုံကြည်မှု (Trust) တည်ဆောက်နိုင်မယ်၊ Team နဲ့ အလုပ်လုပ်ရတာ ပိုပြီးလွယ်လာမယ်၊ ကိုယ့်ရဲ့ Value ကိုလည်း ပိုပြီး ပြသနိုင်ပါလိမ့်မယ်။

💡 Career Advisor တစ်ယောက်အနေနဲ့ ပြောချင်တာက…

ဂျပန်မှာ အခွင့်အရေးတွေ အများကြီးရှိပါတယ်။

ဒါပေမယ့် အဲဒီအခွင့်အရေးတွေကို ရယူနိုင်ဖို့ ကိုယ့်ကိုယ်ကို အရင်ပြင်ဆင်ထားဖို့ လိုပါတယ်။

အဆင်သင့်ဖြစ်နေတဲ့သူဟာ Company တွေရဲ့ရွေးချယ်ခြင်းခံရတာများသလို ကိုကိုယ်တိုင် လည်း အလုပ်/Companyတွေကိုပြန်ရွေးချယ်နိုင်လာပါလိမ့်မယ်။

အဲဒီအနေအထားထိလုပ်ဖို့မှာပါရစေ။

📩 ဂျပန်မှာ အလုပ်ပြောင်းချင်တယ်၊ အလုပ်ရှာနေတယ်ဆိုရင် အောက်က Link ကနေ Register လုပ်ထားနိုင်ပါတယ်။

https://arigato-work.com/useful/apply-form_zaw.html

စိတ်ဓာတ်ကျတဲ့အခါ…အဲဒီစိတ်ဓာတ်ကျမှုကနေ လွတ်မြောက်ချင်ရင်၊“ငါ စိတ်ဓာတ်ကျနေပြီ” ဆိုတာကို သိတဲ့စိတ်၊ သတိရှိတဲ့စိတ် ရှိဖို့လိ...
05/08/2026

စိတ်ဓာတ်ကျတဲ့အခါ…

အဲဒီစိတ်ဓာတ်ကျမှုကနေ လွတ်မြောက်ချင်ရင်၊

“ငါ စိတ်ဓာတ်ကျနေပြီ” ဆိုတာကို သိတဲ့စိတ်၊ သတိရှိတဲ့စိတ် ရှိဖို့လိုအပ်ပါတယ်။

အဲဒီသတိလေးကပဲ လွတ်မြောက်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

ဒါပေမယ့် Negative အတွေးတွေနဲ့ စိတ်ခံစားချက်တွေကိုပဲ ထပ်ခါထပ်ခါ တွေးနေမယ်ဆိုရင်၊ အဲဒီအခြေအနေကို ကိုယ်ရောစိတ်ရော တဖြည်းဖြည်း အသားကျသွားနိုင်ပါတယ်။

ဥပမာ Anxiety က ပိုပိုပြီး ပြင်းထန်လာတာ၊ Depression အထိ ဖြစ်လာတာမျိုးကနေ နောက်ဆုံးမှာတော့ ကိုယ့်ဘဝကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်…ကိုယ့်ကိုယ်ကို ချစ်ပါ။

ဘာကိစ္စကြောင့်ပဲ Depression ဖြစ်ဖြစ်…

ကိုယ့်ကိုယ်ကို တကယ်သနားပါ။
ကိုယ့်ကိုယ်ကို မညှဉ်းပန်းပါနဲ့။
ပြီးတော့… ကိုယ့်ကိုယ်ကို ကယ်တင်ပါ

“Flow State” ဆိုတာကို ကြားဖူးကြလား? ဟိုနေ့က ဆရာမ မွန်ဟောစီ ရဲ့ ဟောပြောပွဲလေးကို နားထောင်ဖြစ်ခဲ့ပါတယ်။အဲဒီထဲမှာ Flow Stat...
04/08/2026

“Flow State” ဆိုတာကို ကြားဖူးကြလား?

ဟိုနေ့က ဆရာမ မွန်ဟောစီ ရဲ့ ဟောပြောပွဲလေးကို နားထောင်ဖြစ်ခဲ့ပါတယ်။

အဲဒီထဲမှာ Flow State အကြောင်း ပြောသွားတာကို ကျွန်မ အရမ်းသဘောကျမိလို့ မျှဝေချင်ပါတယ်။

ကျွန်မတို့ စိတ်ပင်ပန်းနေတာက တစ်ခါတလေ Stress တွေများလို့၊ အလုပ်တွေများလို့ချည်းပဲ မဟုတ်ပါဘူး။

Overthinking လုပ်နေတာ၊ ဥပမာ ပြီးခဲ့တဲ့အကြောင်းတွေကို ထပ်ခါထပ်ခါ ပြန်တွေးနေတာ၊
မဖြစ်သေးတဲ့အရာတွေအတွက် ကြိုပြီး စိတ်ပူနေတာတွေကြောင့် စိတ်က အနားယူချိန် မရတော့တာမျိုး ဖြစ်နေတတ်ပါတယ်။

Flow State ဆိုတာက စိတ်ကို အတင်း Control လုပ်တာမျိုး မဟုတ်ဘဲ…

ကိုယ်လုပ်နေတဲ့ အရာတစ်ခုအပေါ် အပြည့်အဝ အာရုံစိုက်ပြီး Present Moment ထဲမှာ စိတ်ကို နှစ်မြှုပ်ထားနိုင်တဲ့ အခြေအနေတစ်ခုလို့ ကျွန်မ နားလည်မိပါတယ်။

အဲဒီအချိန်မှာ… စိတ်က ပြီးခဲ့တဲ့ အတိတ်ဆီ ပြန်မရောက်တော့ဘူး။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း ကြိုပြီး မစိုးရိမ်တော့ဘူး။

စိတ်ငြိမ်းချမ်းမှုဆိုတာ အရာအားလုံး အဆင်ပြေသွားမှ ရလာတာ မဟုတ်ပါဘူး။ တကယ်တော့ အရာအားလုံး အမြဲတမ်း အဆင်ပြေနေမယ့် နေ့ဆိုတာလည်း မရှိသလောက်ပါပဲ။

ဒါကြောင့် ဒီနေ့ကစပြီး… အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ဖုန်းကို ခဏချထားပြီး၊ ကိုယ်လုပ်နေတဲ့ အရာတစ်ခုကိုပဲ စိတ်အပြည့်နဲ့ လုပ်ကြည့်ပါ။
တခြားအရာတွေကို ခဏဘေးဖယ်ထားပြီး…
ဒီအခိုက်အတန့် ကိုပဲ အာရုံစိုက်ကြည့်ပါ။

တစ်ခါတလေ Peace of Mind ဆိုတာ…
အဝေးကြီးမှာ ရှာရတဲ့အရာ မဟုတ်ဘဲ၊ လက်ရှိအခိုက်အတန့် (Present Moment )ကို အပြည့်အဝ ရှင်သန်နိုင်တဲ့အချိန် မှာ ရောက်လာတတ်ပါတယ်။
------------

「Flow State(フロー・ステート)」という言葉(ことば)を聞(き)いたことはありますか? 🤍

先日(せんじつ)、モン・ホーシー先生(せんせい) の講演(こうえん)を聞(き)く機会(きかい)がありました。

その中(なか)でお話(はな)しされていた Flow State という考(かんが)え方(かた)がとても印象(いんしょう)に残(のこ)ったので、今日(きょう)は皆(みな)さんにもシェアしたいと思(おも)います。

私(わたし)たちが心(こころ)の疲(つか)れを感(かん)じるのは、必(かなら)ずしもストレスが多(おお)いから、あるいは仕事(しごと)が忙(いそが)しいからだけではありません。

Overthinking(考(かんが)えすぎ) をしてしまったり、
過去(かこ)の出来事(できごと)を何度(なんど)も思(おも)い返(かえ)したり、
まだ起(お)きていない未来(みらい)のことを先回(さきまわ)りして心配(しんぱい)したり…。

そんな状態(じょうたい)が続(つづ)くと、心(こころ)は休(やす)む時間(じかん)を失(うしな)ってしまいます。

私(わたし)が理解(りかい)した Flow State とは、無理(むり)に心(こころ)をコントロールすることではなく、

今(いま)取(と)り組(く)んでいることに意識(いしき)を集中(しゅうちゅう)させ、Present Moment(今(いま)この瞬間(しゅんかん))に心(こころ)を向(む)けられている状態(じょうたい) のことです。

その状態(じょうたい)になると、
過去(かこ)の出来事(できごと)を繰(く)り返(かえ)し考(かんが)え続(つづ)けることもなくなり、
まだ来(き)ていない未来(みらい)を必要以上(ひつよういじょう)に心配(しんぱい)することも少(すく)なくなります。

私(わたし)は、このお話(はなし)を聞(き)いて改(あらた)めて気(き)づかされました。

心(こころ)の平穏(へいおん)は、すべてが思(おも)い通(どお)りになったときに初(はじ)めて得(え)られるものではありません。

実際(じっさい)には、何(なに)もかもがずっと順調(じゅんちょう)な日(ひ)など、ほとんど存在(そんざい)しないのです。

だからこそ、今日(きょう)からでもいいので、

何(なに)か一(ひと)つのことに取(と)り組(く)むときは、少(すこ)しだけスマートフォンを置(お)いて、
目(め)の前(まえ)の一(ひと)つのことに集中(しゅうちゅう)してみてください。

ほかのことは少(すこ)し脇(わき)に置(お)いて、
「今(いま)、この瞬間(しゅんかん)」 に意識(いしき)を向(む)けてみましょう。

もしかすると Peace of Mind(心(こころ)の安(やす)らぎ) は、
遠(とお)くに探(さが)しに行(い)くものではなく、

Present Moment(今(いま)この瞬間(しゅんかん))を大切(たいせつ)に生(い)きる中(なか)で、自然(しぜん)と訪(おとず)れるものなのかもしれません。

Interview ဖြေတဲ့အခါ ယုံကြည်မှုရှိရှိ ဖြေပါ။面接(めんせつ)では、自信(じしん)を持(も)って話(はな)しましょう。အလုပ်ရှင်က ကိုယ့်ကို ရွေးချယ်သလို၊ကိုယ်ကလ...
04/08/2026

Interview ဖြေတဲ့အခါ ယုံကြည်မှုရှိရှိ ဖြေပါ။
面接(めんせつ)では、自信(じしん)を持(も)って話(はな)しましょう。

အလုပ်ရှင်က ကိုယ့်ကို ရွေးချယ်သလို၊
ကိုယ်ကလည်း အလုပ်ကို ရွေးချယ်တာ ဖြစ်ပါတယ်။
企業(きぎょう)があなたを選(えら)ぶように、あなたも会社(かいしゃ)を選(えら)んでいます。

နှစ်ဖက်က တန်းတူ ဆက်ဆံရေးဖြစ်ပါတယ်
ဒါကြောင့် အလွန်အမင်းကြောက်နေစရာ မလိုပါ
お互(たが)いに対等(たいとう)な関係(かんけい)です。
だから、必要以上(ひつよういじょう)に怖(こわ)がる必要(ひつよう)はありません。

#面接

ပြဿနာတွေကို ပြဿနာလို့ မမြင်တော့တဲ့အခါနေ့ရက်တိုင်းဟာ ပျော်ရွှင်စရာတွေပဲ ဖြစ်လာပါတယ်問題(もんだい)を問題(もんだい)だと思(おも)わなくなったとき、毎日(まい...
03/08/2026

ပြဿနာတွေကို ပြဿနာလို့ မမြင်တော့တဲ့အခါ
နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာတွေပဲ ဖြစ်လာပါတယ်
問題(もんだい)を問題(もんだい)だと思(おも)わなくなったとき、毎日(まいにち)はもっと楽(たの)しくなります。

ဒါဟာ Plan မရှိတာ၊ ရည်မှန်းချက် မရှိတာ မဟုတ်ဘူး
それは、計画(けいかく)(Plan)や目標(もくひょう)がないという意味(いみ)ではありません。

Plan ကို သေချာချပြီး အကောင်းဆုံးကြိုးစားလုပ်ရင်း၊ ရလာတဲ့ရလဒ်တိုင်းကို အေးချမ်းတဲ့စိတ်နဲ့ လက်ခံတတ်ခြင်းပဲ ဖြစ်ပါတယ်
計画(けいかく)を立(た)てて最善(さいぜん)を尽(つ)くしながら、どんな結果(けっか)でも穏(おだ)やかな気持(きも)ちで受(う)け入(い)れられることです。

住所

Itabashi, Tokyo

ウェブサイト

アラート

Aika Channelがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Aika Channelにメッセージを送信:

ショートカット

共有する

カテゴリー