24/02/2024
ြီးVisaရုံးဝင်ဖို့ဘာတွေပြင်ဆင်ရမလဲ
4လပိုင်း COE results တွေသိရပြီဆိုတော့ အရင်နှစ်ကသံရုံးဝင်တဲ့အကြောင်းလေးပြန်တင်ပေးလိုက်ပါတယ်။
🔴ဒီအကြောင်းအရာလေးကတော့ COE ရပြီး သံရုံးဝင်မည့် ကျောင်းသားများအတွက်အထူးရည်ရွယ်ပါတယ်။
တခြား အလုပ်နဲ့သွားမဲ့သူတွေအတွက်လည်းအတူတူပါပဲလို့သိရပါတယ်။ အမှားပါရင်ခွင့်လွတ်ပေးကြပါ။ (ကျောင်းသားအတွက်ကိုပဲ အဓိကသိတာပါ။) သေချာတာကတော့ ကာလရှည်အတွက် လိုအပ်တာတွေကတော့ အတူတူပါပဲ။
မေး - COE result သိရပြီ၊ သံရုံးဝင်ပြီး Visa ဖောင်တင်ဖို့ ဘယ်ကစလုပ်ရမလဲ။
ဖြေ - ပထမဦးဆုံးကတော့ ကိုယ်က COE အောင်ထားပြီးဆိုရင် ၊ သံရုံးကို ဘိုကင်အရင်လုပ်ရပါမယ်။
🌸သံရုံးကို ဘိုကင်လုပ်ရင် ဖုန်းဆက်လို့ရသလို ၊ mail နဲ့လည်းဘိုကင်လုပ်လို့ရပါတယ်။
သံရုံးကိုဖုန်းဆက်မယ်ဆိုရင်တော့...
☎️ဖုန်းနံပါတ် -
မြန်မာဘာသာဖြင့် - O95012203 (နံနက် 8:30-ညနေ 4:00 အထိ)
ဂျပန်ဘာသာ နှင့် အင်္ဂလိပ်ဘာသာဖြင့် - 09250954553 (နံနက် 8:30-ညနေ 4:00 အထိ)
💌 Mail ဖြင့် - [email protected]
Mail ဖြင့်ပို့နည်း
Dear Embassy,
I want to book for get access Embassy for Student Visa. Can we/ I come to the Embassy on 26, September,2023 ( ကိုသွားချင်တဲ့ date ) . Kindly see my following List.
တစ်ယောက်ထဲဖြစ်ဖြစ်၊ အဖွဲ့နဲ့ပဲဖြစ်ဖြစ်
1. MG MG
09××××××××
2. AYE AYE
09××××××××
နာမည်ရယ်၊ ဖုန်းနံပါတ်ရယ်ရေးပြီးရင်ပို့လိုက်လို့ရပါတယ်။
ဒါကတော့ mail နဲ့ ဘိုကင်တင်မည့်သူတွေအတွက်ပါ။ Mail ပြန်ပါလိမ့်မယ်။
🔴(ဘိုကင် နံပါတ်၊ အချိန် ကို mail ပြန်ပို့ပေးမှာပါ။)
🌸ဒါဆို သံရုံးဝင်ဖို့ဘာတွေလိုလည်းဆိုတာအခုမှစမှာပါ။
ကျောင်းသားတွေကိုအဓိကထားပြောမှာပါ။
ဘာတွေလိုလဲဆိုတော့ -
🟢 ဗီဇာဖောင်ဖြည့်ထားတာ၂ရွက်
🟢 ပက်စပို့ မူရင်း
🟢 COE မူရင်း ၊ ကာလာမိတ္တူ ( မူရင်းကကျောင်းကမပို့လည်း၊ soft copy မိတ္တူနဲ့လည်းဝင်လို့ရပါတယ်။
🟢ဓာတ်ပုံ( 2in × 2 in) or (45mm × 45mm) ဗီဇာဖောင်မှာကပ်ဖို့တစ်ပုံဆိုရပါပြီ။
🔵ဖောင်ဖြည့်နည်းကိုတော့ ဒီ Link မှာကြည့်ပေးပါ။
https://m.facebook.com/story.php?story_fbid=314063618031002&id=100082820997793&mibextid=Nif5oz
🌸 ဒါဆို သံရုံးဝင်တဲ့နေ့ ဘယ်ချိန်သွားရမလဲ၊ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။
1. သံရုံးကိုမသွားခင် ကိုယ့်ရဲ့ ဘိုကင်အချိန်ကိုသေချာမှတ်ထားပါ။
ကိုယ့်ရဲ့ဘိုကင် နံပါတ်က 1 ဖြစ်နေရင်တောင် ဘယ်အချိန်လဲကအရေးကြီးပါတယ်။ 1ဖြစ်တိုင်းလည်းထိပ်ဆုံးကမဝင်ရပါဘူး။
9:00 နာရီသမားတွေအရင်ဝင်ရပါတယ်။ ပြိးမှ 9:10 ၊ 90:20၊ 9:30 သမားဆိုပြီး အဲ့လိုသွင်းတာပါ။
9:10 သမားတွေကတော့ 8:00 သို့ 8:30 သွားရင်အိုခေပါတယ်။
စောစောသွားရင် information စောစောသိပါတယ်။
အဲ့မှာ တာဝန်ရှိသူက check up လုပ်ပေးပါတယ်။
ဥပမာ - ကိုယ်ရဲ့ ဘိုကင်က ၁ ဆိုရင်တောင် စာရွက်တိုင်းမှာ (၁),(၂)တွေရှိပါတယ်။
အဲ့တော့သူကပြောလေ့မယ်။ သမီး/သားကတော့ ၉နာရီဆို၉နာရီဝင်ရမယ်၊ သားနာမည်က စာရွက်မျက်နှာ ဘယ်လောက်မှရှိတယ်။ စသဖြင့်သေးစိတ်ပြောပြပါလေ့မယ်။
ဘယ်လိုဝင်ရမလဲ၊ ဘယ်လိုတန်းစီရမလဲဆိုတာကို၊
9:00 ဝင်ရမဲ့သူတွေကတော့ 8:00 လောက်ဆိုးပြီးတန်းစီရပါပြီ။ 8:30 ဆို ရာသီဥတုအခြေအနေအရစောစောပေးဝင်ပါတယ်။ 5 ယောက်စီအရင်ဝင်ရပါတယ်။
☁️ စစဝင်ခြင်းမှာ ဂိတ်တစ်ခုရှိပါတယ်။ အဲ့ဂိတ်မှာ အရင်ဆုံးပက်စပို့(မူရင်း)ကိုအရင်ပေးရပါတယ်။ အဲ့မှာသူကပက်စပို့ကို မှတ်ပြီး ၊ လည်ဆွဲကပ် နံပါတ်လေးတွေပေးပါတယ်။
☁️ ပြီးရင်အပေါက်ဝနားက တာဝန်ကျလူဆီမှာ ကိုယ့်နာမည်ကိုပြောရပါတယ်။ နာမည်ပြောတဲ့အခါ ကိုယ့်ရဲ့ ဘိုကင် (၁)ဆို (၁) ၊ပြီးရင် နာမည်ပြော၊ ပြီးရင်ခုနက တာဝန်ခံပြောပြတဲ့ စာရွက်နံပါတ်ကိုပြောလိုက်ရင်ရှာပေးပြီး အထဲဝင်လို့ရပါပြီ။
☁️အရင်ဆူံး လျှပ်စစ်ပစ္စည်းနဲ့ပက်သက်တဲ့(ဖုန်း၊ကင်မရာ၊ မီးခြစ်) အရာအားလုံး locker အခန်းထဲမှာထည့်ခဲ့ရပါတယ်။
ပြီးရင် locker keyကိုပေးပါလေ့မယ်။ ဒါဆိုအထဲဝင်လို့ရပါပြီ။
☁️ အထဲဝင်တဲ့အခါ သူတို့ ပြထားတဲ့ခြေရာ လမ်းအတိုင်းလျှောက်သွားပါ။ Visa ရုံးထဲရောက်ပါပြီ။
☁️ အရှေ့မှာ တုံကင်ထပ်ယူရပါတယ်။
Screen မှာ ဘာသာ ၃ မျိုးပေးထားပါတယ်။
မြန်မာကိုရွေးပြီး ၊ ကိုယ်က ဘာအတွက်ဗီဇာလာလုပ်တာလည်းထပ်ရွေးလိုက်ရင် ၊ တုံကင်စာရွက်လည်းထွက်လာပါလေ့မယ်။ အဲ့တာဆိုတံကင်ယူပြီးထိုင်စောင့်နေရုံပဲ။
ကောင်တာ (၅) ခုရှိပါတယ်။ ကောင်တာ ထိပ်မှ LED Screen ရှိပါတယ်။ ကိုယ့်နံပါတ်ကို ခေါ်ပါလေ့မယ်။ ခေါ်တဲ့ကောင်တာဆီသွားပြီးရင်၊
ကိုယ်ရဲ့ 🔵Visa ဖောင်နှစ်ရွက်
🔵 ပက်စပို့ မူရင်း
🔵 COE မူရင်း၊ မိတ္တူ
အဲ့ဆိုရပါပြီး ၊သူစစ်ပြီးသွားရင် စလစ်ပေးပါတယ်။ ပြန်လာထုတ်ရမဲ့ရက် နဲ့ အချိန် ကတော့ စလစ်ထဲမှာ ပါပါတယ်။
ဒါဆိုရင်အားလုံးပြီးသွားပါပြီ။
အပြင်ထွက်ပြီး Locker ထဲက ကိုယ့်ဖုန်းကို ပြန်ယူပြီး၊ လည်ဆွဲကပ်တွေပြန်ပေးပြီး ၊အပြင်ထွက်လို့ရပါပြီ။
🚨🚨သိထားရမည့်အချက်များ 🚨🚨
စာရွက်၊စာတမ်းတွေပြည့်စုံလား၊ မပြည့်စုံလားသေချာ စစ်ပြီးမှသွားနော် ကျန်ခဲ့ရင် သံရုံးနားမှာ ဘာမိတ္တူဆိုင်၊ ဘာဓာတ်ပုံဆိုင် တစ်ခုမှမရှိပါဘူး။ အကယ်၍ မပြည့်စုံလို့ပြန်ထွက်ရရင် တန်းပြန်စီရတယ်လို့ပြောပါတယ်။
ဒါဆိုရင်တော့အားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်။
❤️လွှတ်လပ်စွာ Share နိုင်ပါတယ်၊ ❤️
❌ပြန်လည်ကူးယူခွင့်မပြုပါ။❌
https://www.facebook.com/share/Lswa4nfbn8zNaNAY/