Kaigo by Lwin Thanthar

Kaigo by Lwin Thanthar 介護福祉士အိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတူတူကြိုးစားသွားကြစို့

10/12/2025

発達と老化の理解နဲ့ပတ်သတ်တဲ့ခန့်မှန်းမေးခွန်းလေးတွေဖြေကြည့်ရအောင်နော်❣️❣️

မတွေ့တာလည်းကြာပီအလုပ်မအားလို့post တွေမတင်ဖြစ်တာလည်းကြာပီ😁ကဲမိနစံဒီနေ့မှာတော့お風呂ရေပူစိမ်ခြင်းရဲ့physically ရုပ်ပိုင်းဆိုင...
06/12/2025

မတွေ့တာလည်းကြာပီ
အလုပ်မအားလို့post တွေမတင်ဖြစ်တာလည်းကြာပီ😁
ကဲမိနစံဒီနေ့မှာတော့お風呂ရေပူစိမ်ခြင်းရဲ့physically ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကိုရှင်းပြပေးမယ်နော်
介護福祉士စာမေးပွဲမှာလည်းခဏဏမေးတတ်လို့ပါ
入浴には
主に(1)温熱作用 အပူဓါတ်အကျိုးသက်ရောက်မှု

(2) 浮力作用 အရာဝတ္တုတွေကိုရေပေါ်ပေါ်စေတဲ့ ပေါ်လောပေါ်စေတဲ့အကျိုးသက်ရောက်မှု

(3)静水圧作用 ငြိမ်နေတဲ့အချိန်ရေဖိအားအကျိုးသက်ရောက်မှုဆိုပီးအမျိုးစား(၃)ခုရှိတယ်

入浴の主な作用と効果 ရေစိမ်ခြင်းရဲ့အကျိုးရလဒ်
(1)温熱作用:
体が温まることで血管が広がり、血行が促進されます。
血液の循環が良くなることで、体内の老廃物や疲労物質が排出されやすくなり、疲労回復に繋がります。
筋肉のこわばりがほぐれ、関節の動きがスムーズになります。
体温が上昇し、免疫機能の向上にも寄与する可能性があります。

温熱作用ကြောင့်သွေးကြောတွေကျယ်လာမယ်သွေးစီးဆင်းမှုနဲ့သွေးလည်ပတ်မှုတွေအားကောင်းလာပီးတော့ခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့အညစ်အကြေးတွေကိုစွန့်ထုပ်ရလွယ်ကူလာမယ် ပီးတော့ကိုယ်စိတ်ပင်ပန်းမှုတွေလည်းသက်သာလာမယ်ပေါ့နော်

浮力作用:
湯船に浸かると、浮力によって体重が普段の約1/9から1/10程度まで軽くなります。
これにより、普段体重を支えている筋肉や関節への負荷が減り、緊張が緩和されリラックス効果が得られます。
プカプカと浮いているような感覚(浮遊感)も、精神的なリラックスを促します。

浮力作用ကြောင့်ရေထဲမှာပုံမှန်အလေးချိန်ထက်1/9 ကနေ1/10ပုံလောက်ကိုယ်အလေးချိန်ပေါ့သွားမယ်ပေါ့နော် အဲ့ဒါကြောင့်ခန္ဓာကိုယ်ကြီးကိုတောက်လျှောက်ထိန်းပေးလာရတဲ့ကြွက်သားနဲ့အရိုးအဆစ်တွေရဲ့ဝန်ကိုလည်းလျှော့ချပေးပါရောက်တယ်
အဲ့ဒီတော့ကြွက်သားနဲ့အဆစ်အမြစ်တွေရဲ့တင်းမာမှူကိုသက်သာစေတယ်
စိတ်ပိုင်းဆိုင်ရာလည်းrelax ရတယ်ပေါ့နော်

静水圧作用:
水中に静止した状態でかかる水圧(静水圧)により、特に手足や腹部が締め付けられます。
この圧力により、下半身に溜まりがちな血液やリンパ液が心臓へ押し戻され、全身の血行改善やむくみの解消に役立ちます。
腹部にかかる水圧が横隔膜を押し上げるため、呼吸筋が刺激され、呼吸数が増えて心肺機能が高まる効果も期待できます(ただし、心疾患のある方などは注意が必要)
သူကကျတော့ရေထဲမှာငြိမ်နေတဲ့အနေထားနဲဲ့ရှိနေတဲ့အခါသက်ရောက်တဲ့ရေဖိအားပါ။အထူးသဖြင့်ခြေ လက်နဲ့ဝမ်းဗိုက်ကိုပိုပီးဖိအားသက်ရောက်စေတယ်ပေါ့နော်
အဲ့ဒါကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာစုပုံလေ့ရှိတဲ့သွေးနဲ့ပြန်ရည်(Lymph)တွေကိုနှလုံးဆီပြန်တွန်းပို့ပေးတယ်ပေါ့နော်
အဲ့ဒီအခါမှာむくみတနည်းအားဖြင့်浮腫လို့ခေါ်တဲ့oedema ဖောယောင်ခြင်းတွေကိုသက်သာစေတယ်
ဝမ်းဗိုက်ပေါ်သက်ရောက်လို့横隔膜ရင်ဝမ်းတားကြွက်သားကိုအပေါ်ကိုတွန်းတင်ပေးတယ်ပေါ့နော်။အဲ့လိုတွန်းတင်ခံရတဲ့အတွက်ကြောင့် အဆုတ်နဲ့နှလုံးအလုပ်ပိုလုပ်လာပီး အသက်ရှူနှုန်းနဲ့နှလုံးခုန်နှုန်းပိုမြန်လာစေတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်

အဲ့ဒါကြောင့်နှလုံးရောဂါသမားတွေပိုပီးသတိထားရမယ် 42度အထက်လုံးဝရှောင်ရပါမယ်(၃၈~၄၀)ပုံမှန်
နှလုံးရောဂါသမားတွေရင်ဘတ်အောက်ထိပဲရေlevelထားရပါမယ်
🙆‍♀️🙆‍♀️😃
အားလုံးဒီစာလေးဖတ်ပီးအမှတ်တွေရနိုင်ပါစေ
#介護福祉士 Lwin and Thandar

မနက်တပိုင်းညနေတစ်ပိုင်းခွဲပီးတကယ့်စာမေးပွဲအစစ်လိုပဲကြိုးစားဖြေနေကြတဲ့ကိုယ်တို့တပည့်လေးတွေအောင်ကြပါစေ❣️
11/11/2025

မနက်တပိုင်းညနေတစ်ပိုင်းခွဲပီး
တကယ့်စာမေးပွဲအစစ်လိုပဲကြိုးစားဖြေနေကြတဲ့
ကိုယ်တို့တပည့်လေးတွေအောင်ကြပါစေ
❣️

ဒီလိုလေးအသိမှတ်ပြုကြတော့သင်ရတာအရမ်းအားရှိတာပဲစာကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်နော်ကိုယ့်ရဲ့တပည့်လေးတွေအကုန်လုံး🥰🥰
10/04/2025

ဒီလိုလေးအသိမှတ်ပြုကြတော့သင်ရတာအရမ်းအားရှိတာပဲ
စာကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်နော်ကိုယ့်ရဲ့တပည့်လေးတွေအကုန်လုံး🥰🥰

ကဲဒီနေ့၃လပိုင်း၂၄ရက်နေ့နေ့လည်၂နာရီမှာ介護福祉士အောင်စာရင်းထွက်ပါတော့မယ်社会福祉振興・試験センターမှာသွားရောက်ကြည့်ရှူလို့ရမှာဖြစ်ပါတယ်
23/03/2025

ကဲဒီနေ့၃လပိုင်း၂၄ရက်နေ့နေ့လည်၂နာရီမှာ介護福祉士အောင်စာရင်းထွက်ပါတော့မယ်
社会福祉振興・試験センターမှာသွားရောက်ကြည့်ရှူလို့ရမှာဖြစ်ပါတယ်

06/03/2025

အားလုံးနားလည်အောင်အကြမ်းဖျင်းလေးရှင်းပြထားပါတယ်
သွေးလွှတ်ကြောမှန်သမျှမှာoxygen ကိုသယ်ပီး
သွေးပြန်ကြောမှန်သမျှမှာ Carbondioxide ကိုသယ်ပါတယ်

ဒါပေမယ့်ချွင်းချက်💁‍♀️
အဆုတ်ကိုသွားတဲ့သွေးလွှတ်ကြော (肺動脈 )မှာ Carbon dioxide ပါပီး
အဆုတ်ကနေနှလုံးဆီပြန်လာတဲ့သွေးပြန်ကြော(肺静脈)မှာတော့Oxygen ပါပါတယ်နော်🙋‍♀️
気管လေပြွန်
気管支လေပြွန်ခွဲ
肺胞လေအိတ်
動脈သွေးလွှတ်ကြော
静脈သွေးပြန်ကြော
大動脈သွေးလွှတ်ကြောမကြီး
大静脈သွေးပြန်ကြောမကြီး
心房သွေးဝင်ခန်း
右心房(うしんぼう)ညာသွေးဝင်ခန်း
左心房(さしんぼう)ဘယ်သွေးဝင်ခန်း
右心室ညာသွေးလွှတ်ခန်း
左心室ဘယ်သွေးလွှတ်ခန်း
二酸化炭素(にさんかたんそ)Carbon dioxide
酸素(さんそ)Oxygen
血液循環(けつえきじゅんかん) (blood circulation)သွေးလည်ပတ်မှူ
三尖弁 နှလုံးညာဘက်ခြမ်းက သွေးဝင်ခန်းနဲ့သွေးလွှတ်ခန်းကြားကအဆို့ရှင်
僧帽弁နှလုံးဘယ်ဘက်ခြမ်းကသွေးဝင်ခန်းနဲ့သွေးလွတ်ခန်းကြားကအဆို့ရှင်

မိနစံလူတစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့အခါစကားပြောခြင်းဖြင့်ဆက်သွယ်ကြတယ်ဟုတ်?စကားနဲ့ပဲလူတွေဟာရင်းနှီးကျွမ်းဝင်လာကြတယ်အဲ့လိုပဲkaig...
30/01/2025

မိနစံ
လူတစ်ဦးနဲ့တစ်ဦးဆက်သွယ်တဲ့အခါစကားပြောခြင်းဖြင့်ဆက်သွယ်ကြတယ်ဟုတ်?
စကားနဲ့ပဲလူတွေဟာရင်းနှီးကျွမ်းဝင်လာကြတယ်
အဲ့လိုပဲkaigo လုပ်ငန်းခွင်မှာလည်းပဲအဘိုးအဘွားတွေရဲ့ခံစားချက်နဲ့ကိုယ်စိတ်ကျန်းမာရေးအခြေနေတွေကိုသိနိုင်ဖို့အဖိုးအဖွားတွေနဲ့ရင်းနှီးဖို့အတွက်စကားများများပြောဖို့လိုတယ်
ဒါ့ကြောင့်communication (コミュニケーション)
ဟာသိပ်ကိုအရေးပါပါတယ်
ဒီမှာတော့ ဂျပန်လူမျိုးတွေရဲ့cultures ပေါ်မူတည်ပီးဘယ်လိုပြောသင့်တယ်မပြောသင့်ဘူးဆိုတာအကျဉ်းချုံးပြောပြသွားပါမယ်

⭕အသုံးပြုရမယ့်စကားလုံးတွေက
(1)丁寧語
ဥပမာ ~です、 ~ます、ましたတို့ ましょうかတို့ပေါ့နော်

(2) 尊敬語
ဥပမာ (၁)ご飯を召し上がってください
(၂)やらせてください

(3) 謙譲語
ဥပမာ私が致しますのでおやすみになっていてください

❌အသုံးမပြုရမယ့်စကားလုံးတွေက
(1) タメ口
စကားကိုတိုတိုတုတ်တုတ်ပြောတာပေါ့နော်
(2)赤ちゃん言葉。幼児言葉
ကလေးတွေလိုသဘောထားပီးပြောတဲ့အသုံး
ဥပမာ ထမင်းစားခွံ့တော့မယ်အမ်းးးးးလို့ပါးစပ်ဟပါဦး
(3)若者言葉
လူငယ်တွေကြားမှာခေတ်စားနေတဲ့ဗန်းစကားတွေ

(4)命令口調
အမိန့်ပေးတဲ့စကားတွေ
ဥပမာ 早く食べて!
ちょっと待って
早く行ってစသဖြင့်
❌သူငယ်ပြန်နေလို့ငါဘာလုပ်တယ်ဘာပြောလိုက်တယ်ဆိုတာကိုသူတို့သိမှာမဟုတ်ပါဘူးဆိုပီး介助してはいけないね
လည်လည်ဝယ်ဝယ်ပလီပလာပြောတတ်တဲ့ဘိုးဘွားတွေလည်းရှိတယ်နော်🤭😁စတာပါ

ကဲဒီနေ့တော့ဒီလောက်ပါပဲနော်

သင်တန်းတက်သည်ဖြစ်စေမတက်သည်ဖြစ်စေလာရောက်စုံစမ်းမေးမြန်းခြင်းအတွက်ကျေးဇူးတင်ပါတယ်😍
30/01/2025

သင်တန်းတက်သည်ဖြစ်စေမတက်သည်ဖြစ်စေလာရောက်စုံစမ်းမေးမြန်းခြင်းအတွက်ကျေးဇူးတင်ပါတယ်😍

ဟိုနေ့ကpost ထဲမှာ身体拘束က虐待ထဲမှာပါတယ်လို့ပြောပြပေးထားတယ်နော်ဒီနေ့ကတော့အောက်ပါအကြောင်းရင်း理由(၃)ချက်ကြောင့်မလွဲသာမရှောင်သာလို...
18/01/2025

ဟိုနေ့ကpost ထဲမှာ身体拘束က虐待ထဲမှာပါတယ်လို့ပြောပြပေးထားတယ်နော်
ဒီနေ့ကတော့အောက်ပါအကြောင်းရင်း理由(၃)ချက်ကြောင့်မလွဲသာမရှောင်သာလို့身体拘束(しんたいこうそく)လုပ်ရင်虐待မမြှောက်ဘူးဆိုတာလေးကိုပြောပြပေးသွားပါမယ်

⛔(1)切迫性 (せっぱくせい)
    利用者は本人または他の利用者等の生命又は身体が危険にさらされる可能性が著しく高い
こと。
လူနာဟာသူကိုယ်တိုင်ရောသူ့ပတ်ဝန်းကျင်ကလူတွေကိုပါအသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အပြုအမူမျိုးတွေရှိလာတဲ့အခါ

⛔(2)非代替性(ひだいたいせい)
    身体拘束その他の行動制限を行う以外に代替する介護方法がないこと。
ခန္ဓာကိုယ် ချုပ်နှောင်ရုံကလွှဲပီးတခြားဖြေရှင်းစရာနည်းလမ်းမရှိတော့တဲ့အခါ

⛔(3)一時性(いちじせい)
     
    身体拘束その他の行動制限が一時的なものであること。
ခန္ဓာကိုယ်ချုပ်နှောင်ခြင်းကို ခဏတဖြုတ်သာပဲလုပ်ဆောင်ခြင်း

🚨ချွင်းချက်👉အရေးပေါ်အခြေနေတွေကြောင့်身体拘束လုပ်ရတဲ့理由ကို記録ရေးကိုရေးရပါမယ်

🙋‍♀️ကဲဒီနေ့ကတော့ဒီလောက်ပါပဲ
စာကိုမှတ်ရလွယ်အောင်စီလျှော်သလိုဘာသာပြန်ထားပါတယ်

မိနစံ🙋‍♀️ဒီနေ့ကတော့ 高齢者နဲ့ပတ်သတ်ပီး 虐待(ညှင်းပန်းနှိပ်စက်မှု)အမျိုးစား(5)မျိုးရှိတာကိုပြောပြပေးသွားပါမယ်❌🙅‍♀️အဘိုးအဘွားတွ...
13/01/2025

မိနစံ🙋‍♀️
ဒီနေ့ကတော့ 高齢者နဲ့ပတ်သတ်ပီး 虐待(ညှင်းပန်းနှိပ်စက်မှု)အမျိုးစား(5)မျိုးရှိတာကိုပြောပြပေးသွားပါမယ်
❌🙅‍♀️အဘိုးအဘွားတွေကိုဘယ်လိုညှင်းပန်းနှိပ်စက်မှုမျိုးကိုမှလုံးဝလုံးဝလုပ်လို့မရပါဘူးနော်
ဒါလေးကစာမေးပွဲမှာခဏဏမေးလေ့ရှိပါတယ်
👉(1)心理的虐待 (しんりてきぎゃくたい)
စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်စကားလုံးနဲ့သော်လည်းကောင်းအပြုအမူမျိုးနဲ့သော်လည်းကောင်းပြောဆိုဆက်ဆံတာပေါ့နော် ဥပမာ 侮辱的な言葉、バカ、役に立たないなぁစတဲ့အသုံးအနှုန်းတွေပေါ့နော်

👉(2)身体的虐待(しんたいてきぎゃくたい)
身体拘束(しんたいこうそく)လို့ခေါ်တဲ့ခန္ဓာကိုယ်ချုပ်နှောင်ခြင်းအပါအဝင်ခန္ဓာကိုယ်ကိုထိခိုက်ဒါဏ်ရာရအောင်လုပ်ခြင်း(ဒါမဟုတ်) ဒါဏ်ရာရစေလောက်တဲ့အပြုမူမျိုး

👉(3)経済的虐待(けいざいてきぎゃくたい)
မိသားစုကယုံကြည်လို့အပ်နှံထားတဲ့အဘိုးအဘွားတွေရဲ့ပိုက်ဆံတွေကိုအလွဲသုံးစားလုပ်တာမျိုး
👉(4)性的虐待(せいてきぎゃくたい)
လိင်ပိုင်းဆိုင်ရာထိပါးတဲ့အပြုမူမျိုး
👉(5) ネグレクト(介護、世話の放棄。放任)
မပြုစုမစောင့်ရှောက်ချင်လို့ပစ်ပယ်ထားတာ
ဥပမာ အဘိုးဘွားတွေオムツလဲပေးရမယ့်အချိန်မှာမလဲပေးတာ 、ရေချိုးပေးရမယ့်အချိန်မှာရေမချိုးပေးတာ ။ လူနာကnurse call ခေါ်ရင်မသွားတာမကြားချင်ယောင်ဆောင်တာမျိုး ။လူနာကမိမိကိုစကားလာပြောရင်အလုပ်ရှုပ်တာကိုအကြောင်းပြပီး 返事ပြန်မလုပ်တာမျိုးအများကြီးအများကြီးပေါ့နော်


ကဲသေချာလေးမှတ်သွားလိုက်ကြဦးနော်😃

သင်တန်းကိစ္စစုံစမ်းချင်ရင်တော့ page messagerကို လာခဲ့ပါနော်🙋‍♀️
မိနစံတို့အတွက်တစုံတရာအကျိုးရှိစေမယ်ဆိုရင်ကျေနပ်ပါပီ
ူးယူခြင်းသည်းခံပါရှင်

12/01/2025

ဟေးမိနစံ
👉ဂျပန်မှာkaigo အလုပ်ကလုပ်သားအရမ်းလိုအပ်နေတယ်ဆိုတာသိကြပီးပီလား🙋‍♀️
လစာလည်းကောင်းတယ်ကိုယ့်ရဲ့ဂျပန်စာအရည်အချင်းလည်းတိုးတက်ချင်တယ်ဆို kaigo အလုပ်ကိုရွေးဖို့မမေ့ကြပါနဲ့နော်
👉တကယ်တော့ဘိုးဘွားစောင့်ရှောက်တယ်ဆိုတာပျော်စရာလည်းကောင်းသလိုကုသိုလ်လည်းရတယ်ဆိုတာမြန်မာလူမျိုးတိုင်းလက်ခံကြမယ်လို့ယုံကြည်ပါတယ်
👉ဂျပန်မှာkaigoအလုပ်ကို၃နှစ်ဆက်တိုက်လုပ်ပီး jitsumusha kenshuu(実務者研修)လက်မှတ်ရှိထားရင် kaigofukushishi (介護福祉士)စာမေးပွဲကြီးဝင်ဖြေခွင့်ရှိတယ်ဆိုတာသိကြပီးပီလား
👉kaigofukushishi စာမေးပွဲအောင်သွားခဲ့ရင်Kaigo Visaနဲ့တစ်သက်လုံးအလုပ်လုပ်သွားလို့ရတယ်ဆိုတာကိုရောသိကြပီးပီလား
တကယ်တော့ kaigofukushishi စာမေးပွဲကြီးကမခက်ပါဘူးနော်
မိနစံတို့လည်းကြိုးစားရင်အောင်ပါတယ်နော်😍

住所

Fuchu, Tokyo

ウェブサイト

アラート

Kaigo by Lwin Thantharがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー