PEJP

PEJP

共有する

PEJP_Professional Engineer in JAPAN 📚
技術士補(建設部門)
BIM/CIM 技術
1級土木施工管理技士(1次検定)
🤓Support to obtain engineering qualifications for myanmar engineers

06/06/2026

1級土木施工管理1次
စာမေးပွဲအတွက် 6 လပိုင်း ၁၅ ရက်နေ့စပြီး 受験票တွေစတင်ပို့ပေးပါလိမ့်မယ်။

30/05/2026

技術士第1次試験 (assistant professional engineer exam) ကို Self-study နဲ့ ကိုယ်တိုင်ပြင်ဆင်ပြီး ဖြေဆိုမယ့်သူတွေအတွက် အသုံးဝင်မယ့် Website များ ✍️✨

1️⃣ စာမေးပွဲအချက်အလက်၊ Form တင်ခြင်းနှင့် အောင်စာရင်းကြည့်ရန်
The institute of Professional Engineers, Japan

🌐 https://www.engineer.or.jp/

ဒီ Website ကတော့ 技術士စာမေးပွဲကို ဦးဆောင်ကျင်းပနေတဲ့ တရားဝင်အဖွဲ့အစည်းရဲ့ Main Website ပဲ ဖြစ်ပါတယ်။အောင်စာရင်းစစ်တာ၊ စာမေးပွဲ Form တင်တာတွေကအစ အားလုံးကို ဒီ Website ကနေပဲ တိုက်ရိုက်လုပ်ဆောင်ရမှာပါ။

2️⃣မေးခွန်းဟောင်းနဲ့အဖြေတွေကို free လေ့လာနိုင်မယ့် Website များ👇

📍Kakomon. com
🌐 https://gijyutushi.kakomonn.com/

基礎科目 နဲ့ 適性科目 ပိုင်းရဲ့ မေးခွန်းဟောင်းနဲ့အဖြေတွေကိုအခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။

📍SUKIYAKI塾 (favourite website 💖)
🌐 https://www.pejp.net/

技術士 1次 ရော 2次 ပါ မေးခွန်းဟောင်းနဲ့အဖြေတွေကို Free ဖတ်လို့ရတဲ့အပြင် RCCM 試験 ပိုင်းဆိုင်ရာ မေးခွန်းဟောင်းတွေကိုပါ တင်ပေးထားတာပါ။
အမ စာမေးပွဲအောင်ဖို့အတွက် တော်တော်လေး အထောက်အပံ့ပေးခဲ့တဲ့ Website မို့ Self-study သမားတွေအတွက် အထူး (おすすめ) လုပ်ပါတယ်ရှင်။

📍技術士試験ナビ 
🌐 https://qe.hpeo.jp/entry/pej

基礎科目 နဲ့ 適性科目 ပိုင်းတွေတင်မကဘဲ၊ တခြားနေရာမှာ ရှာရခက်တဲ့ 建設部門 ပိုင်းရဲ့ မေးခွန်းဟောင်း အဖြေတွေကိုပါ အခမဲ့ ဖတ်ရှုလေ့လာနိုင်ပါတယ်။

💡 技術士 စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေရှိရင်လည်း သိရအောင် Share ပေးပါဦးနော်။ အားလုံးပဲ စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြပါစေ။

⚠️ (စာသားများကို ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်)

#技術士第一次試験
#技術士
#資格取得
#建設部門

Photos from PEJP's post 26/05/2026

Edit: 技術士第1次အတန်းလာမေးသူတွေရှိလို့။
၁လပိုင်းက ဖွင့်ထားတဲ့ အတန်းမပြီးသေးလို့ အတန်းအသစ်မရှိသေးပါဘူး။

ဒီနှစ် ပိုဆိုး
အတန်းနှစ်တန်းသင်နေတော့
တစ်တန်း ၁:၃၀ နဲ့ နှစ်တန်းပေါင်း ၃နာရီ 😌
တောက်လျောက်သင်တာနော်။
ဒါတောင် ကိုယ်က introvert စကားနည်းတဲ့သူမလို့ 😜

Photos from PEJP's post 18/05/2026

ပိတ်ရက်ရှည်နားပြီးလို့ သင်တန်းတွေပြန်စပါပြီ။ 🍀💃

1級土木施工管理1次စာမေးပွဲက 2026年7月5日(日) ရက်နေ့ဖြေရပါမယ်။

技術士第1次試験 က 2026年11月22日(日)ဖြေဆိုရပါမယ်။

PEJP မှာ သင်တန်းနှစ်ခုလုံးကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

နောက်ပိုင်း engineer certification သင်တန်းတွေများလာတာနဲ့အမျှ သင်တန်းတက်မယ့်သူတွေအနေနဲ့ ရွေးချယ်စရာတွေများလာပါတယ်။
သင်တန်းကြေး ၊ သင်ကြားတဲ့ ပုံစံ၊ သင်တန်းအချိန်ပေါ်မူတည်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့သင်တန်းကိုရွေးချယ်လာနိုင်တယ်။

ဘယ်သင်တန်းကိုဘဲရွေးရွေး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမပါဘဲ စာမေးပွဲလုံးဝမအောင်ပါဘူး။
အဲ့ဒါကြောင့် ပိုက်ဆံကုန်၊ အချိန်ကုန်ခံရကျိုးနပ်အောင် စာကိုအချိန်ရှိတုန်းဖတ်လေ့လာပြီး တစ်ခေါက်တည်းအောင်ဖို့ ကြိုးစားကြပါနော်၊။

PEJP မှာ သင်တန်းတက်ထားတဲ့သူဆို お祝い金လည်းရမှာပါ။ ကိုယ့်အတန်းကသူတွေအများကြီးအောင်ရင် အမလည်း သင်ပေးရတာ တာဝန်ကျေတယ်လို့ခံစားရတယ်။ ☺️

一発合格を目指そう💯

#技術士第一次試験
#技術士

#資格取得
#建設部門
#1級土木施工管理1次試験
#土木

13/05/2026

ဒီအပါတ် စနေ/တနင်္ဂနွေ

သင်တန်းပြန်ဖွင့်ပြီဗျို့ 📣

Photos from PEJP's post 02/05/2026

土質力学 Soil Mechanics
【 #技術士補建設部門】
**************************************
မြေအကြောင်းအရာနဲ့ပတ်သက်တဲ့
အခြေခံဂုဏ်သတ္တိတွေကို
技術士1次စာမေးပွဲမှာ နှစ်စဉ်မေးပါတယ်။
1級土木1次 part A မေးခွန်းမှာမေးတက်ပါတယ်။

ပုံပါ equation လေးတွေဖတ်ထားပြီး graph တွေ ရဲ့ အဓိပ္ပါယ်ကို နားလည်ထားရင် စာမေးပွဲမှာ ၁မှတ်တော့သေချာပေါက်ရမှာပါ။

🔹Density (密度)
🔹Void Ratio (間隙比)
🔹Water content (含水比)
🔹Grain size distribution curve (粒径加積曲線) 
🔹Soil consistency 等...

📣技術士第1次စာမေးပွဲဖြေဖို့ စဉ်းစားနေရင်
နှစ်စဉ်အောင်ချက်ကောင်းပြီး , ကိုယ်ပိုင်Note နဲ့ သေချာသင်ပေးနေတဲ့ PEJP ကို ဆက်သွယ်လိုက်ပါနော်။

Reference: dobokukoumuin
PEJP

#技術士補 #技術士1次試験 
#技術士補建設部門

#土質力学

29/04/2026

GW ကာလ技術士補、1級土木သင်တန်းတွေပိတ်ပါတယ်
5/16 မှ ပြန်စမယ်နော် 🙆‍♀️

25/04/2026

1級土木施工管理1次 အတန်းမှာ

✅施工管理法 31 မှတ်
✅法規  8မှတ်
✅一般土木 11မှတ်ဖိုးသင်ပြီးပြီဆိုတော့အောင်မှတ်ကတော့ရနေပါပြီ။

အခုသင်မယ့်အပိုင်းက အောင်မှတ်ပိုယူချင်တဲ့သူတွေအတွက်၊ တခြားအပုဒ်တွေမဖြေနိုင်ခဲ့ရင် ကာဗာဖြစ်အောင်သင်တာပါ။

施工管理စာမေးပွဲက 60% အဖြေမှန်မရခဲ့ရင် ကျတာမလို့ အောင်မှတ်ပိုင်နိုင်အောင်ဖတ်ပေးဖို့လိုပါတယ်။

📍ယခု note သည် PEJP အတန်းမှသင်တန််းသားများအတွက် စာဖတ်ရအဆင်ပြေစေရန် ရည်ရွယ်ပြီး note ထုတ်ထားခြင်းဖြစ်လို့ လိုအပ်ချက်များပါနိုငိပါသည်။



#土木施工管理1次 #1級土木1級

#ဆောက်လုပ်ရေးအင်ဂျင်နီယာစာမေးပွဲ

あなたの学校を学校のトップリストEdogawa-kuにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

ウェブサイト

住所

Tokyo
Edogawa-ku, Tokyo
1320011