𝗠𝗼𝗼𝗡 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 & 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

𝗠𝗼𝗼𝗡 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 & 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ဂျပန်ဘာသာစကားသင်တန်းများနှင့်အတူ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုကိုပါ ဆောင်ရွက်လျက်ရှိပါသည်။
(237)

⚠️ 年金番号 ပါတဲ့စာရွက်ကို မပစ်ပါနဲ့ ⚠️ခုနောက်ပိုင်း ဂျပန်မှာ အလုပ်ရှာနေတဲ့သူတွေကြားမှာ မသိလို့ အမှုမဲ့အမှတ်မဲ့ ပစ်လိုက်တဲ့သ...
24/04/2026

⚠️ 年金番号 ပါတဲ့စာရွက်ကို မပစ်ပါနဲ့ ⚠️

ခုနောက်ပိုင်း ဂျပန်မှာ အလုပ်ရှာနေတဲ့သူတွေကြားမှာ မသိလို့ အမှုမဲ့အမှတ်မဲ့ ပစ်လိုက်တဲ့သူတွေ များလာလို့ပါ။

📌 年金番号 (Nenkin Number) ပါတဲ့စာရွက်က အရေးကြီးပါတယ်

ဘာကြောင့်လဲဆိုတော့—

・အလုပ်အသစ်ဝင်တဲ့အခါ မဖြစ်မနေ လိုအပ်ပါတယ်။
・အနာဂတ် pension (老後) အတွက် အခြေခံအချက်အလက်ပါ။
・မတော်တဆဖြစ်ပါက (障害年金) ခံစားခွင့်ရနိုင်ပါတယ်။
・ဂျပန်မှ ပြန်သွားမယ်ဆိုရင် (脱退一時金) ပြန်ယူနိုင်ပါတယ်။

⸝

❌ ပစ်လိုက်မယ်ဆိုရင်…

・ပြန်တောင်းလို့တော့ရပေမယ့် အချိန်နဲနဲကြာပြီး အလုပ်ရှုပ်ပါတယ်။
・Company အချို့က လွယ်ကူစွာ မထုတ်ပေးနိုင်ပါဘူး။
・အလုပ်အသစ်ဝင်တဲ့အခါ 入社書類 မှာ ကြန့်ကြာတာမျိုး၊ အခက်အခဲဖြစ်တာမျိုးရှိနိုင်ပါတယ်။

⸝

✅ အာကြောင့်စာရွက်ရောက်လာရင်

📁 စာရွက်ကို သေချာသိမ်းထားပါ။
📸 ဓာတ်ပုံရိုက်ပြီး backup ထားပါ။

💡 “စာရွက်လေးတစ်ရွက်” လို့ မမြင်ပါနဲ့နော်။
👉 အရေးကြီးတဲ့ data ပါ။

⸝

🎯 အထူးသဖြင့် ဂျပန်ကို အခုမှရောက်တဲ့သူတွေ မလိုဘူးထင်ပြီး ပစ်လိုက်တာ မဖြစ်စေချင်လို့ မျှဝေပေးတာပါရှင်။

⸝

💼 ဂျပန်ပြည်တွင်း အလုပ်ရှာဖွေလိုပါက
MooN Language & Education ရဲ့
ဂျပန်ပြည်တွင်း အလုပ်မိတ်ဆက်ပေးတဲ့
M-Job Page မှာ ကြည့်ရှုနိုင်ပါတယ်👇

🔗 https://www.facebook.com/share/1AvcKabodU/?mibextid=wwXIfr

📌 တရားဝင် အလုပ်အကိုင်မိတ်ဆက် လိုင်စင်ရှိသော Company ဖြစ်ပြီး
အလုပ်ရှာဖွေသူများထံမှ အခကြေးငွေ လုံးဝ မယူပါ

✨ CV ပြင်ဆင်ပေးခြင်း
✨ Interview လေ့ကျင့်ပေးခြင်း
အားလုံး အခမဲ့ ဖြစ်ပါတယ်ရှင်။

MooN Language & Education နှင့်အတူလက်တွဲလုပ်ကိုင်ရန် အလုပ်ခေါ်စာလေးပဲဖြစ်ပါတယ်ရှင့်။✅Work From Home ( Career Consultant ...
24/04/2026

MooN Language & Education နှင့်အတူလက်တွဲလုပ်ကိုင်ရန် အလုပ်ခေါ်စာလေးပဲဖြစ်ပါတယ်ရှင့်။

✅Work From Home ( Career Consultant Position)

✅သတ်မှတ်အရည်အချင်း

▪️JLPT N2 အောင်မြင်ပြီးသူ(သို့)JLPT N3 နှင့်အထက်

✅တပတ် (၅) ရက်

✅တရက် (၈) နာရီ

✅လုပ်ကိုင်ရမဲ့အလုပ်များ

▪️အလုပ်အကိုင်မိတ်ဆက်ပေးခြင်း
▪️CV Form ပြင်ဆင်ပေးခြင်း
▪️အင်တာဗျူးလေ့ကျင့်ပေးခြင်းအစရှိသည်

✅လိုအပ်ချက်များ
▪️Excel,Google Drive ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမည်။

▪️Personality ကောင်းမွန်ပြီး ၊ Schedule Management ကောင်းမွန်စွာ ပြုလုပ်တတ်သောသူဖြစ်ရပါမည်။

▪️Emotional Control ကောင်းပြီး အသင်းအဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်လိုသောသူဖြစ်ရပါမည်။
-------------------------------------------------------------------
လျှောက်ထားရန်

[email protected] သို့ မျော်မှန်းလစာနှင့်အတူ CV Form ကို Email ပေးပို့ လျောက်ထားနိုင်ပါတယ်ရှင်။

(သိရှိလိုသောအကြောင်းအရာကို အီးမေးလ်မှတစ်ဆင့် စုံစမ်းမေးမြန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။)



မြန်မာနှစ်သစ်ကူးအစ အတာတန်ခူးမှစ၍ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေကြောင်း MooN...
13/04/2026

မြန်မာနှစ်သစ်ကူးအစ အတာတန်ခူးမှစ၍ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေကြောင်း MooN Edu ပညာရေးမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



MooN Language & Education ကနေ 7 လပိုင်း July Intake အတွက် Class 1 ကျောင်းကို (3) ယောက်မိတ်ဆက်တာ (3) ယောက်လုံး ကျောင်းအင်...
16/01/2026

MooN Language & Education ကနေ 7 လပိုင်း July Intake အတွက် Class 1 ကျောင်းကို (3) ယောက်မိတ်ဆက်တာ (3) ယောက်လုံး ကျောင်းအင်တာဗျူး အောင်ပါတယ်ရှင်။

အခုလို ကျောင်းသားရှိရင် ထပ်ပေးဖို့ ကျောင်းဘက်ကပြောလာတာမို့ Chiba ကျောင်းအတွက် July Intake ကို (3) ယောက်ထပ်လျောက်လို့ရပါမယ်ရှင်။

21 ရက်နေ့ ကျောင်းအင်တာဗျူးရှိတာမို့ စိတ်ဝင်စားတဲ့သူ အမြန်ဆက်သွယ်နိုင်ပါတယ်ရှင်။

မြန်မာပြည်မှ 外食 ခေါ်စာလျောက်ချင်တဲ့ကလေးတွေအတွက်Telegram Channel လေးမှာ ခေါ်စာလေးနဲ့ ဆက်သွယ်ရမဲ့အကောင့်လေး တင်ထားပေးပါတယ်...
15/01/2026

မြန်မာပြည်မှ 外食 ခေါ်စာ
လျောက်ချင်တဲ့ကလေးတွေအတွက်

Telegram Channel လေးမှာ ခေါ်စာလေးနဲ့ ဆက်သွယ်ရမဲ့အကောင့်လေး တင်ထားပေးပါတယ်ရှင်။

https://t.me/EdubyMooN

MooN Language & Education ကနေ အလုပ်ခေါ်စာလေးတွေနဲ့ အတန်းလေးကို စောင့်မျော်နေကြတဲ့သူလေးတွေ အားလုံးမင်္ဂလာပါရှင့်။2026 နှစ...
13/01/2026

MooN Language & Education ကနေ အလုပ်ခေါ်စာလေးတွေနဲ့ အတန်းလေးကို စောင့်မျော်နေကြတဲ့သူလေးတွေ အားလုံးမင်္ဂလာပါရှင့်။

2026 နှစ်သစ်ကနေစပြီး အလုပ်ခေါ်စာလေးတွေကို သင်တန်း page ကနေမဟုတ်ဘဲ MooNEDU ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ သက်ဆိုင်ရာ page or account လေးတွေကနေ ခေါ်ယူပေးသွားပါမယ်ရှင်။

ဂျပန်ပြည်တွင်း
▪️Engineer
▪️IT
▪️介護
▪️外食
▪️宿泊 အစရှိတဲ့ အလုပ်လေးတွေရှာနေရင်

MooN ရဲ့ ဂျပန်ရုံး page M-JOB မှာ ရှာပါရှင့်။

https://www.facebook.com/share/1Kh3gyyxeq/?mibextid=wwXIfr

မြန်မာက ကလေးတွေအတွက် ပြည်ပအလုပ်ခေါ်စာလေးတွေကိုတော့ အောက်က Telegram Channel နဲ့ အကောင့်လေးကနေ တင်ပေးပါမယ်ရှင်။

https://t.me/EdubyMooN

https://www.facebook.com/share/1CdbWuBhVY/?mibextid=wwXIfr

သင်တန်းနဲ့ပတ်သတ်ရင်တော့ 2026 မှာ Regular Class တွေထက် ပညာဒါန Short Course လေးတွေအများဆုံး ဖွင့်ပေးနိုင်အောင် စီစဉ်ထားပါတယ်ရှင့်။

2026 မှာ ပညာဒါန မျှဝေရင်းနဲ့ အားလုံးနဲ့ပြန်တွေ့ဖို့ကို မျော်လင့်နေပါပြီရှင့်။

ဂျပန်အလုပ်ခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ့်နည်းလမ်းများ--------ဂျပန်မှာအလုပ်လုပ်တဲ့အခါ  သူရှိနေရင် ပျော်ပျော်ရွ...
09/01/2026

ဂျပန်အလုပ်ခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ့်နည်းလမ်းများ--------

ဂျပန်မှာအလုပ်လုပ်တဲ့အခါ သူရှိနေရင် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ချင်စိတ်မရှိတဲ့အချိန်မျိုးဖြစ်သွားဖူးလားဗျ။

အထက်လူကြီးရှေ့ရောက်မှ ကိုယ့်ကို သင်ကြားပေးသလိုမျိုးပုံစံမျိုး မျက်နှာယူတာမျိုး ကြုံဖူးကြလားဗျ။

ဒီ့အပြင် ထပ်ပြီးရှိသေးပေမယ့် အပေါ်က လူမျိူးတွေနဲ့ကြုံတဲ့အခါ အကောင်းဖက်ကမြင်ပြီး ကိုယ့်ဖက်ပါအောင် စည်းရုံးလို့ရတဲ့နည်းရှိပါတယ်။ အကောင်းမြင်တဲ့စိတ်ကအေးချမ်းတယ်ဆိုသလိုမျိုးပါပဲ အကောင်းဖက်ကတွေးကြည့်ရင် ရလာဒ်ကောင်းရတာမျိူးပါ။

အလုပ်လုပ်တဲ့အခါ "မင်းသင်ပေးလို့ ငါလုပ်တတ်သွားပြီ...နောက်လည်းသင်ပေးပါအုံး" ဆိုတာမျိုး။ မကြာခဏ ဆိုသလို 'အရင်က တစ်ခါမှ မမြင်ဖူးဘူး အရမ်းကောင်းတယ်ဆိုတဲ့ ချီးကျူးတာမျိုး။

နောက်တစ်ချက် က ဂျပန်လူမျိုးတော်တော်များများက သူတို့ကိုယ်သူတို့  優しい တို့ 元気 လို့ပြောခံရရင် အရမ်းကျေနပ်ကြတာများပါတယ်။ မိမိကိုယ်တိုင်ကလည်း စိတ်ရင်း နဲ့ အကောင်းမြင်စိတ်နဲ့ ချီးကျူးတာမျိုးက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ဖြစ်စေပါတယ်။

ကိုယ်ကိုယ်တိုင်က သိလို့လုပ်လိုက်လို့ အဆင်ပြေသွားရင်တောင် "မင်းသင်ပေးတဲ့အတိုင်းလုပ်လိုက်တာ"ဆိုတာမျိုးတွေက နောက်တချိန်မှာ ကိုယ့်စကားဆိုလည်းအလေးထားလာတာမျိုးတွေရှိပါတယ်။

တချို့ဂျပန်လူမျိုးအထက်လူကြီးတွေ ကိုယ်ကလူတိုင်းလုပ်တတ်တဲ့အရာမျိုးလုပ်ရင်တောင် ချီးကျူးတာမျိုးလည်းရှိတတ်ပါတယ်။

လုပ်ငန်းတစ်ခုမှာ brand တစ်ခုအနေနဲ့ customer ကို ဂရုစိုက်ပြီး ကိုယ့်brand ကို ချစ်လာအောင်လုပ်သလိုမျိုး အကောင်းမြင်စိတ် စိတ်ရင်းကောင်းနဲ့ အချိန်ယူပြီး ဆက်ဆံရေးကို ပြုစုပေးရင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်လာမယ်လို့ထင်ပါတယ်ဗျ။




2025 ခုနှစ်မှာ MooN language နဲ့အတူ ဘယ်လိုအမှတ်တရဖြစ်စရာလေးတွေကျန်ခဲ့လဲဗျာ။ Moon Edu နဲ့အတူ အိမ်မက်တွေ အကောင်ထည်ဖော်နိုင...
31/12/2025

2025 ခုနှစ်မှာ MooN language နဲ့အတူ ဘယ်လိုအမှတ်တရဖြစ်စရာလေးတွေကျန်ခဲ့လဲဗျာ။

Moon Edu နဲ့အတူ အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ခဲ့ပြီလားဆိုတာလေး အမှတ်တရ စကားလေးတွေ ဝေမျှရင်း 2026 မှာလည်း အတူတူ ရှေ့ဆက်ကြပါမယ်ဗျ။💪

ဂျပန်ကိုအလွယ်တကူမရောက်နိုင်ပါဘူး။ဂျပန်ရောက်လာရင် ဘဝကအဆင်ပြေသာယာသွားတာမဟုတ်ပါဘူး။ဂျပန်ရောက်မှဘဝ တိုက်ပွဲစတင်ခွင့်ရတာပါ။ရေ...
27/12/2025

ဂျပန်ကိုအလွယ်တကူမရောက်နိုင်ပါဘူး။

ဂျပန်ရောက်လာရင် ဘဝက
အဆင်ပြေသာယာသွားတာမဟုတ်ပါဘူး။

ဂျပန်ရောက်မှဘဝ တိုက်ပွဲစတင်ခွင့်ရတာပါ။
ရောက်လာပြီးအဆင်ပြေသူမပြေသူတွေအများကြီးပါ။

အခုနောက်ပိုင်းဆို
▪️ကျန်းမာရေးကြောင့်အသက်ဆုံးရှုံးသွားသူသတင်း
▪️ပြဿနာနဲ့မှုခင်းသတင်း
▪️စိတ်ဖိစီးမှုများနဲ့အတူ
မိမိကိုယ်ကို…...ခြင်းဆိုပြီး

ဂျပန်သတင်းတွေမှာမြန်မာတွေအကြောင်းများလာပါတယ်။

ဂျပန်လာဖို့ဆို ပူံထဲကလို
အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။

ပထမဆုံးအဆင့်က စာလေ့လာရတယ်။

သက်ဆိုင်ရာ အောင်လက်မှတ်တွေစုံလင်ဖို့ အချိန်ကာလတစ်ခု ကြိုးစားရတယ်။

အောင်လက်မှတ်တွေစုံရင်
Agent ရှာကြတယ်။ကျောင်းနဲ့သွားမှာလား!။အလုပ်နဲ့သွားမှာလား!ကုန်ကျစရိတ်တွေ တွက်ချက်ရတယ်။

အချက်လက်တွေစုံရင်
အင်တာဗျုးဖြေကြတယ်။

အောင်သွားပြီဆိုပျော်နေလို့မရသေးဘူးနော်။
ဗီဇာရဖို့ အဆင့်ဆင့်လျှောက်ထားမှုတွေနဲ့
စောင့်ဆိုင်းရတဲ့ကာလတွေရှိတယ်။

ဒီကာလကအချိန်တော်တော်ကြာတယ်။
▪️Policy တွေနဲ့သွားမရတဲ့သူတွေ
▪️ငွေကြေးလိမ်လည်ခံရတဲ့ပြဿနာတွေ
အရမ်းများတယ်။

အားလုံးပြီးလို့ ဂျပန်ကို
သွားရပြီဆို စိတ်အေးလို့မရသေးဘူး။

ဂျပန်ကိုရောက်ပြီဆိုတာနဲ့
ပြန်ပြီး အစက ကြိုးစားမှုလိုပဲ
ဘဝတိုက်ပွဲက အခုမှစတင်ပြန်စရမှာပါ။

▪️အလုပ်အဆင်ပြေဖို့
▪️လစာမှန်ကန်စွာရဖို့
▪️နေတတ်ထိုင်တတ်(လူမှုဆက်ဆံရေး)
▪️ဘဝတိုးတတ်အောင်မြင်ဖို့
အရည်အချင်းပြည့်ဝဖို့

စိတ်ဓာတ်ခိုင်မာမှုများစွာနဲဲ့ဘဝတိုက်ပွဲကို စတင်ရပါပြီ။

နေမကောင်းရင်ထမင်းချက်ပေးထားတဲ့အမေလည်းမရှိသလို၊ဆေးလာတိုက်မဲ့အဖေလည်းမရှိပါဘူး။

အကြွေးနဲ့လာရရင်ပိုတောင်ဆိုးပါသေးတယ်။နေ့တွေညတွေ မသိတဲ့ဘဝကြီးကို အချိန်ကာလတစ်ခု သည်းခံကြိုးစားဖြတ်သန်းရပါဦးမယ်။လာထားတဲ့အကြွေးတွေကြေအောင်ဆပ်ရဦးမယ်။

၂ နှစ်ကနေ ၃ နှစ်လောက်အနည်းဆုံးကြာပြီးမှ အခြေကျတယ်ဆိုတဲ့အနေအထားကိုရောက်လာမှာပါ။

အဲ့ဒီလိုအခြေနေတစ်ခုရောက်ဖို့
လူရော စိတ်ရော ကြံခိုင်နေမှဖြစ်မှာမို့
အားလုံးအဆင်ပြေကြဖို့ဆုတောင်းပေးပါတယ်။

ရောက်နေသူတွေလည်းပျော်လို့နေတယ်မဟုတ်ပဲနေသင့်လို့နေရသူ
နေဖို့လိုအပ်လို့သည်းခံကြိုးစားနေသူတွေများပါတယ်။

အခုခက်ခဲနေတာတွေအတွက် အားလုံးလဲ
တချိန်မှာ ငါလုပ်နိုင်ခဲ့တယ်ဆို ဂုဏ်ယူနိုင်ကြပါစေနော်။❤️🌻

メリークリスマスလက်ဆောင်အနေနဲ့ ကတော့ 皆さん တို့အတွက် တန်ဖိုးရှိပြီး အကျိုးရှိစေမယ့် အရာလေးတွေ ဝန်ဆောင်ပေးသွားချင်ပါတယ်။
25/12/2025

メリークリスマス
လက်ဆောင်အနေနဲ့ ကတော့ 皆さん တို့အတွက် တန်ဖိုးရှိပြီး အကျိုးရှိစေမယ့် အရာလေးတွေ ဝန်ဆောင်ပေးသွားချင်ပါတယ်။


ဂျပန်ကိုဘယ်လို လာရမလဲ? ကအစပြုလို့ဂျပန်ပြည်တွင်းက အခက်အခဲ စသဖြင့် အလုပ်ပြောင်းအလုပ်လျှောက် ရွေးချယ်ရာမှာ လိုအပ်တဲ့ အရေးကြ...
23/12/2025

ဂျပန်ကိုဘယ်လို လာရမလဲ? ကအစပြုလို့
ဂျပန်ပြည်တွင်းက အခက်အခဲ စသဖြင့် အလုပ်ပြောင်းအလုပ်လျှောက် ရွေးချယ်ရာမှာ လိုအပ်တဲ့ အရေးကြီးအချက်အလက် တွေအပြင်
နည်းဥပဒေတွေကို နားလည်တတ်ကျွမ်းစွာ သိနိုင်ဖို့ ကျွန်တော်တို့နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။




住所

Tokyo
Edogawa-ku, Tokyo

電話番号

+959787680865

ウェブサイト

アラート

𝗠𝗼𝗼𝗡 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 & 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー