KAIGO LINE

KAIGO LINE Support for Myanmar Caregivers

26/04/2026

ကလေးသူငယ်ပြုစုပျိုးထောင်ခွင့်(育児休業) ဆိုတာ

စာမေးပွဲမှာ မေးတတ်သလောက်လေးကိုရှင်းထားပါတယ်

#社会の理解 #介護

22/04/2026

#社会の理解 မီးဖွားခွင့်(産休)
出産手当金သည် 健康保険ကနေ ပေးတာဖြစ်သည်။
#介護 #介護福祉士試験対策

အံကပ်(သွားတု) တွေကို သွားတိုက်ဆေးနဲ့ တိုက်ချွတ်ဆေးကြောခြင်း/ ရေနွေးပူနှင့်ဆေးကြောခြင်းမျိုးမလုပ်ရပါဘူး ဘာကြောင့်လဲဆိုရင်...
19/04/2026

အံကပ်(သွားတု) တွေကို သွားတိုက်ဆေးနဲ့ တိုက်ချွတ်ဆေးကြောခြင်း/ ရေနွေးပူနှင့်ဆေးကြောခြင်းမျိုးမလုပ်ရပါဘူး


ဘာကြောင့်လဲဆိုရင်

သွားတိုက်ဆေးထဲမှာ (研磨剤-けんまざい)လို့ခေါ်တဲ့
မျက်နှာပြင်ကိုချောမွေ့နေအောင် ပွတ်တိုက်ပေးတဲ့Scrub အမှုန့်လေးတွေပါဝင်တဲ့အတွက်ဖြစ်ပါတယ်။

သွားတုတွေဟာ သဘာဝသွားထက် ပိုပျော့ပြောင်းတဲ့အတွက်သွားတိုက်ဆေးနဲ့ တိုက်ရင် သေးငယ်တဲ့ ပွန်းပဲ့ဒဏ်ရာလေးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

→ ဒီလိုဆိုရင်

・အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေလွယ်လင့်တကူကပ်ငြိခြင်း

・ခံတွင်းနံ့ ထွက်ပေါ်လာခြင်းနဲ့

・သွားတုအရောင်ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။

နောက်သတိထားရမယ့်အချက်က ရေနွေးပူပူ(60℃)အထက်ဖြင့် ဆေးကြောခြင်းမပြုလုပ်ရပါ။

သွားတုတွေဟာ အများအားဖြင့် plastic နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်အပူဒဏ်ကိုမခံနိုင်ပါဘူး။

• ရေနွေးနဲ့ ဆေးကြောလျှင်
ပုံပျက်သွားတတ်ပါတယ်

ပုံပျက်သွားရင်
・ပြန်တပ်တဲ့အခါ အံနဲ့မကိုက်တော့တာ
・နာကျင်တာတွေဖြစ်စေနိုင်ပါတယ်

ဒါကြောင့်ဆေးကြောတဲ့အခါ
• ရေအေး သို့မဟုတ် နွေးနွေးရေ သုံးပါ

အံကပ်သီးသန့် သုံး ဘရပ်ရှ်နဲ့ ညင်ညင်သာသာတိုက်ချွတ်ဆေးကြောပါ

•အံကပ်သုံး သန့်ရှင်းရေးဆေးကို အသုံးပြုပါ
(ဥပမာ – ポリデント)

17/04/2026

#社会の理解 
年金(ပင်စင်) အကြောင်း အပိုင်း (၂)
被保険者အမျိုးအစားနဲ့ ပေးဆောင်ရတဲ့ ပင်စင်အမျိုးအစား
ပင်စင်ဆောင်ထားပြီးရင်ရော ဘာတွေပြန်ရမလဲ….

ပင်စင်အာမခံ(年金保険)ဟာ အသက် ၂၀ကနေ စဝင်ရတာဖြစ်ပြီး (国民年金/基礎年金)အခြေခံပင်စင်ဟာလည်း ၂၀ပြည့်တဲ့သူတိုင်း ဆောင်ရတာဖြစ်ပါတယ်။

厚生年金ကတော့ ဝန်ထမ်းပင်စင် ဖြစ်တဲ့အတွက် အသက်အရွယ်နဲ့မဆိုင်ပဲ သူ့သူသပ်သပ် အလုပ်လုပ်ရင်ဆောင်ရတဲ့ ပင်စင်အမျိုးအစားပါ။
အသက် ၂၀မပြည့်သေးတဲ့သူဟာ 年金保険(ပင်စင်အာမခံ)ဝင်စရာမလိုသလို
基礎年金(အခြေခံပင်စင်)ကိုလည်း ပေးဆောင်စရာမလိုပါဘူး။

15/04/2026

#社会の理解 
社会保険制度 (年金)အကြောင်း {ⅰ}
အခြေခံအသိတွေရှိသွားရင် စာမေးပွဲအတွက်ပဲမဟုတ်ပဲ ဂျပန်နိုင်ငံမှာနေနေသရွေ့အကျိုးရှိတဲ့ ဘာသာရပ်ပါ။

ပုံမှန်အားဖြင့် လူတစ်ယောက်မှChromosome (染色体-せんしょくたい)  ၄၆ ခုရှိပါတယ်၂၃ ခုကို အဖေကပေးပြီး၂၃ ခုကို အမေကပေးပါတယ်Chromosome ဆ...
13/04/2026

ပုံမှန်အားဖြင့် လူတစ်ယောက်မှChromosome
(染色体-せんしょくたい) ၄၆ ခုရှိပါတယ်

၂၃ ခုကို အဖေကပေးပြီး
၂၃ ခုကို အမေကပေးပါတယ်

Chromosome ဆိုတာ
DNA ကိုစုစည်းထားတဲ့အရာပါ။

DNA ဆိုတာ မျိုးရိုးဗီဇ အချက်အလက် ဖြစ်ပြီး

Chromosome (染色体)ဆိုတာ DNA ကို protein နဲ့ ပေါင်းပြီး စုစည်းထားတဲ့ အရာပါ။
ဒီထက်နားလည်လွယ်အောင်ပြောရရင် DNAက စာအုပ်ဆိုရင် Chromosome က စာအုပ်စင်ပေါ့

ဒီ Chromosome (染色体)တွေက
အရပ်အမြင့်၊ မျက်လုံးအရောင်၊ အကျင့်အချို့နဲ့
ရောဂါဖြစ်နိုင်ချေတွေကိုဆုံးဖြတ်ပါတယ်

ဒါပေမယ့်နံပါတ်၂၁ခု မြောက် Chromosome (染色体)က ပုံမှန်ထက်တစ်ခုထပ်ပိုလာရင်
စုစုပေါင်း ၄၇ ခုဖြစ်သွားမှာပါ။အဲ့တာကပဲ
Down syndrome ဖြစ်လာစေတာပါ။
မိခင်ဖြစ်သူကအသက်ကြီးရင်ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်

လိင် (gender) ကိုလည်း Chromosome (染色体)ကပဲဆုံးဖြတ်ပါတယ်

အမျိုးသမီး → XX
အမျိုးသား → XY

လိင်ကိုဆုံးဖြတ်တာက အဖေဘက်ပါ

အမေကတော့ အမြဲ X ပေးပြီး
အဖေက X သို့မဟုတ် Y ပေးနိုင်ပါတယ်

X + X = အမျိုးသမီး
X + Y = အမျိုးသား

Y Chromosome မှာ
အမျိုးသားဖြစ်စေတဲ့ “switch” တစ်ခုရှိပါတယ်

ဒီ switch ကြောင့်
အမျိုးသားရဲ့ခန္ဓာကိုယ်နဲ့ hormone တွေဖြစ်ပေါ်လာပါတယ်

13/04/2026
12/04/2026

レビー小体型認知症((Lewy body dementia)

ဦးနှောက်အတွင်း (Lewy bodies) တွေ စုပုံလာပြီး ဖြစ်ပေါ်သော မှတ်ဉာဏ်ချို့ယွင်းရောဂါ
Lewy Body(ဦးနှောက်ရှိ အာရုံကြောဆဲလ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ မူမမှန်တဲ့ပရိုတင်းစုအမျိုးအစား)

ခန္ဓာကိုယ်ဟာသေဆုံးပြီး၂〜၃ နာရီလောက်ကြာတာနဲ့ ကြွက်သားတွေ စတင်ပြီး မာကျောတင်းကျပ်လာပါတယ်။မျက်နှာ (အထူးသဖြင့် ပါးစပ်/မေးရို...
11/04/2026

ခန္ဓာကိုယ်ဟာသေဆုံးပြီး၂〜၃ နာရီလောက်ကြာတာနဲ့ ကြွက်သားတွေ စတင်ပြီး မာကျောတင်းကျပ်လာပါတယ်။

မျက်နှာ (အထူးသဖြင့် ပါးစပ်/မေးရိုး) ကနေစတင်ပြီး→ လည်ပင်း→ လက်→ ခြေထောက်
ခန္ဓာကိုယ်ရဲ့အပေါ်ကနေ အောက်ကိုတဆင့်ချင်းသွားပါတယ်။

၁၂〜၂၄ နာရီ အတွင်းခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားတဲ့အနေအထားရောက်သွားပြီး

၃၀〜၃၆ နာရီ အကြာမှာတော့တဖြည်းဖြည်း ချင်းပြန်လည်လျော့လာပါတယ်။

死後硬直(しごこうちょく)-သေဆုံးပြီးနောက်မာကျောတောင့်တင်းခြင်း

လူတစ်ယောက်ဟာ သေဆုံးပြီး မိနစ် (၂၀ကနေ ၃၀)အကြာမှာပဲ(死斑)(しはん) လို့ခေါ်တဲ့ ခရမ်းနီရောင်မှ အမဲခရမ်းရောင်မျိုး အပြောက်အပြားပုံ...
09/04/2026

လူတစ်ယောက်ဟာ သေဆုံးပြီး
မိနစ် (၂၀ကနေ ၃၀)အကြာမှာပဲ(死斑)(しはん) လို့ခေါ်တဲ့ ခရမ်းနီရောင်မှ အမဲခရမ်းရောင်မျိုး အပြောက်အပြားပုံစံတွေစတင်ထွက်ပေါ်လာပါတယ်။

ဘာကြောင့်လဲဆိုရင်

သေဆုံးပြီးနောက်
နှလုံးရပ်တန့်သွားပြီး သွေးလည်ပတ်မှု မရှိတော့တဲ့အတွက် သွေးတွေဟာ ဆွဲအား (gravity) ကြောင့်
ခန္ဓာကိုယ်အောက်ဘက်ပိုင်းတွေကို ဆင်းသွားတာကြောင့်ပါ

ဥပမာ-
ပက်လက်အနေအထားနဲ့ သေဆုံးရင် ကျောအောက်ဘက်
မှောက်ယှက်သေဆုံးခဲ့ရင် မျက်နှာနဲ့ ရင်ဘတ်တွေမှာ တွေ့ရမှာဖြစ်ပါတယ်..

BMI ဆိုတာ (ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း) ဖြစ်ပါတယ်။ပုံမှန်က - 18.5 ကနေ 25 မပြည့်တဲ့အနေအထားပါ။ရောဂါဖြစ်နိုင်ချေ အနည်းဆု...
08/04/2026

BMI ဆိုတာ (ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း) ဖြစ်ပါ
တယ်။

ပုံမှန်က - 18.5 ကနေ 25 မပြည့်တဲ့အနေအထားပါ။

ရောဂါဖြစ်နိုင်ချေ အနည်းဆုံးရှိတဲ့ “အကောင်းဆုံးက(22 )လို့ သတ်မှတ်ထားပြီး ဒီညွှန်းကိန်းတန်ဖိုးနားမှာရှိလေ ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ ဆိုကြပါတယ်။

BMI ကိုတွက်ချက်တဲ့နည်းလမ်းကတော့အောက်ကပုံမှာပြထားပါတယ်။

BMI အဆင့်သတ်မှတ်ချက်
18.5 အောက်• ပိန်သည် (Low weight)
18.5 မှ 25 မပြည့်မှီ• ပုံမှန်အလေးချိန် (Normal)
25 မှ 30 မပြည့်မှီ• အဝလွန် (Obesity Level 1)

BMI 25 အထက် ဖြစ်လာပါက
(生活習慣病) နေ့စဉ်နေထိုင်မှုပုံစံနဲ့ဆိုင်တဲ့ ရောဂါများ(သွေးတိုး/ဆီးချို) ဖြစ်နိုင်ချေ မြင့်တက်လာပါတယ်။

ကိုယ်ကတော့ 21.7ပါ (ကျန်းမာတယ်ပေါ့လေဟဟ)

住所

Chikushino-shi, Fukuoka
8180056

ウェブサイト

アラート

KAIGO LINEがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

KAIGO LINEにメッセージを送信:

ショートカット

共有する