Japan Career Hub

Japan Career Hub We offer full-support services to help Myanmar talents thrive in Japan—and help companies build strong, multicultural teams.

Japan Career Hubは、ミャンマー人材が日本で活躍できるように全面的にサポートし、企業が強く多文化なチームを築けるよう支援します。

အင်တာဗျူးအောင် COE အောင်ကြလို့ ဆာကူရာမြေကို ခြေချကြတော့မယ့်သူတွေ၊လတ်တလော ဘာသာစကား၊ Tလေ့လာရင်း နိပွန်အိမ်မက်အတွက် ပြင်ဆင်...
02/10/2025

အင်တာဗျူးအောင် COE အောင်ကြလို့ ဆာကူရာမြေကို ခြေချကြတော့မယ့်သူတွေ၊
လတ်တလော ဘာသာစကား၊ Tလေ့လာရင်း နိပွန်အိမ်မက်အတွက် ပြင်ဆင်နေကြသူတွေ အတွက် Charmya Job နဲ့ Japan Career Hub တို့ပူးပေါင်း စီစဥ်တဲ့ အခမဲ့ Seminar လေးကို ဖိတ်ပါရ​စေ။

နေ့စဥ်လူနေမှုဘဝတွေအထိ သက်ရောက်နေတဲ့ သမိုင်းကြောင်းတွေ၊ ယဥ်ကျေးမှုနဲ့ ရိုးရာအငွေ့အသက်တွေကို အကျယ်တဝင့်သိရမယ့်အပြင် ဆူရှီမြေခြေချတာနဲ့ လုပ်ကိုလုပ်ရမယ့် အစီအစဥ်တွေ၊ အလုပ်မဝင်ခင် သို့ လုပ်နေစဥ်အတွင်း အမြဲလိုက်နာရမယ့် စည်းမျဥ်းတွေကအစ အသေးစိတ်ရှင်းလင်းပေးသွားမှာမို့ အခုပဲ အခမဲ့ Seminar လေးအတွက် ​ဒီ Linkလေးမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

Registration link: https://forms.gle/aTx5YbiZ1QmQnZmV7

Seminar အသေးစိတ်

နေ့ရက်: အောက်တိုဘာ ၄ရက် (စနေနေ့)

အချိန်:

ဂျပန်စံတော်ချိန် နေ့လည် 13:00 ~ 14:30

ထိုင်းစံတော်ချိန် မနက် 11:00 ~ 12:30

မြန်မာစံတော်ချိန် မနက် 10:30 ~ 12:00

ဒီနေ့ လေဆိပ်သွားရင်းနဲ့ အပြန်ကျတော့ ရထားပေါ်မှာ ‌တွေ့ခဲ့တာလေးတခုရှိလို့ ...ဂျပန်မှာက ဘတ်စ်ကား၊ ရထားစီးရင် သတိထားဖို့ လို...
26/09/2025

ဒီနေ့ လေဆိပ်သွားရင်းနဲ့ အပြန်ကျတော့ ရထားပေါ်မှာ ‌တွေ့ခဲ့တာလေးတခုရှိလို့ ...

ဂျပန်မှာက ဘတ်စ်ကား၊ ရထားစီးရင် သတိထားဖို့ လိုအပ်တဲ့ အမူအကျင့်လေးတွေ ရှိပါတယ် ...
မျှဝေပါရစေ ...

ဥပဒေလို သတ်မှတ်ထားတာမဟုတ်ပေမယ့် တခြားသူအဆင်မပြေ ဖြစ်မှာစိုးလို့ သူတို့လုပ်ကြ လိုက်နာကြတဲ့ အမူအကျင့်လေးတွေပါ ...
အများကြီး ရှိပေမယ့် ကျနော်တို့ လုပ်တတ်တဲ့ အမှားလေးတွေ သတိထားနိုင်ဖို့ပါ ...

၁) ကျောပိုးအိတ်ကို ကျောမှာမလွယ်ပဲ ရှေ့မှာလွယ်ရပါတယ် .. အထူးသဖြင့်လူကြပ်ချိန်မှာ အရေးကြီးပါတယ် ..

၂) ထိုင်ခုံမှာ လူမထိုင်ပဲ ပစ္စည်းထုတ် တင်ထားတာမျိုး မလုပ်ရပါဘူး ...
လူငယ်တွေက မသိသလိုနေတတ်ကြပေမယ့် လူကြီးပိုင်းတွေဆို ဖယ်ခိုင်းပြီး ဝင်ထိုင်ပါတယ် ... ပြီးရင် ပါးစပ်ကလည်း ပြောတတ်ပါတယ် ...

၃) တံခါးဝတွေမှာ ရပ်နေရင် မှတ်တိုင်တို့၊ ဘူတာတို့မှာ ကိုယ်က ပိတ်သလိုဖြစ်တာမို့ ဆင်းမယ့်သူအဆင်ပြေစေဖို့ အရင်ဆင်း အပြင်ကိုခဏထွက်ပြီး ဆင်းသူကုန်မှ ပြန်တက်ရပါတယ် ...

၄) စကားကျယ်ကျယ်ပြောတာမျိုး၊ အစားအသောက်စားတာမျိုး မလုပ်ရပါဘူး ...

၅) ဦးစားပေးထိုင်ခုံတွေမှာ လွတ်နေရင်ထိုင်တာ ရပေမယ့် ဦးစားပေးရမယ့် သူလာရင် ထပေးရပါတယ် .. မဟုတ်ရင် လူကြီးတွေက ဖယ်ခိုင်းပါလိမ့်မယ် ...

တခြားကျန်တာတွေ ရှိပေမယ့် ဒါတွေက မသိပဲ လုပ်မိရင် နိုင်ငံခြားသားဆိုပြီး ပြဿနာဖြစ်မှာ စိတ်ပူလို့ မျှဝေပေးတာပါ ...

မနက်က လေဆိပ်ကအပြန် တွေ့မိတာက နံပါတ် ၂) အချက်ပါ။
လာကြိုတဲ့သူပါပေမယ့် သူလည်း သတိမထားဘူးထင်ပါတယ် ...
သူတို့ ၂ ယောက်ကြားကခုံပေါ်မှာ အထုတ်တင်ထားလို့ပါ ...
ရုံးချိန်မဟုတ်တော့ လူချောင်လို့ ဝင်ထိုင်မယ့်သူ မရှိတာ တော်သေး ...
နိုင်ငံခြားသားမှန်းကြည့်တာနဲ့ သိသာနေတာဆိုတော့ တလမ်းလုံး မနေနိုင် မထိုင်နိုင် စိတ်ပူနေသေး ...
ကိုယ်ဆင်းတဲ့အထိတော့အေးဆေး ... 😁😁နောက်ပိုင်းတော့ မသိ 😆😆

ဧည့်သည်ဆိုတာ အိမ်ရှင်တွေကို လေးစားဖို့ လိုအပ်တယ်လို့ မှတ်ယူထားလို့ မျှဝေပေးလိုက်ပါတယ် ...

လူတယောက်ရဲ့ ဘဝရပ်တည်‌ရေးအတွက် အတတ်ပညာတခုခု တတ်မြောက်ဖို့ လိုပါတယ် ... အဲဒါအပြင် နောက်ထပ်အရည်အချင်းတခုပါ ပြည့်စုံရင်တော့ ...
16/09/2025

လူတယောက်ရဲ့ ဘဝရပ်တည်‌ရေးအတွက် အတတ်ပညာတခုခု တတ်မြောက်ဖို့ လိုပါတယ် ...
အဲဒါအပြင် နောက်ထပ်အရည်အချင်းတခုပါ ပြည့်စုံရင်တော့ အကောင်းဆုံးပါပဲ ...
အဲဒီအရည်အချင်းကတော့ Soft Skills ရှိဖို့ပါပဲ ...

တကယ်တမ်းကတော့ အဲလိုစွမ်းရည်တွေက အများကြီးရှိပါတယ် ...
ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စွမ်းရည်တွေကို နည်းနည်းချင်း ထပ်ဖြည့်သွားနိုင်မယ်ဆိုရင် သူများထက်ပိုပြီး ကိုယ်က ပတ်ဝန်းကျင်မှာ ထင်ပေါ်လာပါလိမ့်မယ်
ကိုယ်နဲ့ဆို အလုပ်တွဲလုပ်ချင်သူတွေ များလာမယ်ပေါ့ ...

အဲလိုတိုးတက်လာဖို့
JCH နဲ့အတူ သင့်အရည်အချင်းတွေကို မြှင့်တင်လိုက်ပါ ... 🤩

ပြောဆိုဆက်ဆံရေးတွေပိုပြီး ပြေပြစ်ချင်တယ်ဆို ဒီသင်တန်းကိုတက်ပါ။👇👇သြဂုတ် (၉) ရက်နေ့မှာဖွင့်မယ့် နေ့စဥ်လုပ်ငန်းခွင်ဆက်ဆံရေး...
06/08/2025

ပြောဆိုဆက်ဆံရေးတွေပိုပြီး ပြေပြစ်ချင်တယ်ဆို ဒီသင်တန်းကိုတက်ပါ။👇👇

သြဂုတ် (၉) ရက်နေ့မှာဖွင့်မယ့် နေ့စဥ်လုပ်ငန်းခွင်ဆက်ဆံရေးသင်တန်းမှာ ကိုယ်နှုတ်အမူအရာတွေအပြင် ဘာသာစကား၊ အချိန်စီမံခန့်ခွဲမှု၊ ကြည်လင်ပြတ်သားစွာ ဆက်သွယ်နှိုင်မှု၊ နားထောင်စွမ်းရည်တို့အပြင် ပြောင်းလဲနေတဲ့ ခေတ်အ​​ခြေအနေအရ Online ပေါ် Platform အမျိုးမျိုးနဲ့ ဆက်ဆံကြတဲ့အခါ ထိထိရောက်ရောက် အသုံးဝင်စေမယ့် တိကျတဲ့စကားလုံးအသုံးအနှုန်းတွေ၊ ကျစ်လျစ်တဲ့သတင်းပေးမှုပုံစံတွေကိုပါ တစ်ပါတည်းသင်ပြပေးသွားမယ့် သင်တန်းဖြစ်ပါတယ်။😉✨

Online ကသင်ကြားရမှာဖြစ်ပြီး လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ကျင့်ဝတ်တွေကို နှစ်ပေါင်းများစွာ သင်ကြားမှုအတွေ့အကြုံတွေ ပြည့်ဝနေတဲ့ Soft-skill ဂုရုကြီး Sensei မျိုးမင်းက တိုက်ရိုက် သင်တန်းပေးသွားမှာဖြစ်ပါတယ်။ စိတ်ဝင်တစား သင်တန်းအပ်ရန် Comment ကလင့်ကတစ်ဆင့် သို့မဟုတ် Messager ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။💁‍♀️

⏰သင်တန်းနေ့ရက်: 09.08.2025 (စနေ)
16.08.2025 (စနေ)
23.08.2025 (စနေ)
30.08.2025 (စနေ)

⏰သင်တန်းအချိန်: 11:00 - 12:30 (ဂျပန်စံတော်ချိန်)
9:00 - 10:30 (ထိုင်းစံတော်ချိန်)
8:30 - 10:00 (မြန်မာစံတော်ချိန်)

⏰သင်တန်းကြာချိန်: 90 မိနစ် (စုစုပေါင်း 4 ရက်)

အင်တာဗျူးကိုမရတာ၊ ဘာဖြစ်မှန်းမသိဘူး ဆိုတဲ့သူတွေ ဒီစာကိုဖတ်ပါ 👇👇သြဂုတ်လ (၉) ရက်နေ့မှာဖွင့်မယ့် ဒီသင်တန်းဟာ ဂျပန်မှာ အလုပ်...
05/08/2025

အင်တာဗျူးကိုမရတာ၊ ဘာဖြစ်မှန်းမသိဘူး ဆိုတဲ့သူတွေ ဒီစာကိုဖတ်ပါ 👇👇

သြဂုတ်လ (၉) ရက်နေ့မှာဖွင့်မယ့် ဒီသင်တန်းဟာ ဂျပန်မှာ အလုပ်အင်တာဗျူးရရုံအပြင် ကိုယ့်ရဲ့ Resume ကနေတစ်ဆင့် ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ အားသာချက်တွေနဲ့ အတွေ့အကြုံကောင်းတွေကို ဂျပန်အလုပ်ရှင်တစ်ယောက်က သိသိသာသာစိတ်ဝင်စားမှုမြင့်အောင်၊ အလုပ်နဲ့အသင့်တော်ဆုံးဆိုတဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ပေးသွားမယ့် Workshop အခြေခံ သင်တန်းဖြစ်ပါတယ်။✨

မိနစ်ပိုင်းလေးပဲ အချိန်ပေးကာ Resume တစ်စောင်ကိုဖတ်ပြီး ဆုံးဖြတ်ရတဲ့ ဂျပန်အလုပ်ရှင်တွေအတွက် တိကျတဲ့ စကားလုံးအသုံးအနှုန်း၊ ရှင်းလင်းပြတ်သားတဲ့ Resumeပုံစံတည်ဆောက်မှုတွေက လာမယ့် အင်တာဗျူးတွေမှာပါ ကိုယ့်ကိုသတိထားမိစေပြီး သင့်​တော်တဲ့ လုပ်သားအဖြစ် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ကြိုတည်ဆောက်ထားသလိုဖြစ်နေစေမှာပါ။😉

Online ကသင်ကြားရမှာဖြစ်ပြီး ဂျပန်လူမျိုး အလုပ်အကိုင် ယဥ်ကျေးမှုနှင့် ကျင့်ဝတ်ထုံးတမ်း ကျွမ်းကျင်သူ Tamari Sensei ကိုယ်တိုင် လေ့ကျင့်ပေးမှာဖြစ်ပြီး သင်တန်းအပ်ရန် Comment ကလင့်ကတစ်ဆင့် သို့မဟုတ် Messager ကတစ်ဆင့် စာရင်းပေးနိုင်ပါပြီ။💁‍♀️

⏰သင်တန်းနေ့ရက်: 09.08.2025 (စနေ)
16.08.2025 (စနေ)

⏰သင်တန်းအချိန်: 11:00 - 12:30 (ဂျပန်စံတော်ချိန်)
9:00 - 10:30 (ထိုင်းစံတော်ချိန်)
8:30 - 10:00 (မြန်မာစံတော်ချိန်)

⏰သင်တန်းကြာချိန်: 90 မိနစ် (စုစုပေါင်း 2 ရက်)

ဘဝဆိုတာ ချောမွေ့တဲ့လမ်းမဟုတ်ဘူး။ တစ်ခါတလေ ကျွန်တော်တို့ဟာ အိပ်မက်တွေအတွက် လဲကျ၊ ဒဏ်ရာရ၊ စိတ်ဓာတ်ကျတတ်တယ်။ ဒါပေမယ့် လူတစ်...
11/07/2025

ဘဝဆိုတာ ချောမွေ့တဲ့လမ်းမဟုတ်ဘူး။ တစ်ခါတလေ ကျွန်တော်တို့ဟာ အိပ်မက်တွေအတွက် လဲကျ၊ ဒဏ်ရာရ၊ စိတ်ဓာတ်ကျတတ်တယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အားနည်းချက်ကို "ပြန်ထနိုင်စွမ်း"ကသာ သူ့အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ပေးတယ်။

"七転び八起き" ဆိုတဲ့ စကားပုံဟာ ဘယ်လောက်ပဲ အခက်အခဲတွေကြုံနေရပါစေ၊ မျှော်လင့်ချက်မပြတ်ဘဲ ဆက်လုပ်ဖို့ သတိပေးနေတဲ့ စကားပါ။

- လဲကျတိုင်း ပြန်ထဖို့ သတ္တိရှိပါ။
- အတိတ်က အမှားတွေကို အနာဂတ်အတွက် သင်ခန်းစာအဖြစ် ပြောင်းလဲပါ။
- ဘဝမှာ "ဘယ်တော့မှ မဖြစ်နိုင်ဘူး" ဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲရှိတယ်။

သင့်ရဲ့ အိပ်မက်နဲ့ ပန်းတိုင်အတွက် ယုံကြည်မှုရှိပါ။ လဲကျတိုင်း ပြန်ထဖို့ သတ္တိရှိပါစေ။ 💪✨

ဂျပန်မှာ လုပ်ငန်းခွင်အတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာများနဲ့ အိမ်လွမ်းရတဲ့  ဒဏ်တွေကြောင့် Stress တွေဖြစ်နေပြီလား ? တစ်ခါတ...
02/07/2025

ဂျပန်မှာ လုပ်ငန်းခွင်အတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာများနဲ့ အိမ်လွမ်းရတဲ့ ဒဏ်တွေကြောင့် Stress တွေဖြစ်နေပြီလား ?

တစ်ခါတလေ ကိုယ်တို့ဟာ ကိုယ့်ကိုယ်ကိုယ် Stress ဖြစ်လို့ဖြစ်မှန်းမသိတဲ့အချိန်မျိုးတွေတောင် ရှိနေတတ်ကြပါတယ် 😌

ဒါဆိုရင် ကိုယ့်မှာ stress တွေဖြစ်နေပြီလား ၊ ဖြစ်နေတဲ့ Stress တွေကိုရော ဘယ်လိုပြေပျောက်အောင်လုပ်င်လုပ်ရမလဲဆိုတာတွေကို သိထားရမယ့် Skill တစ်ခုတော့ လိုအပ်နေပါပြီ

Stress တွေကို ကောင်းကောင်း Management လုပ်နိုင်ဖို့ 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐬𝐬ဆိုတဲ့ course လေးကို ဇူလိုင်လအတွင်းမှာပဲ Japan Career Hub ကနေဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး

📌ဂျပန်ယဥ်ကျေးမှုနဲ့ ကိုက်ညီတဲ့ real-life Japanese examples များကို မြန်မာဘာသာစကားနဲ့ သင်ကြားပေးမှာဖြစ်ပြီး ဂျပန်လူမှုအသိုင်းအဝိုင်းမှာ ရေရှည်နေထိုင်လိုသူများ၊ ကျောင်းသားများနဲ့ SSW အလုပ်များလုပ်ကိုင်လိုသူများအတွက် အထူးသင့်တော်ပါတယ်

𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐬𝐬 𝐂𝐨𝐮𝐫𝐬𝐞 ကိုတက်ရောက်ပြီးပါက -

✅ဂျပန်လုပ်ငန်းခွင်အတွင်း မကြာခဏ ကြုံတွေ့ရတတ်တဲ့ ပြဿနာများကို သိရှိလာပြီး ရှောင်ရှားနိုင်ခြင်း

✅ဖြစ်လို့ဖြစ်မှန်းမသိတဲ့ Stress တွေကို အချိန်မီ သိရှိလာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခြင်း

✅လက်ရှိဖြစ်နေတဲ့ Stress တွေကို အဆင်ပြေစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း

✅လုပ်ငန်းခွင်အတွင်းသာမကဘဲ ပြင်ပ လူမှုဆက်ဆံရေးအတွက်ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးများ တည်ဆောက်လာနိုင်ခြင်း

✅ဂျပန်စတိုင် mindfulness လုပ်နည်းများကို သိရှိလာနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာပဲဖြစ်လို့ သင်တန်းတက်ရောက်ချင်တယ်ဆိုရင် register လေး လုပ်ထားနိုင်ပါတယ်

Register Link : https://forms.gle/9i4aRhGCcreGRFKV9

🧠 Course 4: Managing Stress
🗓 Dates: Saturday, July 19 & July 26, 2025
🕑 Time: 1:30 PM – 3:00 PM (Japan Time)
💴 Fee: ¥5,500

ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်နိုင်ဖို့ဆိုတာ ပညာအရည်အချင်းရှိနေရုံ၊ ဂျပန်ဘာသာစကား ကျွမ်းကျင်ရုံမျှနဲ့ ပြီးပြည်စုံမနေပါဘူး...
02/07/2025

ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်နိုင်ဖို့ဆိုတာ ပညာအရည်အချင်းရှိနေရုံ၊ ဂျပန်ဘာသာစကား ကျွမ်းကျင်ရုံမျှနဲ့ ပြီးပြည်စုံမနေပါဘူး 🤨

ဂျပန်လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်တွေမှာ အဆင်ပြေပြေနေထိုင် လုပ်ကိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ Soft Skill တွေကိုလည်း ဖြည့်ထားရပါမယ်

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ နေထိုင်တဲ့ မြန်မာတို့အတွက် 👇

အင်တာဗျူးတွေဖြေရတဲ့အခါ မဖြစ်မနေ သိထားရမယ့် ဆောင်ရန်နဲ့ ရှောင်ရန်လေးတွေကို အသေးစိတ် သင်ကြားပေးမယ့် 𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 𝐃𝐮𝐫𝐢𝐧𝐠 𝐚𝐧 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐂𝐨𝐮𝐫𝐬𝐞 လေးကို ဇူလိုင်လအတွင်းမှာပဲ Japan Career Hub ကနေ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး

📌𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 𝐃𝐮𝐫𝐢𝐧𝐠 𝐚𝐧 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐂𝐨𝐮𝐫𝐬𝐞 ကိုတက်ရောက်ပြီးပါက -

✅ဂျပန်လူမျိုးတွေကြားမှာ First Impression က ဘယ်လောက်ထိအရေးပါလဲဆိုတာ သိရှိသွားခြင်း

✅ဂျပန်ယဥ်‌ကျေးမှုနဲ့ ကိုက်ညီအောင် ဘယ်လို နှုတ်ဆက်ရမလဲ ဆိုတာတွေကို သိရှိသွားခြင်း

✅အင်တာဗျူးတွေမှာ ကိုယ်ပြောချင်တဲ့စကားကို ဘယ်လိုလေသံမျိုး၊ ဘယ်လိုစကားမျိုးတွေကို ရွေးချယ်သုံးနှုန်းရမလဲဆိုတာ သိရှိသွားခြင်း

✅Professional ကျကျ ဘယ်လိုဝတ်ဆင်သွားရမလဲ၊ ဘယ်လို ပြုမှုရမလဲ၊ မေးလာမယ့် မေးခွန်းတွေကို ဘယ်လိုပြန်ဖြေရမလဲဆိုတာတွေကို သိရှိသွားခြင်း

✅အင်တာဗျူးတွေဖြေတဲ့အခါ အများစု မှားလေ့မှားထရှိတဲ့ အရာတွေကို သိရှိပြီး ရှောင်းရှားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာပဲဖြစ်လို့ သင်တန်းတက်ရောက်ချင်တယ်ဆိုရင် register လေး လုပ်ထားနိုင်ပါတယ်

Register Link : https://forms.gle/rnXHnoJPLzmTdYxEA

📘 Course 3: Etiquette During an Interview
🗓 Dates: Saturday, July 19 & July 26, 2025
🕚 Time: 11:00 AM – 12:30 PM (Japan Time)
💴 Fee: ¥6,000

🎌 အလုပ်ခွင်အတွင်း ပဋိပက္ခဖြေရှင်းနည်း (Dealing With Conflict) 🗓 သင်တန်းရက်များ – ၅ ဇူလိုင် ၂၀၂၅ (စနေ) နှင့် ၁၂ ဇူလိုင် ၂...
21/06/2025

🎌 အလုပ်ခွင်အတွင်း ပဋိပက္ခဖြေရှင်းနည်း (Dealing With Conflict)

🗓 သင်တန်းရက်များ – ၅ ဇူလိုင် ၂၀၂၅ (စနေ) နှင့် ၁၂ ဇူလိုင် ၂၀၂၅ (စနေ)
🕑 အချိန် – နေ့လည် ၁:၃၀ မှ ၃:၀၀ (၁.၅ နာရီ × ၂ ကြိမ်)
💴 သင်တန်းကြေး – ¥၅,၅၀၀
📍 အွန်လိုင်းသင်တန်း (Zoom)

ဘာကြောင့် မြန်မာလူမျိုးများ ဒီအကြောင်းကို လေ့လာသင့်သလဲ❓❓❓

ဂျပန်အလုပ်ခွင်မှာ အချင်းချင်းအဆင်ပြေအောင်နေခြင်း (和 - Wa) ဟူသည်မှာ အလွန်အရေးကြီးပါတယ်။ သို့သော် ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့မတူညီမှုများမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အမြင်များ၊ သဘောထားများနှင့် ထိုမှတစ်ဆင့် စိတ်ဖိစီးမှုများဖြစ်ပေါ်လာရပြီး မိမိက ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ မသိတဲ့အခါ လုပ်ငန်းခွင်အတွင်း နှောင့်နှေးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဤအခြေအနေများကို ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ဖို့ ဒီ သင်တန်းက အများကြီး အထောက်အကူဖြစ်မှာပါ။

Register Now: https://forms.gle/dvt8iXw9YxMdP4gg6

ဤသင်တန်းသည် –

✅ အလုပ်ခွင်အတွင်း ပဋိပက္ခများဖြစ်ပေါ်ရာ အကြောင်းရင်းများကိုနားလည်စေရန်။
✅ ဆွေးနွေးမှုနှင့် ဝိုင်းဝန်းညှိနှိုင်းနိုင်မှုအပိုင်းမှာ ပိုမိုတိုးတက်လာစေရန်။
✅ စိတ်ထိန်းချုပ်မှုနှင့် တုံ့ပြန်မှု များပြုလုပ်တဲ့အခါ နည်းမှန်လမ်းမှန် ဖြစ်စေရန်။
✅ ဝေဖန်မှုနှင့် ဆန့်ကျင်သဘောဆောင်မှုများကို Professional ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်စေရန်။
✅ ဂျပန်လုပ်ဖော်ကိုင်ဖက်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်စေရန် အစရှိသဖြင့် လုပ်ငန်းခွင်အတွင်း ပြဿနာဖြေရှင်းနည်း သင်တန်း ၁၀၁ လို့တောင် ခေါ်လို့ရပါတယ်။

🎌ဂျပန်စတိုင် အလုပ်လျှောက်လွှာ (Resume) ရေးနည်းနှင့် အလုပ်အတွေ့အကြုံဖော်ပြနည်း🗓 သင်တန်းရက်များ – ၅ ဇူလိုင်  ၂၀၂၅ (စနေ) နှ...
20/06/2025

🎌ဂျပန်စတိုင် အလုပ်လျှောက်လွှာ (Resume) ရေးနည်းနှင့် အလုပ်အတွေ့အကြုံဖော်ပြနည်း

🗓 သင်တန်းရက်များ – ၅ ဇူလိုင် ၂၀၂၅ (စနေ) နှင့် ၁၂ ဇူလိုင် ၂၀၂၅ (စနေ)
🕚 အချိန် – မနက် ၁၁:၀၀ မှ ၁၂:၃၀ (၁.၅ နာရီ × ၂ ကြိမ်)
💴 သင်တန်းကြေး – ¥၆,၀၀၀
📍 အွန်လိုင်းသင်တန်း (Zoom)

ဘာကြောင့် အရေးကြီးသလဲ❓❓

ဂျပန်မှာ Resume (履歴書 / 職務経歴書) ဆိုတာက အလုပ်လျှောက်ရာမှာ မိမိက ဘယ်လောက် Professional ကျပါတယ်ဆိုတဲ့အမြင်ကို မှတ်ကျောက်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အတွက် အပြုသဘောဆောင်တဲ့ Personal Branding တစ်ခုဖန်တီးလိုက်တာနဲ့ တူပါတယ်။

ဒါကြောင့်မို့ မိမိအပေါ် လုပ်ငန်းရှင်က စိတ်ဝင်စားလာပြီး အလုပ်တူတူတွဲလုပ်ချင်ပါတယ်ဆိုတဲ့ အမြင်တစ်ခုဖြစ်ပေါ်လာအောင်အထိ ဒီသင်တန်းက မြန်မာလူမျိုးများအတွက် အလွန်အသုံးဝင်ပါလိမ့်မယ်။

သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့-
✅ ဂျပန် HR များက မျှော်လင့်သော စံသတ်မှတ်ချက်များကို နားလည်စေရန်။
✅ CV ရေးရာတွင် ဖြစ်နိုင်သော အမှားများရှောင်ရှားနိုင်ရန်။
✅ မိမိကိုယ်ပိုင်လုပ်ငန်းခွင်အားသာချက်များကို သင့်လျော်သည့်ပုံစံဖြင့်ဖော်ပြနိုင်ရန်။
✅ အလုပ်အကိုင်အတွေ့အကြုံကို ရှင်းလင်းပြသနိုင်ရန်။

💼 ဘယ်လိုလူမျိုးတွေက သင်တန်းတက်ဖို့ သင့်လျော်လဲ❓❓

📌 ဂျပန်သွားရန် ပြင်ဆင်နေသူများ။

📌 ယခုလက်ရှိ ဂျပန်အလုပ်ခွင်၌ လုပ်ကိုင်နေသူများ (SSW / Technical Intern)။

📌 အင်တာဗျူး ဖြေဆိုတော့မည့်ကျောင်းသားများ။

📌 ဂျပန်လုပ်ငန်းခွင်၌ ဂျပန်တစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာ အလုပ်လုပ်ကိုင်ချင်သူများ။

Registered Now: https://forms.gle/wWwaYUYx7fesicYo6

🔍 သင်တန်းလေးပြီးသွားတာနဲ့ အလုပ်အင်တာဗျူးအောင်မြင်မှုများရရှိရန်အတွက် ဂျပန်စနစ်နှင့် ကိုက်ညီသော Resume တစ်စောင်ရေးနိုင်မည့် ကျွမ်းကျင်မှုကို ရယူသွားမှာလည်းဖြစ်ပါတယ်။

住所

〒260-0018 千葉県千葉市中央区院内1丁目14−7 K&Iビルディング 302
Chiba-shi, Chiba
260-0018

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00

ウェブサイト

アラート

Japan Career Hubがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー