မင်္ဂလာပါရှင်။
ကျွန်မကတော့ ဒီ Page ကို တည်ထောင်ပြီး ဂျပန်စကားပြောကို သင်ကြားပေးမယ့်သူ ဖြစ်ပါတယ်။
တက္ကသိုလ်ပညာရေးပြီးဆုံးပြီးနောက် ၂၀၀၉ ခုနှစ်ကတည်းက ဂျပန်စာကို စတင်လေ့လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံကို အိပ်မက်တွေနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။
ဂျပန်ဘာသာစကားသင်တန်းကျောင်းမှာ (၁) နှစ်ခွဲ၊ IT အထူးပြု 駿台電子情報&ビジネス専門学校 ကျောင်းမှာ (၂) နှစ် တက်ရောက်ခဲ့ပြီးနောက် ဂျပန် IT ကုမ္ပဏီတစ်ခုမှာ (၁၁) နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုးတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့ရတဲ့ အတွေ့အကြုံက အခုဆိုရင် (၁၅) နှစ်နီးပါး ရှိခဲ့ပါပြီ။
ကျွန်မ ဘာကြောင့် Kaiwa ကို အဓိကထား သင်ကြားပေးချင်တာလဲ?
ဂျပန်ကို စရောက်တုန်းက အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အထူးသဖြင့်...
မခံချင်စိတ်ဖြစ်ရတဲ့ အခြေအနေများ:
ကိုယ့်ဘက်က မှန်နေပေမယ့် ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်တဲ့အတွက် ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်ကို ပြန်မရှင်းပြနိုင်ခဲ့လို့ မခံချင်စိတ်ဖြစ်ခဲ့ရတာတွေ အကြိမ်ကြိမ်ပါပဲ။
စကားလုံးတွေ ပျောက်ဆုံးသွားခြင်း:
ဂျပန်လူမျိုးတွေပြောတာကို နားလည်ပေမယ့်၊ ကိုယ်က ဘာပြန်ပြောရမလဲမသိတာ၊ ပြောချင်တဲ့စကားလုံးတွေ ပါးစပ်ဖျားတင် ပိတ်မိနေပြီး ထွက်မလာတာမျိုးတွေ ခဏခဏ ကြုံခဲ့ရပါတယ်။
ဒီအခက်အခဲတွေဟာ စာအုပ်ထဲမှာ သင်ရုံနဲ့ မတတ်မြောက်နိုင်တဲ့အရာတွေပါ။
ဒါကြောင့် ကျွန်မရဲ့ (၁၅) နှစ်တာ အတွေ့အကြုံတွေကို အခြေခံပြီး၊ စာမေးပွဲအောင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ၊ လက်တွေ့ဘဝမှာ တကယ်အသုံးဝင်ပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ အောက်ပါအချက်တွေကို အဓိကထား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ ကွာခြားချက်များ:
ဂျပန်နဲ့ မြန်မာရဲ့ ယဉ်ကျေးမှုမတူညီမှုတွေကြောင့် စကားပြောဆိုရာမှာ သတိထားရမယ့် အချက်တွေ၊ အသုံးအနှုန်းတွေကို ကိုယ်တွေ့ဥပမာတွေနဲ့တကွ ရှင်းပြပေးပါမယ်။
အခက်အခဲကို ကျော်လွှားခြင်း:
ကိုယ့်ရဲ့ အမြင်၊ ခံစားချက်တွေကို ယုံကြည်မှုရှိရှိနဲ့ ရှင်းလင်းစွာ ဖော်ပြပြောဆိုနိုင်မယ့် နည်းလမ်းများနဲ့ အခြေအနေအလိုက် ဘယ်လိုစကားလုံးတွေ ရွေးချယ်သုံးနှုန်းရမလဲဆိုတာကို လေ့ကျင့်ပေးပါမယ်။
ဂျပန်မှာ သင့်ဘဝကို ပိုပြီးအဆင်ပြေချောမွေ့စေမယ့်၊ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်စေမယ့် Kaiwa စွမ်းရည်ကို ပိုင်ဆိုင်ဖို့ ကျွန်မနဲ့အတူ လက်တွဲကြိုးစားလိုက်ကြရအောင်။
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
✨ ဂျပန်နိုင်ငံမှာ နေထိုင်ရပ်တည်ဖို့ အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်လိုက်ပါ။ ✨
ဒီအိပ်မက်အတွက် အရေးကြီးဆုံးသော့ချက်ကတော့ ဂျပန်လူမျိုးတွေနဲ့ ယုံကြည်မှုရှိရှိ၊ပြောဆိုဆက်ဆံနိုင်ဖို့ပါပဲ။
စာအုပ်ထဲမှာ တလွဲ၊ လက်တွေ့မှာ တမျိုး ဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကျွန်ုပ်တို့ Page က ကူညီပေးပါရစေ။
ကျွန်ုပ်တို့ Page ဟာ JLPT စာမေးပွဲအောင်ဖို့တစ်ခုတည်းအတွက် သင်ကြားပေးနေတာမျိုး မဟုတ်ပါဘူး။
ကျွန်ုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်တွေ့ဘဝမှာ အမှန်တကယ်အသုံးဝင်တဲ့ ဂျပန်စကားပြော စွမ်းရည် ကို ပိုင်နိုင်စေဖို့ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ သင်ကြားရေးပုံစံ:
✅ လက်တွေ့အသုံးချမှု: သင်သိပြီးသား Grammar, Kanji တွေကို စာအုပ်ထဲမှာပဲမထားတော့ဘဲ ဂျပန်လူမျိုးတွေ နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးချပြောဆိုကြသလဲဆိုတာကို အဓိကထား သင်ကြားပေးပါသည်။
✅ ချက်ချင်းအသုံးဝင်မှု: နေ့စဉ်ဘဝမှာ ချက်ချင်းပြန်လည်အသုံးပြုနိုင်မယ့် စကားပြောပုံစံများနှင့် အသုံးအနှုန်းများကို ဦးစားပေး လေ့ကျင့်ပေးပါသည်။
✅ Fluency & Pronunciation: စကားပြောဆိုရာမှာ သွက်လက် ရှိစေဖို့နဲ့ ဂျပန်လူမျိုးတွေလို သဘာဝကျတဲ့ လေသံ (Pronunciation) ရရှိစေဖို့ အထူးလေ့ကျင့်ပေးပါသည်။
ဂျပန်တွေပြောနေကျအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ရဲ့အတွေးအခေါ်တွေကို ဖော်ပြနိုင်တဲ့ Your Japanese Voice ကို ကျွန်ုပ်တို့နဲ့အတူ ရှာဖွေလိုက်ပါ။ 🔓
「話すことから、始めよう。」