IMAT Tutor

IMAT Tutor Achieve Your IMAT Target Scores Together With Us

IMAT စာမေးပွဲနီးလာလို့ Burnout ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို ဘယ်လို ကျော်ဖြတ်မလဲ 🧠🌿စာမေးပွဲရက် နီးကပ်လာတာနဲ့အမျှ စိုးရိမ်ပူပ...
08/09/2026

IMAT စာမေးပွဲနီးလာလို့ Burnout ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို ဘယ်လို ကျော်ဖြတ်မလဲ 🧠🌿

စာမေးပွဲရက် နီးကပ်လာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေ (Exam Anxiety) နဲ့ စိတ်ဓာတ်ကျ/ပင်ပန်းတာတွေ (Burnout) ကြုံတွေ့ရတာ သဘာဝပါပဲ။

ဒါပေမဲ့ ဒီ Stress တွေကို စနစ်တကျ မထိန်းချုပ်နိုင်ရင် စာမေးပွဲခန်းထဲမှာ ကိုယ်ကြိုးစားထားသလောက် မဖြေနိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်

💡 ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေအတိုင်း လိုက်လုပ်မှ ရမယ်နော်

😴 အိပ်ရေးဝဝ အိပ်ပါ - စာမေးပွဲနီးမှ ညဉ့်နက်အထိ စာကြည့်ခြင်းက မှတ်ဉာဏ်စွမ်းအားနဲ့ စုစည်းမှုကို လျော့နည်းစေပါတယ်။ အနည်းဆုံး ၇ နာရီ-၈ နာရီ အိပ်စက်ပါ။

😴 Short Breaks ယူပါ - တစ်နေကုန် စာကြည့်ရုံနဲ့ မထိရောက်တာမို့ မိနစ် ၅၀ စာကြည့်ပြီးရင် ၁၀ မိနစ်ခန့် အနားယူပေးပါ။

📿 Mindfulness & Meditation - အသက်ရှူ လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်တည်ငြိမ်အောင် တွေးတောခြင်းများ ပြုလုပ်ပေးပါ

🎧 Focus on What You Know - မကျက်ရသေးတာတွေကို တွေးပြီး ပူပန်နေမယ့်အစား လေ့ကျင့်ထားပြီးသား Subject တွေကိုသာ အကြိမ်ကြိမ် အခါခါ Revise လုပ်ပါ။

🌟 ဒီအချက်တွေအတိုင်း ပြုမူနေထိုင်ပြီဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

စာမေးပွဲနဲ့ပတ်သက်တဲ့ စိတ်ပင်ပန်းမှုတွေကို ကျော်လွှားဖို့ IMAT TUTOR က အမြဲတမ်း အတူတကွ ရှိနေပါမယ်။ 🫶🏻

06/09/2026

International Degree ရမယ်၊ Tuition Fee သက်သာမယ်၊ Education Quality မြင့်မယ်

ဒီအချက်တွေကြောင့် ဆေးကျောင်းတက်ဖို့ Italy ကို လူရွေးများလာတာကြတာလား ... ဘယ်လိုဖြစ်မလဲဆိုတာ Video ကို အဆုံးထိ ကြည့်လိုက်တော့နော် .. ❤️❤️

IMAT စာမေးပွဲခန်းထဲမှာ လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အမှားကြီး ၅ ခု ⚠️🚫IMAT စာမေးပွဲမှာ အမှတ်ကောင်းဖို့ဆိုတာ စာရဖို့တင် မကဘ...
03/09/2026

IMAT စာမေးပွဲခန်းထဲမှာ လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အမှားကြီး ၅ ခု ⚠️🚫
IMAT စာမေးပွဲမှာ အမှတ်ကောင်းဖို့ဆိုတာ စာရဖို့တင် မကဘဲ စာမေးပွဲဖြေဆိုတဲ့ Strategies နားလည်ဖို့လည်း လိုပါတယ်။

ဒီနေ့မှာတော့ IMAT Tutor က ကျောင်းသားတော်တော်များများ မသိဘဲ လုပ်မိတတ်တဲ့ အမှား ၅ ခု အကြောင်း ပြောပြချင်ပါတယ် 🤍

1. အချိန်မလောက်တာ (Bad Time Management): ပုစ္ဆာတစ်ပုဒ်တည်းမှာ အချိန်အများကြီး ပိတ်မိနေခြင်း။

2. ပုစ္ဆာ မှားဖတ်တာ (Misreading Questions): မေးခွန်းက "NOT correct" လို့ မေးထားတာကို သတိမထားဘဲ အဖြေမှန် သွားရွေးမိခြင်း။

3. ရမ်းတုတ် ရမ်းဖြေတာ (Blind Guessing): IMAT မှာ အဖြေမှားရင် Negative Marking (-0.4) နှုတ်ခံရတာကြောင့် လုံးဝမသိဘဲ ရမ်းမဖြေပါနဲ့။

4. Negative Marking မတွက်ချက်ခြင်း: အဖြေ (၂) ခုအကြား ဇာဝေဇဝါ ဖြစ်နေရင် Elimination Technique သုံးရမည်ကို မသုံးဘဲ ထားခဲ့ခြင်း။

5. Answer Sheet ဖြည့်ရာတွင် အချိန်မကျန်တော့ခြင်း: မေးခွန်းစာအုပ်မှာပဲ အဖြေဝိုင်းထားပြီး စာမေးပွဲပြီးခါမှ အဖြေလွှာပေါ် ကူးဖို့ အချိန်မရှိတော့ခြင်း။

💡 ဒီအမှားတွေကို မလုပ်မိအောင် Mock Test တွေမှာ ကြိုတင် လေ့ကျင့်ထားဖို့ မမေ့ပါနဲ့နော်

IMAT Tutor ရဲ့ Class တွေမှာဆိုရင် Course ပြီးပြတ်အောင် သင်ကြားပေးတဲ့အပြင် Mock Test ပါ သေချာစစ်ဆေးပေးတာမို့ ဒီအတွက် လုံးဝ ပူစရာမလိုဘူး။

မကြာခင် ဖွင့်လှစ်တော့မဲ့ September Batch ကို အပ်နှံဖို့ အခုပဲ အမြန်ဆုံး စာရင်းသွင်းလိုက်တော့နော် ✨✍🏻

ကျောင်းသားတိုင်းအတွက် သင့်တော်အဆင်ပြေဖို့ IMAT TUTOR ရဲ့ အထူး အစီအစဉ် 💳✨IMAT Tutor ရဲ့ ဒီတစ်ခေါက် Batch ကစပြီး ✨ အရစ်ကျ ...
28/08/2026

ကျောင်းသားတိုင်းအတွက် သင့်တော်အဆင်ပြေဖို့ IMAT TUTOR ရဲ့ အထူး အစီအစဉ် 💳✨

IMAT Tutor ရဲ့ ဒီတစ်ခေါက် Batch ကစပြီး

✨ အရစ်ကျ ပေးသွင်းနိုင်ခြင်းအပြင်
✨ Cash-down ငွေချေမဲ့ သူများအတွက် Discount တွေကိုလည်း စီစဉ်ပေးထားပါတယ် !

အီတလီ ဆေးကျောင်း အိမ်မက်ကို အကောင်အထည်ဖော်ချင်သူများအတွက် ငွေကြေးဆိုင်ရာ အခက်အခဲ မရှိစေဘဲ စိတ်အေးချမ်းစွာ သင်ယူနိုင်အောင် IMAT TUTOR မှ ဒီလို စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

🪧 Easy Payment Plan: သင်တန်းကြေးကို မိမိ အဆင်ပြေမည့် အရစ်ကျစနစ်ဖြင့် အနည်းဆုံး (၃) ကြိမ် ခွဲခြား ပေးသွင်းနိုင်ပါသည်။

💰 Cashdown Payment Discount: သင်တန်းကြေး တစ်ကြိမ်တည်း အပြီး ပေးသွင်းသူများအတွက် 10% OFF အထူး Discount ကို ရရှိမှာ ဖြစ်ပါတယ်

📩 New Batch ကို September 12 မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ သင်တန်းကြေးနဲ့ အတန်းအကြောင်း အသေးစိတ် စုံစမ်းအပ်နှံလိုပါက IMAT TUTOR Messenger ကို အခုပဲ Dm ပေးပို့လိုက်ပါ။

အီတလီမှာ ဆေးကျောင်းတက်ရင်း ပညာသင်ဆု (Scholarship) ရနိုင်သလား? 🎓✨အဖြေကတော့ "ရနိုင်ပါတယ်" သေချာအောင် ထပ်ပြောရရင် "ရဖို့ အခ...
27/08/2026

အီတလီမှာ ဆေးကျောင်းတက်ရင်း ပညာသင်ဆု (Scholarship) ရနိုင်သလား? 🎓✨

အဖြေကတော့ "ရနိုင်ပါတယ်"

သေချာအောင် ထပ်ပြောရရင် "ရဖို့ အခွင့်အလမ်း အရမ်းများပါတယ်"

အီတလီအစိုးရဟာ နိုင်ငံတကာ ကျောင်းသားတွေအတွက် ပညာသင်ဆု အထောက်အပံ့များစွာ ပေးအပ်လျက် ရှိတာမို့ တကယ်ကို လက်မလွှတ်သင့်တဲ့ အခွင့်အလမ်းကောင်းပါပဲ 🤍

🏆 Regional Scholarship (ဒေသဆိုင်ရာ ပညာသင်ဆု) ဟာဆိုရင် မိသားစု ဝင်ငွေ အခြေအနေပေါ် မူတည်ပြီး လျှောက်ထားလို့ရတာဖြစ်ပြီး တစ်နှစ်ကို ထောက်ပံ့ကြေး ယူရို ၆,၀၀၀ မှ ၈,၀၀၀ ဝန်းကျင်အထိ ရရှိနိုင်ပါတယ်။

📖 ဒါ့အပြင် စကောလားရှစ် ရရှိသူများအတွက် ကျောင်းလခ (Tuition Fees) ကို ရာခိုင်နှုန်းပြည့် ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို လက်မလွှတ်သင့်တဲ့အခွင့်အလမ်းကို ရယူဖို့ လိုအပ်တဲ့ 💡 အဓိက သော့ချက်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်း တွေကို စနစ်တကျနဲ့ အချိန်မီ ပြင်ဆင် လျှောက်ထားနိုင်ဖို့ပဲ ဖြစ်ပါတယ် ….

ကျောင်းလျှောက်တာ/ Scholarship လျှောက်တာတွေနဲ့ ပတ်သက်လို့ မေးမြန်းချင်တယ်ဆိုရင်လည်း IMAT Tutor က အခမဲ့ ဆွေးနွေးပေးနေပါတယ်ဗျိူး ✨😇

24/08/2026

NEET မဖြေဘဲ၊ သိန်းထောင်ချီ မကုန်ဘဲ Europe မှာ ဆေးကျောင်းတက်လို့ ရတယ်ဆိုတာ သိပြီးပြီလား?

အီတလီ ဆေးကျောင်းဝင်ခွင့် IMAT စာမေးပွဲအကြောင်း တိတိကျကျ လေ့လာဖို့ Video ကို အဆုံးထိ ကြည့်လိုက်တော့နော်

အီတလီမှာ ဆေးကျောင်းတက်ရင် တစ်လ ကုန်ကျစရိတ် ဘယ်လောက် ရှိမလဲ? 💶🛒"ဥရောပမှာ ဆေးကျောင်းတက်ရင် ကုန်ကျစရိတ် အရမ်းများမလား" ဆိုပ...
18/08/2026

အီတလီမှာ ဆေးကျောင်းတက်ရင် တစ်လ ကုန်ကျစရိတ် ဘယ်လောက် ရှိမလဲ? 💶🛒

"ဥရောပမှာ ဆေးကျောင်းတက်ရင် ကုန်ကျစရိတ် အရမ်းများမလား" ဆိုပြီး စိုးရိမ်နေကြတဲ့ ကျောင်းသား/မိဘတွေအတွက် အီတလီနိုင်ငံရဲ့ တစ်လတာ ပျမ်းမျှ နေထိုင်စရိတ်ကို တွက်ချက်ပြပေးလိုက်ပါတယ်။

🏫 နေထိုင်စရိတ် (Accommodation): €250 – €500 (မြို့ပေါ် မူတည်၍ Shared Apartment/Dormitory)

🛒 စားသောက်စရိတ် (Food & Grocery): €150 – €250

🚊 သွားလာစရိတ် (Transportation): €20 – €35 (Student Pass)

💰 အထွေထွေ/အသုံးစရိတ်: €50 – €100

💡 အင်္ဂလန်၊ အမေရိက စတဲ့ တခြားသောနိုင်ငံတွေမှာ တစ်နှစ်ကို ဒေါ်လာ သောင်းဂဏန်းအထိ ကုန်ကျနေတဲ့အချိန်မှာ

🇮🇹 အီတလီကတော့ အစိုးရ ထောက်ပံ့မှုတွေကြောင့် Tuition fees သက်သာပြီးသားဖြစ်လို့ တစ်လကို ယူရို ၅၀၀ မှ ၈၀၀ ဝန်းကျင်ရှိရုံနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်မှာ ဖြစ်ပါတယ် 🤍

ဒီလိုတန်တဲ့ နိုင်ငံမှာ အဆင့်မြင့် ပညာရပ်တွေ သင်ယူခွင့်ရရှိနိုင်ဖို့ IMAT Tutor နဲ့အတူ အိပ်မက်တွေကို အကောင်အထည် ဖော်လိုက်တော့နော် 🙏🏻

အီတလီမှာ ဆေးကျောင်းတက်တာ ဘာကြောင့် အကောင်းဆုံး ရွေးချယ်မှုဖြစ်တာလဲ? 🇮🇹🩺ကမ္ဘာပေါ်မှာ English Taught အစိုးရဆေးတက္ကသိုလ်တွေ...
13/08/2026

အီတလီမှာ ဆေးကျောင်းတက်တာ ဘာကြောင့် အကောင်းဆုံး ရွေးချယ်မှုဖြစ်တာလဲ? 🇮🇹🩺

ကမ္ဘာပေါ်မှာ English Taught အစိုးရဆေးတက္ကသိုလ်တွေထဲမှာ Italy ဟာ နိုင်ငံတကာ ကျောင်းသားတွေအတွက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။

ဒါဆို အီတလီ ဆေးကျောင်းတွေရဲ့ ထူးခြားတဲ့ အားသာချက်တွေက ဘာတွေလဲ?

🏫 Top-Ranked Universities (ထိပ်တန်း တက္ကသိုလ်ကြီးများ):
University of Milan, University of Padova, University of Bologna, Sapienza University of Rome စတဲ့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးများတွင် အရည်အသွေးမြင့် ပညာရေးကို သင်ယူခွင့်ရရှိခြင်း။

🏥 World-Class Clinical Training: စာတွေ့တင်မကဘဲ အဆင့်မြင့် အစိုးရ ဆေးရုံကြီးများတွင် တိုက်ရိုက် လက်တွေ့ကွင်းဆင်း လေ့ကျင့်ခွင့် ရရှိခြင်း။

💰 Affordable Tuition Fees: အခြား ဥရောပ/အမေရိကန် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကျောင်းလခ အလွန် သက်သာခြင်း။

💡 ဒါတွေတင်မက ကျောင်းပေါ်မူတည်ပြီး Research ပိုင်း အားသန်တာ၊ Practical ပိုင်း ဦးစားပေးတာ ရှိကြတာမို့ မိမိရဲ့ ဦးတည်ချက်၊ စိတ်ဝင်စားမှုနဲ့ ကိုက်ညီမယ့် တက္ကသိုလ်ကို စနစ်တကျ လေ့လာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။

🎓 မိမိနဲ့ အကိုက်ညီဆုံး အီတလီ ဆေးကျောင်းကို ရွေးချယ်ဖို့ အကြံဉာဏ် ရယူချင်တယ်ဆိုရင်တော့ IMAT TUTOR ကိုသာ အခုပဲ ဆက်သွယ်လိုက်ပါ။

12/08/2026

⏳ IMAT 2026 အတွက် 49 ရက်ပဲ ကျန်ပါတော့တယ်!

September 29 က ဝေးသေးတယ်လို့ ထင်နေလား? 👀
တကယ်တွက်ကြည့်ရင် 7 ပတ်ပဲ ကျန်ပါတယ်။

Syllabus မပြီးသေးလို့ panic ဖြစ်နေဖို့ထက်
ဒီနေ့ကစပြီး ကျန်တဲ့အချိန်ကို စနစ်တကျ အသုံးချဖို့က ပိုအရေးကြီးပါတယ်။

📚 Weak topics တွေပြန်ဖြည့်မယ်
📝 Practice Questions များများလုပ်မယ်
⏱️ Mock Test တွေနဲ့ Exam Timing ကို လေ့ကျင့်မယ်

49 Days • 7 Weeks • One Goal 🎯

September 29 ရောက်တဲ့အခါ
“ငါလုပ်နိုင်သလောက် အကုန်လုပ်ခဲ့တယ်” လို့ ပြောနိုင်ဖို့
ဒီနေ့ကစပြီး တစ်ရက်ချင်းစီကို အကျိုးရှိအောင်သုံးကြမယ် 💙🐰

We believe in you!

🚨🩺 IMAT 2026 သမားတွေအတွက် နောက်ထပ်သတင်းကောင်းလာပြီ! 🇮🇹ဒီနှစ် Italy မှာ Medicine တက်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် EU / Non...
11/08/2026

🚨🩺 IMAT 2026 သမားတွေအတွက် နောက်ထပ်သတင်းကောင်းလာပြီ! 🇮🇹

ဒီနှစ် Italy မှာ Medicine တက်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် EU / Non-EU Seats တွေ ထွက်လာပါပြီ။ 🎉

🩺 Medicine in English
🦷 Dentistry in English
🐾 Veterinary Medicine in English

EU / Non-EU အလိုက် ဘယ် University မှာ Seat ဘယ်လောက်ရှိလဲ ဆိုတာ ပုံတစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ်။ 👀

🇲🇲 Myanmar ကနေ လျှောက်မယ့်သူတွေအတွက်တော့
မျက်လုံးက Non-EU Seats column ကို အရင်ရောက်မယ်ထင်တယ် 👀😂

Seat အရေအတွက်တွေမြင်ပြီး
“ဒီ University က seat များတယ်၊ ဒါပဲရွေးမယ် 😎” ဆိုပြီးတော့ မဆုံးဖြတ်နဲ့ဦးနော် 😂

Seats + Competition + Previous Cut-off + ကိုယ်လိုချင်တဲ့ University
အားလုံးကို ချိန်ပြီးမှ Strategy ဆွဲဖို့လိုပါတယ်။ 🎯

တစ်ခုတော့ သေချာတယ်…

📅 Exam Date ရပြီ
🌍 Test Centre Countries ရပြီ
💺 University Seats တွေလည်း ရပြီ

IMAT 2026 က တကယ်ကို နီးလာပြီဟေ့! 😆🔥

အခု ကျန်တာကတော့…
ကိုယ့်အတွက် Seat တစ်နေရာ ယူနိုင်အောင် ပြင်ဆင်ဖို့ပဲ 🩺📚🇮🇹

💙 IMAT Tutor
Chase Your Dream To Be a Doctor.

Indirizzo

Rome
00173

Telefono

+393477278480

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando IMAT Tutor pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta La Scuola/università

Invia un messaggio a IMAT Tutor:

Scelte rapide

Condividi