Waves of celebrities

Waves of celebrities

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Waves of celebrities, Delhi.

19/06/2026

လူပျောက်ကြော်ငြာ ‼️‼️

15.6.2026 ရက်နေ့ ညနေ 5နာရီခွဲလောက်က ရန်ကုန်မြို့၊လှည်းတန်း စံရိပ်ငြိမ် (၃)လမ်းအဆောင်ကထွက်သွားတဲ့ တူလေး ပျောက်နေလို့ပါ

TGI မှာ N-4 အတန်းတက်နေတဲ့ ကျောင်းသားပါ

အိမ်ကမိသားစုနဲ့ 15ရက်နေ့ နေ့ခင်း 2နာရီခွဲထိ ဖုန်းနဲ့အဆက်သွယ်ရပါတယ်(သူ့သူငယ်ချင်းကောင်မလေးပြောပြတာက
ညနေ 6နာရီ 7နာရီထိ ဖုန်းဆက်လို့ရတယ် ကိုင်တော့မကိုင်ဘူး)
ဒါနဲ့ ည9နာရီထိ လိုင်းတက်မလာလို့ ထပ်ဆက်ကြည့်တော့ ဆက်မရတော့ဘူး လို့သိရပါတယ်

မိဘတွေက နယ်ဖက်မှာမို့ သူ အဆောင်ပြန်မလာဘူး ဖုန်းဆက်သွယ်မရဘူးဆိုတာ 17ရက်ညနေမှ သူ့အစ်ကိုဝမ်းကွဲလေး ပြောပြမှ သိရတာပါ။

အဲ့ချိန်မှ ဖုန်းဆက်ကြည့်တော့ ဖုန်းကစက်ပိတ်ထားပါတယ် ဖြစ်နေတာပါ(ဖုန်းက 16 ရက်နေ့ တစ်ရက်ပဲမဆက်ဖြစ်လိုက်တာပါ)

အမည်~မောင်ကောင်းဆက်သာ
မှတ်ပုံတင်နံပါတ်~၅/ယမပ(နိုင်)163487
အသက်~18နှစ်
အရပ်~6 ပေခန့်
အမြဲတမ်းနေရပ်လိပ်စာ~ယင်းမာပင်မြို့နယ်,ရွာသာယာ
အသားရောင်ဖြူဖြူကောင်လေးကိုတွေ့ရှိပါက အမြန်ဆုံးဆက်သွယ်ပေးကြပါဦးရှင့်

ဆက်သွယ်ရန်~09982893406
09421569414

Share ပြီး ကူညီပေးကြပါအုံးရှင့်

#ရန်ကုန်
#လူပျောက်ကြော်ငြာ
#ကူညီရှာဖွေပေးကြပါဦးရှင့်

19/06/2026

အမေ့မွေးနေ့မှာ Surprise တိုက်ပြီး မြန်မာပြည်ကို ပြန်ရောက်လာပြီးဖြစ်တဲ့ အိမ့်ချစ်သူ ရဲ့အကို

19/06/2026

အသက် ၆၀ အရွယ် အန်တီကြီးရဲ့ကင်ဆာရောဂါသည်မှ တရုတ်နိုင်ငံ ကာယအလှမယ်ချန်ပီယံဆုရှင်အဖြစ် ပြောင်းလဲအောင်မြင်ခဲ့ပုံ
----------------------
အသက် ၆၀ အရွယ် လူအများစု ခြေလှမ်းနှေးကွေးလာပြီး “သက်ကြီးရွယ်အို” အမှတ်တံဆိပ်နဲ့ သတ်မှတ်ခံလာရချိန်မှာ တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် ခွန်းစန်းမြို့က ချန်ချောင်းဟာ သိသာရှင်းလင်းတဲ့ကြွက်သားမျှင်များနဲ့ အလေးပြည့်ပြည့်ရှိတဲ့ ချန်ပီယံဆုတံဆိပ်ပြားတစ်ခုတို့ဖြင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲရဲ့မီးမောင်းများအောက်ကနေ ကမ္ဘာကြီးကို “လူ့ဘဝရဲ့ဒုတိယသက်တမ်းမှာ သူတစ်ပါးရဲ့သတ်မှတ်ပြောဆိုခြင်းကို ငြင်းပယ်သလို၊ ရောဂါဝေဒေနာဖြင့် သတ်မှတ်ခံရခြင်းကိုလည်း ပိုလို့တောင် ငြင်းပယ်ပစ်ပါတယ်။” လို့ ကြေညာခဲ့ပါတယ်။
ချန်ချောင်းရဲ့စကားအရ သူမဟာ အရင်တုန်းက “ငယ်ရာကနေ ကြီးတဲ့အထိ အင်ထရိုဗတ်ဖြစ်ပြီး စကားနည်းတဲ့သူ” ဖြစ်ခဲ့ပါတယ်။ လူနေမှုဘဝမှာလည်း မိသားးစုအရေးကိုသာ စဉ်းစားခဲ့ပြီး “အတွေးထဲမှာ မနက်ဖြန် ဘာဟင်းချက်ရမလဲ ဆိုတာပဲ ရှိခဲ့ပါတယ်”။ ဒါပေမဲ့ ၂၀၁၄ ခုနှစ် ရင်သားကင်ဆာရှိကြောင်း ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ ကံတရားက သူမကို ချောင်ပိတ်ရိုက်လိုက်သလို ခံစားလာရပါတော့တယ်။
ဒါပေမဲ့ အလဲထိုးလိုက်တယ်လို့ ထင်ရစေတဲ့ အဆိုပါထိုးနှက်ချက်က ချန်ချောင်းရဲ့ဘဝ ကို တစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့ပါတယ်။ “ကျွန်မကျန်းမာရေး မကောင်းတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြောင်းလဲလိုက်တယ်။ ကျွန်မ ပျော့ပျော့ညံ့ညံ့နဲ့ အသက်မရှင်ချင်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် နေချင်တယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ချင်တယ်။ ကြိုးစားကြည့်ချင်တယ်။” လို့ သူမက အပွင့်အလင်းဆုံး ပြောလာခဲ့ပါတယ်။ ဒါဟာ အတိတ်ကို သတ္တိရှိစွာ ခွဲထုတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ လူအများစုဟာ ရောဂါဝေဒနာကြောင့် ဖြစ်ပေါ်လာမဲ့ဆုံးရှုံးမှုတွေကို ကြောက်ရွံ့ကြပါတယ်။ ဒါပေမဲ့ ချန်ချောင်းကတော့ ဒီအခွင့်အရေးကို အသုံးချပြီး ခံစားချက်မဲ့ကာ သူများပြောသမျှ နာခံတတ်တဲ့ အတိတ်ဘဝထဲကနေ ရုန်းထွက်လာခဲ့ပါတယ်။ မိမိရဲ့ခန္ဓာကိုယ်ကို ပြန်လည်လေ့ကျင့်ဖို့ စတင်လာခဲ့ပါတယ်။ ချန်ချောင်းဟာ Gym ဆော့ခြင်းကို “ဓာတုကုထုံး” အဖြစ်သဘောထားခဲ့ပါတယ်။ Gym ခန်းမထဲမှာ ဘယ်တုန်းကမှ မရရှိဖူးတဲ့ပျော်ရွှင်မှုကို သူမ ရှာတွေ့ခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ မိမိကိုယ်ကို အလွန်အမင်းစည်းကမ်းထိန်းချုပ်မှုတွေ ရှိနေပါတယ်။ တစ်ရက်ကို ရေ ၉ လီတာသောက်ရပါတယ်။ ပြိုင်ပွဲမဝင်ခင်မှာ ရေဖြတ်ထားရပါတယ်။ မနက် ၄ နာရီကစပြီး လေ့ကျင့်ခန်းလုပ်ရပါတယ်။ အခုလိုမျိုး သာမန်လူတွေ မခံနိုင်တဲ့ စည်းကမ်းတင်းကျပ်မှုမျိုးက သူမရဲ့ပါးစပ်ထဲမှာတော့ “ပြိုင်ပွဲဝင်ပြိုင်ဖို့ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။” လို့သာ အလွယ်တကူ ပြောထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်မှာတော့ အံ့သြစရာကောင်းတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေပါတယ်။ ချန်ချောင်းဟာ ပထမဆုံးပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပေမဲ့ အလျင်စလို လုပ်ခြင်းမရှိဘဲ ၅ နှစ်အကြာ လေ့ကျင့်ခဲ့ပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် နေရာအနှံ့မှာ ပြိုင်ပွဲသွားကြည့်ခြင်း၊ ပြိုင်ဘက်ကို လေ့လာခြင်းနဲ့ အားနည်းချက် ပြုပြင်ခြင်းတို့ လုပ်ခဲ့ပါတယ်။
ချန်ချောင်း အောင်နိုင်ခဲ့တဲ့အရာတွေဟာ ဆေးပညာရပ်အရ ရောဂါဝေဒနာတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာတစ်ခုတည်းတင် မဟုတ်ပါဘူး။ ချန်ချောင်းက အင်ထရိုဗတ်ဖြစ်ခြင်း၊ ပျော့ညံ့ခြင်းနဲ့ ဒေါသကို မျိုသိပ်ထားရတဲ့အတိတ်ဘဝကို အောင်နိုင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲက အသက်အရွယ်နဲ့အမျိုးသမီးတွေအပေါ် ပုံသေကားချပ်ကျနေတဲ့ အမြင်တိမ်းစောင်းမှုတွေကို အောင်နိုင်ခဲ့ပါတယ်။ ကြီးမားတဲ့ ဘဝအပြောင်းအလဲတွေကို ရင်ဆိုင်လာရတဲ့အခါတိုင်း စိတ်ပျက်အားငယ်ပြီး လက်လျှော့တတ်ကြတဲ့ လူအများစုရဲ့ရွေးချယ်မှုကို အောင်နိုင်ခဲ့ပါတယ်။
သူမရဲ့အသက် ၆၀ မှာ သူမကိုယ်သူမ လက်ဆောင်ပေးခဲ့တဲ့ ဒီဆုတံဆိပ်ဟာ တကယ်တမ်းမှာတော့ မိမိဘဝရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အောင်မြင်စွာ “ပြန်လည်ရယူနိုင်ခဲ့ခြင်း” တစ်ရပ်ပဲ ဖြစ်ပါတယ်။ လူ့ဘဝရဲ့ဒုတိယသက်တမ်းမှာ လူအများစုဟာ ကိုယ့်နေရာလေးမှာ ကိုယ်နေဖို့ ရွေးချယ်ကြပြီး စိတ်ဓာတ်ကျနေကြချိန်မှာ “မိမိဘဝရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လက်မလျှော့သေးသရွေ့၊ ပထမသက်တမ်းမှာ ဘယ်လိုပင် ရှုံးနိမ့်ခဲ့ပါစေ၊ ဒုတိယသက်တမ်းမှာ အားရကျေနပ်စရာကောင်းတဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို လုပ်သွားနိုင်ဦးမှာပါ” လို့ ချန်ချောင်းက လက်တွေ့အလုပ်ဖြင့် သက်သေပြခဲ့ပါတယ်။ ဒါဟာ ချန်ချောင်းတစ်ဦးတည်းရဲ့အောင်နိုင်ခြင်းမဟုတ်ပါဘူး။ အသက်အရွယ်၊ ရောဂါဝေဒနာ ဒါမှမဟုတ် ထူးမခြားနားတဲ့နေ့စဉ်ဘဝထဲမှာ လှောင်ပိတ်နေကြတဲ့လူတွေအတွက် စိတ်ဓာတ်ခွန်အားပေးမှုတစ်ရပ်ပဲဖြစ်ပါတယ်။

19/06/2026

စည်းလုံးချက် တက်ညီလက်ညီရှိလိုက်တာ

19/06/2026

စမ်းရေမိုးဖန်နဲ့အောင်ဇမ္ဗူဖန်တို့ မြေပြင်မှာထိပ်တိုက်တွေ့ပြီ

19/06/2026

စက်ဘိန်းတွေက တောင့်ချက်

19/06/2026

သုတစုံလင် ဗုဒ္ဓဝင် ပြိုင်ပွဲမှာ ပထမ ရခဲ့တဲ့ အိကြာဖြူလေးကတော့ ယဉ်ကျေးလိမ္မာ ကလေးငယ်တွေ ကို သင်ကြားပေးနေတာ

19/06/2026

ထူးထူးဆန်ဆန်း CCTVမှ မြင်တွေ့ရတဲ့ ရှင်သီဝလိကိုယ်တော်ရွေ့လျားနေပုံ

19/06/2026

အဖိုးတစ်ယောက်ကို လာစွန့်ပစ်သွားတာ

19/06/2026

အထည်ဆိုင်မှာ ဖုန်းအလစ်သုတ်သွားတာ

Want your school to be the top-listed School/college in Delhi?

Click here to claim your Sponsored Listing.

Location

Website

Address

Delhi