31/03/2025
#သံဃာတော်အရှင်မြတ်တို့ဘုရား
🙏🙏🙏🙏🙏🙏
ကာယကံ မတျတော ဝစီကံမတျတော
မနောကံမေတ္တာ မေတ္တာသုံးပါး
စုံညီစွာဖြင့် မြန်မာပြည်သူပြည်သား
ကမ္ဘာသူကမ္ဘာသား အားလုံးတို့အား
ငလျင်ဘေးဒဏ်ကျရောက်ပြီးကို
သက်သာစေခြင်းအကျိုး၊
နောက်နောင်မကျရောက်စေခြင်း
အကျိုးများကို ရည်သန်ပါ၏ ။
အားလုံး၏ ဒုက္ခများကို
ကြင်နာသနား စာနာသောအားဖြင့်
မေတ္တာပို့ခြင်း ဆုတောင်းခြင်း
အမျှအတမ်းပေးဝေခြင်းများ
ပြုလုပ်ပါမည်ဘုရား 🙏🙏🙏🙏
💐 သို့ဖြစ်ပါသောကြောင့်
မေတ္တာကရုဏာ ရှေ့ရှု၍
ကြွရောက်ချီးမြောက်
ပေးစေလိုပါကြောင်းကို
🙏 ရိုသေဦးခိုက်စွာ
လျှောက်ထားအပ်ပါသည်
သံဃာတော်အရှင်မြတ်တို့ဘုရား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
💐💐💐 ရတနာသုံးပါးတို့၏ 💐💐💐
ဂုဏ်တော်ကျေးဇူးတော်တို့ဖြင့်
ငလျင်ဘေးဒဏ် ခံခဲ့ရသူများလည်း
ဒုက္ခအပေါင်းမှ သက်သာကြပါစေ ။
နောက်နောင်လည်း အန္တရာယ်အပေါင်း
ဘေးအပေါင်းဟူသမျှ ကင်းဝေးကြပါစေ ။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
အရှင်နန္ဒောဘာသ
ပြန်ကြားရေးမှူးဆရာတော်