Global EduVoyage

Global EduVoyage Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global EduVoyage, Educational consultant, Dublin.

Apex Mingalar Pathway Limited ( Ireland CRO - Company Registered No. 806896 )

ICEF - Ireland Education Agent Course Certified Agency (ICG-209)

မိမိရဲ့ အနာဂတ်ပညာရေးအတွက် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ဖို့ Global EduVoyage က အမြဲအဆင်သင့်ရှိနေပါတယ်

👩‍💻Global Tech Giants company တွေရဲ့ Headquarters တွေရှိပြီး ဥရောပရဲ့ Silicon Valley ဖြစ်တဲ့ 🇮🇪Ireland နိုင်ငံမှာ IT ကျေ...
19/08/2026

👩‍💻Global Tech Giants company တွေရဲ့ Headquarters တွေရှိပြီး ဥရောပရဲ့ Silicon Valley ဖြစ်တဲ့ 🇮🇪Ireland နိုင်ငံမှာ IT ကျောင်းတက်ချင်ပေမယ့် ဘယ်လို IT Majorတွေကိုရွေးချယ်ရမလဲစဉ်းစားရခက်နေတဲ့ကျောင်းသားတွေအတွက်…

IT ဆိုတာ Computer Science တစ်ခုပဲ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ Career Goal အလိုက် ရွေးချယ်လို့ရတဲ့ Major အမျိုးအစားတွေ အများကြီးရှိပါတယ်။

💻 1. Software Development / Software Engineering

- Software, Mobile App နဲ့ Website တွေ ဖန်တီးတည်ဆောက်တာကို အဓိကလေ့လာရပါတယ်။
- Programming ကို စိတ်ဝင်စားသူတွေအတွက် သင့်တော်ပါတယ်။
- Career: Software Engineer, Mobile App Developer, Web Developer

🌐 2. Cyber Security

- Computer System နဲ့ Network တွေကို Hacker Attack တွေကနေ ကာကွယ်ဖို့ လေ့လာရတဲ့ Major ဖြစ်ပါတယ်။
- Security နဲ့ Problem Solving ကို စိတ်ဝင်စားသူတွေအတွက် အခွင့်အလမ်းကောင်းပါတယ်။
- Career: Cyber Security Analyst, Security Engineer

📊 3. Data Analytics / Data Science

- Data တွေကို စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာပြီး Business Decision တွေချနိုင်အောင် လုပ်ဆောင်ရတဲ့ ဘာသာရပ်ပါ။
- Numbers နဲ့ Analysis ကို စိတ်ဝင်စားသူတွေအတွက် သင့်တော်ပါတယ်။
- Career: Data Analyst, Business Intelligence Analyst, Data Scientist

☁️ 4. Cloud Computing

- Cloud Platform တွေကို အသုံးပြုပြီး Application နဲ့ Data တွေကို စီမံခန့်ခွဲနည်းကို သင်ယူရပါတယ်။
- Career: Cloud Engineer, Cloud Administrator

🤖 5. Artificial Intelligence (AI) & Machine Learning

- AI Technology၊ Automation နဲ့ Smart Systems တွေ ဖန်တီးနည်းကို လေ့လာရပါတယ်။
- AI Industry ကြီးထွားလာတာနဲ့အမျှ Demand မြင့်လာတဲ့ Major တစ်ခုပါ။
- Career: AI Engineer, Machine Learning Engineer

🖥️ 6. Computer Science

- Programming, Database, Networking, Algorithms စတဲ့ IT Foundation တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရတဲ့ Major ဖြစ်ပါတယ်။
- IT Career လမ်းကြောင်းအမျိုးမျိုးကို ဆက်လက်ရွေးချယ်နိုင်ပါတယ်။

📌 ဘယ် Major ကိုရွေးသင့်လဲ?
✅ Programming ကြိုက်တယ်ဆိုရင် – Software Development
✅ Security ကိုစိတ်ဝင်စားရင် – Cyber Security
✅ Data Analysis ကြိုက်တယ်ဆိုရင် – Data Analytics
✅ AI Technology ကိုစိတ်ဝင်စားရင် – Artificial Intelligence
✅ IT ကို အခြေခံကနေ ကျယ်ကျယ်ပြန့်ပြန့် သင်ချင်ရင် – Computer Science

🍀 Ireland ဟာ Technology Company တွေများတဲ့နိုင်ငံဖြစ်တဲ့အတွက် IT ဘာသာရပ်တွေဟာ နိုင်ငံတကာကျောင်းသားတွေကြားမှာ လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ education background အလိုက် ရွေးချယ်တက်ရောက်လို့ရမယ့် major တွေအကြောင်း အသေးစိတ်ဆွေးနွေးပြီး အိုင်ယာလန်မှာ ကျောင်းတက်ချင်တယ်ဆိုရင်တော့ Global EduVoyage မှာ အခမဲ့ consultation ယူပြီးတိုင်ပင်ဆွေးနွေးလို့ရပါတယ်။

🎓Global EduVoyage 🤝💖
📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ်ရှင့် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

🏰 Rock of Dunamase ဆီသို့ခရီးလေးကတော့ မြန်မာဘုန်းတော်ကြီးကျောင်းဆီ Global EduVoyage မိသားစုမှ နေ့ဆွမ်းနှင့် ဝါဆိုသင်္ကန်...
14/08/2026

🏰 Rock of Dunamase ဆီသို့ခရီးလေးကတော့ မြန်မာဘုန်းတော်ကြီးကျောင်းဆီ Global EduVoyage မိသားစုမှ နေ့ဆွမ်းနှင့် ဝါဆိုသင်္ကန်း သွားရောက်ကပ်လှူအပြီး Dublin မြို့ဆီ ပြန်လာတဲ့ လမ်းတစ်ဝက်ခန့်မှာ ရှိတဲ့ National Monument of Ireland 🇮🇪 ဖြစ်တဲ့ 🏰 Rock of Dunamase ဆီသို့ Global EduVoyage ရဲ့ ကျောင်းသားများကို လိုက်လံ ပို့ဆောင်ပေးခဲ့ကာ Founders များနှင့် အတူတူ သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

🚘 Transportation အနေနဲ့ Public Transport နဲ့ဆို သွားရောက်ဖို့ ခက်ခဲပြီး ကားမောင်းသွားမယ်ဆိုရင် Dublin မြို့မှ ၁ နာရီ ခွဲခန့် သွားရတဲ့ Portlaoise မြို့အနီး N80 လမ်းမကနေ အတွင်းဘက်မှာ ရှိပါတယ်။

🏰 Rock of Dunamase ဟာ ရိုးရိုး castle ruins တစ်ခုထက်ပိုပြီး 🇮🇪 Ireland ရဲ့ ရာစုနှစ်ပေါင်းများစွာ သမိုင်းကြောင်းတွေကို ပြောပြနေတဲ့ နေရာတစ်ခုပါ။ ယနေ့ခေတ်မှာတော့ ကျန်ရှိနေတဲ့ castle ruins တွေ၊ ကျောက်တောင်ပေါ်က လမ်းလျှောက်ရင်း မြင်ရတဲ့ Laois countryside နဲ့ Slieve Bloom Mountains ရဲ့ ရှုခင်း တွေကြောင့် သမိုင်းနဲ့ သဘာဝအလှကို တစ်ပြိုင်နက်တည်း ခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။

“Dunamase” ဆိုတဲ့နာမည်က Irish ဘာသာ Dún Másc ကနေ ဆင်းသက်လာပြီး “Fort of Másc” လို့ အဓိပ္ပါယ်ရပါတယ်။ မြေပြင်ကနေ 46 မီတာ (151 ပေ) ခန့်မြင့်တဲ့ limestone rock ပေါ်မှာ တည်ရှိတာကြောင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို အဝေးအထိ မြင်နိုင်ပြီး ရှေးခေတ်ကတည်းက စစ်ရေးအရ အလွန်အရေးပါတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

⏪️ Back to 9th Century

1990s ခုနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ archaeological excavation တွေအရ ဒီကျောက်တောင်ပေါ်မှာ 9 ရာစုအစောပိုင်းက hill fort (dún) တည်ရှိခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ AD 845 ခုနှစ်မှာ Dublin က Viking တွေက ဒီနေရာကို တိုက်ခိုက်ခဲ့ပြီး Terryglass ရဲ့ abbot ဖြစ်သူ Aed လည်း ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

နောက်ပိုင်း 12 ရာစုမှာ Norman တွေ Ireland ကို ရောက်လာတဲ့အခါ Dunamase ဟာ Laois ရဲ့ အရေးအကြီးဆုံး Hiberno-Norman fortifications တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

1170 ခုနှစ်မှာ Leinster ဘုရင် Dermot Mac Murrough ရဲ့ သမီး Aoife ဟာ Norman ခေါင်းဆောင် Strongbow (Richard de Clare) နဲ့ လက်ထပ်ခဲ့ပြီး Dunamase ဟာ Aoife ရဲ့ dowry ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ Norman invasion of Ireland ရဲ့ သမိုင်းကြောင်းနဲ့လည်း နီးကပ်စွာ ဆက်စပ်နေပါတယ်။ နောက်ပိုင်း Aoife နဲ့ Strongbow တို့ရဲ့ သမီး Isabel လက်ထပ်တဲ့အခါ Dunamase ဟာ Marshal မိသားစုထံ ရောက်ရှိခဲ့ပါတယ်။

Rock of Dunamase ဟာ Ireland ရဲ့ County Laois ကို ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အင်အားကြီး O’More (Ó Mórdha) မိသားစု ရဲ့ သမိုင်းနဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပါတယ်။ 1400 ပြည့်နှစ်များကနေ 16 ရာစုအထိ Dunamase ဟာ O’More မိသားစုရဲ့ နယ်မြေထဲမှာ ပါဝင်ခဲ့ပါတယ်။ O’More မိသားစုဟာ Laois ဒေသမှာ အင်အားကြီးမားတဲ့ Irish မျိုးနွယ်စုတစ်ခုဖြစ်ပြီး အင်္ဂလိပ်အာဏာ ချဲ့ထွင်လာမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

အထူးသဖြင့် Rory O’More ဟာ အင်္ဂလိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။ O’More မိသားစုရဲ့ Laois နဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုကြောင့် ယနေ့တိုင် County Laois ကို “The O’Moore County” လို့ ခေါ်ဆိုကြပါတယ်။

16 ရာစုအတွင်း အင်္ဂလိပ်တို့ရဲ့ ဖိအားတွေ တိုးပြီးလာတဲ့အခါ O’More မိသားစုဟာ Dunamase ကို စွန့်ခွာပြီး Kildare ဘက်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ 1574 ခုနှစ်မှာ သူတို့ရဲ့ ဆွေမျိုးဖြစ်သူ အင်္ဂလန်ဘုရင်မ Elizabeth I ထံမှ မြေယာရရှိပြီး Kildare မှာ အခြေချခဲ့ကြပါတယ်။

တစ်ချိန်က Ireland ရဲ့ အင်အားအကြီးဆုံး Irish မိသားစုတွေထဲက တစ်ခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ အာဏာနဲ့ အဆင့်အတန်းတွေ လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ့် Irish သမိုင်းမှာတော့ O’More မိသားစုရဲ့ အခန်းကဏ္ဍက ဆက်လက်အရေးပါနေခဲ့ပါတယ်။

⚔️ Dunamase ရဲတိုက်ရဲ့ နောက်ဆုံးကာလတွေမှာတော့ Dunamase Castle ဟာ Cromwellian Wars အတွင်းမှာ အဓိကစစ်ပွဲဖြစ်ပွားရာနေရာ မဟုတ်ခဲ့ပေမယ့် 1650 ခုနှစ်မှာ “slighted” လုပ်ခံခဲ့ရပြီး ပြန်လည်အသုံးမပြုနိုင်အောင် ရဲတိုက်ကို တမင်တကာ ပျက်စီးစေခဲ့ပါတယ်။

နောက်ပိုင်း 18 ရာစုအဆုံးပိုင်းမှာ Sir John Parnell က ရဲတိုက်အပျက်အစီးတွေထဲမှာ banqueting hall တစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး အဲဒီအဆောက်အအုံမှာ အနီးအနားက medieval buildings တွေက ယူဆောင်လာတဲ့ ရှေးဟောင်းဗိသုကာအစိတ်အပိုင်းတွေကိုပါ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

ယနေ့မှာတော့ ကျန်ရှိနေတဲ့ Dunamase Castle ruins တွေဟာ O’More မိသားစုရဲ့ သမိုင်း၊ အင်္ဂလိပ်အာဏာနဲ့ Irish လူမျိုးတို့ရဲ့ ပဋိပက္ခသမိုင်းတွေကို ပြန်လည်အမှတ်ရစေတဲ့ အရေးကြီးတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်နေပါတယ်။

🌿 Rock of Dunamase ကို ရောက်တဲ့အခါ မြင်ရတာက ရဲတိုက်အပျက်အစီးတွေတင်မဟုတ်ပါဘူး။ ဒီကျောက်တောင်ပေါ်ကနေ ကြည့်မယ်ဆိုရင် Laois ရဲ့ မြေပြင်နဲ့အတူ ရာစုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ Irish သမိုင်းတစ်ခုလုံးကို ခံစားနိုင်ပါတယ်။ 🇮🇪🏰

သမိုင်းကြောင်းကို ခံစားချင်သူတွေအတွက်ရော၊ Irish countryside ရဲ့ အလှကို ကြည့်ချင်သူတွေအတွက်ပါ Rock of Dunamase က Dublin ကနေ တစ်နေ့တာအတွင်း သွားလည်လို့ကောင်းတဲ့ hidden gem တစ်ခုအနေနဲ့ ရှိနေပါတယ် 🇮🇪✨

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ်ရှင့် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

🇮🇪 အိုင်ယာလန်နိုင်ငံမှာ ပညာသင်ဖို့ စီစဉ်ထားပေမယ့် ယခုနှစ် September Intake ကို မမီလိုက်ဘူးဆိုရင် နောက်နှစ် September အထိ...
13/08/2026

🇮🇪 အိုင်ယာလန်နိုင်ငံမှာ ပညာသင်ဖို့ စီစဉ်ထားပေမယ့် ယခုနှစ် September Intake ကို မမီလိုက်ဘူးဆိုရင် နောက်နှစ် September အထိ စောင့်ရမယ်လို့ တွေးနေပါသလား ???

🎓တကယ်တော့ Ireland မှာ University တိုင်း January Intake ဖွင့်တာ မဟုတ်ပေမယ့်၊ Universities & Colleges အချို့မှာတော့ Foundation, Bachelor နဲ့ Master Programme တွေအတွက် January / February Intake ကို လက်ခံပေးနေပါတယ်။

ဒါကြောင့်…

✅September Intake မမှီလိုက်သူတွေ
✅Gap Year မယူချင်တဲ့သူ
✅အမြန်ဆုံး Ireland ကို ကျောင်းသွားချင်တဲ့သူတွေ အတွက် January Intake က အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

⚠️သတိထားရမယ့်အချက်များ

January Intake မှာ University တိုင်း Programme အားလုံးမဖွင့်ပါဘူး။

📌University အလိုက် Programme
📌Intake Date
📌Application Deadline တွေ မတူညီတဲ့အတွက် စောစောပြင်ဆင်ပြီး လျှောက်ထားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

🤔အိုင်ယာလန်မှာ ကျောင်းတက်မယ်ဆို ကိုယ့်နဲ့ အကိုက်ညီဆုံး ကျောင်းကို အကြံဥာဏ်ရယူကာ ရွေးချယ်နိုင်ဖို့ နဲ့ ဗီဆာ အောင်မြင်ဖို့အတွက် ICEF - Qualified Ireland Consultant ဖြစ်တဲ့ Ireland Course Graduate (ICG) လက်မှတ်ရ Global EduVoyage မှ သေချာဂရုတစိုက် လမ်းညွှန်လုပ်ဆောင်ပေးနေပါတယ်။

အခုဆိုရင် Global EduVoyage မှ ကျောင်းသားများ September Intake အတွက် ဗီဆာအောင်မြင်မှုများ ရရှိနေပြီး ဗီဆာ approved ရရှိဖို့ စောင့်ဆိုင်းနေသူများလည်း အမြန်ဆုံး ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း 2027 January / February intake တက်ရောက်မယ့် ကျောင်းသားများလည်း Intake အမီ တက်ရောက်နိုင်ဖို့ အချိန်မီ လျှောက်ထားကြပါနော်

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ်ရှင့် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

🥳 Congratulations on 🇮🇪 Ireland Visa Approval and Welcome to Ireland 🥰🇮🇪Ireland နိုင်ငံ Carlow မြို့ ရှိ South East Tech...
11/08/2026

🥳 Congratulations on 🇮🇪 Ireland Visa Approval and Welcome to Ireland 🥰

🇮🇪Ireland နိုင်ငံ Carlow မြို့ ရှိ South East Technological University မှာ တက်ရောက်ပညာသင်ယူဖို့ Irish Study Visa ရရှိခဲ့တဲ့ ညီမလေး Cherry အတွက် ထပ်တူ ဝမ်းမြောက်ဂုဏ်ယူပါတယ် 🥰

Consultation မှ စလို့ ကျောင်းလျှောက်တာနဲ့ , Visa ပြင်ဆင်တာအထိ အဆင့်ဆင့် အတူတကွ လက်တွဲ ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ Ireland Student Visa ကို ရရှိသည်အထိ စနစ်တကျ လိုက်နာဆောင်ရွက်ခဲ့ပေးတဲ့အတွက် Global EduVoyage Team အနေဖြင့် များစွာကျေးဇူးတင်ရှိပါတယ် 🥰🥰

အနာဂတ်ပညာရေးအောင်မြင်မှုတွေနဲ့အတူ အနာဂတ်ခရီးလမ်းမှာလည်း အဆင်ပြေအောင်မြင်မှု တွေရရှိနိုင်ပါစေလို့ Global EduVoyage Team က ဆုတောင်းပေးလိုက်ပါတယ်….. 🥰🥰🥰

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်

🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ်ရှင့် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ သီရိမင်္ဂလရံသီ မြန်မာဘုန်းတော်ကြီးကျောင်း၌ Global EduVoyage ၏ Foun...
08/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ သီရိမင်္ဂလရံသီ မြန်မာဘုန်းတော်ကြီးကျောင်း၌ Global EduVoyage ၏ Founder (၃) ဦးနှင့်အတူ အိုင်ယာလန်နိုင်ငံတွင် ပညာသင်ကြားနေကြသော EduVoyage ၏ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဤကုသိုလ်ကောင်းမှုအစုစုကို ထပ်တူထပ်မျှ ရရှိကြပါစေရန် အလှူမှတ်တမ်းဓာတ်ပုံအချို့ကို ပြန်လည်မျှဝေလိုက်ရပါတယ်။

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

🥳 Congratulations on 🇮🇪 Ireland  Visa Approval and Welcome to Ireland 🥰🇮🇪Ireland နိုင်ငံ မြို့တော် Dublinရှိ National Co...
31/07/2026

🥳 Congratulations on 🇮🇪 Ireland Visa Approval and Welcome to Ireland 🥰

🇮🇪Ireland နိုင်ငံ မြို့တော် Dublinရှိ National College of Ireland မှာ တက်ရောက်ပညာသင်ယူဖို့ Irish Study Visa ရရှိခဲ့တဲ့ ညီမလေး မေရတနာထွန်းအတွက် ထပ်တူ ဝမ်းမြောက်ဂုဏ်ယူပါတယ် 🥰

Consultation မှ စလို့ ကျောင်းလျှောက်တာနဲ့ , Visa ပြင်ဆင်တာအထိ အဆင့်ဆင့် အတူတကွ လက်တွဲ ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ Ireland Student Visa ကို ရရှိသည်အထိ စနစ်တကျ လိုက်နာဆောင်ရွက်ခဲ့ပေးတဲ့အတွက် Global EduVoyage Team အနေဖြင့် များစွာကျေးဇူးတင်ရှိပါတယ် 🥰🥰

အနာဂတ်ပညာရေးအောင်မြင်မှုတွေနဲ့အတူ အနာဂတ်ခရီးလမ်းမှာလည်း အဆင်ပြေအောင်မြင်မှု တွေရရှိနိုင်ပါစေလို့ Global EduVoyage Team က ဆုတောင်းပေးလိုက်ပါတယ်….. 🥰🥰🥰

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

Page Messenger ဒါမှမဟုတ် Viber +353870349763 မှာ one on one အခမဲ့ consultation ‌appointment လေးလာယူပြီး အသေးစိတ်လေးစုံစမ်းလို့ရပါတယ်ရှင့် 🤗

Telegram Channel : https://t.me/GlobalEduVoyage

Viber Channel : https://invite.viber.com/?g2=AQAsFPscsMmsiFXXusrVxNgynXDeX9rRmMPqCrOSXxEWp5zOhfbLVS0X4qQ6HU20

🥳 Congratulations on 🇮🇪 Ireland  Visa Approval and Welcome to Ireland 🥰🇮🇪Ireland နိုင်ငံ မြို့တော် Dublinရှိ Dublin Busi...
30/07/2026

🥳 Congratulations on 🇮🇪 Ireland Visa Approval and Welcome to Ireland 🥰
🇮🇪Ireland နိုင်ငံ မြို့တော် Dublinရှိ Dublin Business School မှာ တက်ရောက်ပညာသင်ယူဖို့ Irish Study Visa ရရှိခဲ့တဲ့ ညီမလေး သက်မြတ်နိုးအတွက် ထပ်တူ ဝမ်းမြောက်ဂုဏ်ယူပါတယ် 🥰

Consultation မှ စလို့ ကျောင်းလျှောက်တာနဲ့ , Visa ပြင်ဆင်တာအထိ အဆင့်ဆင့် အတူတကွ လက်တွဲ ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ Ireland Student Visa ကို ရရှိသည်အထိ စနစ်တကျ လိုက်နာဆောင်ရွက်ခဲ့ပေးတဲ့အတွက် Global EduVoyage Team အနေဖြင့် များစွာကျေးဇူးတင်ရှိပါတယ် 🥰🥰
အနာဂတ်ပညာရေးအောင်မြင်မှုတွေနဲ့အတူ အနာဂတ်ခရီးလမ်းမှာလည်း အဆင်ပြေအောင်မြင်မှု တွေရရှိနိုင်ပါစေလို့ Global EduVoyage Team က ဆုတောင်းပေးလိုက်ပါတယ်….. 🥰🥰🥰
🌍 Global EduVoyage
Your Trusted Partner for Education, Visa & Ireland Settlement 🇮🇪✨
Global EduVoyage သည် 🇮🇪 Ireland အခြေစိုက် Education Consultancy ဖြစ်ပြီး 🇮🇪 Ireland CRO Registered Company ဖြစ်သော Apex Mingalar Pathway Ltd ( Registered No. 806896) ဖြင့် တရားဝင် လုပ်ကိုင်လျက်ရှိပါသည်။ Irish Immigration Guidelines နှင့်အညီ လုပ်ဆောင်သောကြောင့် Visa Process များကို မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
🎓 ICEF Academy မှ
🇮🇪 Ireland Education Agent Course (IEAC) (ICG-209)
🇬🇧 UK Agent & Counsellor Training Course
တို့ကို အောင်မြင်စွာ ပြီးမြောက်ထားသောကြောင့်
📌 Consultation
📌 Course & University Selection
📌 Scholarship Opportunities
📌 University Applications
📌 Visa Guidance များကို Professional Knowledge ဖြင့် ယုံကြည်စိတ်ချစွာ အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
🌍 Real Experience Team
Ireland 🇮🇪 နိုင်ငံတွင် ကိုယ်တိုင် University တက်ထားကာ Graduated ဖြစ်ထားပြီး လက်ရှိနေထိုင်လျက် ရှိခြင်းကြောင့် Student Career အတွက် ကိုယ်တိုင် Real-Life Experience အတွေ့ကြုံများစွာ ရှိထားကြပြီး Part Time Job Referral ပေးခြင်းနှင့် Visa Success Experience များစွာရှိသော Team ဖြစ်ပါတယ်။
🇮🇪 အိုင်ယာလန်နိုင်ငံ သာမက 🇲🇲 မြန်မာနိုင်ငံနှင့် 🇹🇭 ထိုင်းနိုင်ငံများတွင်လည်း Country Representatives များရှိသော Agency ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းသားများ အိုင်ယာလန် ရောက်လာပြီးနောက် အဆင်ပြေစေဖို့ 🇮🇪 အိုင်ယာလန် 📌 Settlement Support များလည်း ကူညီပေးလျက် ရှိပါတယ်။
✅ Part-Time Job အတွက် အိုင်ယာလန်ရှိ Founders များမှ Referral များဖြင့် ကူညီပေးခြင်း
✅ Accommodation ကူညီရှာပေးခြင်း
✅ အခြား Ireland Student Life Support များနှင့် Daily Life Support များကိုလည်း Founders များမှ အခမဲ့ ကူညီပေးလျက်ရှိပါတယ် 🤗
✨ Ireland 🇮🇪 တွင် ပညာသင်ခရီးစဉ်ကို ယုံကြည်မှုအပြည့်ဖြင့် စတင်လိုပါသလား?
Global EduVoyage သည် သင့်အတွက် အကောင်းဆုံး လမ်းညွှန်သူဖြစ်ရန် အမြဲအသင့်ရှိနေပါတယ်။
Page Messenger သို့မဟုတ် Viber +353 87 034 9763 မှတဆင့် Appointment ရယူပြီး ✨ အခမဲ့ Consultation ဖြင့် သင့်ရဲ့ Ireland ပညာရေးခရီးစဉ်ကို ယနေ့ပဲ စတင်နိုင်ပါပြီ 🤗
Telegram : https://t.me/GlobalEduVoyage

🇮🇪 September Intake အတွက် Ireland ကို မကြာခင်ထွက်ခွာတော့မယ့် ကျောင်းသားတွေအတွက် immigration မှာလိုအပ်တဲ့ စာရွက်စာတမ်းတချ...
27/07/2026

🇮🇪 September Intake အတွက် Ireland ကို မကြာခင်ထွက်ခွာတော့မယ့် ကျောင်းသားတွေအတွက် immigration မှာလိုအပ်တဲ့ စာရွက်စာတမ်းတချို့ကို sharing လုပ်ပေးချင်ပါတယ်။ 🇮🇪
Visa Approved ရထားပြီးရင်ကျောင်းသားအများစုက လေယာဥ်လက်မှတ်ဝယ်ဖို့၊ Packing နဲ့ Accommodation planတွေကိုပဲ အာရုံစိုက်နေတတ်ကြပါတယ်။
ဒါပေမယ့် Irelandေလဆိပ် ကိုရောက်တဲ့အချိန် Border Control မှာ Immigration ဖြတ်ရတဲ့ခါမှာ တင်ပြဖို့ လိုအပ်နိုင်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့နော် 😉

✈️ဒါကြောင့် Hand carry အိတ်ထဲမှာ ဆောင်ထားသင့်တဲ့စာရွက်စာတမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်
1.Passport
2.School offer letter/acceptance letter
3.Tuition fee payment receipt
4.Accommodation confirmation
5.Financial documents ( Bank statements)
6.Medical insurance
တခြားကျောင်းနဲ့သက်ဆိုင်နိုင်တ့ဲ အရေးကြီးစာရွက်စာတမ်းများတို့့ကို ပြင်ဆင်လာဖို့လိုပါမယ်။

ဒါ့အပြင် တခါတရံမှာ Immigration Officer မှ
* ဘယ်ကျောင်းမှာ တက်မှာလဲ?
* ဘယ်မှာ နေမှာလဲ?
* ဘာ Course တက်မှာလဲ?
* ငွေကြေးအစီအစဥ်က ဘယ်လိုရှိလဲ?
စတဲ့ မေးခွန်းတွေကိုလည်း မေးမြန်းနိုင်တာဖြစ်လို့ မေးမြန်းခံရတဲ့အခါမှာ စိတ်မလှုပ်ရှားပဲနဲ့ ကိုယ့်ဆီမှာရှိတဲ့ information တွေကို တိတိကျကျ ပြောပြပေးရင် ရပါပြီ။
အကြံပြုချက်အနေနဲ့ Documents အားလုံးကို Folder တစ်ခုထဲ စနစ်တကျ ထည့်ထားပြီး လွယ်ကူစွာ ထုတ်ပြနိုင်အောင် ပြင်ဆင်ထားပါ။ Checked baggage ထဲမထည့်ဘဲ hand carry ထဲမှာပဲ ဆောင်သွားတာက ပိုလုံခြုံပါတယ်။
Arrival တွက် သေချာပြင်ဆင်ထားခြင်းကလည်း Ireland မှာ ကိုယ့်ရဲ့ education journey ကို ယုံကြည်မှုအပြည့်နဲ့ စတင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်🍀 🇮🇪

Pre-arrival နဲ့ ပတ်သက်တဲ့ ဖော်ပြပါ အချက်အလက်တွေကိုလည်း Irish Immigration official website မှာလည်း ကြည့်ရှုနိုင်တဲ့အတွက် reference link လေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။
Reference link - https://www.irishimmigration.ie/suggested-documents-to-present-at-border-control/

အားလုံးပဲ အဆင်ပြေကြပါစေ 🍀

🎓Global EduVoyage 🤝💖

📌 https://www.facebook.com/share/1Ga3GKkBW3/?mibextid=wwXIfr

☘️ အိုင်ယာလန်ကို ကျောင်းလာတက်မယ့် ကျောင်းသားများအတွက် 🎓 ကျောင်း၊ 🇮🇪 ဗီဆာ အခမဲ့ သာမက 🇮🇪 Ireland မှာ ကိုယ်တိုင် Graduated ဖြစ်ထားပြီးတဲ့ Founders များကိုယ်တိုင် Ireland Settlement၊ Accommodations, Part-time jobs Preparation & Referral များကိုလည်း ကိုယ်ပိုင် Experience များဖြင့် အခမဲ့ကူညီ လမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိပါတယ် 🤗

🇹🇭 Bangkok - Ireland Embassy Application and Return Service နှင့်
🇮🇪 Ireland, Dublin Airport pick-up service တို့ကိုလည်း additional ထပ်မံရယူနိုင်ပါတယ်ရှင့်

ခုကာလမှာ September intake တွက် visa တင်ပြီးတဲ့ ကျောင်းသားတွေရှိတာဖြစ်တာကြောင့်Ireland study visa ရလဒ်တွေကို ဘယ်လိုစစ်ဆေး...
20/07/2026

ခုကာလမှာ September intake တွက် visa တင်ပြီးတဲ့ ကျောင်းသားတွေရှိတာဖြစ်တာကြောင့်
Ireland study visa ရလဒ်တွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ အချက်အလက်လေးတွေကို အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🙌🏻
အိုင်ယာလန် immigration portal မှာ Register လုပ်ပြီး ဝင်ရောက်ကြည့်ရှုနည်းကတော့ -

✅ ပထမဆုံးအနေနဲ့ ယခု ဒီLink (https://portal.irishimmigration.ie/en/) ကနေသွားပြီး ဗီဇာလျှောက်ထားတုန်းက အသုံးပြုထားတဲ့ Email နဲ့ အကောင့် ( sign up ) ဖွင့်ပေးပါ။
Registration အဆင့်တွေမှာ မိမိရဲ့ personal details, အသုံးပြုမယ့် ဖုန်းနံပါတ်တို့ကို ထည့်သွင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။

⚠️ အရေးကြီးသတိပြုရန် - မြန်မာနိုင်ငံက ဖုန်းနံပါတ် (SIM card) အများစုဟာ လတ်တလော ဒီ Portal မှာ အကောင့်ဖွင့်တဲ့အခါ အဆင်မပြေတာမျိုး၊ OTP မဝင်တာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကျောင်းသား/သူတွေအနေနဲ့ အဆင်ပြေစေဖို့အတွက် ဖြစ်နိုင်ရင် ပြည်ပဖုန်းနံပါတ် ကို အသုံးပြုပြီး အကောင့်ဖွင့်ဖို့ အကြံပြုလိုပါတယ်။ account create တုန်းမှာ မြန်မာနံပါတ်နဲ့ အဆင်ပြေသွားပေမယ့် နောက်တစ်ခါ login ပြန်ဝင်ကြည့်ရှုတဲ့ အခါမှာ OTP မကျနိုင်တဲ့ အခြေအနေလည်းရှိတာမလို့ပါ။

✅ အကောင့်ဖွင့် ( sign up) ပြီးသွားရင် သူတို့ဘက်က email ကနေ Link တစ်ခု ပို့ပေးပါလိမ့်မယ်။ အဲ့ဒီ Link ကနေမှတစ်ဆင့် "ID-Pal" ဆိုတဲ့ Software ကို Download ဆွဲရမှာပါ။ (သတိပြုရန် - ဒီ App ကို ကိုယ့်ဘာသာ Search ပြီး Download ဆွဲလို့မရပါဘူး၊ DOJ က ပေးတဲ့ Link ကနေမှတစ်ဆင့်သာ သုံးလို့ရတာပါ)။

✅ App ထဲမှာ Passport Bio-data စာမျက်နှာ၊ visa လျှောက်ထားသူရဲ့ မျက်နှာကို scan ဖတ်တာနဲ့၊ သံရုံးမှာ ပိုက်ဆံသွင်းထားတဲ့ Slip နဲ့ လိုအပ်တဲ့ အခြားအထောက်အထားတွေကို တင်ပေးလိုက်ပါ။ ပြီးရင်တော့ successful verification က တစ်ရက်အတွင်းလည်းရနိုင်သလို ကြာမယ်ဆိုရင် အနည်းဆုံး
၃ ရက်လောက် စောင့်ပေးရပါမယ်။

✅ Department of Justice (DOJ) ဘက်က Review လုပ်ပြီး Approve ဖြစ်ပြီဆိုမှ Login ဝင်လို့ရမှာပါ။

✅ Approve ဖြစ်ပြီးရင်တော့ App ထဲကနေ visa application process နဲ့ visa decision ရမရကို ဝင်ကြည့်နိုင်ပါတယ်။ တကယ်လို့ Ireland ဘက်က Decision ချပေးလိုက်ပြီဆိုရင်တော့ သံရုံးကို Email ပို့ပြီး ဆက်လက်မေးမြန်းနိုင်ပါတယ်။

Official website မှာ ပြဌာန်းထားတဲ့ user guide link လေးကိုလည်း ထည့်ပေးထားတာဖြစ်လို့ ပြုလုပ်နည်းအဆင့်ဆင့်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇🏻

https://www.irishimmigration.ie/customer-service-portal-a-guide-to-using-the-online-self-service-portal/

အားလုံးပဲ အဆင်ပြေကြပါစေ။ ✨
နောက်ထပ် သိလိုတာများ ရှိရင်လည်း ထပ်မံမေးမြန်းနိုင်ပါတယ်။

✨ Ireland 🇮🇪 ပညာသင်ခရီးစဉ်ကို Confidence အပြည့်နဲ့ စတင်ချင်တယ်ဆိုရင် Global EduVoyage ကို ဆက်သွယ်လိုက်ပါ။

📱Phone & Viber : +353 87 034 9763
Telegram : https://t.me/GlobalEduVoyage

Address

Dublin

Alerts

Be the first to know and let us send you an email when Global EduVoyage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Global EduVoyage:

Shortcuts

Featured

Share