Burmese dreamcatcher

Burmese dreamcatcher

Megosztás

" Education Consultant “

ဟန်ဂေရီမှာရှိတဲ့တက္ကသိုလ်တွေကို ကျောင်းဝင်ခွင့်လျောက်ပေးပါတယ်။

06/06/2026

♥️ Burmese Dreamcatcher Edu မှာ ရရှိနိုင်တဲ့ services တွေကို ပြောပြပေးချင်ပါတယ်။

👩🏻‍🎓 အရင်ဆုံး B’dream ရဲ့ Founder အကြောင်းပါ!
အမက Hungary မှာ၂၀၁၇ ခုနှစ်ထဲက MSc program ကို FAO နဲ့ SH Scholarship နှစ်ခုလုံးကို တစ်ပြိုင်တည်းရရှိခဲ့ပြီး လက်ရှိမှာတော့ PhD Candidate ကျောင်းသူဖြစ်ပါတယ်။

⛳️ Hungary education စနှစ်ကို ကိုယ်တိုင်အတွေ့အကြုံနဲ့ ဖြတ်သန်းလာသူတစ်ယောက်အနေနဲ့ ကျောင်းလျောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို၂၀၁၈ လောက်ထဲက guidance ပေးနေခဲ့တာဖြစ်ပါတယ်။

📌 B’dream Education မှာ ရရှိနိုင်တဲ့ Services တွေကတော့

1️⃣ 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧

(Private 40 mins Zoom Session)
Zoom Discussion ထဲမှာ
📍Eligible with High School Diploma
📍Foundation Year options
📍ကိုက်ညီတဲ့ Universities/Programs ရွေးချယ်မှု့
📍Tuition fees + Living costs (ကုန်ကျစရိတ်)
📍Application process overview
စတာတွေကို အသေးစိတ်ဆွေးနွေးပေးမှာဖြစ်ပါတယ်။

2️⃣ 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐀𝐬𝐬𝐢𝐬𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 (Full service)
(From Beginning to Final Acceptance Letter)

✔️ Universities & Programs ရွေးချယ်မှု့
✔️ Documents preparation
✔️ Online application submission
✔️ Entrance exam/ Interview preparation
✔️ Application fee payment assistance
✔️ University follow-up process
စတဲ့ အပိုင်းတွေကို Application process အစကနေ
Acceptance Letter ရတဲ့အထိ step by step
full support guide လုပ်ပေးတဲ့ service ဖြစ်ပါတယ်။
လိုအပ်ရင် Zoom meeting ၂ကြိမ်လောက်ထိုင်ရပါတယ်။

3️⃣ 𝐕𝐢𝐬𝐚 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧
(Private 40 mins Zoom Session)

Hungary Student Visa process ကို
အကြမ်းဖျင်းနားလည်ချင်တဲ့သူများအတွက်
consultation service ဖြစ်ပါတယ်။
📍Visa application process
📍Required documents
📍Embassy interview preparation
📍Common mistakes to avoid
📍Visa timeline & preparation tips
တို့ကို အသေးစိတ်ရှင်းပြပေးပါတယ်။

4️⃣. 𝐕𝐢𝐬𝐚 𝐀𝐬𝐬𝐢𝐬𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞 (Full Service)

✔️ Visa document preparation
✔️ Interview guidance
✔️ Health insurance assistance
✔️ Flight ticket guidance
✔️ Accommodation assistance
✔️ Arrival guidance in Hungary
စတာတွေကို Visa process ကို
အစကနေ အဆုံးထိ support ပေးတဲ့ service ဖြစ်ပါတယ်။

📍Airport pickup service ကတော့ ရောက်မဲ့အချိန်နဲ့ ရက်စွဲပေါ်မူတည်ပီး Additional service ယူပီးလက်ခံဖြစ်မှာပါ။

B’dream Education က Service ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ သိချင်တာ လိုအပ်တာမှန်သမျှကို သိသလောက် ရသလောက် ဝေမျှပေးပါတယ်။
Passport ပျောက်လို့ ရဲစခန်းသွားလိုက်ပေးရသလို့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ဟန်ဂေရီမှာ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းပါမောက္ခပါထိပါ ရှာပေးခဲ့ဖူးပါတယ် 🤗

✅ Hungary မှာပညာသင်နေတဲ့အတွက် ကိုယ်တိုင် ကြုံခဲ့ရတဲ့ practical experience နဲ့ guide လုပ်ပေးပါတယ်။
✅ ကျောင်သားတစ်ယောက်ချင်းစီရဲ့ အခြေအနေ အပေါ်မူတည်ပြီး personalized support ပေးပါတယ်။
✅ကိုယ်ရေးအချက်အလက်များအား မပေါက်ကြားဖို့တာဝန်ယူပါတယ်။
✅ယုံကြည့်မှု့ကို အခြေခံတဲ့အတွက် ၁၀၀% ယုံကြည်နိုင်ပါတယ်။

📩 အသေးစိတ်သိလိုပါက Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပီး Service အတွက် booking တင်မယ်ဆိုရင်
ဒီ Website https://www.burmesedreamcatcher.org မှာ
Registration လုပ်လို့ရပါတယ်ရှင့်။

🇭🇺𝐇𝐮𝐧𝐠𝐚𝐫𝐲 အကြောင်း အကြမ်းဖျင်း ဒီမှာအလွယ်တကူ လေ့လာနိုင်ပါတယ်။

𝐇𝐮𝐧𝐠𝐚𝐫𝐲 ကျောင်းတက်ဖို့ အခုမှစပြီး ပြင်ဆင်မယ်ဆိုရင်? 👇
https://www.facebook.com/share/p/17g4wTNEzX/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ ကျောင်းလျောက်ဖို့ ဘယ်ကစရမလဲ?👇
https://www.facebook.com/share/1D2nUftfiB/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာရှိတဲ့ Top 10 Universities 👇
https://www.facebook.com/share/1D5J7Bf4Z4/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ ကျောင်းတက်မယ်ဆို ကုန်ကျစရိတ်အကျမ်းဖျင်း👇
https://www.facebook.com/share/r/17spygdnz5/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာကျောင်းလျောက်တဲ့အခါ မှားလေ့ရှိတဲ့အရာ 👇
https://www.facebook.com/share/r/1CtZES6KDP/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 Universities တွေရဲ့ Entrance exam အကြောင်း 👇
https://www.facebook.com/share/v/1BK8karkNX/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 Student Visa အတွက် ပြင်ဆင်ရမဲ့အချက်တွေနဲ့ သတိထားရမဲ့အချက် 👇
https://www.facebook.com/share/p/1EKgC5CqKq/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 နိုင်ငံမှာရှိတဲ့ Visa အမျိုးအစားများ👇
https://www.facebook.com/share/1H7qFC7Pw2/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ Long-term plan နေထိုင်နိုင်ဖို့ စဉ်းစားထားရင်
https://www.facebook.com/share/19txNQz2sH/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ နေဖို့ အခန်းရှာမယ်ဆိုရင်👇
https://www.facebook.com/share/p/1HB5gqE8Xt/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 နိုင်ငံရောက်ရောက်ချင်း မဖြစ်မနေသွားရမဲ့နေရာ👇
https://www.facebook.com/share/v/1E2aW6bkfr/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ ကျောင်းတက်ရင် အလုပ်ရှာလို့ရတဲ့ websites👇
https://www.facebook.com/share/p/1BigMWX6x9/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 သက်တမ်းတိုးမယ်ဆိုရင်👇
https://www.facebook.com/share/p/1PpSmoKC9N/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲 မှာ ဒီအရာလေးတွေတော့ သတိထားရှောင်သင့်ပါတယ်။👇
https://www.facebook.com/share/r/1FxmZoXonV/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲, Budapest မြို့ထဲအာရှအစားအစာတွေဝယ်လို့ရတဲ့နေရာ👇
https://www.facebook.com/share/p/1TN3pyLgMD/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲, Budapest မြို့ထဲက Review ကောင်းပြီး စားလို့ကောင်းတဲ့နေရာ👇
https://www.facebook.com/share/p/1CRrWj6Y1o/?mibextid=wwXIfr

𝐇𝐮𝐧𝐠𝐚𝐫𝐲, Budapest မြို့ထဲက Thermal bath တွေအကြောင်း 👇
https://www.facebook.com/share/v/1GoKngusHj/?mibextid=wwXIfr

Photos from Burmese dreamcatcher's post 03/06/2026

ကျောင်းတက်ဖို့အခန်းရှာမယ်ဆိုရင် အကြမ်းဖျင်း 3 မျိုးရှိပါတယ် 👇

1️⃣ 𝗗𝗼𝗿𝗺𝗶𝘁𝗼𝗿𝘆 (ကျောင်းဆောင်)

တစ်လကို Euro 120-180 ကြား
HUF ( 50000-65000 ft)
စျေးအသက်သာဆုံး option ဖြစ်ပေမယ့်
shared room ဖြစ်တာများပါတယ်။
Budapest မှာ dorm demand အရမ်းများပြီး
နေရာ limited ဖြစ်လို့ ကျောင်းသားတိုင်းမရနိုင်ပါဘူး။

တချို့ dorm တွေက မြို့နဲ့အလှမ်းဝေးနိုင်ပေမယ့်
နယ်မြို့ဘက်က University Dormitory
တွေကတော့ ကျောင်းအနီးနားမှာရှိပြီး
အခန်းဧရိယာလည်းပိုကျယ်တတ်ပါတယ်။

ပထမဆုံးရောက်ရောက်ချင်း
ကျောင်းအဆောင်နေဖို့ recommends ပေးပါတယ်
ဘာလို့ဆို ကိုယ်နဲ့ မေဂျာတူ သူငယ်ချင်းအပြင်
အခြားသော faculty က သူငယ်ချင်းတွေ
တွေ့နိုင်တဲ့အတွက် ရောက်ရောက်ချင်း
လုပ်ရမဲ့ process တွေ registration enrolment
စသဖြင့် အတူတူလုပ်လို့ရမဲ့ အဖော်ရှိတော့ အဆင်ပိုပြေပါတယ်။

2️⃣ 𝗦𝗵𝗮𝗿𝗲𝗱 𝗿𝗼𝗼𝗺 / 𝘀𝗵𝗮𝗿𝗲𝗱 𝗮𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 🧑🏻‍🤝‍🧑🏻

Euro 250-450 ကြား (90000-160000 ft)
Single room ကိုယ့်တစ်ကိုယ်ရေစာနေလို့ရမယ့်အခန်း
kitchen, bathroom, living room တွေကတော့
အခြား flatmates တွေနဲ့ share လုပ်ရပါတယ်။

ဒီ option ကကျောင်းသားအများဆုံးရွေးကြတာပါ။
✅ rent + utilities ကို share လို့ရ
✅ international friends တွေ့နိုင်
✅ culture အသစ်တွေသိနိုင်

ဒါပေမယ့်…
⚠️ cleaning duties
⚠️ different cooking styles
⚠️ noise level
⚠️ roommate habits
တွေကိုလည်း adjust လုပ်တတ်ရပါတယ်။

3️⃣ 𝐄𝐧𝐭𝐢𝐫𝐞 𝐚𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 / 𝐬𝐭𝐮𝐝𝐢𝐨 𝐚𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 🏡

Euro 400-700 ကြား (150000- 250000 ft)
Privacy အပြည့်ရပေမယ့်
ဈေးအမြင့်ဆုံး option ပါ 💸

Studio apartment ဆိုတာ
bedroom + kitchen + living area
တစ်ခန်းတည်းတွဲထားတာမျိုးရှိသလို
Separate bedroom ပါရင်တော့
အနည်းဆုံး 250,000 Ft+ လောက်ကနေစနိုင်ပါတယ်။

ဒါ့အပြင်…
⚠️ electricity
⚠️ water
⚠️ gas/heating
⚠️ internet
⚠️ common cost
⚠️ garage/parking fee

တွေကိုလည်း ကိုယ်သုံးတဲ့အပေါ်မူတည်ပီး
ထပ်ပေးရတက်ပါတယ်။

Winter မှာ heating bill မြင့်တက်နိုင်လို့
utilities included / separate ဆိုတာ
သေချာမေးထားတာကောင်းပါတယ်။

💰 Deposit system
Hungary မှာ rent + deposit ပေးရတာများပါတယ်။

ဥပမာ 👇
✅ 1 month deposit ၂ လစာ
= current month rent + 1 month deposit
✅ 2 months deposit ၃ လစာ
= current month rent + 2 months deposit

Deposit ငွေကို
အိမ်စာချုပ်ပြည့်သွားပီး contract ဆက်မချုပ်တဲ့အချိန်
room damage တစ်စုံတစ်ရာမရှိရင် Fully ပြန်ရပါတယ် ✨

⚠️ Scam သတိထားပါ

Photo/ video တွေပို့ပီး အစစ်အမှန်လို့
ထင်ရစေတဲ့အတွက်
ငွေအရင်မပို့ပါနဲ့ ❌

Landlord ရဲ့ ID/ passport
စစ်မှန်ကြောင်း သေချာစိစစ်ပီးမှ
confirm လုပ်ပီး စာချုပ်ချုပ်ပါ။

Photos from Burmese dreamcatcher's post 30/05/2026

ဒီနှစ်တော့ Óbuda University က
မြန်မာအင်အားများတောင့်မလားမသိဘူး ☺️

လက်ရှိ 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐥𝐞𝐭𝐭𝐞𝐫 ရသွားတဲ့
မောင်လေး ၂ယောက်ပါ ⛳️

𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝒐𝒏 𝒚𝒐𝒖𝒓 𝒔𝒖𝒄𝒄𝒆𝒔𝒔 🥂




28/05/2026

🇪🇺 Europe မှာ ၁၀ နှစ်နီးပါးနေပြီး
ကိုယ့်ကိုယ်ကို ဘာတွေပြောင်းလဲသွားလဲဆိုရင်...

1️⃣ 𝐒𝐩𝐫𝐢𝐧𝐠 = 𝐩𝐨𝐥𝐥𝐞𝐧 𝐚𝐥𝐥𝐞𝐫𝐠𝐲 🤧🌼

အရင်တုန်းက pollen allergy ဆိုတာ
ကိုယ့်နဲ့မဆိုင်ဘူးထင်ခဲ့တာ !

အခု spring ရောက်တိုင်း
နှာချေ၊ မျက်စိယားနဲ့ စခံစားလာရပီ
ကိုယ်မှမဟုတ် အတူတူရောက်လာပီး
လက်ရှိ အခြေချနေထိုင်နေတဲ့
သူငယ်ချင်းတွေလဲ စပီး လက္ခဏာပြလာကြပီ။

2️⃣ 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐡𝐚𝐛𝐢𝐭 🚶🏻‍♀️

အရင်က ၅-၁၀ မိနစ်လောက်တောင်
စက်ဘီး ဆိုင်ကယ် ကား
စီးပီးသွားလိုက်ရမှ !

အခုတော့လမ်းလျောက်တာက
daily routine ဖြစ်လာပြီ။
လမ်းလျှောက်ရင်း
stress release ဖြစ်သလို
ကျန်းမာရေးနဲ့ညီတဲ့အတွက်
လမ်းများများပိုလျောက်ဖြစ်ပါတယ်။

3️⃣ 𝐂𝐨𝐨𝐤𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥 𝐮𝐩𝐠𝐫𝐚𝐝𝐞 👩🏻‍🍳🍛

အာရှစာလွမ်းရင်…
ကိုယ်ကိုယ်တိုင်ချက်မှရ !
YouTube က recipe တွေကြည့်ပြီး
survival cooking ကနေ
အခုတော့ မဆိုးပါဘူး စားဖြစ်သားပဲ
ဆိုတဲ့ level ထိရောက်လာတယ် 🥘

4️⃣ 𝐓𝐢𝐦𝐞 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ⏰

Train time, Appointment time,
working time…
ဟိုးအရင်က ချိန်းတိုင်း ၅ မိနစ်လောက်
နောက်ကျတက်တဲ့ကိုယ်က
ဒီရောက်တဲ့အခါမှာ နောက်ကျတာဟာ
Professional မဆန်တဲ့အပြင် respect မရှိဘူး
ထင်ခံရနိုင်တဲ့အတွက်
အချိန်မှီ plan ahead လုပ်တတ်လာတယ်။

5️⃣ 𝗙𝗿𝗶𝗲𝗻𝗱𝘀𝗵𝗶𝗽 𝗰𝗶𝗿𝗰𝗹𝗲 သေးသွားတယ် 🤍

အလုပ်၊ distance နဲ့ life priorities
မတူတာတွေကြောင့် friendship cycle က
တဖြည်းဖြည်းနဲ့ လျော့သွားတတ်တယ်။
အခုတော့ quantity ထက်
quality friendship ကိုပဲ ပိုတန်ဖိုးထားလာတယ် 🤍

6️⃣ 𝐒𝐮𝐧𝐥𝐢𝐠𝐡𝐭 ကို တန်ဖိုးထားလာတယ် ☀️

Winter မှာ နေရောင်ထွက်တဲ့နေ့ဆို
mood တောင် ပြောင်းသွားသလိုပဲ။
အရင်က ပူလို့မကြိုက်တဲ့ နေက
အခုတော့ နေပွင့်တဲ့ရက်များဆို
ပျော်စရာ✌🏼

7️⃣ 𝐒𝐞𝐚𝐬𝐨𝐧𝐚𝐥 𝐝𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 🌨️

အထူးသဖြင့် ဆောင်းရာသီလို
ကာလတွေဆို အပြင်က weather က
ကိုယ့် mood ကိုပါ control လုပ်နေသလိုပဲ။
ညနေ ၄ နာရီဆိုမှောင်။
သစ်ပင်တွေက ခြောက်ကပ်ကပ်ဖြစ်။
မြင်သမျှအရာရာ အဖြူနဲ့အမဲ 🐼
အချို့ရက်တွေမှာ စိတ်ဓါက်ကျသလိုလို
အိမ်လွမ်းတာလိုလို ဘာဖြစ်ချင်လို့ဖြစ်မှန်းမသိ။

8️⃣ 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐛𝐲 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟 🧹🧺

Cleaning.Cooking.Laundry.
Paperwork.Scheduling.
Adult life full package 🕰️
ဒါပေမယ့်…
ဒီအရာတွေကြားထဲကပဲ
independent person ဖြစ်လာခဲ့တယ်။

ကျမအတွက်တော့ Europe က
life easy ဖြစ်စေတာမဟုတ်ပေမယ့်…
တစ်ဖက်မှာလဲ Another 𝐯𝐞𝐫𝐬𝐢𝐨𝐧 𝐨𝐟 𝐦𝐲𝐬𝐞𝐥𝐟 ကို
တဖြည်းဖြည်းပြန်တွေ့လာရတယ်။

ဥရောပမှာနေလာရင်းနဲ့
ပြောင်းလဲသွားတာတစ်ခုခုရှိရင်
comment မှာ share ခဲ့နော် 👇





Photos from Burmese dreamcatcher's post 24/05/2026

✅ Application deadline ပိတ်ခါနီးမှ
Burmese dreamcatcher နဲ့ Consultation လုပ်ပီး
Admission service ယူသွားတဲ့
ညီမလေးက Corvinus University မှာ
𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐋𝐞𝐭𝐭𝐞𝐫 ရသွားပါပီ 💫

ဒီနေ့လျောက် နောက်ရက် Interview invitation ရပီး
Interview ပီးနောက်ရက် 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐋𝐞𝐭𝐭𝐞𝐫 ရရှိခဲ့တဲ့
အရမ်းတော်တဲ့ ညီမလေးပါ။

တွေဝေစဉ်းစားမနေဘဲ Time limitation လေးမှာ
မှန်ကန်တဲ့ ရွေးချယ်မှု့နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ ⛳️


21/05/2026

⛳️ သံရုံးမှာ 𝗩𝗶𝘀𝗮 လျောက်မဲ့ကျောင်းသားတွေအတွက် ပြင်ဆင်ရမဲ့အချက်တွေနဲ့ သတိထားရမဲ့အချက်တွေကို ပြောပေးချင်ပါတယ်။

ပထမဦးဆုံး စာရွက်စာတမ်းပြင်ဆင်မှု့ပါ။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ နိုင်ငံပေါ်မူတည်ပီးပြောင်းလဲနိုင်ပါတယ်။

1. 𝐕𝐚𝐥𝐢𝐝 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭: အနည်းဆုံး ၆ လသက်တမ်းကျန်ရပါမယ်။ ကျမလာတုံးကတော့ ၁၁လနဲ့လာခဲ့ပါတယ် ဒီရောက်မှတိုးတာဆိုပေမဲ့ အခုအချိန်အခါအရ မလာခင်တိုးခဲ့ပါ။

2. 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐏𝐡𝐨𝐭𝐨𝐬: Two recent passport-sized photos (3.5 x 4.5 cm) နောက်ခံ အဖြူဖြစ်ရပါမယ်။

3. 𝗩𝗶𝘀𝗮 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 + additional application forms တွေ သေချာဖြည့်ရပါမယ်။ လိုလိုမယ်မယ် အပိုတစ်စုံအလွတ်ဆောင်ထားပါ။

4. 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞: Visa အတွက်သာမဟုတ်ဘဲ ဒီရောက်ရင်လဲ သုံးလို့ရမဲ့ Insurance ကိုဝယ်ထားဖို့အကြံပေးချင်ပါတယ်။

5. 𝗩𝗶𝘀𝗮 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝐅𝐞𝐞: နိုင်ငံပေါ်မူတည်ပီးကွာခြားနိုင်ပါတယ်။

6. 𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝘀: related to Your Study Program:
• Acceptance Letter/ Admission letter
• Proof of Tuition Payment
• Proof of Language Proficiency

7. 𝗣𝗿𝗼𝗼𝗳 𝗼𝗳 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁: Bank statements, Income, saving, financial resources, sponsorship statements (Notarized declarations) လိုပါတယ်။

8. 𝗔𝗰𝗰𝗼𝗺𝗺𝗼𝗱𝗮𝘁𝗶𝗼𝗻 𝗖𝗼𝗻𝘁𝗿𝗮𝗰𝘁𝘀 ( မိမိ ကျောင်းတက်မဲ့နိုင်ငံမှ နေထိုင်ဖို့ accommodation contract at least 6 months)၊
Be aware of Scammers ! ပုံအတု video အတုတွေနဲ့ deposit 2လစာ လိမ်ခံရတဲ့ကျောင်းသားတွေရှိပါတယ်။

9. 𝗙𝗹𝗶𝗴𝗵𝘁 𝗧𝗶𝗰𝗸𝗲𝘁 (booking): Flight ticket ကို ကိုယ်တက်မဲ့ကျောင်းရဲ့ semester intake ပေါ်မူတည်ပီး ဖြတ်ပါ၊ အရမ်းစောနေရင်လဲ immigration မှာ ရစ်ပါတယ်။ September intake ဆိုရင် mid-August to mid-September အတွင်းဆိုအဆင်ပြေပါတယ်။

10. 𝗢𝘁𝗵𝗲𝗿 𝗣𝗼𝘁𝗲𝗻𝘁𝗶𝗮𝗹 𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀:
• Online application form
• Previous Schengen Visas: if you travel before
• CV and Motivation Letter: May be needed for the application.

Documents တွေအားလုံးစုံပြီဆိုရင်တော့ Visa Application အတွက် သက်ဆိုင်ရာသံရုံးကို appointment လုပ်ရန်ဆက်သွယ်မေးမြန်းပီး လျောက်ထားလို့ရပါပြီး။
တစ်စုံတစ်ရာ မေးမြန်းသိရှိလိုပါက Messenger 📩 မှာမေးမြန်းနိုင်ပါတယ်။
Visa နဲ့ပတ်သက်ပီး အသေးစိတ်သိလိုပါက
Visa consultation ယူလို့ရသလို့ Visa Assist Service လဲ ယူလို့ရပါတယ်။

Good luck for your journey⛳️





17/05/2026

📌 Hungary မှာ 2026-2027 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝗜𝗻𝘁𝗮𝗸𝗲 အတွက်
Budapest က Universities တော်တော်များများက Application ပိတ်သွားပြီဖြစ်ပြီး
ကျောင်းသားတော်တော်များများလည်း
Conditional Acceptance Letter ရထားကြပါပြီ။
တချို့ကျောင်းသားတွေကတော့ Final Admission Letter ကို စောင့်နေဆဲဖြစ်ပြီး အချို့ကလေးတွေက Entrance Exam / Oral Interview information ကို စောင့်နေကြတုန်းပါ။

𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝒕𝒊𝒎𝒆𝒍𝒊𝒏𝒆 နဲ့ process တွေဟာ
University ပေါ်မူတည်ပြီး မတူနိုင်သလို
တစ်ခါတလေ University တစ်ခုထဲမှာတောင်
Program ပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။
ဒါ့အပြင် ကိုယ် application တင်ခဲ့တဲ့ timeline ပေါ်မူတည်ပြီးလည်း exam date, admission result timeline တွေ ပြောင်းလဲနိုင်ပါတယ်။

📌 𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝒕𝒊𝒎𝒆𝒍𝒊𝒏𝒆 အကြမ်းဖျင်းကတော့
April-May → Entrance Exam / Oral Interview Period
June-July → Acceptance and Final Admission Period
June-July-August → Visa Process Period

ကျောင်းဘက်က Email ဘာလို့ မလာသေးတာလဲ?
Result ဘာလို့ မထွက်သေးတာလဲ? ဆိုပြီး
ကျောင်းသားတွေ စိုးရိမ်ပီး လာမေးကြပါတယ်။
အရမ်းစိုးရိမ်နေဖို့ မလိုပါဘူးနော်။
University တစ်ခုနဲ့ တစ်ခု process မတူတာက normal ဖြစ်ပြီး ဒီအချိန်မှာ စိတ်ကလေးရှည်ရှည်ထားပြီး စောင့်ရတဲ့ကာလ ဖြစ်ပါတယ်။

🚨ကျောင်းတက်ဖို့ အရေးကြီးဆုံးကတော့
Admission ရပြီးတဲ့နောက် 𝗩𝗶𝘀𝗮 𝗣𝗿𝗼𝗰𝗲𝘀𝘀 ကတော့
တကယ်ကို ဂရု့တစိုက်နဲ့ စေ့စေ့စပ်စပ် လုပ်ရမဲ့အဆင့်ပါ။
ဒီအဆင့်မှာ document preparation, interview preparation, accommodation, financial proof အစရှိတဲ့အရာတွေကို detail ကျကျ ပြင်ဆင်ရပါတရမယ်။

‼️တကယ်တော့ Official Admission Letter ရထားရုံနဲ့ visa ရဖို့မသေချာပါဘူး။

‼️Visa process မှာ အမှားသေးသေးလေးတစ်ခု
ဖြစ်ရင်တောင် visa reject ဖြစ်နိုင်ပါတယ်။

⛳️အဲ့ဒီအချိန်ရောက်မှ ပြန်ပြင်ဖို့က အရမ်းခက်သလို
timeline ကိုပါ ထိခိုက်သွားနိုင်ပါတယ်။

ဒါကြောင့် 𝗩𝗶𝘀𝗮 𝗣𝗿𝗼𝗰𝗲𝘀𝘀 ကို
မှန်ကန်တဲ့ Guideline နဲ့ သေချာပြင်ဆင်ဖို့ အရမ်းအရေးကြီးပါတယ် တချို့ကျောင်းသားတွေက admission process ကို ကိုယ်တိုင်လုပ်ထားကြပြီး
ကျမတို့နဲ့ Visa Consultation ယူထားကြသလို
တချို့က Visa Assist Service ယူပြီး Visa Process လုပ်ကြပါတယ်။

💡 Burmese Dreamcatcher မှာ Admission service အပြင် 𝗩𝗶𝘀𝗮 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 နဲ့ 𝗩𝗶𝘀𝗮 𝗔𝘀𝘀𝗶𝘀𝘁 𝗦𝗲𝗿𝘃𝗶𝗰𝗲 တွေရှိပါတယ်။

Visa process, documents နဲ့ preparation flow ကို အသေးစိတ်သိချင်ရင်တော့ 👉 𝗩𝗶𝘀𝗮 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 ယူလို့ရပါတယ်။

ဒါမှမဟုတ် Visa စလျောက်တာကနေ Visa Approval ရသည်အထိ 👉 𝗩𝗶𝘀𝗮 𝗔𝘀𝘀𝗶𝘀𝘁 𝗦𝗲𝗿𝘃𝗶𝗰𝗲 ယူလို့ရပါတယ်။

✈️ Visa Assist Service မှာ
• Visa document preparation
• Interview preparation
• Accommodation support
• Hungary arrival assistance
စတဲ့ services များ ရရှိနိုင်ပါတယ်

📩 အသေးစိတ်ဆွေးနွေးလိုသူများအနေနဲ့
Website မှာ consultation booking တင်နိုင်ပါတယ်
🌐 https://burmesedreamcatcher.org/visa.html

14/05/2026

👩🏻‍🎓 International Student Life မှာ အရေးကြီးဆုံးက
အခန်းဖော် ရွေးချယ်မှု့ပါ။

အဆက်ကို YouTube မှာ ကြည့်လို့ရပါတယ်။
👉 https://youtu.be/OktXQwGh-mg?si=uhXnLfmKz-YaLrnx


Photos from Burmese dreamcatcher's post 11/05/2026

💛ဒီနေ့တော့ ဝမ်းသာစရာသတင်းလေး share ချင်ပါတယ်!

𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐃𝐫𝐞𝐚𝐦𝐜𝐚𝐭𝐜𝐡𝐞𝐫 နဲ့ Admission Service ယူပီးကျောင်းလျှောက်တဲ့ ကျောင်းသူကတော့ Budapest က Top University တစ်ခုဖြစ်တဲ့ ELTE University မှာ Bachelor Direct Program အတွက် 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐋𝐞𝐭𝐭𝐞𝐫 ရရှိသွားပါပြီ✨

Application process တစ်လျှောက်မှာ
ကျောင်းသားဘက်ကလည်း request လုပ်သမျှကို ကြိုးစားပြီး သေချာလေးပြင်ဆင်ပေးပါတယ်။ ကျမတို့ဘက်ကလည်း အသေးစိတ် guideline, feedback, correction နဲ့ full support ပေးခဲ့သလို ကျောင်းသူဘက်ကလည်း ဇွဲရှိရှိနဲ့ ကြိုးစားပြီး strongly passionate ဖြစ်ခဲ့တာကြောင့် Oral exam ပြီးပြီးချင်း 𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐜𝐞 𝐋𝐞𝐭𝐭𝐞𝐫 ရရှိခဲ့တာဖြစ်ပါတယ်🌻

တကယ်တော့ 𝐀𝐝𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 ဆိုတာ
Agency တစ်ခုတည်းက လုပ်ပေးရုံနဲ့ မရပါဘူး။
မှန်ကန်တဲ့လမ်းညွှန်မှုနဲ့ ကျောင်းသားကိုယ်တိုင် effort ထည့်နိုင်မှ ရလဒ်ကောင်းကို ရနိုင်တာပါ။

အခုလို result ကောင်းလေးရတဲ့အတွက်
တကယ်ကို ဂုဏ်ယူပြီး ဝမ်းသာပါတယ် ညီမလေး✨

🇭🇺 Hungary မှာရှိတဲ့ public university တွေမှာ Foundation course, BSc, MSc, PhD program တက်ရောက်ချင်တဲ့ ကျောင်းသား/သူတွေ အတွက်လဲ education consultation တွေ အခမဲ့လုပ်ပေးနေပါတယ်။

📩 အသေးစိတ်ဆွေးနွေးလိုသူများအနေနဲ့ messenger မှာ စာပို့ပီး မေးမြန်းလို့ရသလို Website မှာ https://burmesedreamcatcher.org တိုက်ရိုက် consultation booking တင်နိုင်ပါပြီ။

06/05/2026

🚨အခုချိန်က 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 တော်တော်များများမှာ 𝐄𝐧𝐭𝐫𝐚𝐧𝐜𝐞 𝐞𝐱𝐚𝐦 နဲ့ 𝐎𝐫𝐚𝐥 𝐢𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐩𝐞𝐫𝐢𝐨𝐝 စနေပြီ
အချို့လဲ ဖြေပီးလို့ 𝙘𝙤𝙣𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 𝙡𝙚𝙩𝙩𝙚𝙧 ရနေကြပါပီ။

အခုမှ ဖြေဖို့စောင့်နေတဲ့သူတွေကတော့
တကယ်ကို အရေးကြီးတဲ့အချိန်ပါ။
ဒီအဆင့်ကို သေချာပြင်ဆင်ထားနိုင်ရင် 𝑨𝒅𝒎𝒊𝒔𝒔𝒊𝒐𝒏 ရဖို့ chance က ပိုသေချာနိုင်ပါတယ်။

✅ ပထမဆုံး University ဘက်က exam invitation
ပို့လာတဲ့အခါ schedule ကို confirm ပြန်ပေးဖို့ မမေ့ပါနဲ့။

📌 Exam မတိုင်ခင် ပြင်ဆင်ရမယ့်အချက်များ

✅Exam မတိုင်ခင်မှာလည်း computer နဲ့ internet connection ကို သေချာစစ်ထားပါ။

✅Zoom, Teams, Skype လို platform တွေကို အနည်းဆုံး မိနစ် ၃၀ လောက် မတိုင်ခင် ဝင်စမ်းထားပါ။

✅Camera, microphone, lighting လည်း အဆင်ပြေမပြေ စစ်ထားရင် interview အချိန်မှာ စိတ်မလှုပ်ရှားပဲ ပိုပြီး confident ဖြစ်နိုင်ပါတယ်။

✅Proper outfit ဝတ်ပါ၊ အဖြူလေးဝတ်ရင် clean and professional look ပိုရပါတယ်။

Interview က ကျောင်းသားရဲ့
background knowledge + English level ကိုစမ်းသပ်တာဖြစ်ပါတယ်။
⁉️အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတွေက
• Why did you choose this program?
• Why did you choose Hungary?
• Tell me about yourself
• What are your future plans?
• What subjects have you studied related to this field?
စသဖြင့် မေးလေ့ရှိပါတယ်၊ ဒီမေးခွန်းတွေကို memorize မလုပ်ဘဲ နားလည်ပြီး practice ပြောနိုင်အောင် ပြင်ဆင်ထားပါ။

✅ မေးခွန်းဖြေတဲ့အခါ ဘာတွေသတိထားရမလဲဆိုရင်?
ဖြေတဲ့အခါမှာ Perfect English မလိုပါဘူး။
ရှင်းရှင်းလင်းလင်း ဖြေပြီး camera ကိုကြည့်ပြီး ပြောတာကလည်း ကိုယ့်ရဲ့ confidence ကို ပြပါတယ်။

❗ မသိတဲ့မေးခွန်းတွေ ကြုံလာရင် ဘယ်လိုဖြေမလဲ?
ဒီနေရာမှာ တော်တော်များများ အမှားလုပ်တတ်ပါတယ်
👉 မသိဘဲ ရမ်းပြောတာ ❌
👉 မသေချာပဲ မှားပီးဖြေမိတာ ❌
အကောင်းဆုံးနည်းကတော့ Be honest ပါ။
ဒီလိုဖြေလို့လဲ ရပါတယ်။
“I’m not very familiar with that topic, but I would like to learn more.”
“I haven’t studied that in detail yet, but I have basic understanding.”

💡 Examiner တွေက Interview မှာ
✔ English communication level
✔ Logical thinking
✔ Study motivation
✔ Basic knowledge
တွေကိုပဲ ကြည့်တာပါ။
ဒါကြောင့် interview ကို exam လို့ မတွေးဘဲ conversation တစ်ခုလို သဘောထားပြီး calm ဖြစ်နေပါ၊ ကိုယ်ပြင်ဆင်ထားတာတွေကို ယုံကြည်ပြီး ပြောနိုင်ရင် အဆင်ပြေသွားပါလိမ့်မယ်။

Good luck to everyone 🍀





Szeretnéd, hogy a(z) iskolaod elsőként szerepeljen az Iskola tematikájú vállalkozások között Budapest városában?

Kattints ide a szponzorált hirdetés igényléséhez.

Helyszín

Cím

Budapest