Twin's Diary

Twin's Diary To help people whoever want to apply Hong Kong Scholarship and to share experiences

Hong Kong Scholarshipsကို လျှောက်ဖို့စိတ်ဝင်စားသူများကို တတ်နိုင်သမျှကူညီရန်နှင့် ဒီမှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှသွားရန်ဖြစ်ပါတယ်ရှင်

HKPFS စိတ်ဝင်စားလို့နားထောင်ချင်သူတွေဖိတ်ပါတယ်နော် ❤️
28/05/2025

HKPFS
စိတ်ဝင်စားလို့နားထောင်ချင်သူတွေဖိတ်ပါတယ်နော် ❤️

ဟောင်ကောင် ပါရဂူဘွဲ့သင်တန်းပညာသင်ဆု၊ အောင်မြင်မှုသို့ သွားရာလမ်း (Unlocking Success: A Step-by-Step Guide to Winning the Hong Kong PhD Fellowship Scheme)
(လူတိုင်း အခမဲ့ တက်ရောက်နားထောင်မေးမြန်းနိုင်သည်)

ဟောင်ကောင် ပါရဂူဘွဲ့ သင်တန်း ပညာသင်ဆု လျှောက်ပုံ လျှောက်နည်း အဆင့်ဆင့်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ပညာသင်ဆု မရရှိရတဲ့ အကြောင်းရင်းကနေစပြီး အောင်မြင်မှု ရရှိအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို သူမရဲ့ အတွေ့အကြုံနဲ့ လေ့လာမှုအပေါ် အခြေပြုလို့ ရှင်းလင်း ပြောပြပေးမှာ ဖြစ်ပါတယ်။

မျှဝေပေးမယ့် သူကတော့

Dr. May Thawda Phoo, PhD
City University of Hong Kong, supported by the prestigious Hong Kong PhD Fellowship Scheme (HKPFS)

Doctoral research focused on advanced sensing applications, conducted within the Department of Materials Science and Engineering.

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က လင့်တစ်ခုခုမှ ဝင်ရောက်ပေးထားကြပါ။

Telegram: https://t.me/collaborativemindsmm
Messenger Community: https://m.me/ch/AbZxpmqnTZpOWJXz/

Meeting Link ကို အဲ့ဒီမှာ ပေးပို့ပေးမှာ ဖြစ်ပါတယ်။

ပြုလုပ်မယ့် အစီအစဉ်ကတော့
------------------

နေ့ရက် - 31 May 2025 (Sat)
အချိန် - 7:00 PM MMT

အစီအစဉ်ကတော့

၁။ Presentation (15 - 30 min)
၂။ Discussion (15 - 30 min)

အားလုံးပဲ တက်ရောက် နားထောင်ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

အစီအစဉ်ကို စိတ်ဝင်စားတယ်၊ မိမိမှာ မျှဝေလိုတာ ရှိတယ်ဆိုရင် Page ကို ဖြစ်စေ [email protected] ကိုဖြစ်စေ ဆက်သွယ်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။

အသိပညာတိုးမြှင့်ဖို့နဲ့ အပတ်စဉ် စိတ်ဝင်စားစရာ ခေါင်းစဉ်တွေ နားထောင်ဖို့အတွက် Page ကိုလည်း Like and Follow လုပ်ထားကြပါဦးလို့ တောင်းဆိုလိုပါတယ်။

လေးစားလျက်
Collaborative Minds: Scholar’s Open Sharing Platform

04/05/2025

Part (1)

Send a message to learn more

26/10/2021
13/10/2021

City University of Hong Kongရဲ့ Undergraduate program တစ်ခုနဲ့မိတ်ဆတ်ပေးပါရစေ။ စိတ်ဝင်စားသူတွေ လျှောက်လို့ရပါတယ်။ Comment မှာပေးထားတဲ့လင့်ကနေတစ်ဆင့်လည်း အသေးစိတ်ဝင်ဖတ်ကြည့်နိုင်ပါတယ်

Outstanding Athletes Entrance Scholarship for Non Local Students at City University of Hong Kong************************...
09/10/2021

Outstanding Athletes Entrance Scholarship for Non Local Students at City University of Hong Kong
****************************

Undergraduate Scholarship program ဖြစ်ပါတယ်။ Deadlineကတော့ NoV15ရက် နေ့ဖြစ်ပါတယ်။ နီးတော့နီးနေပါပြီ။
၁။ ဘယ်အားကစားမေဂျာတွေလျှောက်လို့ရမလဲ
အောက်ကပုံမှာ ပါတဲ့မေဂျာ အကုန်လျှောက်လို့ရပါတယ်။

၂။ Scholarship Feesဘယ်လောက်ရမလဲ
တစ်နှစ်ကို USD 20500ရပါမယ်။ ‌Bachelor degree programဖြစ်ပါတယ်။ လေးနှစ်တတ်ရမှာပါ။ တစ်လကို HKD 13000ကျော်ရပါမယ်။

၃။ ‌ဘယ်လို လျှောက်မလဲ
1. http://www.admo.cityu.edu.hk/apply ဒီလင့်မှာ အကောင့်ဖွင့်ရပါမယ်။
2.OAES Nomination formကို http://www.cityu.edu.hk/sds/web/pdf/ ဒီလင့်မှာ ဒေါင်းလုပ်ဆွဲပီး ဖြည့်ရပါမယ်။
3. လက်ရှိ Club Coach or Organizationရဲ့ Recommendation letterလိုပါတယ်။
4.ကိုယ့်ရဲ့ Academic Transcriptsတွေ IELTS or TOFFELတွေ submit လုပ်ရပါမယ်
5.CV နဲ့ personal resume ကို ပေးရမှာပါ။ Personal Resume အတွက်က 15-20မိနစ် အတွင်း ကိုယ့်ရဲ့တစ်ကယ်ပြိုင်ပွဲတစ်ခုမှာ ပြိုင်နေတဲ့ ကိုယ့်ရဲ့ Sport performanceကို ပြနိုင်တဲ့ Videoဖြစ်ရပါမယ်။ အဲမှာ ကိုယ့်အသင်းရဲ့ ဂျာစီအရောင် ကိာယ့်ကျောနံပါတ်အစရှိသဖြင့်လည်း သေချာပြတ်သားဖို့လိုပါတယ်။

၄။ ဘယ်မှာ လျှောက်ရမလဲ
အပေါ်မှာပြောထားတဲ့အချက်တွေအကုန် ပြည့်စုံပြီဆိုရင်တော့ ဒီ [email protected] မှာ ကိုယ့်Application ကို Submitလုပ်ရုံပါပဲ။
အရွေးခံရတဲ့ကျောင်းသားက Universityဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ လေးနှစ်စာလျာထားတယ်ဆိုပေမယ့် Scholarship feesကိုတစ်နှစ်တစ်ခါ Renew လုပ်ပါတယ်။ ဒါကြောင့်တစ်နှစ်ကို GPA2.5အထက်‌တော့ ရဖို့လိုပါတယ်။

26/09/2021

Hong Kong PhD Fellowship Schemeလျှောက်မယ်ဆိုရင်(၂)
**********************
အပိုင်း၁မှာ လျှောက်ဖို့ ဘာတွေလိုအပ်လဲရေးပြီးပြီမို့ ဒီအပိုင်းမှာတော့ ကျန်နေတဲ့အချက်အလက်လေးတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပါ့မယ်။
1. Application fees
ဒီစကော်လာက Application fees နည်းနည်းစီသွင်းရပါတယ်(Nearly HKD 500 per university)။ နှစ်ကျောင်းလျှောက်တာမို့နှစ်ခါပေးရပါတယ်။ Application feesက စကော်လာရရ၊ မရရ ပြန်မပေးပါဘူး။ Non refundableပါ။ ပေးတာကတော့ Visa or master cardနဲ့ပေးလို့ရပါတယ်။

2.English Proficiency Test
သူက Officially IELTS or TOFFELလိုပါတယ်။ UFLနဲ့တစ်ခြား အပြင်သင်တန်းတွေက Certificateတွေ လက်မခံပါဘူး။ ဒါပေမယ့် IELTS or TOFFEL မဖြေရသေးလည်း လျှောက်လို့ရပါတယ်။ မြန်မာနိုင်ငံက University Courseတွေက Englishလိုချည်းရေးထားတာမို့ University levelမှာ Englishလိုသင်ခဲ့ကြောင်းထောက်ခံစာယူပြီး အဲဒါကို Application မှာ Submitလုပ်နိုင်ရင်ရပါတယ်။ ဒီရောက်ရင်တော့ English courseတစ်ခု ယူရပါတယ်။

3. Research Field ဘယ်လိုရွေးမလဲ
သူကတော့နည်းနည်း ကျယ်ပြန့်ပါတယ်။ ဒီမှာ Universityဖွဲ့စည်းပုံက အဓိက University nameရဲ့အောက်မှာ Collegeတွေ Schoolတွေရှိပါတယ်။ Schoolတစ်ခုချင်းစီအောက်မှာမှ သက်ဆိုင်ရာ ဌာနအသီးသီးရှိပါတယ်။ ဌာနအသီးသီးမှာမှ Research groupတွေ သပ်သပ်ရှိပါတယ်။ အဲတော့ ကိုယ်က အရင်ဆုံး ဘယ်Fieldစိတ်ဝင်စားလဲဆုံးဖြတ်ရပါမယ်။ Fieldရွေးတဲ့နေရာမှာလည်း အမျိုးမျိုးရွေးချယ်လို့ရပါတယ်။ ဥပမာကိုယ်ကမြန်မာနိုင်ငံမှာ Physicsနဲ့ပီးထားရင် ဒီဘက်မှာ Biomedical Science, Environmental and Engineering, Chemistry, MSE, အစရှိသဖြင့် ဌာနတွေအများကြီးရွေးလို့ရပါတယ်။ အဲထဲကနေမှာ Groupရွေးရတာမို့ ဆရာရှာရတာ ရွေးချယ်စရာ များပါတယ်။

4. Supervisor ရွေးတာ
ဒီစကော်လာက နှစ်ယောက်ရကို ရရမှာမို့ ဆရာနှစ်ယောက်ရဖို့က ပုံမှန်အားဖြင့် ခက်ပါတယ်။ ဒါပေမယ့် ကိုယ်လည်းသူတို့groupက လုပ်နေတာတွေ စိတ်ဝင်စားတယ်၊ ကိုယ့်Academic Backgrondနဲ့လည်း နည်းနည်းတူတယ်ဆိုရင် တစ်ယောက်နှစ်ယောက်ပဲပို့ပြီး Replyပြန်တာ စောင့်နေတာထက်စာရင် ရှိသမျှဆရာ အကုန်ပို့တာအကောင်းဆုံးပါပဲ😹။ နောက်ပြီး လျှောက်မယ်မှ စိတ်ကူးရင် Applicationစခေါ်မှ ဆရာကိုထပြီး ရှာတာထက်အစောကတည်းက Universityရဲ့ Websiteတွေထဲဝင်ပြီး ကြိုရှာထားတာ စာဖတ်တာ လေ့လာတာ မိတ်ဆတ်တာတွေ လုပ်ထားတာအကောင်းဆုံးပါပဲ။ စောစောပို့နိုင်လေ ကိုယ့်အတွက်အခွင့်အရေး များလေပါပဲ။ ဥပမာ ကိုယ်ကဖောင်ပိတ်ခါနီးတစ်လလိုမှ သို့မဟုတ်ရက်ပိုင်းလိုမှပို့နေရင် ဆရာတွေကလည်း သူတို့ဂရုတွေအတွက် တစ်ခြားနိုင်ငံက ကျောင်းသား ရွေးထားပြီးသားဖြစ်နေရင် ကိုယ့်အတွက်အခွင့်အလမ်းနည်းပါတယ်။

4. Research Proposal
အဲဒါကလည်း Applicationမတိုင်ခင်ကတည်းက ကိုယ်လုပ်ချင်တဲ့သုတေသနနယ်ပယ် ဒါမှမဟုတ် ကိုယ်မိတ်ဆတ်ချင်တဲ့ဆရာရဲ့ သုတေသနနဲ့ပတ်သတ်တဲ့
နယ်ပယ်တစ်ခုခုကို ကြိုတင်ရှာထားပြီး စာကြိုဖတ်ထားသင့်ပါတယ်။ စာဖတ်ပြီးသွားရင်တော့ ကိုယ့်ဆရာတစ်ယောက်ယောက် ဒါမှမဟုတ် ကူညီပေးနိုင်မယ့် စီနီယာတစ်ယောက်နဲ့တိုင်ပင်ပြီး ကြိုရေးထားသင့်ပါတယ်။ Research proposalမှာ ရေးထားတဲ့အတိုင်း ဒီဘက်ရောက်လာတဲ့အခါ သုတေသနလုပ်ချင်မှ လုပ်ရမှာပေမယ့် ကျမတို့မြန်မာနိုင်ငံအနေနဲ့ဆို မြန်မာနိုင်ငံက တက္ကသိုလ်တွေက Rankingနိမ့်တာရယ် လျှောက်တဲ့သူတွေက International publicationsမရှိတာရယ်ကြောင့် ကိုယ့်Research proposalဟာ ထိုက်သင့်သလောက်ကောင်းမွန်နေဖို့ လိုကိုလိုအပ်ပါတယ်။

5.GPA
သူကလည်း အရေးကြီးပါတယ်။ စကော်လာပေးမယ့် SGSက GPAအမြင့်အနိမ့်အလိုက် ကျောင်းသားတွေစီပါတယ်။ ကိုယ်ကGPAမြင့်တယ်ဆိုရင် ထိပ်ပိုင်းCandidate listsမှာ ပါတာမို့ ရဖို့အခွင့်အရေးများပါတယ်။

6. International publications
သူကတော့ မြန်မာနိုင်ငံပြည်တွင်းကပဲ မာစတာပီးထားတဲ့ ကျောင်းသူကျောင်းသား၊ လုပ်ငန်းခွင်ဝင်နေတဲ့ ဝန်ထမ်း အစရှိသဖြင့်ဆို International publicationsရှိဖို့ ခက်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက မြန်မာ ပြည်တွင်းက ဘယ်ဂျာနယ်က Paperကိုမှ Countမလုပ်ပါဘူး။ International Impact Factorမရှိလို့ပါ။ တစ်ခြားနိုင်ငံတွေကလာလျှောက်တဲ့ Candidatesတွေ ဥပမာ ရုရှား၊ ဂျာမနီ၊ ယူအက်စ်က ကျောင်းသားတွေက သူတို့မာစတာကျောင်းသားဘဝမှာကတည်းက international publicationsရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် International publications at least one paper ရအောင်လုပ်ထားနိုင်ရင်အကောင်းဆုံးပါပဲ။ မရှိလည်း လျှောက်လို့ရပါတယ်။ ကျမတို့တွေလည်း ဒီအတိုင်းလျှောက်တာမို့ပါ😹

တစ်ခြားအချက်တွေလည်း ထည့်သွင်းစဉ်းစားစရာများပေမယ့် အပေါ်ကပြောခဲ့တဲ့အချက်တွေ ကြိုပြင်ထားမယ်ဆို ရဖို့အခွင့်အလမ်းများပါတယ်။ ဘာကြောင့်ရွေးချယ်သင့်လဲ ကျမဘာကြောင့် Hong Kongကို ရွေးလဲဆိုတာကတော့အောက်က Videoမှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/IdeaPieces/videos/155061803087955/

နောက်ပြီးလျှောက်ပီးသွားတဲ့အခါ ဘာတွေလိုအပ်လဲဆိုတာလဲ ကြိုပြင်ထားချင်ရင် အောက်ကVideoမှာ ကြည့်လို့ရပါတယ်။
https://www.facebook.com/IdeaPieces/videos/143268890937973/

အပိုင်း1 https://www.facebook.com/555514577984064/posts/1769779396557570/

TWins Diary
City University of Hong Kong

Hong Kong PhD Fellowship Scheme လျှောက်မယ်ဆိုရင် (1)**********************လျှောက်ဖို့ ဘာတွေလိုအပ်မလဲ??1. Application For...
26/09/2021

Hong Kong PhD Fellowship Scheme လျှောက်မယ်ဆိုရင် (1)
**********************
လျှောက်ဖို့ ဘာတွေလိုအပ်မလဲ??
1. Application Form
2. Degree Certificates
3. Transcripts
4. CV & NRC Notry
5. IELTS or TOFFEL
6. Recommendation letter 2စောင်
7. Research Proposal
8. ကိုယ်တတ်ချင်တဲ့University နှစ်ခုရွေးရပြီး အဲက တစ်ကျောင်းကို Supervisorတစ်ယောက်စီ စုစုပေါင်းနှစ်ယောက်လိုပါတယ်။ အောက်မှာတစ်ချက်ချင်းစီ ပြန်ရှင်းပါ့မယ်။

1. Application Form
သူကတော့ ပုံမှန်နှစ်စဉ် Sept1 ရက်နေ့ဆို Call Application က စပြီး Deadline က Dec (1) ရက်နေ့မို့သုံးလတိတိ ‌လျှောက်ဖို့အချိန် ရပါတယ်။ Application Form က Online Application Account ဖြစ်ပြီး အဲဒါဖြည့်ဖို့အတွက် HKPFS Official Websiteထဲမှာ အရင် Initial Application Form အရင်ဖြည့်ရပါတယ်။ Personal Information (Name, NRC no. etc), Gmail address,သူတို့ပေးထားတဲ့ University 8ခုထဲက ကိုယ်လျှောက်ချင်တဲ့ University နှစ်ခုနာမည် သို့ တစ်ကျောင်းက ဌာနနှစ်ခုနာမည်၊ Research Proposal Title အစသဖြင့်ဖြည့်ရပါတယ်။ ကိုယ်ဖြည့်ခဲ့တဲ့ Gmail address ကို Online Application Accountကို ၀င်ဖို့ link, User ID and Password ပို့ပေးပါတယ်။ အဲမှာ စိတ်ကြိုက်ဖြည်းဖြည်းချင်း ၀င်ဖြည့်နေရုံပါပဲ။ ဒီနေရာမှာ ပြောချင်တာက ရှစ်ကျောင်းထဲက နှစ်ကျောင်းရွေးရတာမို့ Online Account ကနှစ်ခု ဖြည့်ရပါတယ်။ ကျောင်းပေါ်မူတည်ပြီး နည်းနည်းပုံစံကွဲပေမယ့် အထဲက ဖြည့်ရတဲ့Dataတွေက အကုန်နီးပါးအတူတူပါပဲ။ ဒါကြောင့် တစ်ကျောင်းအတွက်အဆင်သင့်ဖြစ်ပြီဆို နောက်တစ်ကျောင်းအတွက်ပါ အကုန်နီးပါး ရယ်ဒီပါပဲ။

2,3,4,5 Documentsတွေ

နံပါတ် (၂,၃,၄,၅) က လိုအပ်တဲ့ Documents အားလုံးဟာ Englishလိုပဲ ဖြစ်ရပါမယ်။ မြန်မာလို ရေးထားတယ်ဆိုရင် နိုထြီပြန်ထားရပါမယ်။ အကုန်လုံးကို ကိုယ့်ရဲ့Application Accountမှာပဲ Submitလုပ်ရုံပါပဲ။ English အတွက်ကတော့ IELTS 6.5နဲ့ TOFFEL 550 တစ်ခုခုပြနိုင်ရပါမယ်။

6. Recommendation Letter နှစ်စောင်
ဒါကတော့ ကိုယ့်ကို Recommend ပေးနိုင်မယ့် ကိုယ့်ဆရာ၊ ဌာနမှူး၊ အလုပ်ရှင် သို့မဟုတ် ပါမောက္ခ၊ ပါချုပ် အစရှိသဖြင့် ရွေးရမှာပါ။ ကိုယ့် Online application accountမှာ သူတို့ရဲ့နာမည်နဲ့ Gmail adressကို ဖြည့်ရပါတယ်။ ပြီးရင် Recommendation letterကို downloadဆွဲရပါမယ်။ Recommendation letterမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ တစ်ပိုင်ူက လျှောက်မယ့်သူက Application Number, and personal informationနည်းနည်းဖြည့်ရပါတယ်။ ဖြည့်ပြီးရင် ကိုယ့်ကို Recommendationပေးမယ့် ဆရာ၊ ဆရာမဆီကို Email ပို့ပေးရပါတယ်။ သူကနေမှဒုတိယပိုင်းကို ဆက်ဖြည့်ပြီး ကိုယ့်လျှောက်ချင်တဲ့ Universityတွေကို ပို့ရတာပါ။ အပေါ်မှာ ပြောခဲ့သလို ကျောင်းကနှစ်ကျောင်းမို့ Recommendation letterနှစ်စောင်လိုပါတယ်။

7. Research Proposal
သူက ဒီဘက်ရောက်တဲ့အခါ ကိုယ်သု‌ေတသနလုပ်ချင်တဲ့ ဧရိယာကိုရေးရပါတယ်။ ကိုယ်ရွေးထားတဲ့ Supervisorနဲ့ ကိုက်ညီတဲ့Fieldဆို ပိုကောင်းပါတယ်။ ဒါပေမယ့် စကော်လာရသွားလို့ ဒီဘက်ရောက်လာတဲ့အခါ အဲဒါကိုပဲ လုပ်ရတဲ့သူကတော့ရှားပါတယ်။ ဒီရောက်လာတဲ့အခါ ဆရာကခိုင်းတာ သို့မဟုတ် သူProject fundingရှိတာအပေါ်မူတည်ပြီး သုတေသနလုပ်ရပါတယ်။ နောက်ပြီးကိုယ်က Uniနှစ်ခုရွေးထားရင်တော့ Proposalကတစ်စောင်ဆိုရပြီး တစ်ကျောင်းထဲကို ဌာနနှစ်ခုရွေးထားရင်တော့ နှစ်စောင်ရေးရပါမယ်။

8. Supervisorနှစ်ယောက်
ဒါကတော့ ဒီစကော်လာရဲ့ ခက်ခဲတဲ့အပိုင်းမှာ ပါပါတယ်။ Proposed Supervisorနှစ်ယောက်က Application form submitမလုပ်ခင်မှာ ရကိုရ,ရပါမယ်။ Supervisor နှစ်ယောက်နာမည် သူတို့ရဲ့ Email addressအစရှိသဖြင့် သက်ဆိုင်ရာ Information မဖြည့်နိုင်ပဲ Application form submitလုပ်လို့မရသလို လုပ်ခဲ့ရင်လည်း လျှောက်ခ Applicaton feesကုန်မှာကလွဲလို့ မထူးပါဘူး။ ဒါကြောင့် ကိုယ်ဘယ်သုတေသနလုပ်ချင်တာလဲ? သူတို့ပေးထားတဲ့ရှစ်ကျောင်းထဲက ဘယ်ကျောင်းမှာ တတ်ချင်တာလဲ? ဒါမှမဟုတ် ကိုယ့်ကိုဘယ်သူက သူ့ကျောင်းသားအဖြစ်လက်ခံမလဲ အစရှိသဖြင့် သေချာစဉ်းစားဆုံးဖြတ်ရွေးချယ်ပြီးမှ ဆရာတွေဆီ မိတ်ဆတ်စာရေးရပါတယ်။ တစ်ချို့ကreplyပြန်သလိုတစ်ချို့ကလည်း Replyကို မပြန်ပါဘူး။ တစ်ချို့က အင်တာဗျူးနည်းနည်းလုပ်ပီးမှ လက်ခံသလို တစ်ချို့ကမလုပ်တော့ပဲ ကိုယ်ပို့လိုက်တဲ့ CV, research Proposal, Publications, အစရှိသဖြင့်ကိုကြည့်ပြီး တန်းလက်ခံတဲ့သူတွေလည်း ရှိပါတယ်။ ဒီစကော်လာက Government to Governmentသွားတဲ့ စကော်လာမဟုတ်ပဲ နိုင်ငံတစ်ကာက ကျောင်းသားတွေနဲ့အပြိုင်ဝင်တိုးရတဲ့စကော်လာ ဖြစ်တာမို့ ဆရာတွေကလည်း သူ့ဆီလာလျှောက်တဲ့ကျောင်းသားကို သူရွေးချင်တဲ့သူ သူလိုအပ်တဲ့ကျောင်းသားဦးရေအလိုက် ရွေးမှာပါပဲ။ ဒါကြောင့် Proposal, GPA ကောင်းကောင်း နဲ့ Internal Publicationsတွေရှိရင် ကိုယ့်အတွက် ပိုအားသာပါတယ်။
ဒါတွေရှိရင်တော့ အခြေခံအားဖြင့် စလျှောက်လို့ရပါပြီ။
ဆောင်ရန်ရှောင်ရန် Tipsတွေကို အပိုင်း၂အနေနဲ့ ဆက်ရေးပေးပါ့မယ်။
အပိုင်း2 https://m.facebook.com/story.php?story_fbid=1769811686554341&id=555514577984064
TWins Diary
City University of Hong Kong

Undergraduate full Scholarship 15ခု စုပေးထားပါတယ်♥️♥️♥️💪1.10 Best Canada Scholarship s https://scholarshipfarm.com/under...
25/07/2021

Undergraduate full Scholarship 15ခု စုပေးထားပါတယ်♥️♥️♥️💪

1.10 Best Canada Scholarship s https://scholarshipfarm.com/undergraduate-scholarships-in-canada/

2. Lester B. Pearson International Scholarship in Canada 2022 [Fully Funded]

U of T has 700 undergraduate programs in Humanities & Social Sciences, Life Sciences, Physical & Mathematical Sciences, Commerce & Management, Computer Science, Engineering, Kinesiology & Physical Education, Music, and Architecture.

The Lester B. Pearson International Scholarships will cover tuition, books, incidental fees, and full residence support for four years.

Link: https://bit.ly/3yAbwH1

Deadlines:

School nomination deadline: November 30, 2021.
Student OUAC application deadline: December 15, 2021.
Pearson Scholarship Deadline: January 17, 2022.

3. Australia Awards Scholarships 2022😍

နှစ်စဉ် နိုင်ငံတကာ ကျောင်းသားများကို 100% ပညာသင်ဆု ပေးအပ်တဲ့ Australia Awards Scholarships 2022 ခုနှစ်အတွက် လာမည့် February 1 ရက်နေ့မှ စတင်ပြီး လျှောက်ထားနိုင်ပါပြီ။AAS လျှောက်ထားဖို့ သိထားသင့်သော စည်းမျဉ်းစည်းကမ်း တစ်ချို့

၁. လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရပါမည်။

၂. April 30 မတိုင်ခင် အသက် ၂၅ နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။

၃. အလုပ်အတွေ့အကြုံ ၂ နှစ် ရှိထားရပါမည်။

၄. Post Graduate Program များသာ လျှောက်ထားနိုင်ပါသည်။ Undergraduate Program များ လျှောက်ထားလို့ မရသေးပါ။

၅. လျှောက်ထားသည့် အချိန်တွင် IELTS/ TOEFL/ PTE တို့ မလိုအပ်သေးသော်လည်း

လျှောက်ထားပြီး ရရှိပါက University ၀င်ခွင့်အတွက် လိုအပ်ပါမည်။

၆. မိမိ လေ့လာခဲ့သော ဘာသာရပ် အလုပ်အတွေ့အကြုံနှင့် နီးစပ်သော ဘာသာရပ်ကို လျှောက်ထားပါက ရရှိနိုင်ခြေ များပါသည်။

၇. အင်တာဗျူး အတွက်ရွေးချယ် ခံရသူသည် IELTS မရှိလည်း အင်တာဗျူးကို ဖြေရမည်ဖြစ်ပြီး အကယ်၍ မိမိမှာ စကောလားရှစ်အတွက် ရွေးချယ်ခံရပါသော်လည်း အင်္ဂလိပ်စာ အားနည်းနေပါက ၆ လ သင်တန်းကို အခမဲ့ ထားပေးပါသည်။

၈. လျှောက်ထားရမည့် Deadline မှာ April 30, 2021 ဖြစ်ပါသည်။

စကောလားရှစ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက အောက်ပါလင့်ခ်မှတစ်ဆင့် လေ့လာနိုင်ပါသည်။

Scholarship Link - [https://www.dfat.gov.au/.../myanmar-information-for-intake](https://www.dfat.gov.au/about-us/publications/myanmar-information-for-intake?fbclid=IwAR0-WJJK2snYfFLeyqzqRM459S6zTB5DgX8o44Eex-c7GPz1iYTbGIMYBAQ)

Official Website - [https://www.dfat.gov.au/.../australia-awards-scholarships](https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships?fbclid=IwAR3kfmjoq9SY5rIp2MhQtGn3B2-H7M_rLM2xa8lX5CxclqF6H9OI1vtjbN4)

How to apply - [http://dfat.gov.au/.../how-to-apply-for-an-australia...](https://l.facebook.com/l.php?u=http%3A%2F%2Fdfat.gov.au%2Fpeople-to-people%2Faustralia-awards%2FPages%2Fhow-to-apply-for-an-australia-awards-scholarship.aspx%3Ffbclid%3DIwAR0rYnsKJQdcPaiC6BhSBkBNVw2agzmkA6OVoubOj_CB8ufBuWYV5IR9lZg&h=AT3BQioWUBneqF5380SKYBd0ar6vdtvgeJXmwkfIXkcmxQOum8zUXFmxPlUeY6efa619BhNDPKD7evI7HBlvmsVBKMMrF6MJYyoV7T1gtx3uLh7y07YvdkxaMS26zS266A&__tn__=-UK-R&c[0]=AT2zcMJd0UojMD3l6LyncTjrTQuV6qzH8c52DPbU8DgUlHCqFm-4b4uw78VR7PgTBit9br5vtska2zOVhTHLnxMsWebYKOp0SAUb8Cr_3jd1zZMbyzd-FYRsCnfpLCRuuD_WQzs9BatZrkmFu59cQSaT3T7rhuJXSVtcZdkMTdJlQ3KEk3N8lCc)

လျှောက်ထားနိုင်သော ဘာသာရပ်များ

🔹 Education and Training

🔹 Education Management

🔹 Human Resources Development

🔹 Peace, Humanitarian Support

🔹 Disaster Management

🔹 Development Studies

🔹 Public Policy

🔹 International Relations

🔹 Economics

🔹 Business

🔹 Agriculture, Governance and Natural Resource Management

🔹 Mining

🔹 Gender equity

🔹 Climate Change

• Education (education policy, quality assurance and statistics, student learning assessment, education economics, technical and vocational education and training (TVET), curriculum studies)

• Human resource development (public administration, human resource management, labour market economics, information management)

• Trade and private sector development (economics, financial analysis, international business, infrastructure, trade policy, public policy, tax, energy engineering, mining)

• Gender equality, social inclusion and human rights (gender, disability, development, international human rights law, peace/conflict)

• Regional stability (international relations, diplomacy, transnational crime)

• Environment and natural resources (natural resource management, water resources, climate change, disaster risk management, environment, conservation)

• Public Health (epidemiology, public health,

health security, health economics, disease control, bio

security)

PS : အေဂျင်စီများမှ တစ်ဆင့် လျှောက်ထားလို့ မရပါ။ မိမိကိုယ်တိုင် လျှောက်ထားရပါမည်။

Credit: original uploader

4. Jardine Foundation Scholarships

Jardine Foundation ပညာသင်ဆုက UK နိူင်ငံရှိ University of Cambridge နဲ့ University of Oxford တက္ကသိုလ်နှစ်ခုမှာ တက်ရောက်သင်ကြားနိူင်ရန်အတွက် ပေးတဲ့ Fully-funded ပညာသင်ဆုဖြစ်ပါတယ်။

Undergraduate တွက်ပေးတဲ့ပညာသင်ဆုဖြစ်ပေမယ့် Postgraduate တွက် လည်း အရေတွက်ကန့်သန့်ပြီးပေးပါတယ်။

Jardine Foundation က ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ် စတဲ့ နိူင်ငံ ၁၁ နိူင်ငံက ကျောင်းသားပေါင်း ၃၂၃ ယောက်ကို ပညာသင်ဆု ပေးထားပြီး ဖြစ်ပါတယ်။

Jardine Foundation Scholarships အကြောင်းဆက်ဖတ်ရန်

https://www.scholarshipformyanmar.com/post/jardine-foundation-scholarships

5. Hungary Government Scholarship, 2020

ဟန်ဂေရီအစိုးရပညာသင်ဆု စတင်လျှောက်ထားနိူင်ပါပြီ။
Fully-funded ပညာသင်ဆုဖြစ်ပါတယ်။
Undergraduate နှင့် Postgraduate တွက်ပါ။
လျှောက်ထားနိူင်သောဘာသာရပ်များကို မူရင်းလင့်ထဲဝင်ဖတ်နိူင်ပါတယ်။

Online Application - https://apply.stipendiumhungaricum.hu/

Application Deadline - 15 Jan, 2020

Scholarship Link - http://studyinhungary.hu/study-in-hungary/menu/stipendium-hungaricum-scholarship-programme/apply-for-a-stipendium-hungaricum-scholarship/call-for-applications-2020-2021.html

6. Undergraduate Excellent Scholarships at Walailak University in Thailand, 2018

ထိုင်းနိူင်ငံ၊ Walailak တက္ကသိုလ်ကပေးတဲ့ Undergraduate Excellent Scholarships ပါ။ Bachelor တွက်ပါ။

Available subjects - Bachelor of Business Administration in Logistics Analytics and Supply Chain Management Bachelor of Arts in Public Affairs
- Bachelor of Engineering in Digital Innovation Engineering

Scholarship link - https://www.wu.ac.th/en/news/13502

Application deadline - May 31, 2018

မှတ်ချက်။ ။ *** အရင်ဆုံး ကိုယ်တက်ချင်တဲ့ဘာသာရပ်ပရိုဂမ်တစ်ခုခုရွေးပြီးလျှောက်ထားရပါမယ်***
ဘာသာရပ်လျှောက်ရန်လင့်
Online Application - https://entry.wu.ac.th

7. RMUTT E-CUBE-I (E3I ) Scholarships for International Students in Thailand, 2020

ထိုင်းနိူင်ငံရှိ Rajamangala University of Technology Thanyaburi တက္ကသိုလ်ကပေးတဲ့ RMUTT E-CUBE-I (E3I ) ပညာသင်ဆု ပါ။ Undergraduate နှင့် Postgraduate တွက်ပါ။

ပိတ်ရက်နီးပြီဖြစ်လို့ အမြန်ဆုံးလျှောက်ထားကြပါ။

Scholarship Link -
https://www.scholarshipformyanmar.com/post/rmutt-e-cube-i-e3i-scholarships

8. KAIST Scholarship
•Country : South Korea
•Application period - 9th November 2020 to 8th January 2021
Link: r/intl-undergraduate/wp-content/uploads/sites/4/2020/09/Admission-Guide-for-international-applicants-2021_updated0908-1.pdf

9. MEXT Japan Scholarship University
• Deadline :
First Round - January 12th 2021
Second Round - March 9th 2021
Link: http://en.ritsumei.ac.jp/ps/academics/curriculum.html/

10. Chinese University of Hong Kong Admission Scholarship
• Deadline : January 13th 2021
Link: http://admission.cuhk.edu.hk/programme-list.html?filter=intl

11. Nagoya University Global 30 Undergraduate Scholarship
• Deadline : January 15th 2021
Link: https://admissions.g30.nagoya-u.ac.jp/apply/

12. Prospect Burma Scholarship (WLU)
•Country : Canada
• University : Wilfrid Laurier University
• Deadline : January 31st 2021
Link: https://prospectburma.org/students/scholarships/choosing-where-you-study/studying-in-canada/

13. United World Colleges
•Country : The Netherland, Singapore, Hong Kong, Japan, China
• Type : Full & Partial Scholarship
• Deadline : January 31st 2021
Link:http://myanmarstudyabroad.org/2021-united-world-colleges-international-baccalaureate-ib-program/?fbclid=IwAR1qM5D4d5Eb8PWa_pMRNA7uU8qgmVdiVpUnri7HlyjcwY7lH1nVHPL2EZg

14. SUNY Korea Shared Prosperity Scholarship
•Country : South Korea & USA
• University : SUNY Korea, Stony Brook University
• Type : Undergraduate Full Scholarship
• Deadline : Priority Deadline - November 30th 2020
Regular Deadline - February 5th 2021
Link: http://www.sunykorea.ac.kr/

15. Child’s Dream Scholarship
•Country : Thailand
• University : Vary
• Type : Undergraduate Full Scholarship
• Deadline : February 28th 2021
All posts are credit to original uploader
Good luck All♥️💪

Undergraduate scholarships to study in Canada 2021 is open recently and waiting for an international student to apply quickly and come to Canada for international education.

Address

Hong Kong

Alerts

Be the first to know and let us send you an email when Twin's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share