WHAT Is Quantity Surveyor by Tr Sandar

WHAT Is Quantity Surveyor by Tr Sandar For Sharing about Quantity Surveying

17/04/2025

Tr ကို ခဏခဏ လာမေးတဲ့ Yellow Book ပြသာနာ....

တီချယ်ရေ စင်ကာပူမှာ ၊ ထိုင်းမှာ ၊ UAE မှာ
တခြား နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံလိုမျိူး
Estimation တွက်တဲ့အခါ Yellow book ref
ယူပြီး တွက်ရသလား ဆိုတာ ခဏခဏမေးကြတယ်

မြန်မာပြည်ရဲ့ Yellow book မှာ ဥပမာ တစ်ကျင်းမှာ
သို့မဟုတ် 100ft3 အတွက် qty ဘယ်လောက်လိုသလဲ
Manpower ဘယ်လောက်လိုသလဲဆိုပြီး
ဖော်ပြကြတယ်.၊ ဒါကိုကြည့်ပြီး အလွယ်တကူယူကြတယ်
Estimator အပြင် Site Engineer တွေပါ
အလွယ်တကူ အသုံးချကြတယ်။

အလွယ်တကူ ယူသုံးတဲ့ သူတွေက နိုင်ငံတကာ ရောက်သွားတော့
ဟိုက drawing ကြီး ချပြီး ဒီ Qty ဘယ်လိုရလာသလဲ
ချတွက်ခိုင်းရင် မသိတော့ဘူး။ အထူးသဖြင့် အစိုးရဌာနမှာ
လုပ်တဲ့ဝန်ထမိးတွေက ပိုဆိုးတယ်။ နားမလည်ဘူး။
SE တွေလည်း ဒီအတိုင်းပဲ Manpower ဘယ်လောကိ
ထည့်သင့်သလဲမေးရင် မစဥ်းစားတတ်တော့ဘူး။

နိုင်ငံတကာက အင်ဂျင်နီယာတွေက Detail
Measurement ကနေ ရလာတဲ့ Qty အပေါ်မူတည်ပြီး
Man-day တွက်ထုတ်တယ်၊ Manpower တွက်ထုတ်တယ်
တစ်ရက်တာမှာ ပြီးနိုင်မယ့် productivity ကို
ကောင်းကောင်း နားလည်ကြတယ်။ အဲဒါတွေနားလည်မှ
Master Schedule ထုတ်တတ်မှာဖြစ်တယ်။
Project အမျိူးအစားမတူ၊ site condition
မတူ၊ soil condition မတူ တဲ့ project တိုင်းမှာ
မတူညီတဲ့ Manpower၊ မတူညီတဲ့ Machinery ၊
မတူညီတဲ့ Material ၊ မတူညီတဲ့ Cost ၊
မတူညီသော BQ၊ မတူညီသော Method Statement ၊
မတူညီသော Schedule ရှိတာကြောင့်
Yellow Book ဆိုတာ မရှိတာဖြစ်ပါတယ်

Budget Control လုပ်ဖို့ Detail Measurement
တွက်ထုတ်ဖို့ အင်မတန်လိုအပ်ပါတယ်။

ဒီလောက်ဆို နားလည်လိမ့်မယ်ထင်ပါတယ်

Tr Sandar
Civil Engineer(QS)

Address

London

Telephone

+6584272633

Website

Alerts

Be the first to know and let us send you an email when WHAT Is Quantity Surveyor by Tr Sandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to WHAT Is Quantity Surveyor by Tr Sandar:

Shortcuts

Share