Beyond Burma

Beyond Burma

Share

Join us on this journey as we spill thoughts and write blogs about unfiltered life beyond burma.

Introduction to Beyond Burma 06/10/2024

မင်္ဂလာပါ! Beyond Burma Page ကနေ ကြိုဆိုပါတယ်။ ဒီ page ကိုတော့ စပ်စပ်စုစုရှိတဲ့ UK ရောက် လူငယ်နှစ်ယောက်က စကားပြောချင်လို့ ၊ စူးစမ်းချင်လို့၊ မျှဝေချင်လို့ စ run ဖြစ်ပါတယ်။

ဒီအသက်အရွယ် (mid 20s) ရောက်မှ မျက်စိပွင့်နားပွင့် သိလာတဲ့အရာတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်းက တသတ်မတ်တည်းမရှိဘူးဆိုတာပါပဲ…ငယ်ငယ်က ကြီးလာရင်ဘာဖြစ်ချင်သလဲ မေးတဲ့အခါ ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ်ပဲဖြေခဲ့ကြတာ… ဘယ်သူမှ Digital Marketer လုပ်မယ်…DeVops Engineer လုပ်မယ်ဆိုပြီးဖြေခဲ့ကြတာမဟုတ်တာ…ဘာလို့ဆိုတော့ ခေတ်ကအမြဲပြောင်းနေတာရယ်၊ ကိုယ်မသိတဲ့ Career လမ်းကြောင်းတွေအများရှိနေတာရယ် ဆိုတော့ ကိုယ့် ဝါသနာ၊ skills၊ အတွေ့အကြုံတွေထပ်တူကျဖို့ရာ အများကြီး ရှာဖွေလေ့လာနေရပါတယ်…ဒီလိုအချိန်မှာ ကိုယ့်ရှေ့က အတွေ့အကြုံရင့် Senior တစ်ယောက်ယောက် ဒီလမ်းကိုလျှောက်ပြီးပြီ ၊ ကိုယ့်ကိုလမ်းပြပေးနိုင်တယ်ဆို အစစအရာအရာပိုချောမွေ့သွားမယ်လို့တွေးမိပါတယ် ။

ဒါကြောင့် Beyond Burma အနေနဲ့ ပြည်ပရောက်မြန်မာတွေရဲ့ စကားသံတွေ ၊ သကာမလောင်းထားတဲ့ အတွေ့အကြုံစစ်စစ်တွေကို အပတ်စဉ် မေးမြန်းတင်ဆက်ပေးဖို့ရည်ရွယ်ပါတယ်။ သူတို့ဘာတွေလုပ်ဖြစ်လဲ ၊ ဘယ်လိုတွေတွေးလဲ ၊ ဒီ career ဒီလမ်းကြောင်းပေါ်ဘယ်လိုရောက်လာလဲ၊ ဘယ်လိုလမ်းဖောက်ခဲ့လဲ၊ နောက်လူငယ်တွေအနေနဲ့ စိတ်ဝင်စားတယ်ဆို ဘာတွေလုပ်သင့်လဲ စသဖြင့် မေးခွန်းတွေကို ကိုယ်တိုင်လည်း သိချင်၊ အများကိုလည်းပေါ့ပေါ့ပါးပါးနဲ့ မျှဝေပေးချင်လို့ ဒီ Page ကိုစလုပ်ဖြစ်ပါတယ်။ စိတ်ဝင်စားရင် follow လုပ်ထားလို့ရသလို ကိုယ့်အတွေ့အကြုံတွေမျှဝေချင်တယ်ဆိုလည်း လာဆက်သွယ်လို့ရပါတယ်။ အောက်က Podcasts Channel ကိုလည်း subscribe လုပ်ထားပေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်😊

🎧🔗 https://open.spotify.com/episode/1QAdxE59dBGRD7b8IVdtFZ?si=84dKZMoSS1auhdhlUNP3Pg

Introduction to Beyond Burma Beyond Burma · Episode

Want your school to be the top-listed School/college in London?

Click here to claim your Sponsored Listing.

Location

Website

Address

London