KJLC

KJLC

Share

KJLC is a place to learn for a better life.

19/04/2022

မှ အစပြုမိတဲ့ blended word အကြောင်း

staycation.. ဆိုတာ ဘာလဲတဲ့

vacation ဆိုတာနဲ့ တွဲပြီး ရှင်းလိုက်ရင် ပိုမြင်သာပါတယ်။

vacation ဆိုတာက အားလပ်ရက်ဖြစ်တဲ့အချိန် အိမ်ပြင်ပ အခြားနေရာတစ်ခုခုကို သွားပြီး အားလပ်ရက်သုံးစွဲအနားယူတာ။
staycation ဆိုတာကျတော့ အားလပ်ရက်ဖြစ်တဲ့အချိန် အိမ်မှာနဲ့ အိမ်နားမှာပဲ နေပြီး အားလပ်ရက်သုံးစွဲအနားယူတာ။

vacation ဆိုတာကို va-cation လို့ မြင်လိုက်ရင်
staycation ဆိုတာကို stay-cation လို့ မြင်လို့ရလာလိမ့်မယ်။

နောက်ကနေ -cation တွဲ နေတာကို မြင်ပါလိမ့်မယ်။ vacation ထဲက -cation ကို ယူပြီး stay နဲ့ ရောမွှေလိုက်တာပါ။ blend လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါကြောင့် blended word လို့ ခေါ်ပါတယ်။

lunch က -unch ကို ယူပြီး breakfast က br- နဲ့ ပေါင်းလိုက်တဲ့ brunch

entertainment က -tainment ကို ယူပြီး education က edu- နဲ့ ပေါင်းလိုက်တဲ့ edutainment

romance က -mance ကို ယူပြီး brother က bro- နဲ့ ပေါင်းလိုက်တဲ့ bromance

brunch = မနက်စာနဲ့ နေ့လည်စာ ပေါင်းပြီး စားသလို ဖြစ်တဲ့ အစားအသောက်ကို ဆိုလိုပါတယ်
edutainment = ဖျော်ဖြေမှုရော ပညာရေးရော နှစ်ခုလုံးပါအောင် လုပ်ထားတဲ့ စာအုပ်၊ ပညာပေးတီဗီအစီအစဥ်၊ ကွန်ပျူတာဆော့ဖ်ဝဲ တွေကို ဆိုလိုပါတယ်
bromance = ယောကျ်ားလေးနှစ်ဦးကြားက ညီအကိုလိုမျိုး အရမ်း ရင်းနှီးပေါင်းသင်းတဲ့ ခင်မင်မှုသံယောဇဥ်ကို ဆိုလိုပါတယ်

ဒါတွေကို ပညာရပ်ဆိုင်ရာ သဘောတရားအရ blended word လို့ သတ်မှတ်ပါတယ်။

🟥 K J ⬛️

Photos from KJLC's post 18/04/2022

အင်္ဂလိပ် Diphthong [~ ဒစ်ဖ်သော့-င်] အသံ

ဒီအသံအမျိုးအစားဟာ မြန်မာတွေအတွက် သတိထားစရာ ဖြစ်ပါတယ်။
အင်္ဂလိပ်အသံတွေထဲမှာ Diphthong [~ ဒစ်ဖ်သော့-င်] ဆိုတာက သရသံ (၂)သံပေါင်းပြီး ထွက်တဲ့ အသံပါ။ နှစ်သံပေါင်းပြီး တစ်သံတည်းထွက်တယ်ဆိုတာမျိုးက ဥပမာ- တ + ရိ = တြိ ၊ န + ယူး = နြူး ဆိုတာမျိုးတွေပါ။ သရသံ(၂)ကို ပေါင်းပြီး တစ်သံတည်း ထွက်ယူတဲ့ အသံကို Diphthong [~ ဒစ်ဖ်သော့-င်] လို့ သတ်မှတ်ပါတယ်။

လေ့လာတွေ့ရှိရသလောက် အင်္ဂလိပ် Diphthong [~ ဒစ်ဖ်သော့-င်] တွေရဲ့အသံဟာ မြန်မာတွေအတွက် အခက်အခဲရှိတဲ့ အသံတွေပါပဲ။ မြန်မာမှာ ရှိလေ့ရှိထ မဖြစ်တဲ့ အသံတွေပါ။ အချို့အသံတွေဟာ မရှိဘူး၊ အချို့အသံတွေကျတော့ ဆင်တူတဲ့အသံရှိပေမဲ့ ဆင်တူတာပဲ ဖြစ်ပြီး ထပ်တူမကျဘူး။ အကုန်ချုပ်လိုက်ရင်တော့ Diphthong [~ ဒစ်ဖ်သော့-င်] အသံတွေဟာ မြန်မာမှာ မရှိဘူးလို့ ဆိုနိုင်ပါတယ်။

(၁) လုံးဝမရှိတဲ့အသံအမျိုးအစား

/ ɪə / sound - ဒီအသံက ‘အစ်’နဲ့ ‘အ’နဲ့ သရ(၂)သံပေါင်းပြီး အစ်+အ > အီးအာအသံမျိုး ထွက်လာတယ်။ မြန်မာစာမှာ မရှိဘူး (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ eə / sound - ဒီအသံက ‘အက်’နဲ့ ‘အ’ နဲ့ သရ(၂)သံပေါင်းပြီး အက်+အ > အဲအာအသံမျိုး ထွက်လာတယ်။ မြန်မာစာမှာ မရှိဘူး (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ʊə/ sound - ဒီအသံက ‘အွပ်’နဲ့ ‘အ’ နဲ့ သရ(၂)သံပေါင်းပြီး အွပ်+အ > အွပ်အာအသံမျိုး ထွက်လာတယ်။ မြန်မာစာမှာ မရှိဘူး (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

(၂) ဆင်တူတာပဲရှိပြီး ထပ်တူမကျတဲ့ အသံအမျိုးအစား

/ aʊ / sound - ဒီအသံက မြန်မာမှာမရှိတဲ့ ပါးစပ်ဖြဲသံ‘အက်’နဲ့ ‘အွပ်’နဲ့ သရ(၂)သံပေါင်းပြီး အက်+အွပ် > အောင်း အသံမျိုးထွက်လာတယ်။ မြန်မာ အောင်း နဲ့ ဆင်တူတယ်။ ထပ်တူမကျဘူး။ မြန်မာမှာ သရသံ၁ခုနဲ့ထွက်တာဖြစ်ပြီး အင်္ဂလိပ်မှာ သရသံ၂ခုပေါင်းသံဖြစ်တယ်။ (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ əʊ / sound - ဒီအသံက ‘အ’နဲ့ ‘အွပ်’နဲ့ သရ(၂)သံပေါင်းပြီး အ+အွပ် > အိုး အသံမျိုးထွက်လာတယ်။ မြန်မာ အိုး နဲ့ ဆင်တူတယ်။ ထပ်တူမကျဘူး။ မြန်မာမှာ သရသံ၁ခုနဲ့ထွက်တာဖြစ်ပြီး အင်္ဂလိပ်မှာ သရသံ၂ခုပေါင်းသံဖြစ်တယ်။ (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ eɪ / sound - ဒီအသံက ‘အက်’နဲ့ ‘အစ်’နဲ့ သရသံ(၂)ပေါင်းပြီး အက်+အစ် > အေး အသံမျိုးထွက်လာတယ်။ မြန်မာ အေး နဲ့ ဆင်တူတယ်။ ထပ်တူမကျဘူး။ မြန်မာမှာ သရသံ၁ခုနဲ့ထွက်တာဖြစ်ပြီး အင်္ဂလိပ်မှာ သရသံ၂ခုပေါင်းသံဖြစ်တယ်။ (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ ɔɪ / sound - ဒီအသံက ‘အော’နဲ့ ‘အစ်’နဲ့ သရသံ(၂)ပေါင်းပြီး အော+အစ် > အွိုင်း အသံမျိုးထွက်လာတယ်။ မြန်မာ အွိုင်း နဲ့ ဆင်တူတယ်။ ထပ်တူမကျဘူး။ မြန်မာမှာ သရသံ၁ခုနဲ့ထွက်တာဖြစ်ပြီး အင်္ဂလိပ်မှာ သရသံ၂ခုပေါင်းသံဖြစ်တယ်။ (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

/ aɪ / sound - ဒီအသံက ‘အား’နဲ့ ‘အစ်’နဲ့ သရသံ(၂)သံပေါင်းပြီး အား+အစ် > အိုင်း အသံမျိုးထွက်လာတယ်။ မြန်မာ အိုင်း နဲ့ ဆင်တူတယ်။ ထပ်တူမကျဘူး။ မြန်မာမှာ သရသံ၁ခုနဲ့ထွက်တာဖြစ်ပြီး အင်္ဂလိပ်မှာ သရသံ၂ခုပေါင်းသံဖြစ်တယ်။ (မြန်မာမှာ သရသံ၂ခုပေါင်းသံ မရှိဘူး)

အချုပ်ဖော်ပြချက်

/ ɪə / sound အစ်+အ အီးအာ အသံမျိုး မြန်မာစာတွင်မရှိ မြန်မာ - သရသံ၂ခုပေါင်းသံ မရှိ

/ eə / sound အက်+အ အဲအာ အသံမျိုး မြန်မာစာတွင်မရှိ မြန်မာ - သရသံ၂ခုပေါင်းသံ မရှိ

/ʊə/ sound အွပ်+အ အွပ်အာ အသံမျိုး မြန်မာစာတွင်မရှိ မြန်မာ - သရသံ၂ခုပေါင်းသံ မရှိ

/ aʊ / sound အက်*+အွပ် အောင်းအသံမျိုး မြန်မာ အောင်း နှင့် ဆင်တူ မြန်မာ - သရသံ၁ခု , အင်္ဂလိပ် - သရသံ၂ခုပေါင်းသံ

/ əʊ / sound အ+အွပ် အိုး အသံမျိုး မြန်မာ အိုး နှင့် ဆင်တူ မြန်မာ - သရသံ၁ခု , အင်္ဂလိပ် - သရသံ၂ခုပေါင်းသံ

/ eɪ / sound အက်+အစ် အေး အသံမျိုး မြန်မာ အေး နှင့် ဆင်တူ မြန်မာ - သရသံ၁ခု , အင်္ဂလိပ် - သရသံ၂ခုပေါင်းသံ

/ ɔɪ / sound အော+အစ် အွိုင်း အသံမျိုး မြန်မာ အွိုင်း နှင့် ဆင်တူ မြန်မာ - သရသံ၁ခု , အင်္ဂလိပ် - သရသံ၂ခုပေါင်းသံ

/ aɪ / sound အား+အစ် အိုင်း အသံမျိုး မြန်မာ အိုင်း နှင့် ဆင်တူ မြန်မာ - သရသံ၁ခု , အင်္ဂလိပ် - သရသံ၂ခုပေါင်းသံ

မှတ်ချက်

(၁) /ʊə/ sound - ဆိုတဲ့ Diphthong [~ ဒစ်ဖ်သော့-င်] အသံကို အခုခေတ်မှာ အများအားဖြင့် ပြောလေ့မရှိတော့အတွက် သင်ရိုးအချို့မှာ အဲဒီအသံကို နုတ်ပယ်ထားတယ်။
* Ref; British English Phonetic Transcription by Paul Carley and Inger M. Mees
First published 2021 by Routledge, Taylor & Francis Group, LODON AND NEW YORK
Part A, (Page 37) - 8 The near /ɪə/ and cure /ʊə/ Vowels, 8.2 The Cure /ʊə/ Vowel:
‘More and more words which traditionally had the cure /ʊə/ vowel are now pronounced with the thought /ɔː/ vowel, especially at the end of words, and for some speakers the cure /ʊə/ vowel might not exist at all.’

(၂) ဒီအသံတွေအပြင် မြန်မာမှာ မရှိတဲ့ အခြားသံတွေ (Diphthong [~ ဒစ်ဖ်သော့-င်] အသံ မဟုတ်တဲ့ အခြားအသံတွေ) ကျန်ပါသေးတယ်။

Diphthong [~ ဒစ်ဖ်သော့-င်] အသံတွေဟာ မြန်မာမှာ မရှိဘူးလို့ ဆိုနိုင်တဲ့အတွက် မြန်မာတွေ အသံထွက်တဲ့အခါ အခက်အခဲတွေ အလွဲတွေ ရှိလာပါတယ်။ အင်္ဂလိပ် Diphthong [~ ဒစ်ဖ်သော့-င်] အသံကို မြန်မာတွေက အဆင်ပြေသလိုထွက်ကြတဲ့အခါ ဒါမှမဟုတ် ဆင်တူတာတွေနဲ့ အဆင်ပြေသလို ထွက်ကြတဲ့အခါ အသံမှန်နဲ့ လွဲကုန်တာမျိုး ဖြစ်ကုန်တယ်။ အင်္ဂလိပ်အသံထွက်ကို စနစ်တကျလေ့လာလိုက်ရင် ဒီလို သတိထားစရာတွေ တွေ့နိုင်ပါတယ်။

🟥 K J ⬛️

11/04/2022

what (ဘာလဲ) ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မြန်မာအများစုဟာ
wh အတွက် 'ဝှ / ဝ ' ဆိုတဲ့ အသံကိုယူပြီး at အတွက် 'အက်' ဆိုတဲ့ အသံကိုယူပြီး ထွက်လိုက်တဲ့အခါ 'ဝှ+အတ်' = 'ဝှက်' ဒါမှမဟုတ် 'ဝ+အတ်' = 'ဝက်' ဆိုတဲ့ အသံကို ထွက်လေ့ရှိကြတယ်။

မှားလားဆိုတော့ မမှားဘူး၊ မှန်လားဆိုတော့လဲ မှန်တယ် မဟုတ်ပြန်ဘူး။

ဗြိတိသျှအသံထွက်အနေနဲ့ဆို
what /wɒt/ လို့ အသံထွက်ကို ဖော်ပြတာဖြစ်တဲ့အတွက် 'ဝေါ့ထ်' ဆိုတဲ့ အသံထွက်ပါတယ်

အမေရိကန်အသံထွက်အနေနဲ့ဆို
what /wʌt/ လို့ အသံထွက်ကို ဖော်ပြတာဖြစ်တဲ့အတွက် 'ဝှက်ထ်' ဆိုတဲ့အသံကို လျှာခြွတဲ့ 'အက်' အသံနဲ့ ထွက်ပါတယ်။ လျှာခြွတဲ့ 'အက်' အသံဟာ မြန်မာအသံ ရိုးရိုးထွက်တဲ့ 'အက်'ဆိုတဲ့ အသံနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမဲ့ ကွဲလွဲပါတယ်။

Photos from KJLC's post 01/04/2022

'/s/ အသံနဲ့ /z/အသံ သဘောတရား'

1: / s / sound (‘စ’ အသံ)

မြန်မာတွင်ရှိသော ‘စ’ အသံ ဖြစ်သည်။ အသံထွက်အက္ခရာအားဖြင့် / s / ဖော်ပြရေးသားသည်။ / s / အသံကို ထွက်သည့်အခါ လည်ချောင်းအတွင်း တုန်ခါမှု မရှိ။ တုန်ခါမှုမရှိသည့်အသံကို unvoiced ဟု ခေါ်သည်။

အရှေ့တွင် /s/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
some /sʌm/ (မြန်မာလိုအနီးစပ်ဆုံးစာဖြင့် စက်မ်)
school /skuːl/(မြန်မာလို အနီးစပ်ဆုံးစာဖြင့် စခူးလ်)
still /’stɪl/(မြန်မာလို အနီးစပ်ဆုံးစာဖြင့် စထစ်လ်)
state /steɪt/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် စထေးထ်)

အလယ်တွင် /s/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
just /dʒəst/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဂျ-စ်ထ်)
first /fɜːst
/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဖားစ်ထ် - /ဖ/ကို ထွက်ရာတွင် သွားနှင့် အောက်နှုတ်ခမ်းထောက်၍ ထွက်သည်၊ ထိုသို့ထွက်သည့် ‘ဖ’ကို ဖားဟု ထွက်ရာတွင် သရသံဖြစ်သည့်“အား”ကို လျှာခြွ၍ ထွက်သည်)
last /lɑːst/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် လားစ်ထ်)

last /lɑːst/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် လားစ်ထ်)

နောက်ဆုံးတွင် /s/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
this /ðɪs/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဿစ်-စ်)
us /əs/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် အ-စ်)
place /pleɪs/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဖလေးစ်)
case /keɪs/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ခေးစ်)

2: / z / sound (‘ဇ’ အသံ)

မြန်မာတွင်ရှိသော ‘ဇ’ အသံ ဖြစ်သည်။ အသံထွက်အက္ခရာအားဖြင့် / z / ဖော်ပြရေးသားသည်။ / z / အသံကို ထွက်သည့်အခါ လည်ချောင်းအတွင်း တုန်ခါမှု ရှိသည်။ တုန်ခါမှုရှိသည့်အသံကို voiced ဟု ခေါ်သည်။

အရှေ့တွင် /z/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
zone /zəʊn/ ((မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဇိုးန်)
zoo /zu:/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဇူး)

အလယ်တွင် /z/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
business /ˈbɪznəs/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဘစ်ဇန-စ်)
president /ˈprezədənt/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဖရက်ဇဒ-န်ထ်)
result /rɪˈzʌlt/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ရစ်ဇက်လ်ထ်)
reason /ˈriːzən/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ရီးဇ-န်)

နောက်ဆုံးတွင် /s/သံ ပါဝင်သည့် ဥပမာ စကားလုံးများ
use /juːz/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ယူးဇ်)
those /ðəʊz/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် ဿိုးဇ်)
size /saɪz/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် စိုင်းဇ်)
lose /luːz/ (မြန်မာလို အနီးစပ်ဆုံးစာဖြင့် လူးဇ်)

/ s / sound (‘စ’ အသံ) နှင့် / z / sound (‘ဇ’ အသံ) ထွက်လာစေရန် ပါးစပ်အတွင်း အလုပ်လုပ်ပုံမှာ တူညီသော်လည်း လည်ချောင်းအတွင်း တုန်ခါမှု ပါဝင်ခြင်း ရှိမရှိမှာ ကွဲပြားသည်။ / s / sound (‘စ’ အသံ) သည် တုန်ခါမှု မရှိ၍ / z / sound (‘ဇ’ အသံ) သည် တုန်ခါမှုရှိသည်။ နည်းပညာသဘောြဖင့် / s / sound (‘စ’ အသံ) သည် unvoiced ဖြစ်၍ / z / sound (‘ဇ’ အသံ) သည် voiced ဖြစ်သည်။

စကားလုံးတစ်ခုချင်းစီတွင် ကွဲပြားစွာ သိနိုင်သော်လည်း ဝါကျတစ်ခုလုံးအနေဖြင့် ပြောဆိုသည့်အခါ မြန်မာအချို့အတွက် / s / sound (‘စ’ အသံ)နှင့် / z / sound (‘ဇ’ အသံ)ကို ကွဲကွဲပြားပြား နားဖမ်းရခက်သည့် အခြေအနေမျိုး ဖြစ်တတ်သည်။

ဥပမာ -
What’s the price? / s / What’s the prize? / z /
Police! Come here. / s / Please! Come here. / z /

'/s/ အသံနဲ့ /z/အသံ သဘောတရား'မှာ ထိုသို့ဖြစ်သည်။

🟥KJLC⬛️
Learn for a Better Life.

29/03/2022

ဗြိတိသျှအသံနဲ့ အမေရိကန်အသံ
(ကျီစယ်နောက်ပြောင်ထားသည့် ဗီဒီယို)

18/03/2022

EPC-B322 အတန်းခွဲနှစ်ခုသို့ တက်ရောက်နေသော လေ့လာသူများအနက် အချို့မှာ

- အရေးပေါ် အခြေအနေများကြောင့်လည်းကောင်း
- လျပ်စစ်မီးပြတ်တောက်မှုများကြောင့်လည်းကောင်း
- မလွဲရှောင်သာသော ကိစ္စရပ်တချို့ကြောင့်လည်းကောင်း

- အတန်းချိန် မပြီးဆုံးခင် ထွက်ခွာရခြင်း။
- အတန်းချိန် အချို့ကို ပျက်ကွက်ရခြင်း။
စသည်တို့ ဖြစ်ပေါ်လျက်ရှိရာ

ထိုလေ့လာသူများအတွက် လွတ်သွားသည့် သင်ခန်းစာများ ချိတ်ဆက်မိစေနိုင်ရန်အတွက် အကျဥ်းချုံး စုစည်းပို့ချပေးနိုင်ရန် အစီအစဥ်တစ်ရပ် ရေးဆွဲနေပါသည်။

ထိုအကျဥ်းချုံးသင်ကြားမှုသည် ပုံမှန်သင်ကြားမှုကဲ့သို့ အနုစိတ် မဖြစ်နိုင်သော်လည်း သင်ခန်းစာ လုံးဝလွတ်သွားရသူများအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်ထွန်းမည်ဟု မျှော်လင့်ပါသည်။

🟥 KJLC ⬛️
Learn for a Better Life

13/02/2022

#အင်္ဂလိပ်စာ #အသံထွက် #သင်တန်း
မတ်လ (၁)ရက်နေ့ စတင်ပါမည်။ ( 1.3.2022 )

တစ်ပတ်လျှင် ၄-ရက်၊ တစ်ရက်လျှင် ၁-နာရီ နှုန်းဖြင့်
#အခြေခံအဆင့် (၃) လ သင်တန်းကို Zoom ဖြင့် အွန်လိုင်းမှ သင်ကြားလေ့ကျင့်ပါမည်။

တစ်ရက်လျှင် တန်းခွဲ ၃-ခု ရှိသည့်အနက်
မိမိအားလပ်သည့် အချိန်နှင့် ကိုက်ညီသော တန်းခွဲတွင်
#နေ့စဥ် #ပြောင်းလဲ၍ တက်ရောက်နိုင်ပါသည်။

ℹ️ နေ့လည် ၄း၀၀ - ၅း၀၀ (တန်းခွဲ A)
ℹ️ ညနေ ၆း၀၀ - ၇း၀၀ (တန်းခွဲ B)
ℹ️ ည ၈း၀၀ - ၉း၀၀ (တန်းခွဲ C)

သင်တန်းကြေး - တစ်လ - နှစ်သောင်း ဖြစ်ပါတယ်။

✅အသက်အရွယ် ကန့်သတ်ချက် - အသက် ၁၂ နှစ်နဲ့ အထက်ဖြစ်ရပါမည်
✅ပညာအရည်အချင်း ကန့်သတ်ချက် - အခြေခံ အင်္ဂလိပ်စကားလုံးများ သိရှိသူ ဖြစ်ရပါမည်

သင်ကြားလေ့ကျင့်လိုသူများ/အပ်နှံလိုသူများ
ဤ Page ၏ Messenger မှ တဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Learn for a better life.
KJLC

Want your school to be the top-listed School/college in London?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

London