Teacher Moh

Teacher Moh Moh Nge is a dedicated educator based in London, UK. She teaches in UK schools and provides engaging online English lessons for young learners across the world.

01/02/2022

Jolly Phonics Trainer အဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုတဲ့ Teacher တွေနဲ့ Phonics ကို ကိုယ်တိုင်သင်ပေးချင်နေတဲ့ ဖေဖေ၊ မေမေတွေအတွက် 🥰

🇬🇧 England နိုင်ငံကကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ပုံစံအတိုင်း မြန်မာနိုင်ငံက ကလေးငယ်တွေကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်အောင် ပြန်လည်မျှဝေပေးမယ့် Jolly Phonics (Training of Trainer) သင်တန်လေးဖွင့်လှစ်ပါပြီနော်။

🇬🇧 England နိုင်ငံကကျောင်းသူ၊ ကျောင်းသားတွေကို ဆယ်စုနှစ်တစ်ခုကြာအောင် လေ့ကျင့်သင်ကြားပေးနေတဲ့ မြန်မာနိုင်ငံသား Teacher က ပြန်လည်မျှဝေပေးမယ့် သင်တန်းလေးမို့ ဘာသာစကားအခက်အခဲလည်း ရှိမှာမဟုတ်သလို ဟိုမှာ လက်ရှိသင်ကြားနေတဲ့ နောက်ဆုံးပေါ်သင်ကြားနည်းစနစ်များကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

⭐ Jolly Phonics ဆရာဖြစ်သင်တန်းလေးမှာ Jolly Phonics ရဲ့ အခြေခံ Skills တွေဖြစ်တဲ့ Letter Sounds, Letter Formation, Blending, Tricky words တွေကစလို့ တစ်ရက်တာ သင်ခန်းစာတွေအတွက် အချိန်စာရင်းဆွဲနည်း၊ Lesson Plan ဆွဲနည်း တွေအထိပါဝင်မှာဖြစ်ပါတယ်။

⭐ ဒါ့အပြင် Phonics ကိုသင်ယူဖို့အတွက် ခက်ခဲတဲ့အခြေအနေရှိနေတဲ့ ကလေးငယ်လေးတွေအတွက် အထူးချည်းကပ် သင်ကြားနည်းများ၊

⭐ Letter Sound 42 ခုအပြင် ထပ်ဆောင်း အသံထွက်များ (Additional Sounds & Alternative Vowel Sounds)၊

⭐ ကလေးငယ်များအတွက် Guided Writing နှင့် Reading လေ့ကျင့်ပေးပုံ အဆင့်ဆင့်များ၊

⭐ မိဘဆရာတို့ရဲ့ အကူအညီမလိုပဲ စာကြောင်းလေးတွေကို တစ်ယောက်တည်းရေးဖွဲ့တတ်လာအောင် လေ့ကျင့်ပေးနည်းများ (Independent Writing)

⭐ သင်ခန်းစာများအတွက် Resources များပြင်ဆင်ပုံ၊

⭐ စာသင်ခန်းတစ်ခုလုံးအတွက် Material များပြင်ဆင်ပုံတို့ကိုပါ နားလည်တတ်ကျွမ်းသွား‌ အောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် England နိုင်ငံကိုရောက်စက Phonics Trainer တစ်ယောက်ဖြစ်လာဖို့အတွက် မြန်မာငွေသိန်းဆယ်ချီရင်းပြီးတက်ခဲ့ရတဲ့ သင်ခန်းစာတွေအကုန်လုံးကို အခုသင်တန်းလေးမှာ အိတ်သွန်ဖာမှောက်ထည့်သွင်းပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် England နိုင်ငံမှာ ဆရာမလုပ်နေတဲ့ (၁၀) နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံများကိုပါ ထည့်သွင်းမျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ကိုတိုင် အမိမြေကိုပြန်မလာနိုင်ပေသေးပေမယ့် ကိုယ့်မြေကိုယ့်ရေက ကလေးတွေအတွက် အဆင့်ဆင့် လက်ဆင့်ကမ်းပြန့်ပွားပေးချင်တဲ့ စိတ်စေတနာနဲ့ ဒီသင်တန်းလေးကို ဖွင့်ဖြစ်တာ ဖြစ်ပါတယ် 🥰

သားသားမီးမီးတွေကို ကိုယ်တိုင်သင်ကြားပေးလိုတဲ့ မိဘတွေအတွက်ရော၊ Phonics Trainer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုတဲ့ ညီမလေးတွေအတွက်ပါ တစ်ထောင့်တစ်နေရာကနေ အကူအညီပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ် 🤗

ဒါ့အပြင် ပြန်လည်သင်ကြားတဲ့အခါမှာ အရံသင့်ပြန်လည်အသုံးပြုလို့ရစေဖို့အတွက် ⭐ ဒေါ်လာ 300 ⭐ တန် Jolly Phonics သင်ထောက်ကူပစ္စည်းများနဲ့ အခြား သင်ကြားရေးဆိုင်ရာ အထောက်အကူပြု စာရွက်စာတန်းများကိုပါ (အခမဲ့) မျှဝေပေးသွားမှာဖြစ်လို့ သင်တန်းပြီးတာနဲ့ သားသား မီးမီးတို့ကိုတန်းပြီး Training ပေးရုံပဲနော်။

ကဲ အခုလို England နိုင်ငံမှာလက်ရှိသင်ကြား‌နေတဲ့ သင်ကြားနည်းတွေကိုရော၊ သင်ထောက်ကူ ပစ္စည်းတွေကိုရောကို အိတ်သွန်ဖာမှောက် ရရှိမှာဆိုတော့ သင်တန်းကြေးလေးကိုလည်း သိချင်နေကြပြီထင်ပါတယ်။

ဟုတ်ကဲ့ Jolly Phonics ဆရာဖြစ်သင်တန်းလေးရဲ့ ပုံမှန်သင်တန်းကြေးက (300,000) ကျပ် ဖြစ်ပါတယ်။ တကယ်တော့ 3 သိန်းမကတန်ပါတယ်။

ဒါပေမယ့် အခုလို အချိန်မျိုးမှာ သင်တန်းကြေးကြောင့် စနိုးစနှောင့်မဖြစ်ရအောင် (180,000) ကျပ်အထိ လျော့ချပေးထားပါတယ်။

ပထမဆုံးအပ်တဲ့ Trainer (5) ဦးအတွက် Early Bird Price ⭐ 150,000 ⭐ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ် 🤗

သင်တန်းလေးက February လ (5) ရက်နေ့မှာစတင်မှာဖြစ်ပြီး April လ (10) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ April လ (23) ရက်နဲ့ (24) ရက်နေ့များမှာတော့ Revision & Test ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Saturday & Sunday သင်တန်းဖြစ်ပြီး အလုပ်ချိန်များနဲ့ အတတ်နိုင်ဆုံးလွတ်ကင်းအောင် 7:00 PM – 8:00 PM တန်းခွဲလေးစီစဉ်ပေးထားပါတယ်။ Prerecorded Video များမဟုတ်ပဲ Zoom ကနေတဆင့် Live သင်ကြားပေးမှာဖြစ်ပါတယ်။

အချိန်အခက်အခဲကြောင့် အခုလို ဆရာဖြစ်သင်တန်းလေးတွေကို တစ်နှစ်မှာ တန်းခွဲ (၂) ခုသာဖွင့်လှစ် ဖို့စီစဉ်ထားပြီး တန်းခွဲတစ်ခုမှာလည်း Trainer ဦးရေ (၁၅) ဦးအထိသာလက်ခံမှာဖြစ်လို့ စိတ်ပါဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က Messenger Link လေးကနေ တိုက်ရိုက်ဆက်သွယ်ပေးပါနော်။

Address

Curzon Avenue
London

Telephone

+447890709109

Website

Alerts

Be the first to know and let us send you an email when Teacher Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category