04/03/2026
Hello အားလံုးပဲ မင်္ဂလာပါဗျ။ ခု ဒီ page လေးက အသစ်ဖြစ်ပြီး မြန်မာကျောင်းသားတွေအတွက် study abroad plan လေးတွေ ဝေမျှ ပေးသွားမှာဖြစ်ပါတယ်။
ခုလူတိုင်းကြားပြီးသလို UK 🇬🇧 က မြန်မာ student တွေကို ban လိုက်ပါပြီ။
တကယ်လဲ စိတ်မကောင်းပါဘူး။ ကျနော်ကိုယ်တိုင်လဲ UK ကို recently ကမှ ရောက်ထားတာမလို့ပါ။
ဒါမဲ့ အရေးကြီးတဲ့ အချက်က ခုချိန် မြန်မာ student အထူးသဖြင့် UK သွားမဲ့ ကျောင်းသားတွေ အရမ်း စိတ်ဓာတ်ကျနေပြီး ပြာယာတွေ
ခက်နေမှာပါ။ တစ်ခုပြောချင်တာက ခုချိန် scam ခံရဖို့ များပါတယ် ။ ခုထိ တစ်လျောက်လံုး agents တွေက UK ကောင်းတယ်သွားကြ ဆိုပြီး ပို့ကြတာများပါတယ် ။ တကယ်တမ်း UK က တကယ့်ခြေနေကို သူတို့သိလားမသိလားဆိုတာတောင်မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ရောက်နေတဲ့သူတွေ asylum ခံတာကလဲ အလုပ်မရတာရယ် skilled workers visa တွေ ခက်တာရယ်ကြောင့်ပါ။ တော်တော်များများက ပြောကြမှာပေါ့နော် UK သွား ဟိုရောက်ရင် အကုန်အဆင်ပြေမှာပါ ဆိုတာက 1% လောက်ပဲရှိတာပါ ။ မယံုရင် မေးကျိပါ UK သွားပြီး office job ရဖို့ ဘလောက်ခက်လဲဆိုတာ။ ဒါကို ကြိုမသိတော့ ဒုက္ခရောက် asylum လျောက်တော့ နောက်လာမယ့်သူတွေက နစ်နာရပါတယ်။ ကျနော့်ဆို တခြား international ကျောင်းသားတွေက မြန်မာခြေနေမကောင်းဘူး asylum လျောက်ပါလားဆိုပြီး ခနခနပြောပေမဲ့ ကိုယ့်ကြောင့်နောက်လူတွေ လာမရဘူးဆိုပြီး ငြင်းခဲ့ပါတယ်။
ဒါကြောင့် ဒီ page လေးမှာ ယခု လက်ရှိ HND ဆိုတဲ့ diploma ကို
တတ်ရောက်နေတဲ့ ကျောင်းသားတွေ Bachelor သမားတွေ ၊ IGCSE ,OSSD တတ်ပြီးတဲ့ကျောင်းသားတွေကို ဘာဆက်လုပ်သင့်လဲ ဆိုတာလေးကို ပြောသွားမှာ ဖြစ်ပါတယ်။ နောက် post တွေမှာ တစ်ခုချင်း ခွဲပြီးတင်ပါမယ်။
အားလံုးစိတ်ဓာတ်မကျဖို့လဲ ပြောချင်ပါတယ် ။ problem ရှိရင် solution ကရှိနေစဲပါ✨✨