Vers l'horizon

Vers l'horizon

Partager

Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Vers l'horizon, École, dijon, Dijon.

20/01/2026

ကိုယ်စာသင်ပေးနေတဲ့ကျောင်းသားလေး Singapore က Alliance française မှာအလုပ်ရသွားတာလေးတွေ့ရတော့ဆရာမမှာပီတိတွေဖြာရတာပေါ့။
💛🤩

20/12/2025

ကျောင်းသားလေးတွေ vacation ရောက်နေလဲ ဆရာမ vacation မှာ task လေးတွေပေါ့ပေါ့ပါးပါးလုပ်လို့ရအောင်ပေးထားတာ။
နောက်မို့ဆိုနှစ်သစ်မှာစိတ်သစ်၊လူသစ်နဲ့သင်ထားတဲ့စာတွေပါအသစ်ဖြစ်ကုန်တော့မှာကြိုမြင်လို့ 😅😂
Bonnes fêtes de fin d’année 💛

Photos from Vers l'horizon's post 19/12/2025

ဒီ page လေးက active မဖြစ်တာကြာပီနော်။
Teacher အခုtrainingတခုတက်နေရလို့ပါ။
ကိုယ်တခါမှမသိတဲ့ subject တခုကိုအခုမှလေ့လာနေရလို့ အချိန်ရော energy ရော save လုပ်နေရလို့ပါ။
တဖက်မှာလဲကိုယ်တတ်နိုင်သလောက်လဲ online class လေးတွေ သင်နေပါတယ်။ ကိုယ်သင်ပေးနေတဲ့ကျောင်းသူလေး၂ယောက်ပါ။
UFL ကမဟုတ်ပဲပြင်သစ်ဘာသာစကားကိုကြိုက်လို့လာတတ်တဲ့သူလေးတွေရဲ့ results 🤩😇
I’m proud of you, girls 💛

19/12/2025

၂၀၁၈ မှာကိုယ်နဲ့ပြင်သစ်စာစသင်တဲ့ ကျောင်းသားလေးက ၂၀၂၅ မှာ ကိုယ်အလုပ်လုပ်ခဲ့တဲ့ French Institut မှာ ဆရာပြန်လုပ်နေပြီဆိုတာမြင်ရတော့ပီတိတွေဖြာရပါတယ်။
ဆရာမအပေါအမြဲလေးစားပြီးသတိတရရှိလို့ပိုပြီးပျှော်ရွှင်ကျေနပ်ရပါတယ်။

01/08/2025

Bonjour à tous,
အားလုံးပဲမင်္ဂလာပါရှင်။
ဒီနေ့ကျွန်မsharing လုပ်ပေးချင်တဲ့အကြောင်းအရင်းလေးက teaching tips လေးပါ။

ကျွန်မတို့ဘာသာစကားတခုကိုစတင်ပြီးလေ့လာတယ်ဆိုရင်ကျောင်းသားတယောက်အနေနဲ့ အသံထွက်၊ စကားလုံး ၊ liaison လို့ခေါတဲ့အသံဆက်တာတွေ၊ စာကြောင်းတည်ဆောက်ပုံတွေ၊ ဒါတွေအားလုံးက အသစ်တွေ ဖြစ်နေပါတယ်။

ဒီတော့ ကျွန်မတို့ဆရာမတွေအနေနဲ့ beginner တွေကိုစာသင်တဲ့အခါ၂နာရီအတွင်း informations တွေအကုန်လုံးကိုစုပြုံပြီးသင်ပေးလိုက်လို့မရပါဘူးရှင်။
Lesson planning တွေလုပ်တဲ့အခါလဲ ဆရာ/ဆရာမ တယောက်အနေနဲ့vocabulary, grammar points တွေကိုဘာလို့သင်မှာလဲ၊ objectif ကဘာလဲ၊ ဒါတွေသင်ပြီးရင် ကျောင်းသားတွေက ဘယ်နေရာမှာ apply လုပ်မှာလဲ၊
ဒါတွေကို lesson planning ထဲမှာသေချာထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်။

ဥပမာ - နံပါတ်တွေသင်တယ်ဆိုပါစိုု့
ဆရာမတယောက်အနေနဲ့စဉ်းစားရမှာကဘာကြောင့်နံပါတ်သင်မှာလဲ၊
ဒီနံပါတ်တွေသင်ပြီးရင်ကျောင်းသားတွေဘာလုပ်မှာလဲ?
နံပါတ်သင်တဲ့ရည်ရွယ်ချက်ကကျောင်းသားတွေ သူတို့အသက်ကိုပြောဖို့၊ သူတို့ဖုန်းနံပါတ်တွေပေးတတ်ဖို့၊ စျေးဝယ်တဲ့အခါစျေးနူန်းတွေပြောနိုင်ဖို့၊ ကိုယ့်ရဲ့မွေးတဲ့နှစ်တွေကိုပြောနိုင်ဖို့အတွက်ပါ။

ဒီ objectif တွေမပါပဲ ဒီနေ့ ၁ ကနေ ၁၀၀ အထိသင်မယ်နော်။
လိုက်ဆို၊ လိုက်ကျက်ဆိုရင် ကြာလာတဲ့အခါကျောင်းသားတွေရဲ့ လေ့လာချင်စိတ်၊ motivation တွေကျဆင်း၊ပျောက်ဆုံးသွားနိုင်ပါတယ်။

ပြင်သစ်ဘာသာစကားဆိုတာခက်ပါတယ်။ ဒီဘာသာစကားကိုပြောတတ်တယ်ဆိုတိုင်း ဘာသာစကားတခုကိုသင်ကြားလို႔မရပါဘူးရှင့်။ ကျွန်မမြန်မာစကားပြောတတ်တယ်ဆိုရုံနဲ့ဒီဘာသာစကားကို နိုင်ငံခြားသားတယောက်ကို သင်နိုင်ပါဘူး၊ မသင်တတ်ပါဘူးရှင့်၊

teaching technique တွေ၊ strategies တွေ lesson planning ဆွဲတာတွေကိုလဲ ဆရာ၊ဆရာမတွေအနေနဲ့ လေ့လာသင်ယူရမှာပါ။

Classroom ထဲမှာကျောင်းသားတွေကိုစကားပြောဖို့နေရာလေးမဖန်တီးပေးဘူး၊ ဒါသင်မယ်, ဒါကျ က်ဆိုရင် ကျောင်းသားတွေဘယ်နေနရာမှာ practice ပြန်လုပ်ကြမှာလဲရှင့်။

အားလုံးပဲဒီ post လေးကနေတခုခုစဉ်းစားစရာရသွားမယ်မျော်လင့်လျက်။

Khin Thazin AUNG

24/07/2025
16/07/2025

One of my student 🤩🌻💕

25/06/2025

အားလုံးပဲ မင်္ဂလာပါရှင်

DELF A2 free online class လေးလူပြည့်သွားပါပြီရှင်။

တီချယ်သင်ပေးနေတဲ့ online private class & group class လေးလဲလူပြည့်သွားပါပြီရှင်။

Septemberမှာ class အသစ်လေးတွေရှိပါမယ်ရှင်။
join လိုပါက page messenger မှ တဆင့် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။

merci 💕🌻

22/06/2025
Photos from Vers l'horizon's post 22/06/2025

ဆရာမ စိတ်ရှည်သီးခံမှုကိုဆန်းသောကျွန်မကျောင်းသားလေး 💕🌻

21/06/2025

Bonjour tout le monde,

DELF A2 ဖြေမဲ့ကျောင်းသားတွေအတွက် preparation class ကိုပညာဓါနလုပ်ပေးပါမယ်။ 100% free class လေးပါရှင့်။

July မှာစမှာပါ။
တပတ် ၂ရက်ပါ။

Monday & Tuesday - Ygn time : 19h

အတန်းကို join လိုပါက page မှာ registration လုပ်ရပါမယ်။
Commitment agreement လေးပို့ပေးမှာပါ။
အဲ့ဒါလေးဖတ်ပြီး သဘောတူမှသာလျှင် free class လေးကိုတက်ရောက်လို့ရမှာဖြစ်ပါတယ်ရှငိ။

လူဦးရေ ကန့်သတ်ထားပါတယ်။

June 30 နောက်ဆုံးထားပြီး registration လုပ်လို့ရပြီဖြစ်ကြောင်းသတင်းကောင်းပေးလိူက်ပါတယိ။

Merci 🌻💕

Vous voulez que votre école soit école la plus cotée à Dijon ?

Cliquez ici pour réclamer votre Listage Commercial.

Emplacement

Téléphone

Site Web

Adresse

Dijon
Dijon
21000