28/04/2026
ကျွန်တော် လည်း PJ passport ကိုင်ထားသူမို့ ကိုယ့်လိုသူတွေအတွက် မြန်မာနိုင်ငံ အလည်ပြန်မယ်ဆိုရင် သိထားသင့်တဲ့ information ပါ။
MENNÄÄN! SUOMEEN 🇫🇮🇫🇮
"I'm sharing an easy way to learn Finnish for learners."
28/04/2026
ကျွန်တော် လည်း PJ passport ကိုင်ထားသူမို့ ကိုယ့်လိုသူတွေအတွက် မြန်မာနိုင်ငံ အလည်ပြန်မယ်ဆိုရင် သိထားသင့်တဲ့ information ပါ။
04/04/2026
Hei,
ကိုယ်လည်း အလုပ်မသွားချင်တဲ့နေ့ဆို သူ့လိုဘဲ 😁
Moi
🙅Monelta sulla loppuu huomenna työt?
Moi!
🙅Henkisesti klo 8.30, 🕚fyysisesti klo 11.00 ja
📝Työsopimuksen mukaan klo 16.00
Hyvä Viikonloppuna
31/03/2026
Moikka,
Grammar note စာအုပ်တစ်အုပ် လက်ထဲရှိတာနဲ့ အနားမှာ ဆရာတစ်ယောက် ထိုင်သင်ပေးသလို ခံစားရမယ်။
📕 စာအုပ်ထဲမှာ ဘာတွေပါလဲဆိုတာ့
📌 Finnish Grammar ကို မြန်မာစာနဲ့ ရှင်းလင်းချက်တွေ
📌 လေ့ကျင့်ခန်းများ
📌လေ့ကျင့်ခန်းတွေရဲ့ အဖြေ Answer Key လည်း ထည့်ပေးပါတယ်။
📌 စုစုပေါင်း စာမျက်နှာ ၁၄၃ ရှိပါတယ်။
Finnish A0 ကနေ B1 Level အထိ သိသင့်တဲ့ Grammar အားလုံးကို
တစ်အုပ်တည်းနဲ့ စုပေါင်းထားတဲ့ စာအုပ် ။
🇲🇲 မြန်မာနိုင်ငံ Delivery ရောက်တဲ့ မြို့တိုင်း အိမ်အရောက် ငွေချေရပါပြီ။
🇫🇮 Finland ကို posti နဲ့ စာတိုက်ကြီးက ပို့ပေးပါတယ်။ ပို့ခ တစ်အုပ် 55,000 ကျပ် ။ ( custom declare ကိုယ်တိုင် လုပ်ရမယ်)
💰 စာအုပ်ဈေးနှုန်းကတာ့ – ၇၉,၅၀၀ ကျပ်
📍 တစ်အုပ်သာ ဝယ်ထားလိုက်ရင်
ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် အကျိုးရှိနေမယ့် Grammar Reference Book တစ်အုပ် ဖြစ်ပါတယ် ☺
📩 စာအုပ်မှာမယ်ဆို Page Messenger ဒါမှမဟုတ်၊
📱Viber နံပါတ်
☎️09258650862
အားလုံး အဆင်ပြေကြပါစေ ခင်ဗျာ ....
သူတို့ပြောသလိုဘဲ ဘယ်သူတွေကို မေးပြီး happiest country ဖြစ်နေတာလဲနော် 😁😁😁
သူတို့ ပြောနေတဲ့ conversation လေး ဖတ်လို့ရအောင်လို့
A ☺️: Se alkaa kohta olla taas se aika vuodesta, kun ilmoitetaan, että Suomi on maailman onnellisin kansa.
B 😃: Ei ole kyllä kukaan minulta kysynyt mielipidettä asiaan.
A☺️: No ei ole minullekaan kukaan kyllä soittanut.
B 😄: Ehkä ne soittelee vain jollekin espoolaisille tai sitten niille eläkeläisille, ketkä on karannut Espanjaan.
04/03/2026
Criminal Record Extract (Rikosrekisteriote)
Finland မှာ ကျောင်းသားတွေ (အထူးသဖြင့် care / childcare / health field) အတွက် မရှိမဖြစ် သိထားသင့်တဲ့ စာရွက်စာတမ်းတစ်ခုကတော့ Criminal Record Extract (Rikosrekisteriote) ဖြစ်ပါတယ်။
Criminal record extract ကို Oikeusrekisterikeskus (Legal Register Centre) က ထုတ်ပေးပါတယ်။
📌 ဘယ်အချိန်လိုအပ်လဲ?
Lähihoitaja / Hoiva-avustaja ကျောင်းသားတွေ Harjoittelu (Practical training) ကို မူကြိုကျောင်းမှာ ဆင်းရတဲ့အချိန်
နောက်တစ်ခု
တချို့ employer တွေက အလုပ်ခန့်မယ်ဆိုရင်လည်း တောင်းတတ်ကြပါတယ်
👉 ကလေးတွေနဲ့ အလုပ်လုပ်မယ်ဆိုရင် မရှိမဖြစ် လိုအပ်ပါတယ်။
📌 ဘယ်လိုလျှောက်မလဲ?
🔗 Official Website
👉 https://www.oikeusrekisterikeskus.fi/en/registers/criminal-records/extracts-for-working-with-children/
Website ထဲဝင်ပြီး
“Student: how to order an extract from your criminal record” ကို နှိပ်ပါ။
✅ Strong authentication ရတဲ့သူများအတွက်
ဒီ link ကို နှိပ်ပါ 👇
👉 https://asiointi.oikeus.fi/oikeusrekisterikeskus/ #/
Use the service on your own behalf ကို နှိပ်ပါ။
Bank username နဲ့ identification လုပ်ပါ။
Option မှာ Application for student's practical training (0,00 €) ကို ရွေးပါ။
Delivery method မှာ e service ကို ရွေးရင် email နဲ့ ပို့ပေးပါတယ်။ ဒါမှမဟုတ် Address ဖြည့်မယ်ဆိုရင်
📬 Post နဲ့ အိမ်လိပ်စာကို ပို့ပေးပါလိမ့်မယ်။
📌 Processing time 1–2 weeks ဝန်းကျင် ကြာနိုင်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
26/02/2026
Moikka,
Finnish Grammar တွေကို သင်လိုက်ပြီးရင် မေ့နေလို့ အမြဲပြန်ကြည့်နေရပြီလား
Grammar ဆိုတာ အမြဲတမ်း ပြန်မကြည့်ရင် မေ့လွယ်တဲ့ အရာ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်မရွေး ပြန်ကြည့်လို့ရတဲ့ Grammar တွေ စုစည်းပေးထားတဲ့ စာအုပ်တစ်အုပ် ရှိထားဖို့ အရမ်းအရေးကြီးပါတယ်။
Finnish A0 ကနေ B1 Level အထိ သိသင့်တဲ့ Grammar အားလုံးကို
တစ်အုပ်တည်းနဲ့ စုပေါင်းထားတဲ့ စာအုပ် မြန်မာနိုင်ငံ Delivery ရောက်တဲ့ မြို့တိုင်း အိမ်အရောက် ငွေချေရပါပြီ။
📕 စာအုပ်ထဲမှာ ဘာတွေပါလဲဆိုတာ့
📌 Finnish Grammar ကို မြန်မာစာနဲ့ ရှင်းလင်းချက်တွေ
📌 လေ့ကျင့်ခန်းများ
📌လေ့ကျင့်ခန်းတွေရဲ့ အဖြေ Answer Key လည်း ထည့်ပေးပါတယ်။
📌 စုစုပေါင်း စာမျက်နှာ ၁၄၃ ရှိပါတယ်။
💰 စာအုပ်ဈေးနှုန်းကတာ့ – ၇၉,၅၀၀ ကျပ်
📍 တစ်အုပ်သာ ဝယ်ထားလိုက်ရင်
ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် အကျိုးရှိနေမယ့် Grammar Reference Book တစ်အုပ် ဖြစ်ပါတယ် ☺
📩 စာအုပ်မှာမယ်ဆို Page Messenger ဒါမှမဟုတ်၊
📱Viber နံပါတ်
☎️09258650862
☎️ ဖုန်းဆက်ပြီး မှာချင်တယ်ဆိုရင်တော့ 09443123196 ကို ဖုန်းဆက်ပြီး မှာလို့ရပါတယ် ခင်ဗျာ ....
25/02/2026
Tax Card (Verokortti)
မကြာခင် နွေရာသီ ရောက်တော့မှာဆိုတော့ အလုပ် လုပ်မယ့်သူတွေအတွက် Tax Card (Verokortti) က မရှိမဖြစ်လိုအပ်ပါတယ်။
📌 Tax Card ဘယ်လိုလုပ်မလဲ?
ဒါက bank account ရှိပြီး strong authentication လုပ်လို့ရတဲ့သူတွေအတွက် 👉
1️⃣ Online လုပ်နည်း (အလွယ်ဆုံးနည်း)
OmaVero) website ထဲ ဝင်ပါ
📍Kirjaudu sisään ကိုနှိပ်ပြီး
ကိုယ့်ရဲ့ Online banking codes (ဂဏန်း ၈ လုံး) နဲ့ Login ဝင်ပါ။
ကိုယ်ရမယ့် တစ်နှစ်စာ ဝင်ငွေ (estimated annual income) ကို ဖြည့်ပါ
Submit လုပ်ပြီးရင် Tax card ကို Download လုပ်လို့ ရပါပြီ။
📍Bank account တော့ရှိတယ်။ Finnish ID card မရှိလို့ Strong authentication လုပ်မရတဲ့ သူတွေအတွက် 👉
2️⃣ Paper form နဲ့ လုပ်နည်း
Vero office ကို သွားပြီး နွေရာသီ အလုပ်အတွက် Tax card လုပ်ချင်တယ်ပြောပြီး သူတို့ပေးတဲ့ form ဖြည့်လိုက်ရင်
Tax card ထုတ်ပေးပါလိမ့်မယ်။
📌Passport / Residence permit card) ကို ယူသွားဖို့ မမေ့ပါနဲ့
🇫🇮 Finland မှာ Progressive tax system သုံးပါတယ်။
ဒါကြောင့် ဝင်ငွေများလေလေ Tax % တိုးလေလေ ဖြစ်ပါတယ်။
⚠️ Tax Card မပေးရင် ဘာဖြစ်မလဲ?
Employer ဆီကို Tax card မပေးထားရင်
👉 60% tax ကို တိုက်ရိုက် ဖြတ်ခံရနိုင်ပါတယ်
❗ဒါကြောင့် အလုပ် စပြီး မလုပ်ခင် Tax card လုပ်ထားဖို့ အရေးကြီးပါတယ်။
အားလုံး အဆင်ပြေကြပါစေ
24/02/2026
Hygiene pass (Hygienia passi)
Finland မှာ အလုပ်လုပ်ဖို့ (အထူးသဖြင့် အစားအသောက်နှင့် ပတ်သက်တဲ့ အလုပ်တွေမှာ) မရှိမဖြစ်လိုအပ်တဲ့ Certificate တခုကတော့ Hygienia passi ပါ။
သူက မေးခွန်း (၄၀) ပါတဲ့ မှား/မှန် (True/False) ရွေးရတဲ့ Test ဖြစ်ပြီး အနည်းဆုံး (၃၄) ခု မှန်မှ အောင်မှာပါ။
ဒီ Certificate က Lähihoitaja / Hoiva-avustaja တွေအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် လူနာတွေ၊ အသက်ကြီးသူတွေကို ပြုစုစောင့်ရှောက်ရတဲ့ အလုပ်တွေမှာ Hygiene knowledge အရေးကြီးလို့ ဖြစ်ပါတယ်။
Employer တွေကလည်း အလုပ်ခန့်တဲ့အခါ Hygienia passi ရှိမရှိကို မေးတတ်ကြပါတယ်။
ဘယ်လို ဖြေလို့ရလဲ?
✔ ကိုယ်တက်နေတဲ့ ကျောင်းက စီစဉ်ပေးတဲ့ အချိန်မှာဆိုရင် စာမေးပွဲကြေး မပေးရဘဲ ဖြေလို့ရနိုင်ပါတယ်။
✔ Exam center တွေမှာလည်း ကိုယ်တိုင် သွားဖြေလို့ရပါတယ်။ ဥပမာ Helsinki မှာဆိုရင် ယူရို (၄၀ – ၆၀) လောက် သွင်းပြီး ဖြေလို့ရပါတယ် (Center အလိုက် စျေးနှုန်း မတူနိုင်ပါဘူး)။
စာမေးပွဲကို Finnish / Swedish / English ဘာသာတွေနဲ့ ဖြေလို့ရပြီး စာမေးပွဲအောင်မြင်ပြီးရင် Official Hygiene Passport Card လေး ထုတ်ပေးပါလိမ့်မယ်။
အလုပ်လုပ်ဖို့ စီစဉ်နေသူတွေဆိုရင် Hygienia passi ကို အမြန်ဆုံး လုပ်ထားဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေ။
Valitettavasti influenssan ei ole ihmelääkettä 😂😂
ကံမကောင်းစွာပဲ၊ တုပ်ကွေးအတွက် သီးသန့် ဆေးမရှိပါဘူး။ Panadol ဘဲ သောက်ရမှာ 😁😁🤭
ခုချိန် ဖျားရင် ကိုယ့်မှာရှိတဲ့ Biogistic သောက်လိုက်တာ အကောင်းဆုံးဘဲ
Moikka
Finland ကို လာမယ့် သူတိုင်း သိသင့်တဲ့ Strong Identification နဲ့ Bank Account
🧭 Strong Identification ဆိုတာ ဘာလဲ
Finland က government website တွေ ဖြစ်တဲ့ (Kela, Vero (tax), Enterfinlad ( Migri ) စတာတွေကို ဝင်သုံးတဲ့အခါ Bank app ကနေ scan ဖတ်ပြီး ဝင်တာ၊ ဒါမှမဟုတ် Bank ကပေးတဲ့ username (ဂဏန်း ၈ လုံး) နဲ့ အတည်ပြုပြီး ဝင်ရတာ
ဒီလုပ်ဆောင်ချက်ကိုပဲ Strong Identification လုပ်တယ် လို့ ခေါ်ပါတယ်။
ဒါ့အပြင်
🏠 အိမ်ငှားစာချုပ် (rental contract) ကို online မှာ sign လုပ်မယ်ဆိုရင်လည်း
Strong Identification မဖြစ်မနေ လိုအပ် ပါတယ်။
🧭 Strong Identification မရှိသေးရင် ဘာလုပ်ရမလဲ
အဆင့်လိုက်လုပ်ရပါမယ် —
🆔 DVV မှာ personal identity code ယူ
🏦 Finnish bank account ဖွင့်
Finland ရောက်ပြီး Bank Account မဖွင့်ရသေးဘူး ဆိုရင် —
🏠 အိမ်ငှားခ ပေးလို့မရ
🚆 ရထားလက်မှတ် ဝယ်လို့မရ
📄 စာချုပ်တွေ sign လုပ်လို့မရ
🏛️ Kela / Vero / Migri website တွေ ဝင်လို့မရ
👉 အတိုချုပ်ပြောရရင်
ဈေးဝယ်တာလောက်ပဲ လုပ်လို့ရပြီး အရေးကြီးတာတွေ မလုပ်လို့ရပါဘူး။
Bank Account ဖွင့်ဖို့ အတွက် ဘာတွေ လိုမလဲ ?
Option (1)
Finland ရောက်ပြီး DVV ရုံးမှာ registration ပြီးလို့ approve ဖြစ်ပြီးတဲ့အခါ Finnish ID card ( polisi card) ရမှ ဘဏ်ကို သွားမယ်ဆိုရင်လည်း ရတယ်။ Finnish ID card ရတဲ့ သူတွေအတွက်ကတော့ Bank Account ဖွင့်ပြီးတာနဲ့ strong identification လုပ်လို့ ရပါပြီ ၊
Option (2)
တချို့ Finland ကို တစ်နှစ် ဗီဇာနဲ့ လာတာတို့ ဆိုရင်တော့ Finnish ID card မရနိုင်တာမို့ DVV မှာ registration လုပ်ဖို့ လိုပေမယ့် approve ဖြစ်တာ မစောင့်ဘဲ Bank Account ကို အမြန်ဆုံး သွားဖွင့်ဖို့ အကြံပေးချင်ပါတယ်။
⚠️ ဒီလိုအခြေအနေရှိသူတွေက သတိထားရမယ့်အချက်
👉 Bank Account ရှိပေမယ့်
👉 Strong Identification ကိုတော့ မလုပ်လို့မရသေးပါဘူး
Bank Account ဖွင့်ဖို့ ဘာတွေ လိုမလဲ ?
resident permit card နဲ့ Passport စာအုပ်ကို ယူပြီး ဒီ ဘဏ်တွေမှာ ( Nordea, S-Pankki…) အကောင့် သွားဖို့လို့ ရပါတယ်။
အားလုံးအဆင်ပြေကြပါစေ
09/02/2026
Moikka
Finland မှာ ကလေးရှိတဲ့ မိဘတွေ သိထားသင့်တဲ့ Lapsilisä (Child Benefit)
👶 Lapsilisä ဆိုတာဘာလဲ?
Lapsilisä ဆိုတာ Kela က ပေးတဲ့ ကလေးအတွက် လစဉ်ပေးတဲ့ ကူညီထောက်ပံ့ငွေ ဖြစ်ပါတယ်။
• ကိုယ့် ကလေး 17 နှစ်အောက် ဖြစ်မယ်ဆိုရင် Lapsilisä ရနိုင်ပါတယ်။
👨👩👦 ဘယ်သူတွေ လျှောက်လို့ရမလဲ?
• ကိုယ့်နဲ့ အတူ Finland မှာနေနေတဲ့ ခလေး
• ပြီးတော့ ကိုယ်က Finland ရဲ့ social security ထဲ ဝင်ထားရမယ် → အဓိပ္ပါယ်က Kela card ရှိနေရမှာ ဖြစ်ပါတယ်။
✍️ Lapsilisä ရအောင် ဘယ်လို လျှောက်ရလဲ?
✔️ OmaKela မှာ
👉 “Lapsilisähakemus” (Child Benefit application) နဲ့ လျှောက်နိုင်ပါတယ်
✔️ OmaKela သုံးလို့မရသေးတဲ့ သူတွေအတွက် (paper form): နဲ့ လျှောက်လို့ရပါတယ်။
👉 Lapsilisähakemus LL 1 ဖောင်ကို KELA ရုံးမှာ ယူပြီး ဖြည့် ပြီးရင်
KELA စာတိုက်ပုံးထဲ ထည့်လိုက်ရင်ရပါပြီ။
🕒 Lapsilisä လျှောက်ရင် ကြာချိန်က
• ပုံမှန်အားဖြင့်တော့ ၂–၆ ပတ် အတွင်းဆိုပြီး KELA Website မှာရေးထားပါတယ်။
📌 Finland မှာ မိသားစုနဲ့ နေရင် Lapsilisä ကို မမေ့ဘဲ လျှောက်ပါနော်💙
အားလုံး အဆင်ပြေကြပါစေ