Unlock Wealth Resort Academy

Unlock Wealth Resort Academy 🦋 Mindset · 🌿 Wellness · ✨ Intentional Living · 🕊️ Freedom
🏃‍♀️Better Person ဖြစ်လာဖို့ တစ်နေ့ တစ်ခြေလှမ်း

https://t.me/+kzlgFeAHgbc0Y2M1

02/07/2026

🦋 လေဆိပ်၊ ဟိုတယ်၊ ရုံးလုပ်ငန်း၊ ဆေးရုံ၊ စားသောက်ဆိုင်နဲ့ အရောင်းကဏ္ဍတွေလို... တစ်နေကုန် ပြေးလွှားလှုပ်ရှားနေရတဲ့ ဝန်ဆောင်မှုနယ်ပယ် (Service Industry) က သူများတွေ ရှိလားရှင်?

ခြေဖဝါးတွေ နာကျင်လွန်းလို့ အလုပ်ထဲမှာ စိတ်တိုလွယ်တာ၊ ပင်ပန်းလွယ်တာတွေဟာ သင့်ကြောင့်မဟုတ်ဘဲ "ဖိနပ်" ကြောင့် ဖြစ်နိုင်ပါတယ်။

Day 20 Challenge မှာ ဝတ်ထားမှန်းမသိသာလောက်အောင် ခြေထောက်နဲ့တစ်သားတည်းဖြစ်ပြီး ပေါ့ပါးစေမယ့် "Invisible Shoes" 🥿 အကြောင်း မျှဝေထားပါတယ်။

ဖိနပ်ပြောင်းရုံနဲ့ စိတ်ရှည်မှု၊ အေးချမ်းမှုနဲ့ Quiet Power Level ဘယ်လောက်တက်လာမလဲဆိုတာ. Telegram မှာ Full Content လာဖတ်ကြည့်ပါဦး 👇 Helen Thant888 Unlock Wealth DigitalHelen Thant

30/06/2026

🦋 "ကျွန်မက အလှအပလည်း စိတ်မဝင်စားဘူး၊ ဖက်ရှင်လည်း နားမလည်ဘူး၊ ဝတ်ရတာ အလုပ်မရှုပ်ဘဲ သက်တောင့်သက်သာဖြစ်ရင် ပြီးရော" ဆိုသူတွေအတွက်...

တကယ်တော့ အဝတ်အစား ပွလွန်း၊ ကျပ်လွန်းတာတွေဟာ တစ်နေ့လုံး သွားလာလှုပ်ရှားရခက်စေပြီး ကျွန်မတို့ Introvert တွေရဲ့ စွမ်းအင်တွေကို အလဟဿ ယိုဖိတ်စေပါတယ်။

Day 19 မှာ မျှဝေထားတဲ့ "Find Your Proportion" အလေ့အကျင့်ဟာ အလှပြင်ဖို့ မဟုတ်ပါဘူး။ အပွနဲ့ အကျပ်ကို စနစ်တကျ ချိန်ညှိပြီး ခန္ဓာကိုယ်ကို ဖိအားကင်းဝေးစေတာမို့ ကိုယ့်ရဲ့ Quiet Power ကို အလုပ်ခွင်မှာ ပိုမိုအာရုံစိုက်နိုင်လာစေပါတယ်။

စိတ်ရောကိုယ်ပါ ပေါ့ပါးသွားစေမယ့် လေ့ကျင့်ခန်းအပြည့်အစုံကို Telegram မှာ လာဖတ်ပါရှင် 👇

28/06/2026

🦋 Blazer ကို Coat လို့ပဲထင်ခဲ့တာ အလုပ်ယူနီဖောင်းဝတ်မှ နာမည်သိခဲ့ရတဲ့သူ ကျွန်မပဲ 😄

Introvert တွေအတွက် Blazer ဟာ စကားအများကြီးမပြောဘဲ တည်ငြိမ်တဲ့

Confidence ပြနိုင်တဲ့ လျှို့ဝှက်လက်နက်ပါ

Day 18 မှာ Blazer Power အကြောင်း Telegram မျှဝေထားပါတယ် ☝🏻 Unlock Wealth DigitalHelen Thant Helen Thant888

25/06/2026

🦋 ဗီရိုထဲ အင်္ကျီတွေ အများကြီးရှိပေမဲ့ ဝတ်ချင်တာမဝတ်နိုင်ဘဲ ဒုက္ခရောက်ဖူးလား?
အဲဒါ မင်းအပြစ်မဟုတ်ဘူး။ ကိုယ့် Body Shape ကို နားမလည်သေးလို့ပဲ။
Day 17 မှာ Support Your Shape အကြောင်း မျှဝေပေးထားပါတယ်။ Wealth Resort Academy: Telegram မှာ Full Program 👇 https://t.me/+kzlgFeAHgbc0Y2M1
Unlock Wealth DigitalHelen Thant Oracletarot888

24/06/2026

🦋 ဗီရိုထဲ အင်္ကျီများပေမဲ့

ဝတ်စရာမရှိဘူး?

New Basics Matter ကသာ အဖြေပါ ✨

Day 16 (အခြေခံဝတ်စုံအသစ်များ၏ အရေးပါမှု)

Telegram မှာ အပြည့်အစုံ 👇

https://t.me/+kzlgFeAHgbc0Y2M1

Unlock Wealth DigitalOracletarot888Helen Thant888

23/06/2026

🩳 👙 အပြင်ပန်း ဝတ်စုံတွေ ဘယ်လောက်ပဲစမတ်ကျကျ...

အတွင်းခံက

သက်တောင့်သက်သာမဖြစ်ရင် တစ်နေကုန် အလုပ်အာရုံ ပျက်ဖူးပါသလား?

The Art of Intentional Dressing Challenge ရဲ့ Day 15: Underwear Audit

👙 အတွင်းခံများကို
ပြန်လည်စစ်ဆေးခြင်း ဗားရှင်း
အသစ်ကနေ ကြိုဆိုပါတယ်။

ကျွန်မတို့ဟာ Airport မှာ
စည်းကမ်းကြီးတဲ့ ယူနီဖောင်းတွေနဲ့ အလုပ်များနေချိန်၊

Shopping Center မှာ တစ်နေကုန် လမ်းလျှောက်ရချိန်၊
Hospital, Hotel, Restaurant တွေလို နေရာမျိုးမှာ
အမြဲတက်ကြွစွာ
လှုပ်ရှားရုန်းကန်နေရချိန်၊

ဒါမှမဟုတ် ဘဏ် (Bank) နဲ့ အရောင်းနဲ့ Sale & Marketing လုပ်ငန်းခွင်တွေမှာ စွမ်းအင်အပြည့်နဲ့ လူတွေနဲ့ ဆက်ဆံနေရချိန်တွေမှာ...

ခေါင်းထဲမှာ အလုပ်အာရုံထက် ကိုယ်ဝတ်ထားတဲ့ အတွင်းခံ ကြပ်လွန်း၊ လျှောလွန်းလို့ စိတ်အနှောင့်အယှက် ဖြစ်နေရတတ်ပါတယ်။

လူတွေ မျက်စိနဲ့ မမြင်ရတဲ့

ကိုယ့်ရဲ့ သီးသန့်နေရာ 🩳 👙 လေးတွေကအစ သင့်ကို သက်တောင့်သက်သာ (Fatigue-friendly) မဖြစ်စေဘဲ စွမ်းအင်တွေ အသံတိတ်
စုပ်ယူနေမယ်ဆိုရင်၊

ပြင်ပက ဘယ်လောက်လှတဲ့ အဝတ်တွေပဲ ဝတ်ထားပါစေ တစ်နေ့လုံး စိတ်မွန်းကျပ်နေမှာပါပဲ။

သူများမမြင်ရတဲ့ နေရာလေး
မှာတောင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပံ့ပိုးပေးခြင်းဟာ စစ်မှန်တဲ့ Quiet Power ပါပဲ။

👇 ဒီနေ့အတွက် အိမ်စာ👇

👙 Action: ဒီနေ့မှာ သင့်ရဲ့ အတွင်းခံအံဆွဲကို ဖွင့်ပြီး ပြတ်ပြတ်သားသား စစ်ဆေးပါ။
အရောင်ကျွတ်နေတဲ့၊
ကြိုးလျော့နေတဲ့၊
ဝတ်လိုက်တိုင်း သင့်ကို
အလုပ်ခွင်မှာ

အနှောင့်အယှက်ပေးနေတဲ့
🩳 👙 အဟောင်းတွေ အားလုံးကို ရဲရဲဝံ့ဝံ့
စွန့်ပစ်လိုက်ပါ။

သင့်ခန္ဓာကိုယ်ကို
'ဒုတိယ အရေပြား' လို
နူးညံ့စွာ ကာကွယ်ပေးမယ့် အရာတွေကိုသာ ချန်ထားခဲ့ပါ။

✍️ ဂျာနယ်ရေးရန် (Journaling): ညဘက်မှာ ဒီမေးခွန်းကို ချရေးပြီး ဖြေကြည့်ပါ -
အလုပ်ခွင်ရဲ့ ရုန်းကန်မှုတွေကြားထဲမှာ

သူတစ်ပါးမျက်စိနဲ့ မမြင်ရတဲ့ နေရာလေးတွေကအစ

ငါ့ကိုယ်ငါ တန်ဖိုးထားပြီး သက်တောင့်သက်သာဖြစ်
အောင် ပြင်ဆင်ပေးလိုက်တဲ့အခါ၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်လောက်တောင် ပိုတိုးလာသလဲ?

Helen ရဲ့ Day 15 စကားလုံး ၃ လုံးကတော့ Foundational, Unseen, နဲ့ Supportive ပါ။ ✨
(အခြေခံအုတ်မြစ်ကျမယ်၊ မျက်စိနဲ့မမြင်ရပေမယ့်
တန်ဖိုးရှိမယ်၊

ခန္ဓာကိုယ်ကို အပြည့်အဝ
ပံ့ပိုးပေးမယ် ဆိုတဲ့ အဓိပ္ပာယ်
ဖြစ်ပါတယ်)

ဒီနေ့ သင့်ရဲ့ လုပ်ငန်းခွင်အမောတွေကို လျှော့ချဖို့အတွက်

ဘယ်လို သက်တောင့်သက်သာရှိတဲ့ အရာလေးတွေကိုပဲ ချန်ထားခဲ့မလဲ?

Comment မှာ ရေးသွားပေးပါဦး။ 👇

Much Love,
Helen Thant
Quiet Power Coach

Helen Thant Unlock Wealth DigitalOracletarot888

22/06/2026

🦋 တစ်ပတ်အတွင်းမှာ
သင့်ရဲ့ ဗီရိုနဲ့
သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ
အချိတ်အဆက်တွေ

🦉ဘယ်လောက်တောင်
ပြောင်းလဲသွားပြီလဲ ဆိုတာ သတိထားမိရဲ့လား?

The Art of Intentional Dressing Challenge ရဲ့
🗓️Day 14: Weekly Check-in

(အပတ်စဉ် ပြန်လည်သုံးသပ်ခြင်း) ကနေ
ကြိုဆိုပါတယ်။

ဒီနေ့ဟာ အသစ်တွေ
ထပ်လုပ်ရမယ့်နေ့
မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ရက်တွေက
သင်ဖြတ်သန်းခဲ့တဲ့
ခရီးစဉ်လေးကို

ခဏရပ်ပြီး
ပြန်လည်ဂုဏ်ပြုရမယ့်နေ့ (Pause and Reflect)
ဖြစ်ပါတယ်။

ပြန်စဉ်းစားကြည့်ပါ...

🗑️သင်ဟာ အတိတ်က
ဝန်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ ""Nostalgia Trap"" ကနေ ရုန်းထွက်ခဲ့တယ်၊

မနက်ခင်းတိုင်း
🫯ခေါင်းစားရတဲ့ ""Decision Fatigue"" ကို လျှော့ချဖို့

👩‍🍳ကိုယ်ပိုင် Uniform တည်ဆောက်ခဲ့တယ်၊

🦦သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ Sensory Peaceကို ရွေးချယ်ခဲ့တယ်၊

🧖‍♀️ပြီးတော့ စိတ်နဲ့ကိုယ်
ပြန်လည်ချိတ်ဆက်မိအောင်

The Disconnected Woman အဖြစ်ကနေ
ရုန်းထွက်ခဲ့ပါတယ်။

ဒီအရာတွေအားလုံးဟာ အဝတ်အစားတွေကို ရှင်းလင်းရုံ သက်သက်မဟုတ်ပါဘူး။

သင့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို ကာကွယ်ပြီး၊

သင့်ရဲ့ Quiet Power ကို ပြန်လည်တည်ဆောက်လိုက်တဲ့ အနက်ရှိုင်းဆုံး Self-care လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။

👇 ဒီနေ့အတွက် အိမ်စာ (Homework) 👇

👗Action): ဒီနေ့ သင့်ရဲ့ ဗီရိုရှေ့မှာ ခဏရပ်ပါ။

အရင်ကထက် ပိုရှင်းလင်းပြီး သင့်ရဲ့ လက်ရှိ 'ပစ္စုပ္ပန်'

ဘဝနဲ့ ပိုပြီး

ကိုက်ညီလာတဲ့ နေရာလွတ်လေးတွေကို ကြည့်ပြီး ဂုဏ်ယူ
လိုက်ပါ။

ကျပ်လွန်းတဲ့ ဘောင်းဘီ
တစ်ထည်ကို စွန့်လွှတ်နိုင်ခဲ့တာပဲဖြစ်ဖြစ်၊

ရိုးရိုးသာမန်နေ့လေးမှာ

သင့်ရဲ့ Greatest Hit ဝတ်စုံကို

ရဲရဲဝံ့ဝံ့ ဝတ်ဆင်ခဲ့တာပဲဖြစ်ဖြစ်...

အဲဒီ အောင်မြင်မှု အသေးအမွှားလေးတွေ အားလုံးကို ဂုဏ်ပြုပေးပါ။

✍️ Journaling: ညဘက်မှာ ကော်ဖီ (သို့) ရေနွေးကြမ်းလေး တစ်ခွက်သောက်ရင်း ဒီမေးခွန်းကို ချရေးပြီး ဖြေကြည့်ပါ -

ဒီတစ်ပတ်အတွင်း
ဝတ်စားဆင်ယင်မှုနဲ့
ပတ်သက်ပြီး

📯ငါ့ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှု (Biggest Breakthrough) က ဘာလဲ?
📯အဝတ်အစားတွေကနေတစ်ဆင့် ငါ့ကိုယ်ငါ ဘယ်လိုမျိုး ပိုပြီး ကြင်နာတတ်လာပြီလဲ?

Helen ရဲ့ Day 14 စကားလုံး ၃ လုံးကတော့ Reflective, Proud, နဲ့ Evolving ပါ။ ✨

(ပြီးခဲ့တာတွေကို ပြန်လည်
သုံးသပ်ဆင်ခြင်မယ်၊
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမယ်၊ အကောင်းဘက်သို့ အမြဲပြောင်းလဲ တိုးတက်နေမယ် ဆိုတဲ့
အဓိပ္ပာယ်ဖြစ်ပါတယ်)

ဒီတစ်ပတ် Challenge လေး လုပ်ကြည့်ပြီးတဲ့အခါ

သင့်ရဲ့ စိတ်ထဲမှာ ဘယ်လို အပြောင်းအလဲလေးတွေ ဖြစ်သွားလဲ?

Comment မှာ သင့်ရဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးသွားပါဦး။ 👇

Much Love,
Helen Thant
Quiet Power Coach

Helen Thant888 Unlock Wealth DigitalOracletarot888

21/06/2026

🦋 ခေါင်းထဲမှာ အတွေးတွေ အရမ်းများပြီး

ကိုယ့်ခန္ဓာကိုယ်ကိုတောင်
သတိမထားမိလောက်အောင် စိတ်လွင့်နေတဲ့ နေ့ရက်တွေ
ရှိဖူးလား?

For Me, Yes .

The Art of Intentional Dressing Challenge ရဲ့ Day 13: The Disconnected Woman

(စိတ်နဲ့ကိုယ် အဆက်အသွယ် ပြတ်တောက်နေသော အမျိုးသမီး) ကနေ ကြိုဆိုပါတယ်။

Quiet Power ကို ပိုင်ဆိုင်တဲ့ Introvert တွေ၊
ကွန်ပျူတာစခရင်ရှေ့မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်ရသူတွေ၊ ဒါမှမဟုတ် နေ့စဉ်ဘဝရဲ့ ဖိအားတွေ များလွန်းသူတွေဟာ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်ထဲကနေ ထွက်ပြီး၊
'အတွေးကမ္ဘာ' ထဲမှာပဲ အချိန်ပြည့် ရှင်သန်နေတတ်ကြပါတယ်။

အဲဒီလိုအချိန်မျိုးမှာ ကိုယ်ဘာဝတ်ထားလဲ၊ အဝတ်အစားက ကြပ်နေလား၊ ပူနေလား ဆိုတာကိုတောင် သတိမပြုမိတော့လောက်အောင်
ကိုယ်ခန္ဓာရဲ့ ခံစားသိရှိမှု (Physical sensation) တွေ ထုံထိုင်းသွားတတ်ပါတယ်။

ဒါဟာ ""The Disconnected Woman"" ဖြစ်လာခြင်းပါပဲ။

အဝတ်အစားဆိုတာ အလှအပအတွက် သက်သက်မဟုတ်ပါဘူး။
သူဟာ လွင့်မျောနေတဲ့ သင့်စိတ်ကို သင့်ခန္ဓာကိုယ်ဆီ ပြန်လည်ခေါ်ဆောင်လာပေးတဲ့၊

မြေပြင်မှာ ပြန်လည်
အမြစ်တွယ်ခိုင်မာစေတဲ့ (Grounding Tool)
ကိရိယာတစ်ခု ဖြစ်ပါတယ်။

👇 ဒီနေ့အတွက် အိမ်စာ (Homework) 👇

👗 လက်တွေ့လုပ်ဆောင်ရန် (Action): ဒီနေ့မှာ မှန်ကိုလုံးဝမကြည့်ဘဲ အဝတ်အစားကို ရွေးချယ်ပါ။

မျက်စိမှိတ်ပြီး သင့်အသားအရေနဲ့ ထိတွေ့တဲ့အခါ အနူးညံ့ဆုံး၊ အနွေးထွေးဆုံးနဲ့ လုံခြုံမှုအပေးနိုင်ဆုံး အဝတ်အစားကို အထိအတွေ့ (Touch)
သက်သက်နဲ့ပဲ စမ်းသပ်ရွေးချယ်ပါ။

အဲဒီအဝတ်အစားက သင့်အသားအရေကို ထိတွေ့နေတဲ့ ခံစားချက်ကို အာရုံစိုက်ပြီး၊

သင့်စိတ်ကို ခန္ဓာကိုယ်ထဲ
ပြန်လည် အမြစ်တွယ် (Rooted) စေပါ။

✍️ ဂျာနယ်ရေးရန် (Journaling): ညဘက်မှာ ဒီမေးခွန်းကို ချရေးပြီး ဖြေကြည့်ပါ -
ခေါင်းထဲက ရှုပ်ထွေးနေတဲ့ အတွေးတွေကို ခဏရပ်တန့်ပြီး၊

ကိုယ့်ခန္ဓာကိုယ်ရဲ့
အထိအတွေ့လေးကို
ပြန်လည်အာရုံစိုက် (Mindful)
လိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လောက်တောင် ငြိမ်းချမ်းသွားလဲ?

Helen ရဲ့ Day 13 စကားလုံး ၃ လုံးကတော့ Rooted, Embodied, နဲ့ Attuned ပါ။ ✨
(မြေပြင်နဲ့ ထိတွေ့ အမြစ်
တွယ်မယ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ် တစ်သားတည်းဖြစ်မယ်၊

ကိုယ့်ရဲ့ လိုအပ်ချက်ကို
သတိကပ် သိရှိမယ် ဆိုတဲ့
အဓိပ္ပာယ်ဖြစ်ပါတယ်)

ဒီနေ့ သင့်စိတ်ကို ခန္ဓာကိုယ်ထဲ ပြန်လည်ခေါ်ဆောင်လာပေးတဲ့

""Grounding Outfit"" လေးက ဘာဖြစ်မလဲ? Comment မှာ ရေးသွားပေးပါဦး။ 👇

Much Love,
Helen Thant
Quiet Power Coach

Unlock Wealth DigitalHelen Thant888Helen Thant

18/06/2026

🦋 ဗီရိုထဲက တချို့အင်္ကျီတွေ

ကို ဝတ်ကြည့်ရမှာ ကြောက်လို့၊

ဒါမှမဟုတ်

စိတ်ပျက်ရမှာစိုးလို့

တမင်သက်သက်

ရှောင်ဖယ်ထားမိတာမျိုး ရှိလား?

The Art of Intentional Dressing Challenge ရဲ့

Day 11: Try It All On (လက်တွေ့ ဝတ်ဆင်

စမ်းသပ်ခြင်း) ကနေ

ကြိုဆိုပါတယ်။

များသောအားဖြင့်

ကျွန်မတို့ဟာ အဝတ်အစားတွေကို ချိတ်ဆွဲထားတဲ့

ပုံစံကိုကြည့်ပြီးပဲ

ဆုံးဖြတ်တတ်ကြတယ်။

ဒါပေမယ့် အင်္ကျီချိတ်တစ်ခုက ဒီအဝတ်အစားဟာ

လက်တွေ့ဘဝမှာ ဘယ်လောက် သက်တောင့်သက်သာရှိလဲ

ဆိုတာကို မပြောပြနိုင်ပါဘူး။

လေဆိပ် (Airport) မှာ

အလုပ်များနေတဲ့ အချိန်တွေ၊

ဈေးဝယ်စင်တာ (Shopping Center) မှာ တစ်နေကုန်

လမ်းလျှောက်ရတဲ့အခါ၊

ဆေးရုံ (Hospital)၊

ဟိုတယ် (Hotel) နဲ့

စားသောက်ဆိုင် (Restaurant) တွေလို

နေရာမျိုးမှာ အမြဲတက်ကြွစွာ လှုပ်ရှားနေရတဲ့အခါ၊

ဒါမှမဟုတ် ဘဏ် (Bank) နဲ့

အရောင်းနဲ့ ဈေးကွက်ရှာဖွေရေး

(Sale & Marketing)

လုပ်ငန်းခွင်တွေမှာ

တစ်နေကုန် လူတွေနဲ့ ဆက်ဆံရတဲ့ အချိန်တွေမှာ

ဒီအဝတ်အစားက သင့်ကို

ပံ့ပိုးပေးသလား၊ or

ပိုပြီး ပင်ပန်းစေသလား

ဆိုတာ တကယ်

ဝတ်ကြည့်မှသာ သိနိုင်ပါတယ်။

ဒီနေ့ဟာ သင့်ခန္ဓာကိုယ်ကို

အကဲဖြတ်ဖို့ မဟုတ်ပါဘူး။

သင့်အဝတ်အစားတွေကို

အကဲဖြတ်ရမယ့် နေ့ပါ။

👇 ဒီနေ့အတွက် အိမ်စာ 👇

👗Action: သင့်စိတ်ကို

အေးချမ်းစေမယ့် သီချင်းလေးတစ်ပုဒ် ဖွင့်ထားပါ။

ပြီးရင် ဗီရိုထဲမှာ မဝတ်ဖြစ်တာ ကြာပြီဖြစ်တဲ့၊

ဒါမှမဟုတ် ဝတ်ရမှာ

လက်တွန့်နေတဲ့ အဝတ်တွေကို

ယူပြီး လက်တွေ့ ကိုယ်တိုင် ဝတ်ကြည့်ပါ။

မှန်ရှေ့မှာ

ရပ်ကြည့်ရုံတင်မကဘဲ၊

ထိုင်ကြည့်ပါ၊

လမ်းလျှောက်ကြည့်ပါ၊

လှုပ်ရှားကြည့်ပါ။

သင့်ကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ

သက်တောင့်သက်သာမဖြစ်စေဘူး (Fatigue-friendly

မဖြစ်ဘူး) ဆိုရင်

အဲဒီအဝတ်ကို ဗီရိုထဲကနေ

ရဲရဲဝံ့ဝံ့ ဖယ်ရှားလိုက်ပါ။

✍️ ဂျာနယ်ရေးရန် (Journaling): ညဘက်မှာ ဒီမေးခွန်းကို ချရေးပြီး

ဖြေကြည့်ပါ -
ကိုယ့်ခန္ဓာကိုယ်ကို

အပြစ်တင်နေမယ့်အစား၊

ငါ့ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့၊

ပင်ပန်းစေတဲ့ အဝတ်အစားတွေကိုသာ အပြစ်တင်ပြီး

ဖယ်ရှားလိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လောက်တောင်

အားတက်စရာ ကောင်းလိုက်သလဲ?

Helen ရဲ့ Day 11 စကားလုံး ၃ လုံးကတော့

Honest, Tactile, နဲ့ Empowering ပါ။ ✨

(ကိုယ့်ကိုယ်ကိုယ် ရိုးသားမယ်၊

အပြင်ပန်းလှတာထက်

လက်တွေ့ထိတွေ့ခံစားမှုကို ဦးစားပေးမယ်၊

ကိုယ့်ကိုယ်ကိုယ်

ခွန်အားပြန်လည်ပေးအပ်မယ် ဆိုတဲ့

အဓိပ္ပာယ်ဖြစ်ပါတယ်)

ဒီနေ့ လက်တွေ့ ဝတ်ကြည့်တဲ့အခါ သင့်ကို

စိတ်ပျက်စေလို့ ဗီရိုထဲကနေ ထုတ်ပစ်လိုက်တဲ့

အဝတ်အစားက ဘာဖြစ်မလဲ? Comment မှာ ရေးသွားပေးပါဦး။ 👇

Much Love,
Helen Thant
Quiet Power Coach

Helen Thant888Oracletarot888Unlock Wealth DigitalHelen Thant

17/06/2026

🫯🦋 တစ်ခါတလေကျရင် သူများအမြင်ကို

လုံးဝဂရုမစိုက်ဘဲ

အင်္ကျီအကြီးကြီးတွေ၊

🩳ဘောင်းဘီပွပွ

ချောင်ချောင်တွေပဲ
ကောက်ဝတ်ထားချင်တဲ့ စိတ်မျိုး ဖြစ်ဖူးလား?

The Art of Intentional Dressing Challenge ရဲ့ Day 10: The Adam Sandler Vibe

သူများအမြင်ကို ဂရုမစိုက်တဲ့ အက်ဒမ်ဆန်ဒလာ စတိုင်ကနေ ကြိုဆိုပါတယ်။

အင်တာနက်ပေါ်မှာ
နာမည်ကြီးခဲ့တဲ့

""Adam Sandler Vibe"" ဆိုတာ ဟောလိဝုဒ်မင်းသား Adam Sandler ဝတ်လေ့ရှိတဲ့

အင်္ကျီအပွကြီးတွေ၊
ဘောင်းဘီတိုအချောင်ကြီးတွေ၊ အရောင်မဟပ်တဲ့ ဖိနပ်တွေကို

ဘာကိုမှ ဂရုမစိုက်ဘဲ သက်တောင့်သက်သာအရှိဆုံး ဝတ်ဆင်တဲ့ စတိုင်လ်ကို ဆိုလိုတာပါ။

လက်တွေ့ဘဝမှာ လေဆိပ်လို နေရာမျိုးမှာ ယူနီဖောင်းအကျပ်တွေ၊
စည်းမျဉ်းတွေနဲ့ တစ်နေကုန် အလုပ်လုပ်ရတဲ့အခါပဲဖြစ်ဖြစ်၊

ကွန်ပျူတာရှေ့မှာ
အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့အခါပဲဖြစ်ဖြစ်...

တချို့ရက်တွေမှာ ""အလှအပ"" ဆိုတဲ့ ဖိအားကို လုံးဝ ပစ်ချထားခဲ့ချင်ကြပါတယ်။

ဒီလို ပွပွချောင်ချောင်
ဝတ်ဆင်လိုက်ခြင်းဟာ
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာ မဟုတ်ပါဘူး။

🦦သူများအမြင် (Aesthetic approval) ထက်

ငါ့ရဲ့ စိတ်ရောကိုယ်ပါ သက်သာမှု (Comfort) က

ပိုအရေးကြီးတယ်"" လို့

( 😂ကိုယ်တိုင်က လွတ်လပ်တာ အရမ်းကြိုက် )

ရဲရဲဝံ့ဝံ့ ကြေညာလိုက်တဲ့

Quiet Power အလေ့အကျင့် တစ်ခုပဲ ဖြစ်ပါတယ်။

👇 ဒီနေ့အတွက် အိမ်စာ (Homework) 👇

👗 လက်တွေ့လုပ်ဆောင်ရန် (Action): ဒီနေ့မှာတော့ ""စတိုင်ကျဖို့"" ဆိုတဲ့ စည်းမျဉ်းတွေ အကုန်လုံးကို ချိုးဖောက်လိုက်ပါ။

ဗီရိုထဲက

အကြီးဆုံး၊ အပွဆုံး၊

ကိုယ့်ကို အလုံခြုံဆုံးနဲ့

အသက်သာဆုံး ဖြစ်စေမယ့် (Adam Sandler Vibe) အဝတ်အစားတွေကိုသာ

ရွေးချယ်ဝတ်ဆင်ပါ။

🌈အရောင်တွေ မဟပ်လည်း ကိစ္စမရှိပါဘူး၊

သင့်ခန္ဓာကိုယ်ကို လုံးဝ (လုံးဝ) အနားပေးလိုက်ပါ။

✍️ ဂျာနယ်ရေးရန် (Journaling):

ညဘက်မှာ ဒီမေးခွန်းကို ချရေးပြီး ဖြေကြည့်ပါ -

အခြားသူတွေရဲ့ အမြင်မှာ ""လှနေဖို့"" ဆိုတဲ့

ဖိအားကြီးကို လွှတ်ချလိုက်ပြီး၊

ငါ့ရဲ့ ကိုယ်ပိုင် သက်တောင့်
သက်သာရှိမှုအတွက်ပဲ

ရွေးချယ်လိုက်တဲ့အခါ

စိတ်ထဲမှာ ဘယ်လောက်တောင် လွတ်လပ်သွားလဲ?

Helen ရဲ့ Day 10 စကားလုံး ၃ လုံးကတော့ Unapologetic, Oversized, နဲ့ Free ပါ။ ✨

(သူများအမြင်ကို ဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့နေမယ်၊

ပွပွချောင်ချောင်နဲ့

သက်သာမယ်၊

လွတ်လပ်မှုအပြည့်ရှိမယ် ဆိုတဲ့

အဓိပ္ပာယ်ဖြစ်ပါတယ်)

ဒီနေ့အတွက်

သင့်ရဲ့

""Adam Sandler Vibe"" (အပွဆုံး၊ အချောင်ဆုံး)

ဝတ်စုံလေးက

ဘာများဖြစ်မလဲ? Comment မှာ ရေးသွားပေးပါဦး။ 👇

Much Love,
Helen Thant
Quiet Power Coach

Unlock Wealth DigitalOracletarot888 Helen Thant888

Adresse

Berlin

Website

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Unlock Wealth Resort Academy etwas verĂśffentlicht. Ihre E-Mail-Adresse wird fĂźr keinen anderen Zweck verwendet, und Sie kĂśnnen sich jederzeit abmelden.

VerknĂźpfungen

Teilen

Kategorie