Tianshan Chinese Language Teaching and Training Center

Call Website

Tianshan Chinese Language Teaching and Training Center TCLC တရုတ်ဘာသာစကား (4skills) online သင်တန်းကျောင်း

18/09/2026

တရုတ်နိုင်ငံ 广西省 (Guangxi) ရဲ့ သဘာဝတောတောင် ရေမြေအလှနဲ့ Cloud & Mist (云雾) ကြားမှာ တည်ရှိတဲ့ လက်ဖက်စိုက်ခင်းဆီ 張欣蘭老师 (Zhang Xinlan Laoshi) ကိုယ်တိုင် သွားရောက်ပြီး တရုတ် လက်ဖက်ယဉ်ကျေးမှုကို အနီးကပ် လေ့လာခဲ့တာလေးကို Video လေးဖြင့် မျှဝေပေးလိုက်ပါတယ်။ 🍃

茶对中国人民来说非常重要。中国有数千年的饮茶历史。茶不仅是一种饮品,更是一种文化。茶叶在中国人的家中扮演着重要的文化角色。客人来访时,敬茶以示尊重和欢迎。人们在聊天、休息时饮茶。饮茶可以放松身心,茶叶也是一种常见的馈赠佳品。茶已成为中国人生活中不可或缺的一部分。

"

အခုခေတ်မှာ အရမ်းရေပန်းစားနေတဲ့အနောက်တိုင်း ရာသီခွင် (Zodiac Signs) တွေကို တရုတ်လို 星座 (xīngzuò) လို့ ခေါ်ပါတယ်။၁၂ ခုလုံး...
14/09/2026

အခုခေတ်မှာ အရမ်းရေပန်းစားနေတဲ့အနောက်တိုင်း ရာသီခွင် (Zodiac Signs) တွေကို တရုတ်လို 星座 (xīngzuò) လို့ ခေါ်ပါတယ်။၁၂ ခုလုံးကိုတော့ 十二星座 (shí'èr xīngzuò) လို့ ခေါ်ပါတယ်။

ကိုယ့်ရဲ့ရာသီခွင်ကို တရုတ်လို ဘယ်လို ခေါ်လဲဆိုတာ မသိသေးတဲ့လူ‌ေတွအတွက် အောက်မှာ 老师တို့က တစ်ခုချင်း ရေးပြပေးထားတာပါတယ်နော်👇

Aries - 白羊座 - Báiyángzuò
Ta**us - 金牛座 - Jīnniúzuò
Gemini - 双子座 - Shuāngzǐzuò
Cancer - 巨蟹座 - Jùxièzuò
Leo - 狮子座 - Shīzizuò
Virgo - 处女座 - Chǔnǚzuò
Libra - 天秤座 - Tiānchèngzuò
Scorpio - 天蝎座 - Tiānxiēzuò
Sagittarius - 射手座 - Shèshǒuzuò
Capricorn - 摩羯座 - Mójiézuò /
Aquarius - 水瓶座 - Shuǐpíngzuò
Pisces - 双鱼座 - Shuāngyúzuò

TCLC (Tianshan Chinese Language Teaching And Training Center) မှ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် (ဧပြီ - ဩဂုတ်) ကာလအတွက် သင်တန်...
09/09/2026

TCLC (Tianshan Chinese Language Teaching And Training Center) မှ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် (ဧပြီ - ဩဂုတ်) ကာလအတွက် သင်တန်းဆင်းစာမေးပွဲ ရလဒ်များ ထွက်ပေါ်လာခဲ့ပါပြီ။ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးစလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတဲ့အတွက် 老师 တို့အနေနဲ့ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

HSK 1 နှင့် HSK 2: ဝင်ရောက်ဖြေဆိုသူတိုင်း HSK အမှတ်ပြည့် (200/200) ရရှိခဲ့ကြပြီး အခြေခံအုတ်မြစ် မည်မျှခိုင်မာကြောင်းကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။
HSK 3: ရမှတ် (280) မှ (290) အထိ အသီးသီးရရှိခဲ့ကြပြီး အထူးချွန်ဆုံး ရလဒ်များကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
Kid Chinese: ကလေးငယ်များအတွက် တရုတ်စာအတန်းမှ သားသားမီးမီးတို့လည်း အမှတ်ကောင်းများဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ကြိုးစားပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း တရုတ်စာလေ့လာရေး ခရီးလမ်းမှာ ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🌷✨

ဒီနေ့ 老师တို့က တရုတ်စာလေ့လာရာမှာ အရမ်းအရေးပါတဲ့ 同义词 (Tóngyìcí) အဓိပ္ပာယ်တူ စကားလုံးတွေအကြောင်း မျှဝေပေးမယ်နော်။ ဒီစကားလုံ...
07/09/2026

ဒီနေ့ 老师တို့က တရုတ်စာလေ့လာရာမှာ အရမ်းအရေးပါတဲ့ 同义词 (Tóngyìcí) အဓိပ္ပာယ်တူ စကားလုံးတွေအကြောင်း မျှဝေပေးမယ်နော်။ ဒီစကားလုံးတွေကို သိထားရင် စာရေးတဲ့အခါ စကားလုံးတွေ ထပ်ခါထပ်ခါ သုံးစရာမလိုဘဲ ပိုမိုပြေပြစ်သွားမယ့်အပြင် တရုတ်စာမေးပွဲတွေမှာလည်း အလွန်အသုံးဝင်ပါတယ်။

* 同义词 ဆိုတာ ဘာလဲ?
同 (တူညီသော) + 义 (အဓိပ္ပာယ်) + 词 (စကားလုံး) ဖြစ်လို့ အဓိပ္ပာယ်တူပြီး စာလုံးကွဲတဲ့ စကားလုံးတွေကို ခေါ်တာပါ။

၁။ 中间 (zhōngjiān) — 之间 (zhījiān)
နှစ်ခုလုံးကို "အလယ်မှာ၊ ကြားမှာ" ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုနိုင်ပါတယ်။

၂။ 马上 (mǎshàng) — 即将 (jíjiāng)
နှစ်ခုလုံးက "မကြာခင်" ဆိုတဲ့ အနာဂတ်ကာလကို ရည်ညွှန်းပါတယ်။ (马上 က ပိုမြန်ပြီး၊ 即将 က အချိန်နည်းနည်း ပိုကြာနိုင်ပါတယ်)
ဥပမာ - 电影马上开始 / 电影即将开始 (ရုပ်ရှင်မကြာခင် စတော့မယ်)

၃။ 之前 (zhīqián) — 以前 (yǐqián)
အချိန်ပြနာမ်တွေရဲ့ နောက်မှာ "အရင်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးပါတယ်။
ဥပမာ - 三天之前 / 三天以前 (သုံးရက်အရင်က)

၄။ 但是 (dànshì) — 可是 (kěshì)
နှစ်ခုလုံးက "ဒါပေမယ့်" ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဝါကျအလယ်မှာ အစားထိုး အသုံးပြုနိုင်ပါတယ်။ အဓိပ္ပာယ်လုံးဝတူပါတယ်။
ဥပမာ - 我喜欢你,但是/可是你不喜欢我。(ငါကနင့်ကိုသဘောကျတယ်၊ ဒါပေမယ့် နင်ကငါ့ကိုသဘောမကျဘူး)

၅။ 懂 (dǒng) — 理解 (lǐjiě)
နှစ်ခုလုံးကို "နားလည်တယ်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဝါကျမှာ တစ်နေရာတည်း သုံးလို့ရပါတယ်။
ဥပမာ - 我懂你 / 我理解你。(ငါနင့်ကို နားလည်ပါတယ်)

ဒီအဓိပ္ပာယ်တူ စကားလုံးလေးတွေကို မှတ်သားထားပြီး ကိုယ်တိုင် ဝါကျလေးတွေ စမ်းဖွဲ့ကြည့်လိုက်ပါနော်။ နောက်ထပ် သိချင်တဲ့ တရုတ်စာ အသုံးအနှုန်းလေးတွေရှိရင်လည်း Comment မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်။

06/09/2026

ဒါလေးကတော့ Basic Level မှာ တက်ရောက်နေတဲ့ သင်တန်းသူလေးရဲ့ အိမ်စာ Video လေးဖြစ်ပါတယ်။ သင်တန်းစတက်တာ တစ်လတောင် မပြည့်သေးတဲ့အတွက် အသံထွက်နဲ့ အဖြတ်အတောက်လေးတွေမှာ လိုအပ်ချက် အနည်းငယ် ရှိနေသေးပေမဲ့ ဒီလောက် Confidence အပြည့်နဲ့ ပြောဆိုနိုင်တာ က တကယ်ကို ချီးကျူးစရာပါပဲ။ 👏Laoshi တို့ TCLC မှာက Basic ကတည်းက မှားတာ၊ မှန်တာထက် ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ ပြောဆိုရဲတဲ့ အလေ့အကျင့်ကို အဓိကထား လေ့ကျင့်ပေးပါတယ်။ အခုလို အခြေခံကစပြီး အစွမ်းကုန် ကြိုးစားပေးတဲ့အတွက် ဂုဏ်ယူပါတယ်နော်။ ရှေ့ဆက်ပြီးလည်း အတူတူ ကြိုးစားသွားကြမယ် 🌷✨

03/09/2026

不必害怕汉字与发音,犯错也是学习的一部分。
愿你们在中国收获语言、朋友与独一无二的美好回忆。🌷

တရုတ်စာလုံးတွေနဲ့ အသံထွက်ကို မကြောက်ပါနဲ့။ အမှားလုပ်မိတာကလည်း သင်ယူမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ တရုတ်နိုင်ငံမှာ ပညာသင်ရင်း ဘာသာစကားသစ်တွေ၊ မိတ်ဆွေကောင်းတွေနဲ့ မမေ့နိုင်စရာ အမှတ်တရတွေ ရရှိနိုင်ပါစေလို့ 老师တို့ TCLC မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🥳🍀

31/08/2026

🇨🇳 တရုတ်စာမှာ “连动句” ကို ဘယ်လိုသုံးမလဲ? 🤔

目的 vs 方式 — ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံကို ခွဲခြားပြီး လွယ်လွယ်ကူကူ လေ့လာကြမယ် 📚✨

27/08/2026

တရုတ်ဘာသာစကား သင်ရတာ လွယ်ကူလား? 🇨🇳 အဖြေကိုတော့ ဒီ Video လေးထဲမှာ အဆုံးထိ ဝင်ကြည့်လိုက်ပါနော် 🌷👇

ဒီနေ့ကတော့ ကျွန်မရဲ့ ပညာသင်ဘဝမှာ တကယ့်ကို အမှတ်တရဖြစ်စေမယ့် နေ့တစ်နေ့ပါပဲ။ Shihezi University က ကျင်းပတဲ့ "中华文化才艺比赛暨中外学生...
26/08/2026

ဒီနေ့ကတော့ ကျွန်မရဲ့ ပညာသင်ဘဝမှာ တကယ့်ကို အမှတ်တရဖြစ်စေမယ့် နေ့တစ်နေ့ပါပဲ။ Shihezi University က ကျင်းပတဲ့ "中华文化才艺比赛暨中外学生文化交流活动" (တရုတ်ယဉ်ကျေးမှု အရည်အချင်းပြိုင်ပွဲနှင့် နိုင်ငံတကာကျောင်းသားများ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်) မှာ နိုင်ငံတကာက 留学生 (ကျောင်းသား/သူ) တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု (一等奖) ကို ရရှိခဲ့ပါတယ်။

မြန်မာ့ရိုးရာဝတ်စုံလေးကို ဝတ်ဆင်ပြီး ကိုယ့်နိုင်ငံကိုယ်စားပြုအနေနဲ့ အခုလို အသိအမှတ်ပြုခံရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ 🙏🎓

24/08/2026

ဒီနေ့မှာတော့ တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှာရှိတဲ့ 211 အဆင့် Shihezi University မှာ ပညာသင်ကြားနေတဲ့ TCLC ရဲ့ ဆရာမတစ်ဦးဖြစ်သူ Chen Yi Xin Laoshi နဲ့အတူ Shihezi မြို့လေးကို ပတ်ပြီး လေ့လာကြည့်ကြရအောင်။ ✨ဒီဗီဒီယိုလေးမှာ မြန်မာစာတန်းထိုး (Subtitle) ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါကြောင့် HSK 3 သို့မဟုတ် HSK 4 Level မှာ တရုတ်စာ လေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်
ကတော့ အထူးပဲ သင့်တော်ပါတယ်။

Address

Dali
Yunnan

Alerts

Be the first to know and let us send you an email when Tianshan Chinese Language Teaching and Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share