Tianshan Chinese Language Teaching and Training Center

Tianshan Chinese Language Teaching and Training Center TCLC တရုတ်ဘာသာစကား (4skills) online သင်တန်းကျောင်း

🐉🍃လာမယ့် တရုတ်ပြက္ခဒိန် ၅ လပိုင်း ၅ ရက်နေ့ ဟာဆိုရင် တရုတ်ရိုးရာ နဂါးလှေပွဲတော် (端午节 - Duanwu Festival) ပဲဖြစ်ပါတယ်။ ဒီပွ...
17/06/2026

🐉🍃လာမယ့် တရုတ်ပြက္ခဒိန် ၅ လပိုင်း ၅ ရက်နေ့ ဟာဆိုရင် တရုတ်ရိုးရာ နဂါးလှေပွဲတော် (端午节 - Duanwu Festival) ပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာ မပါမဖြစ်ကတော့ အရသာရှိတဲ့ Zongzi (粽子 - ဖက်ရွက်နဲ့ထုပ်ထားတဲ့ ကောက်ညှင်းထုပ်) တွေပဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဘာကြောင့် ကောက်ညှင်းထုပ်စားပြီး နဂါးလှေပြိုင်ပွဲတွေ ကျင်းပရသလဲဆိုတဲ့ နောက်ကွယ်က သမိုင်းကြောင်းလေးကို ပြန်ကြည့်ကြရအောင် 📜✨

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် တရုတ်ပြည်ရဲ့ စစ်ပြိုင်ခေတ် (Warring States Period) မှာ "ချွီယွမ်" (Qu Yuan - 屈原) လို့ခေါ်တဲ့ မျိုးချစ်ကဗျာဆရာနိုင်ငံရေးသုခမိန် တစ်ဦးရှိခဲ့ပါတယ်။ ချွီယွမ်" (Qu Yuan - 屈原) ဆိုတာ ကဗျာဆရာလည်းဖြစ်သလို၊ နိုင်ငံရေးသုခမိန် (အမတ်ကြီး) လည်းဖြစ်ပါတယ်။ သူဟာ Chu (ချူ) တိုင်းပြည်မှာ ရှင်ဘုရင်ရဲ့ ယုံကြည်ကိုးစားမှုကိုခံရတဲ့ ထိပ်တန်း အမတ်ကြီးတစ်ဦး (သုခမိန်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ တရုတ်စာပေသမိုင်းမှာ အလွန်နာမည်ကြီးတဲ့ ကဗျာဆရာကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ Chu (ချူ) တိုင်းပြည်ကို အရမ်းချစ်မြတ်နိုးပြီး တိုင်းပြည်တိုးတက်အောင် အကြံဉာဏ်ကောင်းတွေ အများကြီးပေးခဲ့ပါတယ်။ ဒါပေမဲ့ မနာလိုသူတွေရဲ့ ကုန်းချောမှုကြောင့် ဘုရင်က သူ့ကို ရာထူးချပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာ သူ့ရဲ့ ချူတိုင်းပြည်ကြီး ရန်သူ့လက်အောက် ကျရောက်သွားတဲ့ သတင်းကို ကြားရတဲ့အခါ ချွီယွမ် ဟာ အရမ်းကို ဝမ်းနည်းကြေကွဲသွားပြီး၊ ၅ လပိုင်း ၅ ရက်နေ့မှာ "မီလော်" (Miluo) မြစ်ထဲကို ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သူ့ကို ချစ်ခင်လေးစားကြတဲ့ ဒေသခံပြည်သူတွေဟာ သတင်းကြားကြားချင်းပဲ လှေတွေနဲ့ အပြေးအလွှား သွားရောက်ကယ်ဆယ်ပေမဲ့ မမှီတော့ပါဘူး။ အဲဒီအခါ မြစ်ထဲက ငါးတွေက ချွီယွမ် ရဲ့ ခန္ဓာကိုယ်ကို မစားပစ်စေဖို့အတွက်၊ ပြည်သူတွေက ဝါးရွက်/ဖက်ရွက်တွေနဲ့ ကောက်ညှင်းကိုထုပ်ပြီး မြစ်ထဲကို ပစ်ချကျွေးခဲ့ကြပါတယ်။ အဲဒီကနေစပြီး ချွီယွမ် ကို အောက်မေ့သတိရတဲ့အနေနဲ့ နှစ်စဉ်ပွဲတော်ရက် ရောက်တိုင်း...

🛶 လှေလှော်ပြီး ကယ်ဆယ်ခဲ့တာကို အစွဲပြုလို့တရုတ်နိုင်ငံမှာ "နဂါးလှေပြိုင်ပွဲ"တွေ ကျင်းပကြသလို၊
🍙 ငါးတွေစားဖို့ ကောက်ညှင်းထုပ်တွေ ပစ်ချခဲ့တာကို အစွဲပြုလို့ "Zongzi (粽子)" တွေ စားသုံးတဲ့ အလေ့အထ ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့လိုပွဲတော်ရက်မှာ Zongzi ကို စားတဲ့အခါ အရသာရှိရုံတင်မကဘဲ ရှေးခေတ်က ကြီးမြတ်တဲ့ သမိုင်းကြောင်းကိုပါ ပြန်လည်အောက်မေ့ သတိရနိုင်မှာပါ။

Zongzi ထုပ်တဲ့အခါ ပုံစံတစ်မျိုးတည်း မဟုတ်ဘဲ ဒေသအလိုက် တြိဂံပုံ၊ အရှည်ပုံ၊ လေးထောင့်ပုံ၊ ခွာပုံ အစရှိသဖြင့် ပုံစံအမျိုးမျိုးနဲ့ ထုပ်ပိုးလေ့ရှိကြပါတယ်။

ဒီနေ့တော့ ကိုယ်တိုင် အိမ်မှာ လွယ်လွယ်ကူကူ စမ်းထုပ်ကြည့်လို့ရအောင် လူကြိုက်များတဲ့ Zongzi ပုံစံ (၄) မျိုးဖြစ်တဲ့
✅ တြိဂံပုံ (三角粽)
✅ အရှည်ပုံ (长粽)
✅ ကတော့/နွားချိုပုံ (牛角粽)
✅ စေတီ/မျှော်စင်ပုံ (塔型粽)
စတာတွေကို အဆင့်ဆင့်ဘယ်လိုထုပ်ရမလဲဆိုတဲ့ ပုံလေးတွေပါ တစ်ပါတည်း မျှဝေပေးလိုက်ပါတယ်။

#端午节 #粽子 #နဂါးလှေပွဲတော်

反义词成语 တွေလေ့လာလို့ရအောင် စုစည်းပေးထားပါတယ်။ 📌 One-on-one သင်တန်းများကိုလည်း Page CB မှတစ်ဆင့် မေးမြန်းနိုင်ပါသည်။       ...
16/06/2026

反义词成语 တွေလေ့လာလို့ရအောင် စုစည်းပေးထားပါတယ်။

📌 One-on-one သင်တန်းများကိုလည်း Page CB မှတစ်ဆင့် မေးမြန်းနိုင်ပါသည်။








#တရုတ်စာအတန်းသစ်များ #တရုတ်စာသင်တန်း

12/06/2026

绕口令 လျှာလိပ်သံတွေ Li Laoshi နဲ့အတူလေ့လာကြည့်ကြရအောင်။

ကလေးငယ်လေးတွေရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို တရုတ်လို ဘယ်လိုခေါ်မလဲ။ 👶✨မေမေတို့နဲ့ တရုတ်စာလေ့လာနေသူတွေအတွက် အသုံးဝင်မယ...
10/06/2026

ကလေးငယ်လေးတွေရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို တရုတ်လို ဘယ်လိုခေါ်မလဲ။ 👶✨

မေမေတို့နဲ့ တရုတ်စာလေ့လာနေသူတွေအတွက် အသုံးဝင်မယ့် မွေးကင်းစကလေးဝတ် (婴儿) ကနေ လမ်းလျှောက်တတ်စကလေးဝတ် (幼儿) အထိ အဝတ်အထည်အသုံးအဆောင် ဝေါဟာရများကို ပုံတစ်ပုံ ချင်းစီ၏အောက်မှာ စုံစုံလင်လင် စုစည်းပေးထားပါတယ်နော်။

1. 童装 tóngzhuāng - children's clothing - ကလေးဝတ်အထည်များ
2. 婴儿 yīng'ér - baby - မွေးကင်းစကလေး
3. 幼儿 yòu'ér - toddler - လမ်းလျှောက်တတ်စကလေး

ဝေါဟာရနှင့် အမေးအဖြေ (词汇)
1. 天然纤维 tiānrán xiānwéi - natural fibre - သဘာဝအမျှင်ထည်
2. 合成的 héchéngde - synthetic - ဓာတုအမျှင်ထည် (လူလုပ်အထည်)

3. 这可以机洗吗
zhè kěyǐ jīxǐ ma ?
Is it machine washable - ဒါကို အဝတ်လျှော်စက်နဲ့ လျှော်လို့ရမလား

4. 这适合两岁的孩子穿吗
zhè shìhé liǎngsuìde háizi chuān ma ?
Will this fit a two-year-old - ဒါက အသက်နှစ်နှစ်ကလေးနဲ့ တော်ပါ့မလား

No. အစဉ်လိုက် တပ်ပေးထားလို့ မှတ်ရလည်း လွယ်ကူစေမှာပါ။ ကိုယ်သိချင်တဲ့ စာလုံးလေးတွေရှိရင် Save ထားပြီး လေ့လာကြည့်ရအောင်။ ❤️

#တရုတ်စာအတန်းသစ်များ

04/06/2026

တရုတ်စကားပြောတဲ့အခါ ပိုပြီး သဘာဝကျကျနဲ့ စမတ်ကျကျ ပြောနိုင်ဖို့... ဒီ Grammar လေးကို မဖြစ်မနေ သိထားရမယ်နော်

趋向补语 (Directional Complement) ထဲက 形容词 (Adjective) + 起来

起来(Qǐlái) ကို နာမဝိသေသန (Adj) တွေရဲ့ နောက်မှာ တွဲသုံးတဲ့အခါ အခြေအနေတစ်ခုခု ဒါမှမဟုတ် အရည်အသွေးတစ်ခုခုက စတင်ပြီး ပြောင်းလဲလာတာ၊ ပိုမိုတိုးပွားလာတာ (ဥပမာ- ရာသီဥတုက ပူလာတယ် 热起来၊ အခြေအနေတွေ ကောင်းမွန်လာတယ် 好起来 ) စတဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်ပေးပါတယ်။

ဘဝမှာ ဘယ်လောက်ပဲ လမ်းပျောက်ပြီး ပိတ်ဆို့မှုတွေ ကြုံနေရပါစေ၊ နောက်ဆုံးစာကြောင်းမှာ ပါသလို "ကိုယ့်ရဲ့ အချိန်အခါရောက်လာရင် ...
01/06/2026

ဘဝမှာ ဘယ်လောက်ပဲ လမ်းပျောက်ပြီး ပိတ်ဆို့မှုတွေ ကြုံနေရပါစေ၊ နောက်ဆုံးစာကြောင်းမှာ ပါသလို "ကိုယ့်ရဲ့ အချိန်အခါရောက်လာရင် မုန်တိုင်းတွေကို ဖြတ်ကျော်ပြီး ပန်းတိုင်အရောက် လှမ်းနိုင်ရမယ်" ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ ရဲရင့်မှုကို ပေးစွမ်းတဲ့ 李白 ရဲ့ ကျွန်တော် အနှစ်သက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။

ခရီးလမ်းရဲ့ ခက်ခဲကြမ်းတမ်းမှု (အပိုင်း ၁)

行路难·其一
唐代·李白 (ထန်မင်းဆက် ခေတ်ကာလ)
金樽清酒斗十千,玉盘珍羞直万钱。
jīn zūn qīng jiǔ dǒu shí qiān, yù pán zhēn xiū zhí wàn qián
停杯投箸不能食,拔剑四顾心茫然。
tíng bēi tóu zhù bù néng shí, bá jiàn sì gù xīn máng rán
欲渡黄河冰塞川,将登太行雪满山。
yù dù huáng hé bīng sè chuān, jiāng dēng tài háng xuě mǎn shān
闲来垂钓碧溪上,忽复乘船梦日边。
xián lái chuí diào bì xī shàng, hū fù chéng chuán mèng rì biān
行路难!行路难!多歧路,今安在?
xíng lù nán! xíng lù nán! duō qí lù, jīn ān zài
长风破浪会有时,直挂云帆济沧海。
cháng fēng pò làng huì yǒu shí, zhí guà yún fān jì cāng hǎi

金樽清酒斗十千,玉盘珍羞直万钱。
(jīn zūn qīng jiǔ dǒu shí qiān, yù pán zhēn xiū zhí wàn qián)
ရွှေဖလားခွက်ထဲက သာမန်အရက်သည်ပင် လီတာအနည်းငယ်ကို ငွေတစ်သောင်း တန်ဖိုးရှိလှပြီး၊ ကျောက်စိမ်းလင်ဗန်းပေါ်က အရသာရှိလှတဲ့ စားဖွယ်စုံသည်လည်း ငွေပေါင်းများစွာ တန်ကြေးရှိလှပေသည်။

အဓိပ္ပာယ် ကတော့ အစားအသောက်တွေက ဘယ်လောက်ပဲ ကောင်းမွန်ပြီး ဈေးကြီးပါစေ၊ စိတ်မသက်မသာ ဖြစ်နေရတဲ့အတွက် အရာအားလုံးက အဓိပ္ပာယ်မဲ့နေပုံကို တင်စားထားခြင်း ဖြစ်ပါတယ်

停杯投箸不能食,拔剑四顾心茫然。
(tíng bēi tóu zhù bù néng shí, bá jiàn sì gù xīn máng rán)
အရက်ခွက်ကို ချ၊ တူကို ပစ်ချပြီး ဘာမှ မစားနိုင်မသောက်နိုင် ဖြစ်ရချေပြီ၊ သန်လျက်ဓားကို ဆွဲထုတ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမိသော်လည်း နှလုံးသားတစ်ခုလုံးကတော့ ဝေခွဲမရ လမ်းပျောက်နေဆဲ။

欲渡黄河冰塞川,将登太行雪满山。
(yù dù huáng hé bīng sè chuān, jiāng dēng tài háng xuě mǎn shān)
Yellow Riverကို ဖြတ်ကူးချင်ပါသော်လည်း ရေခဲပြင်ကြီးက မြစ်ကြောင်းတစ်ခုလုံးကို ပိတ်ဆို့ထားလေရဲ့၊ ထိုက်ဟန်တောင်တန်း (Taihang Mountains) ပေါ်ကို တက်လှမ်းချင်ပြန်တော့လည်း ဆီးနှင်းတွေက တောင်တစ်ခုလုံးကို လွှမ်းမိုးထားပြန်လေစွ။

အဓိပ္ပာယ် ကတော့ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ သွားဖို့ ကြိုးစားတိုင်း လမ်းခရီးမှာ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ပဲ ကြုံတွေ့နေရပုံကို ခိုင်းနှိုင်းထားခြင်း ဖြစ်ပါတယ်

闲来垂钓碧溪上,忽复乘船梦日边。
(xián lái chuí diào bì xī shàng, hū fù chéng chuán mèng rì biān)
အားလပ်တဲ့အခါ စိမ်းလဲ့နေတဲ့ စမ်းချောင်းလေးနံဘေးမှာ ငါးမျှားရင်း အပန်းဖြေနေမိတယ်၊ ရုတ်တရက်ဆိုသလို နေမင်းကြီးရှိရာဆီ လှေစီးပြီး သွားနေရသလိုမျိုး အိမ်မက်ကမ္ဘာထဲ ပြန်လည်ရောက်ရှိသွားပြန်ရော။

အတိတ်က ပညာရှိကြီးတွေလိုပဲ အခက်အခဲတွေ ကြုံနေရပေမဲ့ တစ်နေ့မှာ အခွင့်အရေးကောင်းတွေ ရရှိလာဦးမလားဆိုပြီး မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပုံ ကို ဆိုလိုခြင်းဖြစ်ပါတယ်။

行路难!行路难!多歧路,今安在?
(xíng lù nán! xíng lù nán! duō qí lù, jīn ān zài)
ခရီးလမ်းက ခက်ခဲလိုက်တာ၊ ခရီးလမ်းက ကြမ်းတမ်းလိုက်တာ။ လမ်းခွဲတွေကလည်း များပြားလှချေကော၊ အခု ငါသွားရမယ့် လမ်းမှန်က ဘယ်နားမှာ ရှိနေတာလဲ။

长风破浪会有时,直挂云帆济沧海。
(cháng fēng pò làng huì yǒu shí, zhí guà yún fān jì cāng hǎi)
ပြင်းထန်တဲ့ လေမုန်တိုင်းကို ကြံ့ကြံ့ခံပြီး လှိုင်းတံပိုးတွေကို ဖြတ်ကျော်ရမယ့် အချိန်အခါဆိုတာ တစ်နေ့နေ့တော့ မလွဲမသွေ ရောက်ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ တိမ်တိုက်တွေအထိ မြင့်မားတဲ့ ရွက်လှေကြီးကို လွှင့်ထူပြီး ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းကျော်လွှားသွားမယ်။

#တရုတ်စာသင်တန်း #တရုတ်စာအတန်းသစ်များ

29/05/2026

ဒါကတော့ TCLC သင်တန်းကျောင်း ရဲ့ Zhang Xinlan Laoshi သင်ကြားပြသနေတဲ့ HSK 3 (3.0 Version) အွန်လိုင်း Live အတန်းထဲက သင်ခန်းစာတစ်ခုရဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်ဗျာ။🎙️💻 ဒီနေ့ အတန်းထဲမှာတော့ တရုတ်စာလေ့လာရာမှာ အရေးအပါဆုံးဖြစ်တဲ့ "不但……而且……" (တင်မကဘဲ…… အပြင်……) ဆိုတဲ့ Grammar ပုံစံကို ကျောင်းသားတွေ သဘောပေါက်နားလည်အောင် လက်တွေ့ ဥပမာတွေနဲ့ စနစ်တကျ လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။

24/05/2026

စာမရမှာထက်... ခုလို ကျပန်း Diagram (Wheel) လှည့်ပြီး စာမေးခံရမှာကို ပိုကြောက်တာပါဆို😂 ရင်တထိတ်ထိတ်နဲ့ သူတို့ရဲ့ရင်ခုန်သံတွေပါပေါ့။

(ဒီလိုမျိုး ပျော်စရာကောင်းပြီး စနစ်ကျတဲ့ သင်ကြားမှုတွေနဲ့ တရုတ်စာကို ထိထိရောက်ရောက် လေ့လာချင်တယ်ဆိုရင် TCLC ရဲ့ ဇွန်လအတန်းသစ်တွေမှာ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီနော်။) 📥🚀

https://m.facebook.com/story.php?story_fbid=1381972963952985&id=100064208826463

Full Video :12 Mins

#တရုတ်စာသင်တန်း #ကျပန်းမေးခွန်း

ကျွန်တော်တို့ TCLC သင်တန်းကျောင်း ရဲ့ BASIC + HSK 1 (3.0 Version) / HANYU 1 + 2 အတန်းက ကျောင်းသား/သူတွေရဲ့ တရုတ်စာလုံး အ...
22/05/2026

ကျွန်တော်တို့ TCLC သင်တန်းကျောင်း ရဲ့ BASIC + HSK 1 (3.0 Version) / HANYU 1 + 2 အတန်းက ကျောင်းသား/သူတွေရဲ့ တရုတ်စာလုံး အခြေခံဆွဲသားချက် ( Strokes) ရေးတဲ့ အိမ်စာလေးတွေကို ကြည့်ပြီး တကယ်ကို ပီတိဖြစ်ရပါတယ်ဗျာ။ 🥰 တရုတ်စာကို အခြေခံကနေစပြီး လက်ရေးလှလှလေးနဲ့ စနစ်တကျ တတ်မြောက်ချင်တယ်ဆိုရင် TCLC ရဲ့ ဇွန်လအတန်းသစ်တွေမှာ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။) 📥✨

https://m.facebook.com/story.php?story_fbid=1381972963952985&id=100064208826463

20/05/2026

တရုတ်ဘာသာစကားကို လေ့လာတဲ့နေရာမှာ Pinyin ဆိုတာ အုတ်မြစ်ချတာနဲ့ တူပါတယ်။ အခြေခံအသံထွက် (Pinyin) မမှန်ကန်ရင် နောက်ပိုင်း စကားပြောတဲ့အခါ၊ နားထောင်တဲ့အခါမှာ အခက်အခဲတွေ အများကြီး ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ကျောင်းသား/သူတွေအနေနဲ့ တရုတ်စာအသံထွက်ကို အပီပြင်ဆုံးနဲ့ အမှန်ကန်ဆုံး ထွက်ဆိုနိုင်ဖို့၊ Pinyin ကို ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ TCLC သင်တန်း ရဲ့ Basic /HSK1+HANYU BOOK 1+2 အတန်းကနေပြီးတော့ အခုလိုမျိုး လက်တွေ့ကျကျ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်! 🎓✨ဒီဗီဒီယိုလေးထဲမှာတော့ TCLC ရဲ့ ကျောင်းသားတွေ Pinyin ကို ဘယ်လိုမျိုး တက်ကြွစွာနဲ့ အသံထွက်မှန်ကန်အောင် လေ့ကျင့်နေကြလဲဆိုတာကို ရှုစားနိုင်ပါတယ်။ 👇📹

• တရုတ်စာကို အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာနဲ့ စတင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ TCLC ရှိပါတယ်နော်။ 🤗

#တရုတ်စာအခြေခံ #အသံထွက်လေ့ကျင့်ခန်း

Address

Dali
Yunnan

Alerts

Be the first to know and let us send you an email when Tianshan Chinese Language Teaching and Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share