09/03/2026
တရုတ်မှာကျောင်းလာတတ်ချင်ရင် တရုတ်ကျောင်း University တွေကအချိန်ဇယားကဘယ်လိုလဲဆိုတာသိထားရအောင် မျှ၀ေပေးခြင်းဖြစ်ပါတယ်👀🇨🇳
文科 မဟုတ်ဘဲနဲ့ 理工科 ယူမယ်ဆိုရင်တော့ စိတ်ညစ်ရမှာကတော့အတန်းချိန်အရမ်းများပြီး အိမ်စာတွေPowerPointတွေ 论文 (thesis) တွေနဲ့တစ်ပတ်တာက ဘာမှန်းမသိဘဲကုန်ဆုံးရမှာပါ😂 မြန်မာပြည်မှာနေတုန်းက scholarship မရရအောင်လုပ်မယ် ရပြီးတော့ကျောင်းက admission letter ပိုပြီးရင်တော့ များသောအားဖြင့်တွေးကြတာကတော့ တရုတ်ပြည်ရောက်ရင်ငါကတော့ လည်လိုက်မယ် ဘာလုပ်မယ်ဆိုတာတွေနဲ့ plan တွေအပြည်ပေါ့နော်။ တရုတ်ရောက်ပြီးပထမဆုံးရက် 高数 အချိန်နဲ့တိုး ဆရာမကဘာတွေပြောမှန်းမသိ😂သူတွက်ပြရင်အဟုတ် ကိုယ်ဘာသာပြန်တွက် ချာလည်ပတ်လည်ရမ်း😂 တရုတ်ပြည်ကကျောင်းတိုင်းမှာမေဂျာတိုင်းကအကုန်ကောင်းတာမဟုတ်ဘဲ ကျောင်းတိုင်းမှာအကောင်းဆုံးမေဂျာတွေဆိုတာရှိပါတယ်။ ကိုယ်ကအဲ့အကောင်းဆုံးမေဂျာကိုယူထားမယ်ဆိုရင်တော့ ကိုယ််ရဲ့ဘ၀ကြီးကသူများတွေအမြင်မှာဆိုရင်တော့ 有明亮前途(အနာဂတ်ကြီးကတောက်ပ)理工科 ယူထားသူအနေနဲ့ စာမေးပွဲကို ဘယ်လိုအောင်အောင်ဖြေရမလဲက no1 targetပေါ့နော်။文科类ယူထားတဲ့သူဆိုရင်တော့ အမှတ်များများရအောင်ဘယ်လိုဖြေမလဲစ၌းစားရချိန်ပေါ့။ 外国人 မလိုလဲအထူးအခွင့်ရေးမရပါဘူးအောင်မှတ် 60ပါ👀 60 မရောက်ရင် အရင်ဆုံး 挂科 မယ် အဲ့တာပြီး 补考 ရှိမယ် 补考 မအောင်ရင် 重修 ပါ။အစကနေပြန်သင်ပြီးစာမေးပွဲပြန်ဖြေရတာပါ။မြန်မာပြည်မှာလို ခိုးချမယ်ဘာညာမရပါဘူး စာမေးပွဲဖြေချိန် အတန်းစောင့်က၂ယောက် အပြင် CCTV ကနေကြည့်နေမှာပါ။ ခိုးချခဲ့သည်ရှိသော်တကယ်လို့ တွေ့ခဲ့ရင် cancel visa အဲ့လောက်ထိရှိပါတယ်နော်😂 တရုတ်ပြည်မှာ 理工科 သင်ချင်သူများ Maths,Chemistry,Phys အရမ်းပိုင်နိုင်နေဖို့လိုပါတယ်💫မဟုတ်ရင်အိမ်ပြန်ချင်စိတ်ပေါက်သွားမှာ👀😂