28/05/2026
✨ဒီနေ့ 北语ရဲ့ ကျောင်းပွဲမှာ တရုတ်စာသင်ပြတဲ့ အစီအစဉ်ပါတော့ ၂၀၂၄တုန်းက Laoshiလည်း ဝင်ပြိုင်ပြီး ပထမဆု ရခဲ့တာလေးနဲ့ မျှဝေပေးချင်လို့ပါ
Laoshi ပေကျင်းကို ရောက်ပြီး ဒုတိယနှစ်ဝက်第二学期မှာပဲ ကျောင်းက “汉语教学实践大赛” (တရုတ်စာ လက်တွေ့သင်ကြားပို့ချရေး ပြိုင်ပွဲ) ဆိုပြီး ကျင်းပပါတယ်…
အကြီးတန်းက ကျောင်းသူ၊ကျောင်းသားတွေနဲ့ ပြိုင်ရတာပေါ့နော်…
သူက 初赛(first round) 、决赛(final round)ဆိုပြီး နှစ်ဆင့်ခွဲထားတယ်ပေါ့နော်… first round မှာက ကိုယ့်ကိုယ် သင်ကြားရေးvideoရိုက်ပြီး videoပဲထပ်ရတာပါ…ဆိုတော့ Laoshiကလည်း ယောင်လည်လည်နဲ့ videoရိုက်ပြီး တင်လိုက်ပါရော…
ဒါမဲ့ ကံကောင်းချင်တော့ final roundထိ ပါသွားတယ်
final roundမှာကျတော့ 评委老师(ဒိုင်ဆရာမ)၅ယောက်အရှေ့မှာ လက်တွေ့သင်ပြရတာပါ
ပုံ၄-ပုံ၇
အဲ့တုန်းက ကျောင်းရောက်တာ ဒုတိယနှစ်ဝက်ပဲရှိသေးတော့ သင်ကြားရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေက မသင်ရသေးဘူးရယ်၊ ကိုယ်သိသလောက် တတ်သလောက်လေးနဲ့ သင်တတ်သလိုလေး ကြိုးစားပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်
နောက်ဆုံးမှာတော့ မထင်မှတ်ထားဘဲ အကြီးတန်းက ကျောင်းသူကျောင်းသားတွေကို ကျော်ပြီး 一等奖🥇(ပထမဆု) နဲ့ 最佳演示奖(performance
အကောင်းဆုံးဆု) ကို ဆွတ်ခူးရရှိခဲ့ပါတယ်
评委老师တွေတောင်မှ “နင်က တကယ်ကို ဝါရင့် ဆရာမ တစ်ယောက်လိုမျိုး စာသင်တာကောင်းလိုက်တာ၊ 很看好你 ဆက်ကြိုးစာပါ”ဆိုပြီး ချီးမွမ်းခဲ့ကြတာကို မှတ်မိသေးတယ် 😬
အဲ့ကတည်းက စပြီး ငါ ဒီထက်ပိုကောင်းအောင်ကြိုးစားရမယ်၊ ဒါမှ ဆရာမတွေ ငါ့အပေါ်မျှော်မှန်းထားတာတွေကို အလဟဿမဖြစ်စေမှာ(对得起自己,对得起老师们)ဆိုပြီး အမြဲ စိတ်ထဲမှာ မှတ်ထားပါတယ်…
အဲ့ဒါကတော့ Laoshi Beijing ကို ရောက်ပြီးတဲ့
နောက်ပိုင်းမှာ ပထမဆုံးရရှိခဲ့တဲ့ 成就 အောင်မြင်မှုတစ်ခုပါ
အဲ့လိုမျိုး အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ ပုံ၁-ပုံ၃ ထဲကလို စင်ပေါ်တက်ပြီး သင်ကြားပြရတာပါ
အဲ့တုန်းက 老师ဘာအကြောင်းသင်တာလဲဆိုတာ ပုံလေးတွေကြည့်ပြီး ခန့်မှန်းနိုင်ကြလားဟင်❓👀
ဒီနေ့ပွဲမှာတော့ Laoshiက ကျောင်းသားနေရာကနေပဲ ဝင်ရောက်သရုပ်ဆောင်ထားပါတယ်😆😆(ပုံကတော့ မန့်ထဲ့မှာ)
ZORAN - go further, grow better.
26/05/2026
📌June လအတွက် အတန်းသစ်
✨မြန်မာကျောင်းသားတွေအတွက် သီးသန့်ထုတ်ထားတဲ့တရုတ်စာTextbook ဖြင့် သင်ကြားမည့် အတန်းသစ်✨
အသုံးပြုမည့်ဖတ်စာအုပ် - 缅甸初级汉语教程1 (မြန်မာ အခြေခံတရုတ်သင်ခန်းစာ)
သင်ကြားမည့်ဆရာ - Cun Laoshi (HSK8)
အချိန် - အပတ်စဥ်စနေ၊ တနင်္ဂနွေ ၇:၃၀ - ၉ နာရီ
သင်တန်းကြေး - တစ်လလျှင် ၇၅၀၀၀ကျပ် (+စာအုပ်ကြေး ၅၀၀၀)
ZOOM ဖြင့် Face to face စနစ်တကျ သင်ကြားပေးမည်‼️
ဖတ်စာအုပ်အကြောင်း အသေးစိတ်👇👇
https://www.facebook.com/share/v/1GmxnVTDw8/
သင်ကြားပုံ သင်ကြားနည်းများ👇👇
https://www.facebook.com/share/v/17ezgqu7N1/
သင်တန်း feedbackများ 👇👇
https://www.facebook.com/share/p/1FzwAU8fcW/
သင်တန်းအပ်ရန်👇👇
https://www.facebook.com/profile.php?id=61582200428754&mibextid=wwXIfr&mibextid=wwXIfr
ZORAN - go further, grow better.
23/05/2026
🤨တရုတ်စာ Textbook လို့ ပြောလိုက်ရင် HSK, Hanyu, Developing Chinese အစရှိသဖြင့် မြန်မာနိုင်ငံမှာ အသုံးများတဲ့ စာအုပ်တွေကို learners တို့ ကြားဖူးနားဝရှိကြမှာပါ…
ကျောင်းသားစာလေ့လာရတဲ့ ရည်ရွယ်ချက်(学习目的)ပေါ်မူတည်ပြီး သင်တဲ့ဆရာက ကိုက်ညီမဲ့ Textbook ကို ရွေးချယ်သင်ယူပေးရတာ ဖြစ်ပါတယ်…
ဒါပေမဲ့ Textbookရွေးချယ်ရာမှာ အပေါ်ကပြောခဲ့တဲ့ အချက်တစ်ခုတည်းပဲ ကြည့်လို့လည်း မရပြန်ပါဘူး… ကိုယ့်နိုင်ငံ၊ ကိုယ့်ကျောင်းသားရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ Textbook (国别化教材)ဖြစ်ဖို့လည်း အလွန်အရေးကြီးပါသေးတယ်…
အဲ့ဒါမှ ကျောင်းသားစာလေ့လာတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်မိပြီး လေ့လာနေတဲ့ ဘာသာစကားအပေါ်စိတ်ဝင်စားမှု တိုးလာမှာဖြစ်ပါတယ်(学习兴趣)
အဲ့တော့ မြန်မာနိုင်ငံက တရုတ်စာလေ့လာနေသူတွေအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်ထားတဲ့ textbook ရောရှိလို့လား ဆိုပြီး မေးစရာဖြစ်လာပါတယ်❓
အဖြေကတော့…Yes! ရှိပါတယ်✅
Laoshi လက်ရှိ တက်ရောက်နေတဲ့ Beijing Language and Culture University ရဲ့ ပုံနှိပ်တိုက်ကနေ မြန်မာကျောင်းသားတွေအတွက် သီးသန့်ထုတ်ထားတဲ့ တရုတ်စာTextbook စာအုပ်လေးရှိပါတယ်
ဒီစာအုပ်လေးထဲမှာဆိုရင် ပါဝင်တဲ့ အကြောင်းအရာ(课文,内容)အကုန်လုံးက မြန်မာကျောင်းသားတွေရင်းနှီးတဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း(针对性)တွေ ကနေအခြေခံပြီး တရုတ်နိုင်ငံကအကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ဖော်ပြပေးထားတာမလို့ (跨文化对比) ကျောင်းသားတွေ သင်ယူတဲ့အခါမှာ လွယ်ကူအဆင်ပြေစေမှာပါ
ကဲ…. စာအုပ်အမြည်းကတော့ ဒီလောက်ပဲပေါ့နော်😬
ဘယ်စာအုပ်လေးလဲဆိုတာ သိရင်လည်း ပြောခဲ့အုန်းနော်👇🏻👇🏻👇🏻
အဲ့စာအုပ်လေးနဲ့ အတန်းသစ်လေး ဖွင့်ပေးမယ် ဆိုရင်ရော စိတ်ဝင်စားကြလား🫣🫣
စာအုပ်အသေးစိတ်မိတ်ဆက်ကိုတော့ နောက်နေ့ကျရင် videoနဲ့ သေချာတင်ပေးပါမယ်🫶🏻
ZORAN - go further, grow better.
19/05/2026
😆Learners တို့ရော ပုံထဲကလိုဖြစ်နေပြီလား?
တရုတ်စာလုံးHanzi တွေကို ဘယ်လိုမှတ်ကြလဲဆိုတာ Commentမှာ share ပေးသွားကြပါအုန်းနော်👇🏻👇🏻
ZORAN - go further, grow better.
15/05/2026
📍天坛(Tiān tán)- Temple of Heaven
May လ 14ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ သမ္မတဖြစ်သူ 习近平(Xí Jìnpíng)နဲ့ အမေရိကန်နိုင်ငံသမ္မတ Donald Trumpတို့က တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ 天坛(Tiān tán)- Temple of Heaven မှာ တွေ့ဆုံခဲ့ကြပါတယ်
ဒီရဲ့ 天坛(Tiān tán)- Temple of Heaven က New HSK1 Lesson-15မှာလည်းပါတာကြောင့်မလို့ သူ့အကြောင်းကို နည်းနည်းရှင်းပြပေးပါမယ်… လိုက်ဖတ်ကြည့်ကြည့်ပါနော်👇🏻👇🏻
天坛是北京有名的古建筑,也是世界文化遗产之一。
Tiān tán shì Běi jīng yǒu míng de gǔ jiàn zhù,yě shì shì jiè wén huà yí chǎn zhī yī。
The Temple of Heaven ဟာ ပေကျင်းမြို့ရဲ့ ကျော်ကြားတဲ့ နာမည်ကြီး ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သလို၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။
古代皇帝在这里祭拜上天、感谢上天。
Gǔ dài huáng dì zài zhèli jì bài shàng tiān,gǎn xiè shàng tiān。
ရှေးခေတ်တုန်းက ဘုရင်တွေဟာ ဒီနေရာမှာ မိုးကောင်းကင်ကနတ်မင်းတွေကို ယစ်ပူဇော်တာ၊ ကျေးဇူးတင်တာတွေ ပြုလုပ်ကြပါတယ်။
皇帝每年都会来这里祈求五谷丰收、风调雨顺。
Huáng dì měi niá那dōu huì lái zhèli qí qiú wǔ gǔ fēng shōu,fēng tiáo yǔ shùn。
ဘုရင်တွေက နှစ်စဉ်ဒီနေရာမှာလာရောက်ပြီး သီးနှံထွက်နှုန်း ပေါများပြီး ရာသီဥတုကောင်းမွန်စေဖို့ ဆုတောင်းကြပါတယ်။
Laoshi လွန်ခဲ့တဲ့၃နှစ် Beijingကို ရောက်ရောက်ချင်းတုန်းကလည်း အဲ့ကို သွားရောက်လည်ပတ်ခဲ့တာမလို့ ပုံလေးတင်ပေးလိုက်ပါတယ်😬😬
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဓါတ်ပုံရိုက်တဲ့နေရာလည်းတူတူပဲ…ရာသီဥတုကတော့ Laoshi ဘက်ပိုပါတယ်😆
ZORAN - go further, grow better.