30/04/2026
Cartoon Title---- မီးမီး Hope နဲ့ အားရှိလှတဲ့ ၁၂ မျိုးဟင်းချို 🍲✨
ဇာတ်ကောင်များ:
မီးမီး Hope: တက်ကြွပြီး ချက်ပြုတ်ရတာ ဝါသနာပါတဲ့ ကောင်မလေး။
ပူတူးလေး: မီးမီးရဲ့ အမြဲဗိုက်ဆာနေတဲ့ အပေါင်းအဖော် ခွေးလေး။
17/04/2026
၁၂ မျိုးဟင်းချို ချက်နည်း....😎
*ဘဲသား၊ ကြက်သား ၊ ဝက်သား(ကြိုက်နှစ်သက်ရာ)
-၅ ကျပ်သား သို့မဟုတ် ၁၀ ကျပ်သား။
ပါဝင်ပစ္စည်းများ🥳
ဘဲ၊ ကြက်၊ အသည်းအမြစ် ၁ စုံ
ခဝဲသီး ၁ တောင့်
ပဲပင်ပေါက် အနည်းငယ်
ဂေါ်ဖီထုပ် လှီးပြီး အနည်းငယ်
လှီးပြီး ပန်းဂေါ်ဖီ အနည်းငယ်
ပဲသီးတောင့် ၂ တောင့်
ရေစိမ်ပြီး မှိုခြောက် ၅ ပွင့်
ရေစိမ်ပြီး ပဲပြားခြောက် ၁ ပြား
တရုတ်နံနံ ၁ ပင် or ကြိုက်သလောက်ထည့်😛
တရုတ်ကြက်သွန်မြိတ် ၁ ပင်
ပဲငံပြာရည်အချို အနည်းငယ်
ခရမ်းချဉ်သီး ၂ လုံး
ဆီ ကြွေဇွန်းကြီး ၂ ဇွန်း
အဆင်သင့်ပြုလုပ်ထားသော
ငါးဖယ်လုံး ၁၀ လုံး
ကြက်သွန်နီဥကြီး ၂ဥ
ကြက်သွန်ဖြူ ၁ဥ
ဘဲဥ. ၂ လုံး
ချက်ပြုတ်ပုံ အဆင့်ဆင့်🤓
ဝက်သားနှင့်အထက်ပါ ကြိုက်နှစ်သက်ရာ အသားတစ်ခုခု ကို ပါးပါးလှီးပြီး ပဲငံပြာရည်အကြည်နှင့် နယ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ဆီသတ်ပြီး ဝက်သဲနှင့် လှီးပြီးသား အသားတို့ကို လုံးပေးပါ။ ပြီးနောက် ဟင်းသီးဟင်းရွက်များကို ထည့်ပြီး သမအောင် လုံးပေးပြီး ရေသင့်တော်ရုံ ထည့်ပါ။😶
ရေဆူလာလျှင် ငါးဖယ်လုံးများ ကို ထည့်၊ ဟင်းချိုအိုးကို ဖိုပေါ်မှ ချခါနီးသော် ဘဲဥနှစ်လုံး ကို ဖောက်ထည့်၍ ခဏကြာလျှင် ငရုတ်ကောင်းမှုန့် ခတ်ပါ။စားခတ်ပါ။
မီးဖိုပေါ်မှာ ၄၀ မိနစ် သို့ ၁ နာရီလောက်ထားပါ။ 🤗
ဒီအဆင့်တွေအတိုင်းဆိုရင်တော့ အရသာရှိပြီး အနံ့မွှေးတဲ့ ၁၂ မျိုး ဟင်းချိုတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။ ရှလွတ်...ရှလွတ်...😝🤤🤤🤤
ချက်ရတာ အဆင်ပြေပါစေရှင့်...
မီးမီး Hope.🥰
12/03/2025
ဒီနေ့ Hope မုန့်ဟင်းခါး လုပ်စားဖြစ်တယ်😋😍
Today, I prepared Burmese Fish Paste Noodles.
********************************************
Burmese Fish Paste Noodles, also known as "Mont Hin Gar," are a popular traditional meal in Myanmar. It has a thick, delicious broth made with fish paste (ngapi), the main component. The soup is usually thickened with chickpea flour, which gives it a substantial and slightly sticky texture. It is served with rice noodles, boiled eggs, and a variety of toppings, including crispy fried fritters (akyaw), sliced fish cake, and fresh herbs such as coriander and onions. To enhance the flavor, the dish is frequently served with lime, chili flakes, and fish sauce on the side. Mont Hin Gar is a cozy and tasty meal that is frequently served for breakfast or as a snack.
မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်ပြီး ငါးကို အဓိကထား၍ ပြုလုပ်ထားသော ဟင်းရည်ဖြင့် စားသုံးရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။ မုန့်ဟင်းခါးဟင်းရည်ကို ငါး၊ ကုလားပဲမှုန့်တို့ ပါဝင်ပြီး ပျစ်ချွဲသော အရသာရှိသည်။ ဘူးသီးကြော် ပဲကပ်ကြော် ၊ ကြက်ဥပြုတ်၊ ကြက်သွန်နီ၊ နံနံပင် ထည့်ပြီး လည်း စားသုံး၍ ရပါသည်။ ထို့အပြင် သံပရာသီး၊ ငါးငံပြာရည်(ပို၍ အငံကြိုက်သူများ)😬🤧😂ငရုတ်သီးမှုန့်(Hope ကတော့ မကြိုက်ပေါင်တော်)🤐
တို့ဖြင့် အရသာပိုမိုပြည့်စုံစေပါသည်။ မုန့်ဟင်းခါးကို မနက်စာအဖြစ် သို့မဟုတ် အဆာပြေပေါ့😋🙃
မုန့်ဟင်းခါးသည် မြန်မာလူမျိုးတို့၏ နှလုံးသားကို နွေးထွေးစေသော အရသာတစ်မျိုးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာကို ကိုယ်စားပြုသည့် အစားအစာတစ်ခုလည်းဖြစ်ပါသည်။😛😎အယ်လဲ့...😝😜
Credit- မြန်မာစာအရေးအသားအချို့
23/11/2024
ဒီတပတ် ကျွန်မ ချက်ဖြစ်ထားတာလေးတွေထဲက နောက်ထပ် တစ်ခု....😋 Fried Egg Curry and Potato Tempura.
Two of the dishes I've created again this week. I didn't use MSG (monosodium glutamate), chicken powder, or curry powder.
အချိုမှုန့် ကြက်သားမှုန့် ဟင်းခတ်မှုန့် မသုံးပါ။😇🤗
Home Cook Culinary
Hope Home Cook Culinary
19/11/2024
ဒီတပတ် ကျွန်မ ချက်ဖြစ်ထားတာလေးတွေထဲက တစ်ခု....😋 Burmese Style Dishes(Burmese Cuisine)
Two of the dishes I've created this week. I didn't use MSG (monosodium glutamate), chicken powder, or curry powder.
အချိုမှုန့် ကြက်သားမှုန့် ဟင်းခတ်မှုန့် မသုံးပါ။😇🤗
Home Cook Culinary
08/10/2024
ဒီတပတ် ကျွန်မ ချက်ဖြစ်ထားတဲ့ အထဲက တစ်ခု....🤗
*အချိုမှုန့် ကြက်သားမှုန့် ဟင်းခတ်မှုန့် လုံးဝမသုံးပါ။
*ကြက်သွန်ဖြူ ကို ပို၍ထည့်ထားပြီး ကြက်သွန်ဖြူ က သဘာဝအတိုင်း အရသာ ပိုမိုကောင်းမွန်စေပါသည်။ Natural taste enhancer ပေါ့😝...
Home-Cook Culinary
Hope Home Cook Culinary
bon appétit😋
03/05/2024
ဒီတပတ် ချက်ဖြစ်တာလေးထဲ က အသစ်အဆန်း ဖန်တီးမှုတစ်ခု။😺😻😼
One of my unique creations this week.
Fish Cake Kung Poa
ငါးဖယ် ကုန်းဘောင်ဟင်းလျာ
*NO* Monosodium glutamate (MSG)or chicken powder was used.
အချိုမှုန့် ကြက်သားမှုန့်လုံးဝမသုံးပါ။