30/10/2025
မိမိ ပိုင်ဆိုင်နေတဲ့ အရာတွေထဲမှာ တန်ဖိုးအရှိဆုံး အရာက မိမိရဲ့ ခန္ဓာကိုယ်ပဲ ☺️
ငယ်ရွယ်စဉ်အချိန်က ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးထက် စိတ်ကိုဦးစားပေးပြီး စားချင်တာ မှန်သမျှ စားခဲ့တာ 😖
ဆေးနဲ့တာရှည်ခံအောင် လုပ်ထားတဲ့ အသင့်စားသောက်ကုန်တွေ၊ အချိုနဲ့ အဆိမ့်တွေ များတဲ့ မုန့်တွေ၊ ဆီတွေ လက်ပစ်ကူးလို့ရတဲ့ထိ အိုင်နေတဲ့ ဆီပြန်ဟင်း နဲ့ ဆီစိမ် လက်ဖက်တွေ၊ သကြားချက်စက်ရုံတောင် တည်လို့ရလောက်တဲ့ sugar level အများကြီးပါတဲ့ အချိုရည် နဲ့ Energy Drink တွေ ၊ ဆားတွေ နဲ့ ငံတူးနေသောသဘာဝမဟုတ်ပဲ ဆားသိပ် ငါးပိငါးခြောက် အစုံပါပဲ 😬
အခု နောက်ပိုင်းမှာတော့ ကျန်းမာရေး တန်ဖိုးကို သိလာတယ်၊ အစားအသောက်က ကျန်းမာရေးအတွက် အဓိကကဏ္ဍမှာ ပါတယ်ဆိုတာ သိလာပြီးနောက်ပိုင်းမှာ မိမိပါးစပ်ထဲ ဝင်မယ့်အရာကို အမြဲ အသိ သတိကပ်တတ်လာတယ်။ လူဆိုတော့ တရက်တလေ စားချင်တာ စားလိုက်တာတော့ ရှိတာပါပဲ ဒါပေမယ့် စားတဲ့ အစာ အများစုကတော့ ကျန်းမာတာတွေပဲ ရွေးချယ်တော့တယ် ☺️
ထမင်းက ကဇီဓါတ်များတာမို့ ရှောင်တာတို့ လုံးဝ မစားတာတို့တော့ မိမိ တခါမှ မလုပ်ခဲ့ဖူးဘူး၊မြန်မာဆိုတော့ ထမင်းမစားရရင် မတင်းတိမ် နိုင်သူမို့ ထမင်းတနပ်ကတော့ အမြဲပါတယ်။
အသားကြီးငါးကြီးလဲ မိမိက မစားသူမို့ ကြက်၊ ငါး ပုစွန်ကိုပဲ တလှည့်စီ ချက်စားတယ်။ ချောကလက်လို အချိုမျိုးကိုတော့ တလတခါ မိမိရာသီစက်ဝန်းချိန်မှာ စားဖြစ်ပေမယ့် အားနေတိုင်း ပါးစပ်ထဲ ထည့်နေတတ်တဲ့ အကျင့်မရှိတာ ကျေးဇူးတင်ရမယ် ☺️
အချုပ်ပြောချင်တာကတော့ ဘယ်ပစ္စည်းနေနေ ပျက်စီးသွားရင် အသစ်လဲလို့ရတယ်။ ဥပမာ ကားဆိုပါစို့ အင်ဂျင်းမကောင်းတာလား အကုန်ဖြုတ်တပ် ပြင်လို့ရတယ် အဆုံးကွာ ကားတစီးလုံးမကောင်းတောင် အစင်းလိုက် လဲလိုက်လို့ရတယ်။
ဒါပေမယ့် မိမိခန္ဓာကိုယ် ကိုယ်တွင်းကလီစာတွေကတော့ တသက်မှာ တခါပဲ။ တခု မကောင်းဘူး ပျက်စီးပီဆိုရင် သွားပြီပဲ။ ဒီအသက်အရွယ်ထိ အလုပ်လုပ်လာပေးတဲ့ မိမိ ခန္ဓာကိုယ်ကို သနားအားနာစိတ်လေးနဲ့ ပဲ ဖြစ်ဖြစ်၊ မိမိကိုယ်ကို ချစ်တဲ့စိတ်လေးနဲ့ပဲ ဖြစ်ဖြစ် အစားအသောက်ကို တကယ် ဂရုစိုက်စေချင်တယ်။
အားလုံးကို ကျန်းမာစေချင်တဲ့ မိမိပါရှင် ☺️
Ein Sprichwort lautet: „Du bist, was du isst.“ Damit ist unter anderem gemeint: Unsere Gesundheit und unsere Ernährung stehen in einem engen Zusammenhang.