Ãlhâmdûlîllåh that was really good moment!
Rapport Builder
This helps you your emotional learning, creativity and knowledge, Rapport building..
25/05/2025
Eukaryotic cells
゚viralシfypシ゚viralシalシ
Missing Arkhan (Myanmar)
19/05/2025
ရေသည် ၏ အပိုင်းကို အသုံးပြု၍ (၅)မှတ်တန်ဖွဲ့စည်းခြင်း
16/05/2025
School student of
Myanmar vs camp 😭😭😭
Examination Board of Rohingya Refugees
07/05/2025
Properties of circle
04/05/2025
Trigonometry Ratios
Logo making
02/05/2025
ကျေးဇူးတင်ရှိကြောင်း နှင့် မေတ္တာရပ်ခံပါကြောင်း
▪ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းများတွင် လူထုအခြေပြုစာသင်ကျောင်းများ ပေါ်ပေါက်လာခြင်း၏ အဓိကအကြောင်းရင်းကို လေ့လာကြည့်လျှင် စာသင်ကျောင်းတိုင်းက ဆရာ၊ ဆရာမများသည် ဒုက္ခသည်စခန်းရှိ ကလေးသူငယ်တို့ ပညာသင်ယူခွင့် ဆုံးရှုံးနေမည်ကို ဒီအတိုင်း လက်ပိုက်၍ ဘေးကရပ်ကြည့်မနေဘဲ မိမိတို့နိုင်သည့်တာဝန်ကို ကျေပွန်ရန် ကြိုးစားနေရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ကလေးသူငယ်အပေါ် ထားရှိသော ဆရာသမားတို့၏ စေတနာကြောင့် လူထုအခြေပြုစာကျောင်းများ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါလိမ့်မည်။
▪ဆယ်သိန်းကျော်သောလူထု အမိနိုင်ငံကို စွန့်ခွာရပြီး တိုင်းတစ်ပါး၌ အခက်အခဲမျိုးစုံကို ရင်ဆိုင်လျက် အသက်ရှင်နိုင်ရန် ကြိုးစားနေသည့် ဤခက်ခဲသော ၈ နှစ်တာ ကာလအတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းထဲတွင် အထိရောက်ဆုံးနှင့် အမွန်မြတ်ဆုံး လုပ်ရပ်တချို့ကို ပြပါဆိုပါလျှင် ဤလူထုအခြေပြုစာသင်ကျောင်းများ ဖွင့်လှစ်၍ ကလေးသူငယ်များအား ခေတ်ပညာ၊ ဘာသာရေးပညာများ သင်ကြားမှုပေးနေသည့် လုပ်ဆောင်ချက်များကို ညွှန်ပြရမည် ဖြစ်ပါသည်။
▪လူထုအခြေပြုစာသင်ကျောင်းများ၌ ပညာသင်ကြားပေးသော ဆရာသမားများနှင့် ပညာသင်ယူနေသော ကလေးသူငယ်တို့တွင် များစွာသော အခက်ခဲစိန်ခေါ်မှုများ ရင်ဆိုင်နေရပါသည်။ စာသင်ချိန် လုံလောက်စွာ မရရှိမှု၊ စာသင်ကျောင်းနေရာ မလုံလောက်မှု၊ အသွားအလာ ခက်ခဲ့မှု စသော မလွယ်ကူမှုများစွာကြားတွင် ဆရာသမားတို့သည် မိမိတို့ဘေးပတ်ဝန်းကျင်မှ ကလေးသူငယ်တိုင်း ပညာတတ်မြောက်ရေးအတွက် အားသွန်ခွန်းစိုက် ရုန်းကန်နေကြရပါသည်။ ဆရာသမားတို့၏ ဖြူစင်မွန်မြတ်သော စိတ်ထားမှာ နှိုင်းစံရှားပင် ဖြစ်ပါသည်။ ဤဆရာသမားတို့သည်ပင် အမှောင်မိုက်ဆုံးကာလတွင် ကြယ်တရာအဖြစ် အလင်းပေးနိုင်ရန် ရုန်းကန်ကြိုးစားခဲ့သူများ ဖြစ်ပါသည်။ အလေးပြုစရာပင် ဖြစ်သည်။
▪ယခုအခါ အဆိုပါဆရာသမားများကပင် သူတို့၏ အားထုတ်ရုန်းကန်မှုကို တစ်ဆင့်မြှင့် ဂီယာထိုးသည့်အနေဖြင့် "စာစစ်ဘုတ်အဖွဲ့ (Exam Board)" တစ်ရပ်ကို အခက်အခဲ စိန်ခေါ်မှုများစွာကြား၌ ဖွဲ့စည်းထူထောင်လိုက်ပါသည်။ စိန်ခေါ်မှုတောင်တန်းကြီးကို ဦးမော့ရင်ကော့၍ ကျော်ဖြတ်ရန် ဆရာသမားများ သန္နိဋ္ဌာန်ချထားပုံမှာလည်း အတုယူစရာကောင်းလှပါသည်။
▪လုပ်ဆောင်ချက်သစ်တစ်ခု ပေါ်ပေါက်လာခဲ့ချိန်တွင် ထိုလုပ်ဆောင်ချက်ကို ဝိုင်းဝန်းထောက်ခံသူများ ရှိလာသကဲ့သို့ ဝေဖန်ထောက်ပြသူများလည်း ရှိလာသည်မှာလည်း လောကဓမ္မတာတရားပင် ဖြစ်ပါသည်။ Exam Board ဖွဲ့စည်းထူထောင်ခြင်းနှင့် ပတ်သက်၍ ထောက်ပြဝေဖန်နေသူများကိုလည်း ကျွန်ုပ်တို့ လေးစားတန်ဖိုးထားရပါသည်။
စီးပွားရေးလုပ်ငန်းသစ် ထူထောင်နေခြင်းဟု စွပ်စွဲသူက စွပ်စွဲပါသည်။ အလုပ်မရှိသူအချို့က အလုပ်ရယူလို၍ လုပ်ဆောင်နေသည်ဟု ကဲ့ရဲ့သူက ကဲ့ရဲ့ပါပါသည်။ ဆရာကြီးလုပ်ချင်၍ လုပ်ဆောင်နေသည်ဟု ဆိုသူက ဆိုပါသည်။ ငါတို့လူမျိုးက မစည်းလုံး၍ ဤ Exam Board ဖြစ်ရန် မဖြစ်နိုင်ပါဟု လက်လျော့သံမျိုးဖြင့် ပြောသူကပြောပါသည်။ ထိုသို့ ပြောဆိုရေးသားနေသူများမှာလည်း ကလေးသူငယ်တို့၏ ပညာရေးတိုးတက်မှုကို လိုလားသော စိတ်သောကဖြင့် ပြောဆိုရေးသားနေသည်ဟု ကျွန်ုပ်တို့ ခံယူပါသည်။ ထို့သို့ ပြောဆိုရေးသားနေမှုများက ကျွန်ုပ်တို့ ရှေ့ဆက်ခရီး၌ အမှားအယွင်းနည်းအောင် အထောက်အပံ့ပြုနေမည်မှာ မလွဲပင်။ ထို့ကြောင့် ၎င်းတို့အားလုံးကို ကျွန်ုပ်တို့ အလေးထားပါသည်။
▪လူထုအခြေပြုစာသင်ကျောင်းများစုပေါင်း၍ ဖွဲ့စည်းထူထောင်လိုက်သော "Examination Board of Rohingya Refugees" ကို လူအများအပြားက စိတ်ဝင်စားမှုပြသနေသကဲ့သို့ လူအများအပြားက ထောက်ခံကြိုဆိုနေသည်ကို တွေ့ရ၍ အင်မတန် ဝမ်းမြောက်ရပါသည်။ လူကြီးမင်းတို့၏ ထောက်ခံကြိုဆိုမှုသည် ကျွန်ုပ်တို့အတွက် အားဖြစ်စေပါသည်။ ခက်ခဲသောအလုပ်တစ်ခုကို အောင်မြင်သည့်အထိ အကောင်အထည်ဖော်နိုင်ရန်အတွက် အားဆေးဖြစ်စေပါသည်။ ထို့ကြောင့် အားလုံးကို အထူးကျေးဇူးတင်ရှိရပါကြောင်း ပြောကြားလိုပါသည်။
ကျွန်ုပ်တို့သည် ဤ Exam Board ကို စည်းလုံးမှု၏အင်အားအဖြစ် အသုံးပြု၍ ကလေးသူငယ်များ၏ ပညာရေးတက်လမ်းတွင် လှေကားထစ်ဖြစ်စေလိုပါသည်။ ထို့ကြောင့် Exam Board ဖြစ်မြောက်ရေးကော်မတီက စာသင်ကျောင်းများအားလုံး ပါဝင်လာရေးအတွက် စာသင်ကျောင်းတိုင်းနှင့် ချဉ်းကပ်ညှိနှိုင်းမှုများ ပြုလုပ်နေလျက်ရှိပါသည်။ စာသင်ကျောင်းအချို့သည် Exam Board ကို လေ့လာနေဆဲကာလပင် ဖြစ်သည်။ ၎င်းတို့က Exam Board နှင့် မပူးပေါင်းပါဟု ငြင်းဆိုလိုက်ခြင်း မဟုတ်ပေ။ စာသင်ကျောင်းအချို့မှာ အခက်အခဲစိန်ခေါ်မှုများကြောင့် လတ်တလောကာလ၌ Exam Board နှင့် ပူးပေါင်းနိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ စာသင်ကျောင်းများ၏ အခက်အခဲများကို ကျွန်ုပ်တို့ နားလည်ပေးရမည်ဖြစ်ပါသည်။ စာသင်ကျောင်းများ၏ ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ တန်ဖိုးထားရမည် ဖြစ်ပါသည်။
▪ Exam Board သည် လက်ရှိ တည်ရှိနေသော စာသင်ကျောင်းများကို အားပေးကူညီပံ့ပိုးခြင်းမှသည် ကလေးသူငယ်များ၏ ပညာရည်တိုးတက်ရေးကို ရည်ရွယ်ပါသည်။ Exam Board သည် စာသင်ကျောင်းများ၏ အုပ်ချုပ်ရေး၊ သင်ကြားရေး စသည်တို့တွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဖွဲ့စည်းပုံစဉ်းမျဉ်းများတွင် အတိအလင်း ဖော်ပြထားပါသည်။ စာသင်ကျောင်းအချို့သည် Exam Board ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို လေ့လာနေဆဲကာလပင် ဖြစ်သည်။ ပူးပေါင်းခြင်း မပြုဟု ငြင်းဆိုခြင်း မဟုတ်သည်ကို သတိပြုရန်လိုပါသည်။
အချို့သော Social Media အသုံးပြုသူများက Exam Board နှင့် ပူးပေါင်းသေးခြင်းမရှိသော စာသင်ကျောင်းများကို ကြမ်းတမ်းသော စကားလုံးများသုံး၍ ဝေဖန်ပြစ်တင်နေသည်ကို စိတ်မကောင်းစွာ တွေ့ရပါသည်။ လူတိုင်းတွင် လွတ်လပ်စွာတွေးပိုင်ခွင့်၊ လွတ်လပ်စွာပြောပိုင်ခွင့်၊ လွတ်လပ်စွာဝေဖန်ထောက်ပြပိုင်ခွင့် ရှိပါသည်။ အားလုံး၏ အမြင်သဘောထား၊ စိတ်ခံစားမှု အားလုံးကို လေးစားတန်ဖိုးထားပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် Exam Board နှင့် ယခုကာလ၌ ပူးပေါင်းနိုင်ခြင်း မရှိသေးသော စာသင်ကျောင်းများကို ကြမ်းတမ်းသောစကားလုံးများသုံး၍ တိုက်ခိုက်နေမှုများ မပြုလုပ်ကြရန် ကျွန်ုပ်တို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။
▪စည်းလုံးမှုဖြင့် အင်အားတည်ဆောက်ရမည့် ဤသို့သော အချိန်ကာလမျိုးတွင် Exam Board ကို အကြောင်းပြ၍ စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် စကားအသုံးအနှုန်းမျိုး အထူးရှောင်ရှားကြဖို့ တိုက်တွန်းလိုပါသည်။
▪ လတ်တလောကာလ၌ Exam Board နှင့် ပူးပေါင်းလာနိုင်ခြင်း မရှိသေးသော စာသင်ကျောင်းများသည်ပင် ကျွန်ုပ်တို့၏ ကလေးသူငယ်များကို အခက်အခဲများစွာကြားက ၈ နှစ်တိတိ ပညာသင်ပေးလာခဲ့သည်ကို မေ့မပစ်သင့်ပေ။ ၎င်းတို့၏ကျေးဇူးသည် လူထုအပေါ် ကြီးမားလှပါသည်။ ထို့ကြောင့် Social Media ပေါ်တွင် ထိုစာသင်ကျောင်းများကို ပြစ်တင်ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်ကြဖို့ Examination Board of Rohingya Refugees ဖြစ်မြောက်ရေးကော်မတီမှ အနူးအညွှတ်မေတ္တာရပ်ခံလိုက်ရပါသည်။
ကျေးဇူးတင်ပါသည်။
Exam Board ဖြစ်မြောက်ရေးကော်မတီ (ယာယီ)
မေလ ၁ ရက်၊ ၂၀၂၅။
02/05/2025
Examination Board of Rohingya Refugees
02/05/2025
Open Invitation to Join
the Examination Board of Rohingya Refugees
Examination Board of Rohingya Refugees
Click here to claim your Sponsored Listing.
Location
Category
Website
Address
Dhaka