19/10/2025
Diploma in Child Psychology and Early Childhood Care and Development - DCP & ECCD " ကလေးစိတ်ပညာနှင့် ရှေးဦး ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးပညာ ဒီပလိုမာဘွဲ့" သင်တန်း (အပတ်စဉ် - ၇) ကို အောက်တိုဘာလ ၂၁ရက်နေ့တွင်ဖွင့်လှစ်ပါတော့မည်ဖြစ်ပါသည်💜
"ကလေးစိတ်ပညာနှင့် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးပညာ ဒီပလိုမာဘွဲ့" သင်တန်း (အပတ်စဉ် -၇ )
ဧစေ ပညာရေးဖွံ့ဖြိုးမှုတက္ကသိုလ် Ayezay Education Development Institute (AEDI) ကျောင်းတော်ကြီးက Diploma in Child Psychology and Early Childhood Care and Development - " ကလေးစိတ်ပညာနှင့် ရှေးဦး ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးပညာ ဒီပလိုမာဘွဲ့" သင်တန်း (အပတ်စဉ် - ၇) ကို မကြာမီ ဖွင့်လှစ်ပါတော့မည်။
ပညာရေးတက္ကသိုလ်များမှ အငြိမ်းစားပညာရေး ပညာရှင်များကိုယ်တိုင် ဦးစီးသင်ကြားသော ဒီပလိုမာဘွဲ့သင်တန်းဖြစ်ပါတယ်။
💟 စတင် ကျောင်းအပ်လက်ခံပါပြီ 💟
--- ပေးအပ်မည့်ဘွဲ့ ---
Diploma in Child Psychology and Early Childhood Care and Development
(DCP&ECCD)
🧑💼 ဘယ်သူတွေတက်ရောက်သင့်သလဲ။
(၁) သင်ကြားရေးလုပ်ငန်းကို စတင်ဆောင်ရွက်လိုသူများ၊
(၂) ကလေးသူငယ်များကို ဗဟိုပြု၍ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေသူများ၊
(၃) ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုများကို စနစ်တကျသိရှိလိုသူများ။
(၄) ကလေးငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးမှုများကို စနစ်တကျသိရှိပြီး မိမိတို့၏ သင်ကြားပြသမှုအရည်အသွေးကို တိုးတက်မြင့်မားအောင် ဆောင်ရွက်လိုသူများ၊
(၅) ကလေးသူငယ်ပျိုးထောင်ရေးဆိုင်ရာ နည်းဗျူဟာများကို လက်တွေ့သင်ကြားမှု၌ ထည့်သွင်းအသုံးပြုလိုသူများ။
(၆) ကလေးသူငယ်များနှင့် ကိုင်တွယ်ထိတွေ့ဆက်ဆံနေရသည့် မိဘများ။
(၇) ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှုလုပ်ငန်းနှင့် သက်ဆိုင်နေသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြရန် အထူး သင့်လျော်ပါသည်။
🧑🎓 တက်ရောက်ရန် ရွေးချယ်နိုင်သူများ
(၁) တက္ကသိုလ်တက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ ၊
(၂) ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်များနှင့် အခြားတက္ကသိုလ်များမှ ဘွဲ့ရရှိထားသူများတက်ရောက်နိုင်မည်ဖြစ်ပါသည်။
🧑💻 သင်ကြား၊ သင်ယူရေးအတွက်စီစဉ်ထားရှိမှု
Zoom Platform ဖြင့်တိုက်ရိုက်သင်ကြားမည့် Online Learning System တစ်ခုဖြစ်ပါသည်။
Course curriculum စနစ်တကျဖြင့် တက္ကသိုလ်ကျောင်းသားများမှစ၍ အခြားဘွဲ့ရအဆင့်များအထိ တက်ရောက်သင်ကြား နားလည်နိုင်စေရန်စီစဉ်ထားရှိပါသည်။ Diploma ဘွဲ့အရည်အသွေး နှင့် စံသတ်မှတ်ချက်များကို ပညာရေးအညွှန်းဘောင် TCSF များ၊ Accreditation များနှင့်အညီ သင်ကြားပေးမည်ဖြစ်ပါသည်။
💝 ဘယ်သူတွေသင်မှာလဲ။
ပညာရေးပါရဂူဘွဲ့ရ ၊ ပြည်ပအတွေ့အကြုံများရှိသော ပညာရေးပညာရှင်များဖြင့် ဖွဲ့စည်းသင်ကြားပါသည်။
ဧစေ ပညာရေးဖွံ့ဖြိုးမှုတက္ကသိုလ်၏ ပဲ့ကိုင်ရှင်
ပါမောက္ခချုပ် ဆရာမကြီး မှာ -
Dr. Nu Nu Win
Ph.D. (Education), M.Ed.,B.Ed.,
Dip in French.,CSPCD (Israel)
ပါမောက္ခ - ဌာနမှူး (ငြိမ်း)
ပညာရေးစိတ်ပညာဌာန
စစ်ကိုင်းပညာရေးတက္ကသိုလ် ဖြစ်ပါသည်။
သင်ကြားရေး ပညာရှင်များအနေဖြင့်
(၁) Dr. Nu Nu Win
💠Ph.D. (Education),
💠M.Ed.,
💠B.Ed.,
💠Dip in French.,CSPCD (Israel)
ပါမောက္ခ - ဌာနမှူး (ငြိမ်း)
ပညာရေးစိတ်ပညာဌာန
စစ်ကိုင်းပညာရေးတက္ကသိုလ်
(၂) Dr. Kyaw Zan Hla
💠 Ph.D. (Education)
💠 M.Ed.,
💠 B.Sc,B.Ed
တွဲဖက်-ပါမောက္ခ ဌာနမှူး (ငြိမ်း)
ပညာရေးစိတ်ပညာဌာန
ရန်ကုန်ပညာရေးတက္ကသိုလ်
(၃) Dr. Thidar Nyunt
💠Ph.D (Educational Psychology)
💠M.Ed.
💠B.Ed.
ဧည့်ကထိက (ငြိမ်း)
စစ်ကိုင်းပညာရေးတက္ကသိုလ်
⚛️ သင်တန်း၏ ရည်ရွယ်ချက်များ
(၁) ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဗဟုသုတများကို လက်တွေ့ကျကျနားလည်သဘောပေါက်စေရန်။
(၂) ကလေးငယ်များ၏ အသက်အရွယ်အလိုက် ပြောင်းလဲဖြစ်တည်မှု သဘောသဘာဝများကို သိရှိပြီး လိုက်လျောညီထွေစွာ ပျိုးထောင်ပေးတတ်သော ဆရာ၊ဆရာမများအဖြစ် ရပ်တည်နိုင်စေရန်။
(၃) ကလေးငယ်များအကြား သန္ဓေသားငယ်အဆင့်မှစ၍ မတူညီသောမျိုးရိုးနှင့် ပတ်ဝန်းကျင်အနေအထားအလျောက် ကွဲပြားသည့်ဖြစ်တည်မှုများကို အသေးစိတ်သိရှိပြီး လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချနိုင်စေရန်။
(၄) မတူကွဲပြားသည့် လက္ခဏာများနှင့် ဖြစ်တည်နေသော ကလေးသူငယ်များအကြား လိုက်လျောညီထွေဖြစ်သည့် ပြုစုပျိုးထောင်ရေးနည်းလမ်းများကို ကျင့်သုံးနိုင်စေရန်။
(၅) မျိုးဆက်သစ်ကလေးသူငယ်များကို မှန်ကန်သင့်မြတ်သော နည်းလမ်းများဖြင့် ပျိုးထောင်ရင်း မိမိတို့ လူ့အဖွဲ့အစည်းကို ကောင်းစွာ ပြုပြင်ဖန်တီး ဖော်ဆောင်နိုင်မည့် ဆရာ၊ဆရာမကောင်းများ/ မိဘကောင်းများဖြစ်ထွန်းလာစေရန် တို့ဖြစ်ပါသည်။
🗓️သင်တန်းကြေးမှာ ၁လလျှင် ၁၀၀, ၀၀၀ ကျပ်ဖြစ်ပြီး
သင်တန်းကာလ (၃)လ တိတိ ကြာမြင့်မည်ဖြစ်သည်။
📆 သင်တန်းရက်သည်
အပတ်စဉ် - (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) ဖြစ်ပါသည်။
⏰ သင်တန်းအချိန်မှာ
( တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့များတွင် ညနေ ၆း ၀၀ နာရီ မှ ၈း ၀၀နာရီ အထိ ဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက 09 795538182 သို့ဆက်သွယ်မေးမြန်းနိုင်ပြီး
သင်တန်းတက်ရန် ဆုံးဖြတ်ပြီးပါက Page Messenger သို့သာ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
မှတ်ချက်။ ။ ကြိုတင်စာရင်းပေးသွင်းသူများပြားပြီး
သတ်မှတ်လူဦးရေပြည့်မီတော့မည်ဖြစ်သောကြောင့်
မကြာမီ ဝင်ခွင့်ဖောင်ပိတ်ပါမည်။
(သင်တန်းရေးရာဌာန)
ဧစေ ပညာရေးဖွံ့ဖြိုးမှုတက္ကသိုလ်