Essential Asset

Essential Asset

Share

Nowadays, content has penetrated people’s everyday lives such as watching movies and TV shows, listening to music, and reading novels or comics.

The aim of our channel is to help valuable viewers in order to become better than yesterday while enjoying our daily content such as Educating & Entertaining audiobooks, Language enrichment, and Business Development under the personal growth Journey. However, accessing high-quality content would be expensive for those who can't afford but want to get things done. Therefore, the aim of our channel

Photos from Essential Asset's post 12/01/2023

နာရီလက်တံလေးတွေ ရှေ့ကိုရွေ့လျားလာတိုင်း

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှတဲ့

အချိန်တွေကို အချည်းအနှီးမဖြစ်ရအောင်

English စာလေ့လာရင်း

တူတူကာကွယ်ကြရ​အောင်☺️





Photos from Essential Asset's post 11/01/2023

🙋‍♂️Hello! New Year GA လေးတွေပို့လိုက်တာ တချို့winner လေးတွေဆီကို ရောက်နေပါပြီ။ မရောက်လာသေးတဲ့သူလေးတွေလည်း deli ဖုန်းလေး​ေတွ စောင့်နေပေးကြပါဉီးနော်။

🙋‍♂️🙋‍♂️Admin တို့ကို တစ်ခုလောက်ကူညီနိုင်မယ်ဆိုရင် paper packaging အပြင်ကနေ ထည့်ပေးလိုက်တဲ့ "𝐄𝐀 𝐍𝐚𝐦𝐞 𝐋𝐚𝐛𝐞𝐥 𝐒𝐭𝐢𝐜𝐤𝐞𝐫"လေးကို ခွာယူပြီး ဒီလိုလေး ကပ်ထားတဲ့ ပုံလေး ပို့ပေးလာကြပါဉီးခင်ဗျာ။
နောက်လည်း အကျိုးရှိမယ့်အရာလေးတွေ လုပ်သွားပေးမှာမို့ channel နဲ့ Page လေးကို စောင့်ကြည့်အားပေးကြပါဉီးနော်။
🙏 🥰🥰

Photos from Essential Asset's post 10/01/2023

ဘောလုံးအားကစားမှာဆုံးနဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးက ပရီးမီးယားလိဂ်ဆိုရင် Dotaမှာ Western Europe regionလို့ပြောရင် ငြင်းဆိုမဲ့သူမရှိလောက်ပါဘူး

Essential Asset ကိုအားပေးဖတ်ရှူနေကြတဲ့ ပရိသတ်တွေထဲမှာ Dota2 fanညီအစ်ကိုတွေရှိကြလားခင်ဗျ

ဟုတ်ကဲ့ ဒါဆိုရင်တော့ ယခုစတင်ယှဥ်ပြိုင်နေပြီဖြစ်တဲ့ 2023ရာသီWestern Europe regionအကြောင်းနဲ့ အသင်းတွေ ကစားသမားတွေအကြောင်းကို ကျွန်တော်တို့အတူလေ့လာကြည့်ရအောင်ပါ

စောစောကကျွန်တော်ပြောခဲ့သလိုပဲ WEU regionဟာ အင်မတန်ကိုပြိုင်ဆိုင်မှုပြင်းထန်ပြီး ကမ္ဘာ့နာမည်ကြီးထိပ်သီးကစားသမားများအများစုကျင်လည်နေတဲ့ regionတခုဖြစ် နေရာတနေရာရဖို့လည်းခက်ခဲပြီး အသင်းတိုင်းလိုလိုကို လျှော့တွက်လို့မရတဲ့ regionတခုလည်းလို့ဆိုနိုင်ပါတယ် အဲ့ဒီအတွက်အကောင်းဆုံးပြောရရင် No one,MSSတို့နဲ့အတူစုဖွဲ့လာတဲ့ Notail,Ceb,Topsonတို့ရဲ့ Old Gအသင်းဟာ တတိယကြိမ်မြောက် Tiအိပ်မက်ဖို့နောက်ဆုံးလက်မှတ်တခုကို Closed Qualifier stageမှာ Monaspaဆိုတဲ့အသင်းကို ရှုံးနိမ့်ပြီးDPC ဝင်ခွင့်ဆုံးရှုံးရတဲ့ဖြစ်စဉ်ပါ Tiနှစ်ထပ်ကွမ်းချန်ပီယံတွေဦးဆောင်ပြီး ပရိသတ်အားပေးမှုအပြည့်ဆိုပေမဲ့ မျှော်လင့်ထားသလိုဖြစ်မလာတာက WEUရဲ့ခက်ခဲကြပ်တည်းတဲ့ ပြိုင်ဆိုင်မှုတွေကြောင့်ပါပဲ ဆိုတော့ကာ ပြိုင်ပွဲအကြောင်းကိုကြည့်ရရင်

WEU region Division 1 Tour 1ကို January 9ရက်နေ့ကနေ 29ရက်နေ့အထိ Online Lanပုံစံနဲ့ကျင်းပမယ် ထုံးစံအတိုင်းအသင်းပေါင်း၈သင်းပါဝင်လာပြီး ပြီးခဲ့တဲ့ရာသီကတန်းမဆင်းရဘဲ ကျန်ခဲ့တဲ့အသင်း၆သင်းနဲ့Divison2က ထိပ်ဆုံး၂သင်းက -round robinစနစ် Best of 3ကစားကြရမှာပါ -အဆင့်၁နေရာကနေ၄နေရာအထိအသင်းများက ပထမဆုံး Majorပြိုင်ပွဲအတွက် qualifiedဖြစ်မှာပါ အဆင့်၆အထိအသင်းတွေက Division1မှာပဲနေခဲ့ရမှာဖြစ်ပြီး အောက်ဆုံး၂သင်းကတော့ နောက်Tourတခုအတွက် Division2ကို တန်းဆင်းရမှာပါ
-Total Prize Poolက 205,000US$
🔴အသင်းလိုက်အဆင့်ဆင့်ရရှိမဲ့ ဆုကြေးငွေနဲ့DPC Pointများ

1st $30,000 DPC Point 300
2nd $28,000 DPC Point 180
3rd $27,000 DPC Point 120
4th $26,000 DPC Point 60
5th $25,000 DPC Point 30
6th $24,000/ 0 Point
7th $23,000/ 0 Point
8th $22,000/ 0 Point
Valveရဲ့စည်းမျဉ်းထုတ်ပြန်ချက်ကိုကြည့်ရင် ဆုကြေးငွေကအများကြီးမကွာဟပေမဲ့ Pointတွေကတော့ အရေးပါလှသည် ထိုPointတွေက Tiပြိုင်ပွဲကြီးအတွက်ဝင်ခွင့်အမှတ်တွေဖြစ်တဲ့အတွက် အသင်းတိုင်းကပွဲတိုင်းကို အနိုင်ရဖို့အလေးအနက်ထားကစားဖို့ လိုအပ်ပါလိမ့်မယ် ပွဲစဉ်တွေကိုJan9ရက်နေ့ကနေစပြီး Week ၃ခုစီခွဲကာWeekတခုနဲ့တခုကြား ၂ရက်စီခြားထားထားပါတယ် Week၁ခုအတွင်း ၁ရက်စီခြားထားပြီး အသင်းတိုင်းက Weekတခုတွင်း ၃ပွဲစီဆော့ပြီး ပတ်လည်ယှဉ်ပြိုင်ရပါမယ်။
ဒါဆို အသင်းတွေနဲ့လူစာရင်းတွေကို သိနိုင်ဖို့
တစ်ပုံချင်းစီ ထောက်ပီး ဆက်လေ့လာ ကြည့်ရအောင်

08/01/2023

“ငါ့ကို စောင့်နေပေးပါ အိမ်မက်လေးရေ”




05/01/2023

ပြာသိုလပြည့် "အမေများနေ့"မှာ Essential Asset ရဲ့ မိတ်ဆွေတို့ကရော ကိုယ်ရဲ့မေမေနဲ့ ဘယ်လိုဖြတ်သန်းဖြစ်ကြလဲ?

ဇန်နဝါရီလ ၅ ရက်ဒီနေ့က ပြာသိုလပြည့်နေ့ဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အမေများနေ့လည်းဖြစ်ပါတယ်ခင်ဗျာ။
ဒီနေ့မှာတော့ မိခင်တွေအတွက် ပန်းစည်း၊ postcard စတဲ့ လက်ဆောင်ပစ္စည်းပေးပို့တာနဲ့ ထမင်းလက်ဆုံ စားတာတွေကို ပြုလုပ်ပြီး အောက်မေ့ဂုဏ်ပြုပေးတတ်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အမေများနေ့ကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဉီးသုခရဲ့ ကြိုးပမ်းမှုနဲ့ 1997ခုနှစ်မှာ "ပြာသိုလပြည့်နေ့"အဖြစ် တရားဝင်သတ်မှတ်နိုင်ခဲ့တာပါ။ အမေများနေ့အထိမ်းအမှတ်ပွဲတွေကိုတော့ တရားဝင်မသတ်မှတ်နိုင်သေးခင် 1995 ခုနှစ်ထဲက မန္တလေးမြို့မှာ စတင်ပြီး ကျင်းပဖြစ်ခဲ့တာဖြစ်ပြီးတော့ မိဘကျေးဇူးကိုဆပ်နည်းနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေပြုလုပ်ရင်း လူငယ်တွေကို ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။
EA ရဲ့ ပရိသတ်တွေကကော အမေများနေ့မှာ ကိုယ်ရဲ့ မေမေအတွက် ဘာလေးတွေ လုပ်ပေးဖြစ်ကြလဲ မျှဝေပေးခဲ့ပါဉီးနော်။



04/01/2023

FA is the best 🤨👍

04/01/2023

"လွတ်လပ်ရေးနေ့ တို့မမေ့ဖို့"

ဒီနေ့ ဇန်နဝါရီလ ၄ ရက် နေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကျူးကျော်ခံရမှုတွေပြီးတဲ့နောက် စစ်မှန်တဲ့ လွတ်လပ်ရေးကို ပထမဆုံးရရှိခဲ့တဲ့ "မြန်မာ့လွတ်လပ်ရေးနေ့" ဖြစ်ပါတယ်။ new year နဲ့ ခရစ္စမတ်ပွဲတော်ရက်တွေကို ကျော်လွန်လာပြီးတဲ့နောက် ဒီနှစ်ရဲ့ ပထမဆုံးသော မြန်မာ့သမိုင်းဝင်နေ့ရက်လို့ ဆိုရမှာပါ။
လွန်ခဲ့တဲ့ ၇၅ နှစ်လောက်တုန်းက ဒီနေ့လိုမျိုး ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ကျွန်တော်တို့ မြန်မာတွေလက်ထဲကို ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အပြည့်အဝပြန်လည်ပေးအပ်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ဟာ ကိုလိုနီအစိုးရလက်အောက်မှာ အောက်မြန်မာပြည်အတွက် နှစ်ပေါင်း ၁၂၃ နှစ် ၊ အထက်မြန်မာပြည်အတွက်ဆိုရင် ၆၃ နှစ် ကျရောက်ခဲ့ပြီးတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုရာစုနှစ်တခုတိုင် ကိုလိုနီရဲ့ ဖိနိှပ်အုပ်ချုပ် မှုအောက်မှာနေလာခဲ့ရတဲ့ မြန်မာတို့အတွက် "လွတ်လပ်ရေးရပြီ" ကိုယ့်နိုင်ငံ ၊ကိုယ်သမ္မတနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလို့ရပြီဆိုတာဟာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းနေလိုက်မလဲဆိုတာကို ကျွန်တော်တို့ မှန်းဆကြည့်ရုံနဲ့ သိနိုင်မှာပါ။

ဒီနေ့ရဲ့ မနက် ၄ နာရီ ၂၀ မိနစ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတဖြစ်တဲ့ သမ္မတကြီး စပ်ရွှေသိုက်နဲ့ ပထမဆုံးသောဝန်ကြီးချုပ်ဖြစ်တဲ့ ဉီးနုတို့ထံကို ကိုယ်ပိုင်လွတ်လပ်စွာအုပ်ချုပ်ပိုင်ခွင့်ကို ပြန်လည်ရရှိခဲ့ပါတယ်။
အဲဒီနေ့မနက် ၄ နာရီ မိနစ် ၂ဝ မှာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြောက်တွေ ပစ်ဖောက် အချက်ပေးသံတွေ ထွက်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချကာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့ပါတယ်။ မနက် ၄ နာရီ ၄၅ မိနစ် ရောက်တဲ့အခါ လွှတ်တော်အစည်းအဝေးခန်းမမှာ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ဆက်ပြီး ပြုလုပ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန် ဖြစ်လာပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က မြန်မာနိုင်ငံရဲ့ပထမဆုံးသော သမ္မတဖြစ်လာပြီး ၊ ဦးနုကတော့ ပထမဆုံးသောဝန်ကြီးချုပ် ဖြစ်လာပါတယ်။
အဲဒီနောက် မနက် ၆ နာရီခွဲ ရောက်တဲ့အခါ ဘုရင်ခံရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်ပြီး မနက် ၈ နာရီ မိနစ် ၂ဝ တိတိမှာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံး လို့ဆိုနိုင်တဲ့ စစ်မှန်တဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချခဲ့ပြီး အဲဒီအခမ်းအနားမှာ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့ပါတယ်။
ဒီသစ္စာအဓိဌာန် ၉ချက်ကို ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ 'ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်’လို့ ကမ္ပည်းထိုးထားတဲ့ ရန်ကုန် မဟာဗန္ဓွုလပန်းခြံထဲက ကျောက်တိုင်အခြေ ပတ်လည်မှာလွတ်လပ်ရေးကြေညာစာတမ်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့နဲ့အတူ ကျောက်သားမှာ ရေးထိုးထားတာကို တွေ့ရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးအခမ်းအနားမှာ လူထုနဲ့အတူရွတ်ဆိုခဲ့တဲ့ သစ္စာအဓိဋ္ဌာန်ကိုးချက်ကို EA ရဲ့ မိတ်ဆွေတို့ သိမှတ်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

"အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။

၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။

၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၄၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။

၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။

ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။

#မှတ်ချက်
၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်
မြန်မာ့အသံ ထုတ်လွှင့်ချက်နဲ့ အခြားရေးသားမျှဝေခဲ့သူတွေထံကနေ ကိုးကားဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။





03/01/2023

အင်္ဂလိပ်စာလေ့လာရင်း မိတ်ဆွေတို့ရဲ့
တစ်နေ့တာမှာ အချိန်တွေ
အချည်းအနှီးမဖြစ်ရအောင်
သတိပြုရှောင်ကျဥ်ရမယ့် အချက် ၅ချက်





Photos from Essential Asset's post 02/01/2023

EA ရဲ့ New Year GiveAway အစီအစဥ်လေးမှာ ကံထူးသွားကြတဲ့ ကံထူးရှင်လေးတွေနဲ့သူတို့ရဲ့ ကော်မန့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ....

01/01/2023

ဘဝအတွက်အောင်မြင်ဖို့ကြိုးစားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါပဲ။

ဒီ video မှာတော့ Self Confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း)က ဘယ်လောက်အရေးပါလဲဆိုတာနဲ့ Self Confidence Level မြင့်မားလာစေဖို့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲဆိုတာတွေကို ပြောပြပေးသွားမှာပါ။

မိတ်ဆွေတို့ရော Self confidenceရှိလာပြီးနောက်ပိုင်း ဘာတွေ Improve🥳ဖြစ်လာခဲ့တယ်ဆိုတာ တခြားသူတွေ အားတက်စေဖို့
ကော်မန့်မှာ မိတ်ဆွေရဲ့အတွေ့အကြုံကိုမျှဝေပေးခဲ့ပါဦးနော်။







01/01/2023

ပေါက်သွားသူလေးတွေအတွက် Congratulations! ပါလို့​🤩
မပေါက်သေးသူတွေလည်း တခြားဒိထက်ကောင်းတဲ့ နှစ်သစ်လက်ဆောင်တွေ ရကြပါစေလို့ Admin Team ကနေ ဆုတောင်းပေးပါတယ်ဗျ🎉

😍😍EA ရဲ့ New Year Giveawayလာပါပြီ🎁🎉

Helloo EA ပရိတ်သတ်ကြီးတို့ရေ
New Year ကို ဘာအစီအစဥ်တွေနဲ့ ဖြတ်သန်းနေကြပြီလဲ? 😁😁

လိုင်းပေါ်ကနေပဲ သူများပွဲတွေလိုက်အားကျရင်းနဲ့ ဖြတ်သန်းနေကြတဲ့ အိမ်တွင်းပုန်း အလိမ္မာတုံးလေး​ေတွ အတွက် EA admin တို့ကနေ GA လေးတစ်ခု ဖန်တီးပေးထားပါတယ်လို့။ 😍😍

Giveaway မှာ ပေးသွားမှာကတော့
📒📒2023 တစ်နှစ်လုံးမှာ သုံးဖို့ အခုချိန်မှာ you တို့အားလုံး လိုအပ်ကြမယ့် Planner Book လေးတွေပဲ ဖြစ်ပါတယ်။

✅GA မှာ ပါဝင်ဖို့က လွယ်လွယ်လေးပဲနော်။
(1)မကြာမီရောက်ရှိလာတော့မယ့်2023 မှာ ဘယ်လိုအ​ကြောင်းအရာတွေကို ပိုလေ့လာဖြစ်မလဲ?

(2)EA ကနေဖန်တီးပေးမယ်ဆိုရင် ဘယ်လို အကြောင်းအရာနဲ့ပတ်သက်တဲ့ video လေးတွေကို နားထောင်ချင်မလဲ?
ဒီမေးခွန်းလေးတွေကို ဖြေပေးပြီး

(3)Essential Asset Youtube Channel ကို subscribe လုပ်ထားတဲ့ Screenshotလေးကို

ဒီ post ရဲ့ commentမှာ မန့်ပေးရုံပါပဲ။

အခုကနေ မနက်ဖြန် 1.1.2023 ရက်နေ့ မနက် (8)နာရီအထိ မန့်ထားတဲ့သူတွေထဲကမှ comment pickerနဲ့ မဲဖောက်ပေးကပြီးတော့ မနက်ဖြန်နေ့လည်မတိုင်ခင် Adminတို့ page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ပေးမယ့် အရေအတွက်🤔
👉 2023 Weekly planner book အတွက် winner (2)ဉီး၊
👉 2023 Monthly planner book အတွက် winner (5)ဉီး စုစုပေါင်း (7) ဉီးကို ပေးသွားမှာပါ။😱😱

စကားမစပ် 1.1.2023 မနက်8 နာရီ အထိ မန့်ထားတဲ့ သူဖြစ်မှသာ Winner ရွေးချယ်တဲ့နေရာမှာ အကျုံးဝင်မှာမို့ မြန်မြန်လေးတော့ မန့်ထားဖို့လိုမယ်နော်။😎😎

New Year ရဲ့ Giveaway Winner လေးက ဘယ်သူတွေ ဖြစ်မလဲဆိုတာ အခုထဲ ရင်ခုန်နေပါပြီ😍

🥳🥳အားလုံးအတွက် ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့ နှစ်သစ်လေး ဖြစ်ပါစေနော်🥳🥳




31/12/2022

😍😍EA ရဲ့ New Year Giveawayလာပါပြီ🎁🎉

Helloo EA ပရိတ်သတ်ကြီးတို့ရေ
New Year ကို ဘာအစီအစဥ်တွေနဲ့ ဖြတ်သန်းနေကြပြီလဲ? 😁😁

လိုင်းပေါ်ကနေပဲ သူများပွဲတွေလိုက်အားကျရင်းနဲ့ ဖြတ်သန်းနေကြတဲ့ အိမ်တွင်းပုန်း အလိမ္မာတုံးလေး​ေတွ အတွက် EA admin တို့ကနေ GA လေးတစ်ခု ဖန်တီးပေးထားပါတယ်လို့။ 😍😍

Giveaway မှာ ပေးသွားမှာကတော့
📒📒2023 တစ်နှစ်လုံးမှာ သုံးဖို့ အခုချိန်မှာ you တို့အားလုံး လိုအပ်ကြမယ့် Planner Book လေးတွေပဲ ဖြစ်ပါတယ်။

✅GA မှာ ပါဝင်ဖို့က လွယ်လွယ်လေးပဲနော်။
(1)မကြာမီရောက်ရှိလာတော့မယ့်2023 မှာ ဘယ်လိုအ​ကြောင်းအရာတွေကို ပိုလေ့လာဖြစ်မလဲ?

(2)EA ကနေဖန်တီးပေးမယ်ဆိုရင် ဘယ်လို အကြောင်းအရာနဲ့ပတ်သက်တဲ့ video လေးတွေကို နားထောင်ချင်မလဲ?
ဒီမေးခွန်းလေးတွေကို ဖြေပေးပြီး

(3)Essential Asset Youtube Channel ကို subscribe လုပ်ထားတဲ့ Screenshotလေးကို

ဒီ post ရဲ့ commentမှာ မန့်ပေးရုံပါပဲ။

အခုကနေ မနက်ဖြန် 1.1.2023 ရက်နေ့ မနက် (8)နာရီအထိ မန့်ထားတဲ့သူတွေထဲကမှ comment pickerနဲ့ မဲဖောက်ပေးကပြီးတော့ မနက်ဖြန်နေ့လည်မတိုင်ခင် Adminတို့ page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ပေးမယ့် အရေအတွက်🤔
👉 2023 Weekly planner book အတွက် winner (2)ဉီး၊
👉 2023 Monthly planner book အတွက် winner (5)ဉီး စုစုပေါင်း (7) ဉီးကို ပေးသွားမှာပါ။😱😱

စကားမစပ် 1.1.2023 မနက်8 နာရီ အထိ မန့်ထားတဲ့ သူဖြစ်မှသာ Winner ရွေးချယ်တဲ့နေရာမှာ အကျုံးဝင်မှာမို့ မြန်မြန်လေးတော့ မန့်ထားဖို့လိုမယ်နော်။😎😎

New Year ရဲ့ Giveaway Winner လေးက ဘယ်သူတွေ ဖြစ်မလဲဆိုတာ အခုထဲ ရင်ခုန်နေပါပြီ😍

🥳🥳အားလုံးအတွက် ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့ နှစ်သစ်လေး ဖြစ်ပါစေနော်🥳🥳




Want your school to be the top-listed School/college in Melbourne?

Click here to claim your Sponsored Listing.

Location

Telephone

Address

Lygon Street
Melbourne, VIC
3053