30/03/2025
၃ ရက်နီးပါးပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ထုတ်နိုင်ခဲ့ ၃ ရက်နီးပါးပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ထုတ်နိုင်ခဲ့ Earthquake In Myanmar: Woman rescued after being trapped for nearly 3 days
Myanmar Student In Canberra
30/03/2025
၃ ရက်နီးပါးပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ထုတ်နိုင်ခဲ့ ၃ ရက်နီးပါးပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ထုတ်နိုင်ခဲ့ Earthquake In Myanmar: Woman rescued after being trapped for nearly 3 days
10/03/2025
Pyrmont Bridge
Today protest in Canberra
11/10/2024
Today Protest in Canberra
11/10/2024
Today protest at China Embassy
11/10/2024
20/06/2022
🇦🇺Australia Visa ကို ကိုယ်တိုင်လျှောက်မယ်🇦🇺
🌸ဗီဇာမလျှောက်ခင် စုဆောင်းထားရမယ့် စာရွက်စာတမ်းတွေ🌸
‼️ ဗီဇာက စင်္ကာပူမှာအနေများပြီး စင်္ကာပူကနေလျှောက်တာဆိုတော့ စင်္ကာပူက မြန်မာတွေအတွက်ပိုအသုံးဝင်ပါတယ်‼️
🔹Passport ( ပတ်စပို့စ် မူရင်း/မိတ္တူ )
🔹 ခရီးသွားရာဇဝင် အထောက်အထား
🔹Legal Residencial Eviedence
(နေထိုင်မှုအထောက်အထား)
( S Pass / E pass / Student Pass )
🔹မွေးစာရင်း ( နိုတြွီပြန်ထားရပါမယ် )
🔹သန်းခေါင်စာရင်း ( နိုတြွီပြန်ထားရပါမယ် )
🔹ပိုင်ဆိုင်မှုသက်သေအထောက်အထား ( ဘဏ်စာရင်း ၃-၆ လစာ )
🔹အလုပ်ထောက်ခံစာ / ကျောင်းထောက်ခံစာ
🔹မှီခိုဆိုရင် ခရီးစားရိတ်ထောက်ပံ့ပေးမယ့်သူများရဲ့ အထောက်အထားတွေလိုအပ်ပါတယ်။
🔹ရန်ကုန် အိမ်လိပ်စာ / စင်္ကာပူအိမ်လိပ်စာ
🔹ဖိတ်ခေါ်မယ့်သူရှိရင် ဖိတ်ခ်ါသူရဲ့ အိမ်လိပ်စာ/ဖုန်း/ခေါ်စာ
🔹မင်္ဂလာဆောင်ထားရင် လက်ထပ်စာချုပ်
စတာတွေ လိုအပ်ပါတယ်... အဲ့တာတွေရှိပီဆိုရင် အွန်လိုင်းကနေလျှောက် လို့ရပါပီ... တဆင့်ပြီးတစ်ဆင့် အောက်ကအတ်ိုင်း လိုက်လုပ်သွားမယ်ဆိုရင်... ခက်တယ်ထင်နေတဲ့ အော်စီဗီဇာကို လွယ်လွယ်လေး ရနိုင်ပါပီ....
🌸 Visitor Visa (subclass 600) 🌸
တို့တွေ အလည်အပတ်ပဲသွားဖို့ဆိုရင် ဗီဇာအမျိုးအစား ဖြစ်တဲ့ Visitor Visa (subclass 600) ကို ရွေးချယ်ပြီးလျှောက်ရပါမယ်။
အရင်ဆုံး Immi Account လေးကို အောက်ကလင့်လေးအတိုင်းဖွင့်ပေးရပါမယ်။
https://online.immi.gov.au/lusc/register
လိုအပ်တဲ့ Personal data လေးတွေကိုဖြည့်ပြီးရင် ကိုယ်ပိုင် Immi Account လေးရလာပါပြီ။ ရပြီးရင် နောက်တစ်ခါ ထပ်လျှောက်မယ်ဆိုရင် အဲ့အကောင့်လေးကိုပဲ ထပ်ပြီးသုံးသုံးသွားလို့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ အသစ်ပြန်ဖြည့်ပေးရပါမယ်။ ဒေတာတွေကိုလည်း Update လုပ်ပေးရပါမယ်။
ဖွင့်ပြီးရင်အောက်ကလင့်လေးအတိုင်း လေ့ာအင်၀င်ပြီးစတင်လျှောက်ထားလို့ရပါပြီ။
https://online.immi.gov.au/lusc/login
သူတို့ရဲ့ အဆင့်လေးတွေအတိုင်း Personal data လေးတွေကိုဖြည့်ပေးပြီးသွားရင် လိုအပ်တဲ့ စာရွက်စာတမ်းလေးတွေကို Attached တွဲပေးပြီးနောက်ဆုံး ဗီဇာအင်တာဗျူးဖြေဖို့ရက်လေးရွေးလိုက်ရုံပါပဲ......
ဗီဇာကြေးကတော့ - AUS 150.00 ပါ
ဗီဇာလျှောက်ပြီးရင် ဓာတ်ပုံနဲ့ လက်ဗွေနှိပ်ဖို့ သံရုံးက တရား၀င်အပ်နှံထားတဲ့ ဗီဇာစင်တာမှာသွားပြီး တွေ့ပေးရပါမယ်။ အောက်ကလိပ်စာလေးအတိုင်းသွားတွေ့ရပါမယ်။ မတွေ့ခင် ကြိုတင်အွန်လိုင်းကနေ Appointment ယူရပါမယ်...
AVAC Centre
135 Cecil Street
#08-01 MYP Plaza
Singapore 069536
ပြီးရင်တော့ တစ်နှစ်အတွင်းကြိုက်သလောက်သွားလို့ရတဲ့ Multiple Entry ဗီဇာလေးကို ရရှိနိုင်ပါပြီ။ တစ်ခါ၀င်ပြီးရင် သုံးလနေဖို့အထိ ပေးထားတာပါ။
Credit: Vivian
05/04/2022
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား လက်မှတ်များ ဧပြီလ ၅ ရက်နေ့တွင် စတင်ရောင်းချမည်ဟုသိရသည်။ FIFA ဝဘ်ဆိုဒ်မှာ ဝယ်လို့ရမည်နော်။
https://www.fifa.com/tickets
21/03/2022
#ဩစီမှာနေထိုင်စရိတ်တွေတိုးမြင့်လာနေပါတယ်အရာအားလုံးကဘာကြောင့်စျေးများနေရသလဲ? (၂၂/၃)
❇️ ဩစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားမှာ နေစရိတ် စားစရိတ်တွေ ထိုးတက်နေပါတယ်။ဆီစျေး၊ ကုန်စုံစျေးနဲ့ လေယာဥ်နဲ့သွားလာရေးတွေမှာလည်း စျေးတွေထိုးတက်နေတဲ့အတွက် ကပ်ရောဂါစတင်တဲ့ ၂၀၂၀ ခုနှစ်ထက်တောင် ပိုဆိုးနေသလို ဖြစ်ပါတယ်။
ဩစတြေးလျမှာ တောမီးလောင်မှု၊ ကိုဗစ်-၁၉၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုစတဲ့ ကပ်ဆိုးတွေကို ကြုံရတုန်းမှာပဲ ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။
အစစ အရာရာ ဘာကြောင့် စျေးခေါင်ခိုက်နေရသလဲ။
အရိုးရှင်းဆုံး အဖြေကတော့ ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။
Consumer Price Index (CPI) ရဲ့ အချက်အလက်အရ ဩစတြေးလျနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၁၂ လအတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာအထိ ၃.၅% တိုးမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
AMP Capital ရဲ့ စီးပွားရေးအကြီးအကဲဖြစ်သူ Shane Oliver က ကိုဗစ်နဲ့ဆက်စပ်တဲ့ တင်းကြပ်မှုကနေ ငွေကြေးဖောင်းပွမှုဖြစ်စေတယ်လို့ ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ၀န်ဆောင်မှုတွေမှာ အသုံးပြုခွင့်မရတဲ့အတွက် လူတွေဟာ ကုန်ပစ္စည်းတွေကို ၀ယ်ယူမှုလုပ်ခဲ့ကြရပြီး အဲဒီအချိန်တုန်းက ကုန်ပစ္စည်း စျေးတွေမြင့်တက်ချိန် ဖြစ်ပါတယ်။
အခု ရုရှားက ယူကရိန်းနိုင်ငံကို ၀င်ရောက်ကျူးကျော်ချိန်ကစပြီး အခြေအနေပိုဆိုးလာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လောင်စာဆီ ထုတ်လုပ်မှုနည်းသွားပြီး ၀ယ်လိုအားနဲ့ ရောင်းလိုအား မမျှတမှု ဖြစ်စေတယ်လို့ ပြောပါတယ်။
နေ့စဥ်တုန်း ပစ္စည်းစျေးတွေသာ သိသိသာသာ ပိုများလာတာဖြစ်ပေမယ် ဆံပင်ညပ်ခ၊ စားသောက်ဆိုင်ထိုင်ခတွေက စျေးသိပ်မြင့်တက်လာမှုမရှိဘူးလို့ ပြောပါတယ်။
စားသောက်ကုန်
နေအိမ်အတွက် ပေးရတဲ့စရိတ်ပြီးရင် အစားအသောက်အတွက်နဲ့ အရက်သေစာမဟုတ်တဲ့ သောက်ကုန်တွေဟာ ကုန်ကျစရိတ်ဒုတိယအများဆုံးဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာနရဲ့ ၂၀၁၅-၁၆ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ထိခိုက်မှုအများဆုံးကတော့ အမဲသားထုတ်လုပ်ရေးနဲ့ သိုးသားထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ပြီးBega Cheese လုပ်ငန်းရဲ့ဥက္ကဌ Barry Irvin က နိုးထွက်ပစ္စည်းတွေလည်း စျေးတက်နိုင်တယ်လို့ သတိပေးထားပါတယ်။
စျေးနှုန်းတွေက အချိန်တိုအတွင်း ကျလာမယ့်အနေအထားလည်းမရှိပါဘူး။
Woolworths Group ရဲ့ စီအီးအို Brad Banducci ဆူပါမတ်ကက်ပေါ်က ပစ္စည်းတွေရဲ့ စျေးက ၃% အထိ မြင့်တက်လာနေတယ်လို့ ပြောပါတယ်။SPC စားသောက်ကုန်ထုတ်လုပ်ရေးကလည်း ဗူးသွတ်အစားအသောက်တွေကို ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်များလွန်းတဲ့အတွက် စျေးတင်မှ ရတော့မယ်လို့ သတိပေးပြောဆိုထားပါတယ်။
ကော်ဖီ
ဩစတြေးလျနိုင်ငံသားတချို့အနေနဲ့ ဒီနှစ်ကုန်လောက်ကစပြီး သာမာန် ကော်ဖီတခွက်ကို ၇ ဒေါ်လာအထိ ပေးဆောင်ရနိုင်တယ်လို့ Café Owners and Baristas Association Of Australia အဖွဲ့ရဲ့အကြီးအကဲ David Parnhamက ပြောပါတယ်။
ကမ္ဘာတလွှားမှာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်မားမှု၊ သဘောကုန်တင်သတ္တာမလုံလောက်မှုနဲ့ ရာသီဥတုအခြေအနေတွေကြောင့် ကော်ဖီတွေ ကောင်းမွန်စွာမထုတ်လုပ်နိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။
ဆီ Petrol
ဩစတြေးလျနိုင်ငံမှာ အရင်သတင်းပတ်တွေကစပြီး ဆီစျေးနှုန်းက တစ်လီတာကို ၂ ဒေါ်လာအထက်မှာ ရှိနေပါတယ်။
အရင်တစ်ပတ်က ဆီစျေးတွေဟာ ၁၄.၉% မြင့်တက်သွားတယ်လို့The Australian Institute of Petroleum က ပြောပါတယ်။
ရေနံဆီစိမ်းရဲ့စျေးက ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဒီထက်မက စျေးတက်နိုင်သေးတယ်လို့လည်း သတိပေးထားပါတယ်။
ဒီလိုဖြစ်ရတာဟာ ရေနံတင်ပို့မှု တတိယအကြီးမားဆုံးဖြစ်တဲ့ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။
ဩစတြေးလျမှာ ဘဏ္ဏာရေး၀န်ကြီးJosh Frydenberg ကနေ ဆီစျေးသက်သာအောင်လုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။
ဒါပေမယ့် Deloitte Access Economics အဖွဲ့က ပညာရှင် Chris Richardson ကတော့ ဒီလိုလုပ်ရပ်တွေက ဆီစျေးဖောင်းပွဲမှု ပိုဖြစ်စေနိုင်ပြီး ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အချိန်စောပြီး တိုးမြင့်တာမျိုး လုပ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဆီစျေးတွေမြင့်တက်ရင် လေယာဥ်ပျံသန်းခတွေလည်း မြင့်တက်မှာ ဖြစ်ပါတယ်။
စျေးနှန်းတွေက ပြန်ကျလာနိုင်မလား။
TMX Global ရဲ့ အကြီးအကဲ Marcus Carmont ကတော့ သယ်ယူပို့ဆောင်ရေးစရိတ်၊ နိုင်ငံတကာစရိတ်နဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်မားမှုကြောင့် စျေးနှုန်းတွေက ကျလာမယ့်အနေအထားမရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို တခြားနိုင်ငံက ပိုခံစားနေရပြီး ဩစတြေးလျမှာ အပြည့်အ၀ခံစားဖို့ လနဲ့ချီ ကြာဦးမယ်လို့ တချို့က ပြောပါတယ်။
ဒီလိုဒဏ်ကို အပြည့်အ၀မခံစားရခင် အမြန်ပြီးဆုံးသွားရင် ကောင်းမယ်လို့လည်း ပြောဆိုကြပါတယ်။
အဲဒါတွေအတွက် အစိုးရက ဘာလုပ်ပေးမလဲ။
၀န်ကြီးချုပ် Scott Morrison က နေ့စဥ်အသုံးစရိတ်မြင့်တက်မှုကြောင့် ပြည်သူတွေရတက်မအေးမှု ဖြစ်နေရတယ်ဆိုတာကို သူ့အနေနဲ့ သိနားလည်ကြောင်းပြောပါတယ်။
ဒါကြောင့်အစိုးရရဲ့ ဘတ်ဂျက်မှာ အဲဒီအချက်တွေကို ထည့်တွက်ပေးဖို့ လုပ်ဆောင်မှာ ဖြစ်သလို စီးပွားရေးဆက်လက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
မတ်လ ၂၉ ရက် ဘတ်ဂျက်ညကြရင် သြစတြေးလျံတွေ ၀န်ထုတ်ပေါ့စေအောင် ဆောင်ရွက်ပေးမယ်လို့လည်း ဘဏ္ဏရေး၀န်ကြီးက ပြောပါတယ်။
လစာတွေတိုးမြင့်ဖို့လို
ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် တခြားလူတွေထက် ဒုက္ခရောက်ရတဲ့လူတွေအတွက် အစိုးရအနေနဲ့ ပေါ်လစီတွေချမှတ်လုပ်ကိုင်သင့်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
ကုန်စျေးနှုန်းကို လိုက်မှီအောင် လုပ်အားခလစာ တိုးပေးတာမျိုးလည်း လုပ်သင့်ပြီး အဲလိုမှမလုပ်ရင် လူနေထိုင်မှုအဆင့်အတန် ကျဆင်းသွားနိုင်တယ်လို့ ပြောပါတယ်။
Copy: SBSBurmese
#မြန်မာနိုင်ငံမှကျောင်းသားဗီဇာလျှောက်မည့်သူများဆင်ခြင်မိရန်အချို့(၁/၂/၂၂)
✅ ဩစတေးလျနိုင်ငံသို့ ကျောင်းတက်ဖို့ရန် ရည်ရွယ်ထားသောရွှေညီအကိုမောင်နှမများ လက်ရှိဖြစ်ပျက်နေသော ကိစ္စအချို့ကြောင့် ငွေကြေးမကုန်သင့်ပဲ မကုန်အောင် သတိတစ်ချက်ပေးလိုပါတယ်။ အကြောင်းကတော့
- အခုတလောဩစတေးလျတွင်ကျောင်းတက်ရန်လျှောက်ချင်သူတွေများနေပြီး ဩစတေးလျအစိုးရကလည်း တောင်းဆိုချက်၊လိုအပ်ချက်တွေ တင်းကျပ်လာသည်။ အရင်က အင်္ဂလိပ်စာ ကန့်သတ်ချက်သိပ်မရှိပေမဲ့ အခုဆိုရင် အင်္ဂလိပ်စာ ၅.၅ လောက်တောင်းဆိုနေသည်။ ထိုနည်းတူ ကျောင်း သားဗီဇာများစစ်ဆေးဌာနဟာလည်း ရန်ကုန်သံရုံးမှမလုပ်တော့ပဲ Bang Kok သံရုံးမှ ကိုင်တွယ်ထားသောကြောင့် ပိုမိုခက်ခဲသည်ဟုသိရသည်။
ဒါကြောင့် ကိုယ့်ဖက်က အရည်အချင်းမရှိသေးပဲ ကျောင်းသားဗီဇာမလျှောက်စေလိုပါ။ ဘာကြောင့်လည်းဆိုတော့ ဗီဇာဝင်ဖို့ရန် ဩစတေးလျအစိုးရကို $၆၅၀ လောက်ပေးသွင်းရကာ ထိုငွေသည် ဗီဇာရသည်ဖြစ်စေမရသည်ဖြစ်စေ ပြန်အမ်းမည်မဟုတ်ပါ။ အချို့အေဂျင်စီတွေက ဝန်ဆောင်ခ တောင်းနိုင်သလို ထို ဝန်ဆောင်ခဟာလည်း သင်ဗီဇာမရရင် ပြန်အမ်းမှာမဟုတ်သောကြောင့် ငွေတွေမပေးရခင် / မကုန်ခင် ကိုယ့်ဘက်က ပြင်ဆင်ထားသင့်ကြောင်း သတိပေးနိုးဆော်လိုပါသည်။ ဒါ့ကြောင့် ကျတော်တို့ က ကျောင်းသားဗီဇာလျှောက်မည့်သူများ ငွေမကုန်ခင် ဗီဇာရနိုင်/ မရနိုင် Pre Assessment လုပ်ပြီးမှ လျှောက်ထားပေးသည်။ ထိုမှသာ ငွေကုန် ၊ အချိန်ကုန်၊ လူပန်းမဖြစ်တော့ပဲ ပြင်ဆင်ထားနိုင်သည်။ ထို့ကြောင့် ရွှေညီအကိုမောင်နှမများအတွက် ကြိုင်တင်ပြင်ဆင်ထားစေလိုသောကြောင့်ဒီစာကို စေတနာစိတ်ဖြင့်သာ ရေးသားခြင်းဖြစ်သည်။ ဘယ်အေဂျင်စီကိုမှ ရည်ရွယ်ပြီးရေးခြင်းမဟုတ်ပါ။ အချိန်နဲ့အလျောက် စည်းကမ်းချက်များ၊ တောင်းဆိုချက်များလည်း ပြောင်းလဲနိုင်သည်။
01/02/2022
19 ရက်နေ့ Jan 2021 ကနေ 19 Mar 2022 ကြား Australia ကို Student Visa နဲ့ ရောက်သူတွေ ပေးခဲ့တဲ့ ကျောင်းသားဗီဇာဖိုး $၆၃၀ ပြန်ထုတ်ယူလို့ရပြီ။ အောက်မှာ ပေးထားတဲါ linkကို သွား account ဖွင့်ပြီး Government ဆီက ပြန်တောင်းကြနော်။ 😉
HOW TO PROCESS A REFUND for Student Visa? Making a claim for a refund?
1️⃣ Check the eligibility in page's post. If you meet these eligibility criteria, you can create an account and login here. https://studentandwhmrefunds.homeaffairs.gov.au/vrp
2️⃣ You will need to have key identifying information with you, such as your name, date of birth, passport, Transaction Reference Number (TRN) and bank account details.
3️⃣ Department of Home affair will contact you if we need any further information from you, or when we pay the refund.
4️⃣ To get your refund sooner, you are encouraged to have your refund paid into an Australian bank account or to a valid credit card, rather than via an international money transfer.