18/07/2020
Song လေးနဲ့တွဲတင်ချင်ပေမယ့် copy right ကြောင့် song video တင်လို့မရပါဘူး😔
Song တင်ချင်ရတဲ့အကြောင်းအရင်းလေးကိုတော့ story လေးဖတ်ရင်းတွေ့မှာပါ💁
Admin 3 ရဲ့လက်ရာ Love story လေးပါ
Story လေးရဲ့ Theme song လို့ပြောလို့ရတဲ့ Bee Gees အဖွဲ့ရဲ့ 'To Love Somebody' ဆိုတဲ့သီချင်းလေးပါ😍
Video တင်မရတာကြောင့် ရှာနိုင်မယ့် page လေးကိုတင်ပေးထားပါတယ်😉
အားလုံးပဲ Friend Zone ထဲကခုန်ထွက်နိုင်ကြပါစေ❤😁
သဘောကျရင် မျှဝေပေးကြပါအုံးနော် 💛
👇👇👇
Title - Love ( အချစ်)
Once upon a time, my father had a girlfriend who, he loved very much.
တစ်ချိန်တုန်းက ကျွန်တော့်ရဲ့အဖေမှာသူအရမ်းချစ်ရတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။
But they were only very best friend.
ဒါပေမယ့် သူတို့တွေဟာ တကယ့်သူငယ်ချင်းကောင်းတွေသက်သက်ပါ။(ချစ်သူရည်းစားမဟုတ်)
He always knew that she had another boy to marry.
သူမမှာလက်ထက်ဖို့အတွက်ယောက်ျားလေးတစ်ယောက်ရှိပြီးသားဆိုတာသူသိပါတယ်။
But my father and she were keeping talk with each others as much as they could.
ဒါပေမယ့် အဖေနဲ့သူမဟာ အခွင့်သင့်တိုင်းစကားတွေပြောနေကြဆဲပါ။
Sometime she was telling, bad things about her fiance.
တစ်ခါတစ်လေမှာသူမဟာ သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားရဲ့မကောင်းကြောင်းတွေကိုပြောပြလေ့ရှိပါတယ်။
Sometimes she was telling.....
"I regret about my fiance, I feel so sorry about myself, I never should have loved him, but I can't do anything about this now, it's too late"
တစ်ခါတစ်လေမှာတော့ သူမကဒီလိုပြောပါတယ်...
"ငါစေ့စပ်ထားတဲ့လူနဲ့ပတ်သတ်ပြီး နောင်တရမိတယ်...။တကယ်လည်းဝမ်းနည်းတယ်...။ငါသူ့ကိုဘယ်တော့မှမချစ်သင့်ဘူး...။ဒါပေမယ့် ဒီအချိန်မှာငါဘာမှမတတ်နိုင်တော့ဘူးလေ...။တော်တော်နောက်ကျသွားခဲ့ပြီ...။"
So...my father just listen to those sad stories and never asked her to give up him, and never asked the reason for not to love him or the reason about the regret.
ကျွန်တော့်ရဲ့အဖေဟာ အဲ့ဒီ့ဝမ်းနည်းစရာပုံပြင်တွေကိုနားထောင်ရုံသက်သက်ပါပဲ။အဲ့ဒီ့လူကိုလက်လွှတ်လိုက်ဖို့ သူမကိုအကြံမပေးခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီ့လူကိုဘာကြောင့်မချစ်တာလဲဆိုတာနဲ့ ဘာကြောင့်နောင်တရနေတာလဲဆိုတဲ့အကြောင်းပြချက်တွေကိုလည်း သူမကိုမမေးခဲ့ပါဘူး။
He always stayed calm nearby her, like a glacier.
သူဟာ သူမရဲ့အနားမှာ ရေခဲမြစ်ပမာ တိတ်တိတ်ဆိတ်ဆိတ်သာနေခဲ့ပါတယ်။
But he was crying in heart every time she talked like that.
ဒါပေမယ့် သူမအဲ့ဒီ့အကြောင်းတွေပြောတဲ့အခါတိုင်း အဖေ့ရဲ့နှလုံးသားထဲမှာငိုနေခဲ့တာပါ။
When they were talking, sometime she used to sing the tune of 'To Love Somebody by Bee Gees'. And she asked and told my father.....
"Don't you like that song? I like it very much".
သူတို့တွေစကားပြောနေကြတုန်း တစ်ကြိမ်မှာ သူမဟာ ဘီဂျီးစ် ရဲ့ 'တစ်စုံတစ်ယောက်ကိုချစ်ဖို့' ဆိုတဲ့သီချင်းရဲ့သံစဉ်လေးကိုဆိုနေရင်း အဖေ့ကိုပြောခဲ့ပါတယ်။
"နင်ဒီသီချင်းကိုမကြိုက်ဘူးလား...။ငါတော့ အရမ်းကြိုက်တာပဲ"
But my father never tried to listen to that song carefully or look at the lycris of that song.
သူမပြောခဲ့ပေမယ့် အဖေဟာအဲ့ဒီ့သီချင်းကိုသေသေချာချာနားထောင်ဖို့ ဒါမှမဟုတ် အဲ့ဒီ့သီချင်းရဲ့စာသားတွေကိုကြည့်ဖို့ တစ်ခါမှမကြိုးစားခဲ့ပါဘူး။
He just listened to that song like any other songs.
သူဟာအဲ့ဒီ့သီချင်းကို အခြားသီချင်းတွေလိုပဲ နားထောင်ရုံသက်သက်သာနားထောင်ခဲ့တာပါ။
Though, things happened like that way, my father never asked from her.
အဲ့ဒီ့လိုတွေဖြစ်ပျက်နေခဲ့ပေမယ့်လည်း အဖေဟာသူမကိုလုံးဝချစ်ရေးမဆိုခဲ့ပါဘူး။
It's because, he knew that her fiance was rich than him.
ဒါဟာဘာကြောင့်လဲဆိုတော့ သူမနဲ့စေ့စပ်ထားတဲ့အမျိုးသားဟာ သူ့ထက်ပိုချမ်းသာတယ်ဆိုတာသူသိနေခဲ့လို့ပါ။
So he wanted to give better life to her.
ဒါကြောင့် သူဟာ သူမကိုပိုကောင်းတဲ့ဘဝတစ်ခုကိုပေးချင်ခဲ့တာဖြစ်ပါတယ်။
And my father thought, asking from her, while she was having a fiance, was not ethical.
ပြီးတော့ အဖေစဉ်းစားခဲ့မိတာက သူမမှာစေ့စပ်ထားတဲ့လူရှိနေရက်သားနဲ့ ချစ်ရေးဆိုတာဟာ လူ့ကျင့်ဝတ်နဲ့မကိုက်ညီဘူးဆိုတာကိုပါ။
He didn't only really love her, but also he had a great respect about her.
သူဟာ သူမကိုချစ်ရုံသာချစ်ခဲ့တာမဟုတ်ပါဘူး အရမ်းကိုလည်းလေးစားခဲ့တာပါ။
When time passed one day she told my father that she is going to marry her fiance.
အချိန်တွေကုန်လွန်ပြီးတစ်နေ့မှာတော့ သူမဟာ စေ့စပ်ထားတဲ့အမျိုးသားနဲ့လက်ထပ်တော့မယ်လို့ အဖေ့ကိုပြောပြခဲ့ပါတယ်။
And she cannot talk to my father any more but she wants to keep the true friendship, in her heart forever and asked my father to do so too.
ပြီးတော့သူမဟာ အဖေ့ကိုနောက်ထပ်စကားတွေပြောနိုင်တော့မှာမဟုတ်ပေမယ့် သူတို့ရဲ့စစ်မှန်တဲ့ခင်မင်မှုကိုသူမရဲ့နှလုံသားထဲမှာ အမြဲသိမ်းထားချင်ကြောင်းပြောခဲ့ပြီး အဖေ့ကိုလည်း အဲ့ဒီ့လိုပဲသိမ်းထားမလားမေးခဲ့ပါတယ်။
My father never wanted to break up with her.
အဖေဟာသူမနဲ့ဘယ်တော့မှမခွဲခွာချင်ခဲ့ပါဘူး။
At the same time he didn't want to hurt her heart too.
တစ်ချိန်တည်းမှာပဲ သူဟာ သူမရဲ့နှလုံးသားကိုလည်းမနာကျင်စေချင်ပြန်ပါဘူး။
So he promised her that he never talks to her again, and he also promised to keep the friendship and her memories in his heart forever.
ဒါကြောင့်အဖေဟာ သူမကိုဘယ်တော့မှစကားပြောတော့မှာမဟုတ်ကြောင်းနဲ့ သူတို့ရဲ့ ခင်မင်မှုနဲ့ သူမနဲ့အမှတ်တရတွေကို သူ့ရဲ့နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားမှာဖြစ်ကြောင်း ကတိတွေပေးခဲ့ပါတယ်။
After around fifteen years of this, he always used to ask from himself,
did she love him ever? And did he do something wrong to her?
ဆယ့်ငါးနှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ အဖေဟာ သူမအမြဲတမ်းသူ့ကိုချစ်ခဲ့တာလားနဲ့ သူမအပေါ်ကိုသူအမှားတွေလုပ်မိခဲ့လားဆိုတာတွေကို သူ့ကိုယ်သူ ပြန်မေးလေ့ရှိခဲ့ပါတယ်။
Those questions were haunting in his mind always.
အဲ့ဒီ့မေးခွန်းတွေဟာ သူ့ရဲ့စိတ်ကို အမြဲခြောက်လှန့်နေခဲ့တာပါ။
One day he listened to that song 'To love somebody' accidentally on radio.
တစ်နေ့မှာတော့ သူဟာ 'တစ်စုံတစ်ယောက်ကိုချစ်ဖို့'ဆိုတဲ့ အဲ့ဒီ့သီချင်းကိုရေဒီယိုမှာ မတော်တဆနားထောင်ခဲ့မိပါတယ်။
Then he listened, very carefully every word of in that song.
သူဟာ အဲ့ဒီ့သီချင်းထဲက စာသားတွေတိုင်းကိုသေသေချာချာနားထောင်ပြီးတဲ့အခါမှာတော့....
Then he cried a lot same as on the day which said goodbye to her!!!
သူဟာ သူမနဲ့နှုတ်ဆက်ခွဲခွာခဲ့ရတဲ့နေ့တုန်းကလိုမျိုး အသည်းအသန်ငိုခဲ့ရပါတယ်။
Now my father died. I had to read his almost all dairies to gather this scattered story to put together.
အခုတော့ ကျွန်တော့အဖေသေသွားခဲ့ပါပြီ။
ကျွန်တော်ဟာ အဖေ့ရဲ့တစစီပြန့်ကျဲနေတဲ့ပုံပြင်လေးကိုစုဆောင်းဖို့အတွက် သူ့ရဲ့ ဒိုင်ယာရီအားလုံးနီးပါးကို ဖတ်ခဲ့ရပါတယ်။
End...
To Love Somebody by Bee Gees❤
👇ဒီ page မှာရှာပြီးနားထောင်ကြည့်ပါနော် အေးအေးလေးနဲ့နားထောင်လို့အရမ်းကောင်းပါတယ်😘