𝐼𝑇 ᵇʸ 𝐻𝐴𝑁

𝐼𝑇 ᵇʸ 𝐻𝐴𝑁 To get knowledges of Information Technology and mainstream info.

FPVတွေကတော့ ကိုယ်တိုင်ဆောက် ကိုယ်တိုင် customize လုပ်ရတာဆိုတော့ အစပိုင်းမှာ ပျံတဲ့အခါ နည်းနည်းတော့ခက်တယ်  beginnerဆိုရင်...
05/08/2025

FPVတွေကတော့ ကိုယ်တိုင်ဆောက် ကိုယ်တိုင် customize လုပ်ရတာဆိုတော့ အစပိုင်းမှာ ပျံတဲ့အခါ နည်းနည်းတော့ခက်တယ် beginnerဆိုရင်တော့ simulatorထဲမှာ အရင်ဆုံးကျင့်သင့်တယ် simulatorတွေထဲမှာ free ရပြီး အခုထိအဆင်ပြေနေသေးတာတွေကတော့ DJI Virtual Flight ဒီကောင်ကို DJI official websiteမှာ freeသွား‌ဒေါင်းပြီး free ပျံကြည့်လို့ရတယ် နောက်ထက် freeရတာကတော့ FPV Skydive ဒီကောင်ကိုတော့ steamကနေသွား‌ဒေါင်းပြီးtryကြည့်ပေါ့ ဒီကောင်ကပိုပြီး FPVပိုဆန်တယ် FPV မှာရှိတဲ့ အရေးကြီးတဲ့modeတွေအကုန်ပါတယ် Horizon, Angel , Acro ဆိုပြီး ကိုယ်တိုင်ပြောင်းပြီး FPV modeဘယ်လိုရှိတယ်ဆိုတာ စမ်းပျံကြည့်လို့ရတာပေါ့ DJI Virtual Flightကတော့ modeချိန်းတဲ့အခါ manual or automatic ဆိုပြီးနှစ်မျိုးပဲ ပြောင်းလို့ရတာလို့တော့ထင်တယ် အကုန်စမ်းမကြည့်ရသေးဘူး ကိုယ်ကလုံး၀ droneမှာ Beginnerဆိုရင် DJI Virtual Flightကိုအရင်ဆုံးစမ်းသပ်သင့်တယ်လို့တော့ထင်တယ်
နောက်ဆုံးဆရာကြီးတစ်ပါးဖြစ်တဲ့ Liftoff FPV simulatorကတော့ အပြင်မှာနဲ့ ခံစားချက်သိပ်မကွာလောက်အောင်ကို realistic ဆန်တယ် ဒီကောင်ကတော့ free versionမရှိဘူး Steamမှာသွားပြီးတော့ ၀ယ်မှရမယ်
Liftoff လို့ Steamထဲမှာရိုက်ရှာလိုက်တာနဲ့ versionအစုံကျလာလိမ့်မယ် USD20လောက်ကစရှိမယ်
ကဲ Simulator တွေတော့သိရပြီ ဒီကောင်တွေကိုအပြင်အတိုင်းပျံနိုင်ဖို့ FPV controller လည်းရှိဖို့လိုအပ်မယ်
Liftoff FPV Simulator ကတော့ Controllerတော်တော်များများနဲ့ suitableဖြစ်တယ်
Freeရတဲ့ Simulatorတွေက Limitedဖြစ်တယ် Controllerရွေးတာဘာညာဖြစ်တက်တယ်
မင်မင်ကတော့ DJI FPV controllerရှိတော့ အပေါ်ကပြောထားတဲ့ simulatorတွေနဲ့ ချိတ်ပြီး ပျံလို့ရတယ်
onlineမှာ simulator softwareတွေအများကြီးရှိတယ် realistic မဆန်တော့ ပျံရတာအလကားပဲလို့ထင်ရတယ်
ကိုယ်ကအပြင်မှာလက်တွေ့ပျံမှာဆိုတော့ Simulator ထဲကလည်းအပြင်လိုဖြစ်နေရမယ်လေ
ဒါဆို ကိုယ့် Controllerနဲ့ ကိုက်ညီမဲ့ Simulatorရွေးပြီး‌စမ်းကြည့်ကြပေ့ါ
DJI Virtual Flight(Free)
FPV SkyDive (Free)
Liftoff (Paid)

02/08/2025

သူများနိုင်ငံမှာ FPV racing droneတွေကိုပြိုင်မောင်းတဲ့ ပြိုင်ပွဲတွေလုပ်ပေးကြတယ်
ငါတို့နိုင်ငံလည်း ဒီလိုမျိုးတွေ လွတ်လွတ်လပ်လပ်နဲ့ လူငယ်တွေ၀ါသနာပါရာလုပ်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းမဲ့ရက်ကိုတော့မျှော်လင့်ရမလား
ခွင့်ပြုတာမပြုတာကသူတို့အလုပ် ကိုယ့်အလုပ်ကတော့ လုံလောက်တဲ့ knowledge ရှိပြီး readyဖြစ်နေဖို့ကတော့အရေးကြီးတယ်နော် ဒီထဲမှာမောင်းတဲ့ကောင်လေးတွေကငယ်ငယ်လေးတွေနော် အက်လိုမျိုးအပြင်မှာမမောင်းခင် အရင် simulatorနဲ့ အရင်လေ့ကျင့်လို့ရတယ်နော် Betaflight configuratorကို‌ရှေ့မဆက်ခင် ဘာနဲ့ဘယ်လိုကျင့်ရတယ်ဆိုတာ နောက်ပိုစ့်တစ်ခုမှာပြောပြပေးမယ်

31/07/2025

ကနေ့တော့ Betaflightကို flight controllerချိတ်လိုက်တဲ့အချိန်မှာဘာတွေပြောင်းသွားလဲ videoလေးနဲ့ကြည့်ကြည့်ရအောင်
နောက်ရက်တွေကတော့ Betaflightထဲက tapတစ်ခုချင်းဆီရဲ့ အသုံး၀င်ပုံတွေကိုရှင်းပြပေးမယ်နော် ကဲ Overviewလေးသွားကြည့်လိုက်ရအောင် Switch.....

29/07/2025

FPV racing droneတွေတည်ဆောက်တော့မယ်ဆိုရင် ကိုယ်ကြိုက်တဲ့ settingတွေကို Customize လုပ်ဖို့ကကိုယ့်စက်ထဲမှာ Betaflight Configurator ရှိနေဖို့တော့လိုမယ်နော်
ဘယ်ကရှာပြီး ဘယ်လိုလုပ်ရလဲဆိုတာကို videoလေးနဲ့လုပ်ပြပေးထားတယ်

Send a message to learn more

28/07/2025

မနက်ဖြန်တော့ Beta flight configurator နဲ့ပတ်သက်ပြီးတင်ပေးမယ်နော်။
ကနေ့နည်းနည်းမအားဘူးဖြစ်သွားတာနဲ့ စာမရေးလိုက်ရဘူး 😊😊

ကနေ့ကတော့ မရှိမဖြစ်အရေးပါဆုံး setting တွေ သေသေချာချာထည့်ရတဲ့ Flight Controller (FC) အကြောင်းလေးပြောကြတာပေါ့FPV/Racing dr...
26/07/2025



ကနေ့ကတော့ မရှိမဖြစ်အရေးပါဆုံး setting တွေ သေသေချာချာထည့်ရတဲ့ Flight Controller (FC) အကြောင်းလေးပြောကြတာပေါ့
FPV/Racing droneတွေက လေပေါ်တက်တဲ့ အရာတွေဆိုတော့ အကုန်လုံးကသူ့နေရာနဲ့သူတော့အရေးကြီးတယ်
FCတွေလို့ပြောလိုက်တာနဲ့ ဒီကောင်က လေပေါ်တက်ဖို့အတွက် control moduleတွေကနေရလာတဲ့‌ဒေတာ‌တွေကို motorနားလည်အောင်လုပ်ပြီးရှေ့တိုးနောက်ဆုတ် အကုန်လုပ်ပေးတာတွေ built inပါတဲ့ gyroတွေကနေပီး ဒရုန်းက ရှေ့ငိုက်နေလား ဘေးစောင်းနေလားဆိုတာတွေကို လုပ်ဆောင်ပေးတယ်
ဒီနေရာမှာ လူသုံးများတဲ FC brandတွေကတော့ SpeedyBee, Mamba, Iflight Bliz, Foxeer Reaper ဆိုပြီးရှိတယ် တခြားနာမည်သိပ်မရှိတဲ့ brand တွေလည်းအများကြီးရှိတယ်
FCကိုရွေးတဲ့အခါမှာလည်း ကြည့်စရာတွေအများကြီး အရေးကြီးတာကတော့ ကိုယ်သုံးမဲ့ batteryက 4s ဆို ပြသနာမရှိပေမဲ့ battery က 6s‌ရွေးထားရင်တော့ FCကိုလည်း 6s supportဖြစ်တဲ့ဟာ၀ယ်ရမယ်
ပီးရင် processer type, FPV FCတွေမှာ F4,F7 & H7ဆိုပြီးရှိတယ်
F4 seriesတွေကတော့ စျေးပေါတယ် UART portနည်းမယ် performanceကတော့ တခြားနဲ့ ယှဉ်ရင်သိပ်မကောင်းဘူး Beginner တွေအတွက်တော့အဆင်ပြေတယ်
F7 & H7ကတော့ levelတစ်ခုရောက်သွားတဲ့သူတွေ၀ယ်သုံးကြတာပေ့ါ
စျေးကလည်းကြီးသလို performanceတွေကတော့ ရှယ်ကောင်းလာတာ
နောက်ထက်ကြည့်ရမှာကတော့ UART portပေါ့ အက်ကောင်ကဘယ်နေရာမှာသုံးလဲဆိုတော့ UART portတစ်ခုကို receiverတို့ VTXတို့ ချိတ်လို့ရတယ်
ပုံမှန် Beginnerတစ်‌ေယာက်ကတော့ UART port ၄ခုလောက်ပါရင်ကိုရတယ် Receiverအတွက်တစ်ခု VTX(video transmission)အတွက်တစ်ခု GPSအတွက်တစ်ခု နဲ့ USB configurationအတွက် တစ်ခုပါရင်အဆင်ပြေပီ
နောက်ထက်ကြည့်ရမှာကတော့ frame sizeနဲ့ ထည့်လို့ရမဲ့ FC size
FCကသေးနေရင်ပြသနာမရှိပေမဲ့ frame sizeထက်ကြီးနေရင်တော့ ပြသနာရှိပြီ crash ဖြစ်တာဘာညာဆို FCကိုထိသွားနိုင်တယ် သေချာရွေးဖို့တော့လိုတယ်
နောက်ဆုံးစဉ်းစားရမှာက အက်FCမှာ ဘာfeatureတွေပါလဲ sensorတွေပါလဲ
bluetooth/wifi , barometer, blackbox, flash memory, GPSတွေ
configuration ကို PCနဲ့ မလုပ်ချင်ရင်တော့ built-in bluetoothပါတာရွေးပေါ့ Speedbeeကတော့ မိုက်တယ် သူ့appလည်းရှိတယ် အက်မှာသွားပြီး အကုန်လုပ်လို့ရတယ် motor directionချိန်းတာကအစပေါ့
မင်မင်ကတော့ PCနဲ့လုပ်ရတာပဲ အားရတယ်
ကိုယ်ကလည်းအလုပ်ရှုပ်မခံချင်ဘူး Battery ကလည်း 4sလောက်ပဲသုံးမယ် ဆိုရင် AIO FC (All in one)တွေလည်းရှိတယ် သူက ESC built-inပါပီးလို့ motorနဲ့တိုက်ရိုက်FCကိုတပ်ရုံပဲ ကြိုးရှုပ်တာလည်းသက်သာတာပေါ့
AIO built-in ESCတွေက 20A-45Aလောက်အထိတော့သုံးလို့ရလေ့ရှိတယ်
AIOထဲမှာ နာမည်ကြီးတဲ့ FCတွေကတော့ speedybee , GEPRC, Iflight, BetaFPV ဆိုပြီးအများကြီးရှိတယ်
Racing droneတွေ battery 6Sတွေဆိုရင်တော့ AIOတွေသုံးဖို့မသင့်တော်ဘူး
FPVတော်တော်များများပျက်ရင် ESCတွေပဲများတယ် AIOတွေဆို board အသစ်ထက်၀ယ်ရမယ် normal FCတွေဆိုရင် ESCပဲလဲပေးလိုက်ရင် ရပြီ
ကဲ FCတော့၀ယ်လာပြီ ဘာလုပ်ရမှန်းမသိသေးဘူး
FCတွေကိုconfigureလုပ်နိုင်တဲ့ softwareတွေအများကြီးရှိတယ်
popularဖြစ်တာကတော့ Betaflight Configuratorပဲ
မင်မင်လည်းအာ့ပဲသုံးတယ် Betaflightက F4,F7 & H7 FCတော်တော်များများကို support ဖြစ်တယ်
တခြားဗဟုသုတအနေနဲ့ iNav Configurator, EmuFlight, KISS / FlightOne GUI, BLHeli_32 Configurator ဆိုပြီးရှိတယ်
ကိုယ်အားသာတဲ့ဟာနဲ့ ကိုယ်တိုင်ကြုံးလို့ရတယ်
ဒီလောက်ဆိုရင် FPV/Racing droneတစ်စီးဆောက်ဖို့ အခြေခံတွေသိလောက်ပီလို့ထင်တယ်

ကနေ့တော့ FPV drone propellerလေးတွေဘယ်လိုတပ်ရမလဲ CCW CWဆိုတာဘာလဲရှင်းပြပေးမယ်CWဆိုတာက clockwise directionလည်ရင် thrust(တွ...
24/07/2025

ကနေ့တော့ FPV drone propellerလေးတွေဘယ်လိုတပ်ရမလဲ CCW CWဆိုတာဘာလဲရှင်းပြပေးမယ်
CWဆိုတာက clockwise directionလည်ရင် thrust(တွန်းအား) ရတာ
CCWကတော့ counter clockwise directionလည်ရင် thrust ရတာကိုပြောတာ
DJIတို့တချို့ droneတွေမှာ propeller directionကို CCW/CWရေးထားပေမဲ့ FPV/DIY droneတွေကျတော့ကိုယ့်ဟာကိုပဲခွဲရတော့မယ်
မခွဲခင်မှာ ဘယ်ကောင်ကဘယ်ဘက်လည်ရမယ်ဆိုတာသိရမယ်
propellerတိုင်းမှာ leading edge နဲ့ trailing edgeဆိုပြီးရှိတယ်
Leading edgeဆိုတဲ့အတိုင်းလည်တဲ့အခါ အရှေ့ကလည်ရမယ်
Trailing Edgeကတော့ နောက်မှာရှိမဲ့ဟာပေါ့
Theoryတွေတော့ရှင်းမပြတော့ဘူး အလွယ်နည်းပဲမှတ်ကြရအောင်
Propeller မှာ Leading edgeဆိုတာ ထူတဲ့အပိုင်း trailing edgeကတော့ပါးတဲ့အပိုင်းပေါ့
နည်းနည်းထူပြီးအပေါ်ဘက်ရောက်ရင် Leading edge
ပါးပြီးအောက်ဘက်ကိုရောက်နေရင် Trailing Edge
droneတစ်ခုလေပေါ် ရောက်ဖို့ဆိုရင် leading edgeဘက်ကိုလည်တဲ့အခါ တွန်းအားထုတ်ပေးတယ်
Leading edge(ထူတဲ့ဘက်) ကနေ နာရီလက်တံအတိုင်း(clockwise)လည်ရမဲ့ propeller ကို CWလို့သတ်မှတ်ပြီး
Leading edge(ထူတဲ့ဘက်) ကနေ နာရီလက်တံပြောင်းပြန်( Counter Clockwise) လည်ရမဲ့ propeller ကို CCW လို့ သတ်မှတ်တယ်
ဒါဆိုနားလည်လောက်ပီနဲ့တူတယ်
CW/CCWကိုကောင်းကောင်းခွဲတက်လောက်ပြီ
နည်းနည်းရှုပ်နေရင် အောက်ကပုံကိုကြည့်ရင်နားလည်သွားမှာ
pitch angleကိုရှင်းပြချင်ပေမဲ့ အရမ်းရှည်ပြီး ရှုပ်သွားမှာစိုးလို့ နောက်မှဖြေးဖြေးချင်းရှင်းပြတော့မယ်
သာမန်ပဲမှတ်ထားလိုက်တော့ pitch angleကြီးရင် thrust(တွန်းအား)များများရမယ် angle သေးရင် နည်းနည်းပဲရမယ် angle ကြီးရင် မော်တာကပိုရုန်းရတယ် batteryအစားမြန်မယ် angleသေးရင်ကျလည်း ကိုယ်လိုတဲ့ payloadမသယ်နိုင်တာဖြစ်မယ်
ကိုယ်သုံးမဲ့ရည်ရွယ်ချက်ကိုမူတည်ပြီး သင့်တော်တဲ့ specificationကိုရွေးတက်နိုင်ရမယ်လို့တော့ မြင်တယ်
FPVမှာကောင်းတာက မော်တာကို ကိုယ်လည်ချင်တဲ့ direction ကိုရွေးလို့ရတယ်
အဓိကက motor 4ခု ရှိရင် နှစ်ခုက CCW နှစ်ခုကCW ဖြစ်ကိုဖြစ်ရမယ်
motorလည်တဲ့directionကြည့်ပီး CCW/CWတပ်ရတာ
motor က clockwiseလည်ရင် propellerက CWတပ်ရမယ်နော် :-P
motor က counter clockwiseဆို propeller က CCW...........:-D

23/07/2025

မင်မင်ကစာရေး‌နေကျမဖြစ်တော့ စာဖတ်ရတာနည်းနည်းထောက်မယ်နဲ့တူတယ်
တစ်ကြောင်းချင်းစီကိုသေချာဖတ်ပြီး နားလည်အောင်လုပ်ရင်တော့ အဆင်ပြေမယ်လို့တော့ထင်တယ် 😊😊😊

Flight Controlအကြောင်းကိုနောက်ဆုံးမှပဲပြောပြတော့မယ် ဒီကောင်နဲ့တစ်ခါထဲ softwareတွေသွားမှာဆိုတော့ တခြားလိုအပ်တဲ့ component...
23/07/2025



Flight Controlအကြောင်းကိုနောက်ဆုံးမှပဲပြောပြတော့မယ် ဒီကောင်နဲ့တစ်ခါထဲ softwareတွေသွားမှာဆိုတော့
တခြားလိုအပ်တဲ့ components တွေကတော့ receiver, VTX, Controller & အလှဆင်ဖို့ LEDတွေပေါ့
Receiverအကြောင်းစပြောမယ်
Receiver မှာ ပုံမှန်အားဖြင့် analog နဲ့ digitalဆိုပြီးရှိကြတယ်
analogတွေကတော့ ကိုယ်သုံးမဲ့ channelတစ်ခုချင်းစီကို ၀ိုင်ယာကြိုး၀င်ပေးရတယ် channel 1ကို throttle up/down မယ်ဆို သေချာအောင်လုပ်ပီး ကြိုးတွေကိုတပ်ပေးရမယ် အခုဒီracing/FPV droneမှာ analog တွေကိုသိပ်မသုံးဘူး အလုပ်ရှုပ်လို့ digital receiver ပဲအသုံးများတယ်
analog receiver တွေကို PWM/PPM receiverလို့ပဲခေါ်လေ့ရှိကြတယ်
digital မှာ SBus/iBus, ELRS, CrossFire(TBS) ဆိုပြီး‌ေတာ့လည်းအမျိုးမျိုးရှိတယ်
တစ်ခုချင်းဆီမှာ သူ့အားသာချက်နဲ့သူရှိကြတယ်လေ ELRS receiverတွေ controllerတွေကတော့စျေးသက်သာတယ် corssfireကတော့စျေးကြီးတာပေါ့
စျေးကြီးသလို သူက long rangeရသလို low latencyလည်းဖြစ်တယ်
fpv/racing drone ဆောက်တဲ့အခါ ကိုယ့်ရဲ့ controller က supportဖြစ်တဲ့ versionကိုပဲ၀ယ်ရမယ်
ကိုယ့် controllerက ELSR ဖြစ်ပီး Receiver က crossfireဖြစ်နေရင် bindလို့မရပဲဖြစ်နေတက်တယ်
အက်တော့ receiver၀ယ်မယ်ဆိုရင် controllerရဲ့ specificationကိုသေချာဖတ်ပြီး၀ယ်ဖို့ပဲအကြံပေးချင်တာပေါ့နော်
digitalဆိုတဲ့အတိုင်း flight controlကနေကြိုး၀င်တဲ့အခါ ပါ၀ါပေးဖို့ ၂ကြိုးရယ် tx/rxကြိုး၂ကြိုးပဲ connectလုပ်ဖို့လိုတော့တယ်
ဒီကြိုးတွေတပ်တဲ့အခါ TX/RXကနည်းနည်းတော့ထူးဆန်းတယ်ဗျ
Receiverက TXက FCက TXကိုပဲ သွားတပ်လိုက်မယ်ဆိုရင် connectionကမရဘူးဖြစ်နေတက်တယ် Receiver က TXဆိုရင် FCက RXကိုပဲသွားတပ်ရမယ် communication deviceတွေကတော့ အက်လိုတွေပဲများတယ်လေ FC ရဲ့ manual ဒါမဟုတ် Receiverရဲ့ manualမှာတော့ အမြဲတမ်း ဘယ်လိုတပ်ရမယ်ဆိုတာကတော့ mentionထားလေ့ရှိတယ် manual or diagramအမြဲတမ်းဖတ်သင့်တာပေ့ါ
အိုကေဒါဆိုရင် Receiver & controller ဘယ်လိုသုံးရမလဲသိပြီ
တချို့ controllerတွေဆိုရင် Sbus,ELSR & crossfireတွေအကုန်ရတယ်
အခုလုပ်မှာက FPV(first person view) droneဆိုတော့ video signalမြင်ရရမှာပေါ့နော်
VTXမှာလည်း protocolတွေအများကြီးရှိတယ် နားလည်လွယ်အောင် analog & digitalပဲပြောတာပေါ့
analogတွေကတော့အခုမသုံးကြတော့ဘူး
digitalပဲသုံးတယ်
analog & digitalမှာဆို လူတိုင်းသိတဲ့အတိုင်း digital VTX တွေကတော့စျေးကြီးတယ်လေ
analogတွေအခုမသုံးကြတော့ဘူး ပြောပေမဲ့ ပြန်သုံးနေကြတယ် :-P
ဘယ်မှာလဲဆိုတော့ fiber optic cableနဲ့သုံးတဲ့ fpv droneတွေမှာသုံးနေကြတယ် အဓိကကတော့ jammerရှောင်ဖို့ ဒီကောင်ကတော့နောက်မှရှင်းပြပေ‌းတော့မယ်
digital VTXကတော့ smart audio, corssfire, IRC tramp & MSP canvas mode ဆိုပြီးအမျိးမျိးရှိကြတယ်
ပီးရင် walksnail & HDzero ဆိုတဲ့ brand တွေက သူတို့ protocolသုံးပီး Video transmission ကို manageလုပ်ကြတယ်
ကဲ‌ရွေးလိုက်ကြစို့ တော်တော်များများကတော့ DJI ကိုပဲ‌ရွေး‌ေလ့ရှိတယ်
DJI O3 တို့ အခုပေါ်နေတဲ့ O4တို့သုံးတယ် ပီးရင် DJI goggles 2 & 3 ၀ယ်ပီးသုံးကြတယ် DJIရဲ့ O3,4 air unit တွေကိုလည်း၀ယ်ထားတယ် DJI controller၀ယ်ထားတယ်ဆိုရင် receiverကသက်သက်၀ယ်စရာမလိုတော့ဘူး O3 O4က controlကော VTXကော တစ်ခုထဲနဲ့လုပ်ဆောင်ပေးတယ်
ဒါကြောင့်လည်း DJIကအသုံးများတာ
VTX၀ယ်မယ် DJIလည်းမ၀ယ်ချင်ဘူးဆို အခြားနာမည်ရှိတဲ့ အမျိုးအစားတွေရှိတယ်
SpeedyBee, GPERC, Foxeerဆိုပြီးစုံပါတယ်
သေချာတာကတော့ တစ်ခုနဲ့တစ်ခုချိတ်ဖို့က protocolတူရမယ်
အခုဆိုဘယ်ကောင်ကိုရွေးရမလဲ အနည်းငယ်လေးတော့သိပီဟုတ်
တချို့ pilotတွေကတော့ ကိုယ့်ရဲ့ droneကိုအလှဆင်ကြ‌ေသးတယ်လေ
ကိုယ်မောင်းနေတဲ့speedကိုလည်း LED အရောင်ကြည့်ပီး သတ်မှတ်လို့ရတယ်
Night light အနေနဲ့လည်းသုံးကြတယ် အစုံပေါ့
LED‌အတွက်တော့ Flight Control(FC)မှာလည်း တပ်လို့ရမဲ့နေရာပါတယ်
LED+ LED-ဆိုပြီးဖော်ပြထားပေး‌ေလ့ရှိတယ်
LEDကများတယ်ဆိုရင်တော့ LED control boardတစ်ခုထပ်ထည့်ရတယ်
Marketမှာတော့ LED stripဆိုပြီးရှာ၀ယ်လို့ရတယ်
LEDမှာလည်း Single-color strip , RGB addressable LEDs , LED prop & strobe lights ဆိုပြီးအမျိုးမျိုးရှိတယ်
ကိုယ်ကြိုက်တာ၀ယ်တပ်ပြီး controllerကနေ အရောင်ပြောင်းလို့ရသလို
တချို့တွေကတော့ Armထားရင်အရောင်တစ်မျိုး ပျံနေတဲ့အချိန်အရောင်တစ်မျိုးလုပ်ကြတယ်
အကုန်လုံးက softwareမှာ customizeလုပ်လို့ရနေတာပဲ
ဒီလောက်ဆို တော်တော်နားလည်လောက်ပီလို့ယူဆတယ်
နောက်ရက် flight control (FC) အကြောင်းရေးပီး softwareအပိုင်းတွေဆက်ရေးပေးမယ်နော်

Address

No 123, Number Street
Dubai

Website

Alerts

Be the first to know and let us send you an email when 𝐼𝑇 ᵇʸ 𝐻𝐴𝑁 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category