Hospitality English Hub by Aung Zaw Myo

Hospitality English Hub by Aung Zaw Myo

Share

Daily English for learners �
Simple • Practical • Professional
hospitality coach and guider

20/04/2026

1. Hello, I am here to apply for a job.
မင်္ဂလာပါ၊ ကျွန်တော် အလုပ်လျှောက်ဖို့ လာတာပါ။

2. Is the HR department available right now?
HR ဌာနက လူနဲ့ အခုတွေ့လို့ရမလား ခင်ဗျာ။

3. I saw your job vacancy on Facebook.
Facebook ပေါ်က အလုပ်ခေါ်စာကို မြင်လို့ လာခဲ့တာပါ။

4. Are you still hiring for the [Position Name] role?
ဒီရာထူးအတွက် လူခေါ်နေတုန်းပဲလား ခင်ဗျာ။

5. Who should I speak to about the job application?
အလုပ်လျှောက်တာနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့ စကားပြောရမလဲ ခင်ဗျာ။

6. Do I need to make an appointment first?
အရင်ဆုံး ရက်ချိန်းယူဖို့ လိုအပ်ပါသလား။

7. May I have an application form, please?
🙏 အလုပ်လျှောက်လွှာ ဖောင်လေး တစ်စောင်လောက် ပေးလို့ရမလား။)

8. Where can I sit to fill out this form ?
ဒီဖောင်ကို ဖြည့်ဖို့ ဘယ်နေရာမှာ ထိုင်လို့ရမလဲ ခင်ဗျာ။

9. How long will the process take today?
ဒီနေ့ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်က ဘယ်လောက်ကြာမလဲ။

10. Here is my resume and passport copy.
ဒါကတော့ ကျွန်တော့်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ပတ်စပို့ မိတ္တူပါ။

Part 2: မိမိကိုယ်ကို မိတ်ဆက်ခြင်း (Introducing Yourself)

1. My name is [Your Name].
ကျွန်တော့်နာမည်က [နာမည်] ပါ။

2. I have [Number] years of experience in this field.
ဒီလုပ်ငန်းခွင်မှာ ကျွန်တော့်မှာ အတွေ့အကြုံ [နှစ်] နှစ်ရှိပါတယ်။

3. I previously worked at a hotel in Myanmar.
🇲🇲 အရင်က မြန်မာပြည်က ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

4. I can speak Myanmar, English, and a bit of Thai.
ကျွန်တော် မြန်မာ၊ အင်္ဂလိပ်နဲ့ ထိုင်းစကား အနည်းငယ် ပြောနိုင်ပါတယ်။

5. I am a hardworking and fast 💨 learner.
ကျွန်တော်က အလုပ်ကြိုးစားပြီး အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်သူပါ

6. I am very good at communicating with customers.
ကျွန်တော် ဖောက်သည်တွေနဲ့ ဆက်ဆံရေးမှာ အလွန်ကျွမ်းကျင်ပါတယ်။

7. I am comfortable working in a fast-paced environment.
အလုပ်များပြီး မြန်မြန်ဆန်ဆန် လုပ်ရတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။

8. I am available to start immediately.
ကျွန်တော် အခုချက်ချင်း အလုပ်စဝင်နိုင်ပါတယ်။

9. I am looking for a full-time position.
ကျွန်တော် အချိန်ပြည့် အလုပ်ရာထူးကို ရှာနေတာပါ။

10. I live nearby, so commuting is easy for me.
ကျွန်တော် ဒီနားမှာပဲ နေတာဆိုတော့အလုပ်လာရတာ လွယ်ကူပါတယ်။

Part 3: Interview ဖြေဆိုရာတွင် အသုံးများသော စကားလုံးများ (During the Interview)

1. Thank you for giving me this opportunity.
ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

2. I am very interested in joining your team.
ခင်ဗျားတို့အဖွဲ့နဲ့ လက်တွဲလုပ်ကိုင်ဖို့ ကျွန်တော် တကယ်ပဲ စိတ်ဝင်စားပါတယ်။

3. My main strength is my problem-solving skill.
ကျွန်တော့်ရဲ့ အဓိက အားသာချက်က ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိတာပါ။

4. I am a team player and I get along well with others.
ကျွန်တော်က အဖွဲ့အစည်းနဲ့ လုပ်တတ်ပြီး သူတပါးနဲ့ အဆင်ပြေအောင် နေတတ်ပါတယ်။

5. I am flexible with my working hours. ⏰
အလုပ်ချိန်ကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါတယ်။

6. I can work on weekends and public holidays.
စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာလည်း အလုပ်လုပ်နိုင်ပါတယ်။

7. I am willing to learn new things.
အရာသစ်တွေကို သင်ယူဖို့ စိတ်အားထက်သန်ပါတယ်။

8. I am confident that I can do a great job here.
ဒီနေရာမှာ ကျွန်တော် ကောင်းကောင်း အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

9. Could you please repeat the question?🙋
မေးခွန်းလေးကို နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလား။

10. I'm sorry, could you say that more slowly?
စိတ်မရှိပါနဲ့၊ နည်းနည်းလောက် ဖြည်းဖြည်းလေး ပြောပေးလို့ ရမလား။

Part 4: အလုပ်အခြေအနေများ မေးမြန်းခြင်း (Asking about the Job)

1. What are the working hours for this shift?
ဒီအလှည့်အတွက် အလုပ်ချိန်က ဘယ်နှနာရီကနေ ဘယ်နှနာရီအထိလဲ။

2. How many days off do I get per week?
တစ်ပတ်ကို နားရက် ဘယ်နှရက် ရပါသလဲ။

3. Is there any staff uniform provided?
ဝန်ထမ်း ယူနီဖောင်း ပေးပါသလား။

4. Does the company provide meals or a food 🥘 allowance?
ကုမ္ပဏီက ထမင်းကျွေးပါသလား ဒါမှမဟုတ် စားစရိတ် ပေးပါသလား။

5. Is there any training for new staff?
ဝန်ထမ်းအသစ်တွေအတွက် သင်တန်းပေးတာမျိုး ရှိပါသလား။

6. What is the basic salary for this position?
ဒီရာထူးအတွက် အခြေခံလစာက ဘယ်လောက်လဲ ခင်ဗျာ။

7. Are there any service charges or bonuses?
Service Charge ဒါမှမဟုတ် Bonus ပေးတာမျိုး ရှိပါသလား။

8. When can I know the result of my application?
အလုပ်ရ၊ မရ အဖြေကို ဘယ်တော့လောက် သိရမလဲ ခင်ဗျာ။

9. Will you contact me via phone or email?
📧 ကျွန်တော့်ကို ဖုန်းနဲ့ ဆက်သွယ်မှာလား ဒါမှမဟုတ် အီးမေးလ်နဲ့လား။

10. Who will be my direct supervisor?
ကျွန်တော့်ရဲ့ တိုက်ရိုက် အထက်လူကြီးက ဘယ်သူဖြစ်မလဲ။

Part 5: အင်တာဗျူးအပြီး နှုတ်ဆက်ခြင်း (Closing & Follow-up)

1. Thank you for your time today.
ဒီနေ့အတွက် အချိန်ပေးတာ ကျေးဇူးတင်ပါတယ်။

2. It was a pleasure meeting you.
တွေ့ရတာ ဝမ်းသာပါတယ်။

3. I look forward to hearing from you soon.
မကြာခင် သတင်းကောင်း ပြန်ကြားရဖို့ မျှော်လင့်ပါတယ်။

4. Please let me know if you need any more documents.
အခြား စာရွက်စာတမ်းတွေ ထပ်လိုမယ်ဆိုရင် အကြောင်းကြားပေးပါ။

5. Have a great day!
သာယာသော နေ့လေး ဖြစ်ပါစေ။

6. Can I leave my contact number here?
ကျွန်တော့် ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ဒီမှာ ထားခဲ့လို့ ရမလား။

7. When is the best time to follow up?
⬆️ အခြေအနေကို ပြန်မေးကြည့်ဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ။

8. Thank you for considering my application.
ကျွန်တော့် လျှောက်လွှာကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးပါ။

9. I hope to work with you soon.
မကြာခင် အတူတူ အလုပ်လုပ်ရဖို့ မျှော်လင့်ပါတယ်။

10. Goodbye and thank you again.
နှုတ်ဆက်ပါတယ်၊ နောက်တစ်ခါ ထပ်ပြီး ကျေးဇူးတင်ပါတယ်။



15/04/2026

Duties and Responsibilities of a Room Attendant

Room Attendant တစ်ယောက်ရဲ့ Duties and Responsibilities တစ်ခု သင့်တော်မယ့်ထင်လို့မျှဝေပေးတာပါ။ ဒါတွေကို အဂ်လိပ်လို ရေးထားတာပဲ စုဆောင်းထားစေချင်ပါတယ်။ မြန်မာလိုဘာသာပြန်ရေးထားတာဘဲ ဖတ်တာမျိုးတော့အားမပေးချင်ပါဘူး။ နားမလည်တဲ့ စကားလုံးတွေပါရင် Dictionary မှာရှာပြီး ရေးမှတ်ထားတဲ့နည်းလမ်းကိုပဲ သုံးစေချင်ပါတယ်။ English လို ကျစ်ကျစ်လစ်လစ်ဖြစ်စေတဲ့ JD သို့မဟုတ် Duties and Responsibilities တွေကို စုဆောင်းမှတ်သားထားစေချင်ပါတယ်။ တချို့ JD တွေ အပြည့်အစုံအရှည်ကြီးရေးထားတာတွေ့ပါတယ်။ ခြွင်းချက် မရှိလောက်အောင်ရေးထားတာဖြစ်ပါတယ်။ Interviwer အနေနဲ့ သူသတ်မှတ်ထားတဲ့ အင်တာဗျူးအချိန်ရှိပါတယ်။ ဘယ်သူမှလဲ Responsibility တွေအကုန်လုံးကို အချိန်ပေးနားမထောင်နိုင်ပါဘူး။ တခြားသူသိချင်၊ မေးချင်တဲ့အကြောင်းအရာတွေလဲ မေးအုံးမှာဖြစ်တဲ့အတွက် ထိမိတဲ့ အဖြေမျိုးတွေသာဖြေနိုင်ဖို့လိုပါတယ်။ ခေတ်စကားနဲ့ဆို ကြွေသွားလောက်မယ့် အဓိက Key points တွေထည့်သွင်းပြီး ဖြေတတ်ဖို့လိုပါတယ်။ လိုအပ်သလို ပြင်ဆင်ဖြည့်စွက်၍ လိုရင်းတိုရှင်း မှတ်သားထားနိုင်ကြပါစေ။

Duties and Responsibilities of a Room Attendant
********

1. To maintain and ensure the cleanliness of assigned guestrooms, corridors, service areas and trolley are of high standard.
2. To ensure that the amenities in the room are sufficiently supplied for convenience and comfort.
3. Offers all possible assistance to guests.
4. To report to Housekeeping Office on any valuable items found in guestrooms.
5. To report any maintenance of guestrooms, corridors or service areas.
6. To report any lost or damage of any furniture, linen, fixtures or equipment to the Floor Supervisor.
7. Responsible to carry out the tasks that is assigned by the Management.



15/04/2026

Hotel နှင့်ဆိုင်သော Vocabulary စုစည်းမှု
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

1. Shoe Horn/ Shoe Free. -Shoe ဖိနပ်စီးရာတွင် ဖိနောင့်နေရာ အားကော်ရသော ပစ္စည်း
2. Shampoo. -ခေါင်းလျှော်ရည်
3. Lotion. -အသားလွဆီ
4. Shower Gel. -ရေချိုးဆပ်ပြာ
5. Soap. -ဆပ်ပြာ
6. Shower Cap. -ရေချိုးခန်းသုံး ဦးထုပ်
7. Toothbrush. -သွားတိုက်တံ
8. Toothpaste. -သွားတိုက်ဆေး
9. Cotton Buds. -နားထိုးတံ
10. Sanitary Bag. -တစ်ကိုယ်ရေသုံးပစ္စည်း စွန့်ပစ်အိတ်ငယ်
11. Garbage Bag. -အမှိုက်အိတ်
12. Toilet Roll. -အိမ်သာသုံး စက္ကူလိပ်
13. Bath Towel. -ရေချိုးခန်းသုံး တဘက်ကြီး
14. Hand Towel. -ရေချိုးခန်းသုံး လက်သုတ်ပုဝါ
15. Bath Mat. -ရေချိုးခန်းသုံးခြေသုတ်ပုဝါ
16. Foot Mat. -ခြေသုတ်ခုံ
17. Face Towel. -ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါ%
18. Slipper. -ခြေညှပ်ဖိနပ်ပါး
19. Bathrobe. -ရေချိုးခန်းသုံး အကျီရှည်
20. Umbrella. -ထီး
21. Touch Light. -လက်နှင့်ထိရုံဖြင့်လင်းသောစာကြည့်မီး
22. Laundary Bag. -လျော်ရန်အဝတ် ထည့်သည့်အိတ်
23. High Ball Glass. -ဖျော်ရည်သောက်ဖန်ခွက်ရှည်
24. Rock Glass (Dental Glass) - ပလုပ်ကျင်းဖန်ခွက်
25. Bed Sheet. - အိပ်ယာခင်း
26. Duvet. - ဂွမ်းကပ်ထူ
27. Duvet Cover. -ဂွပ်းကပ် အစွပ်
28. Pillow. - ခေါင်းအုံး
29. Pillow Case. - ခေါင်းအုံးစွပ်
30. Creamer. - နို့မှုန့်
31. Safe Box. -အာမခံ သေတ္တာ
32. Blanket. -စောင်
33. Bedside Table. -အိပ်ယာဘေးရှိ စားပွဲငယ်
34. Coffee Table. -ကော်ဖီသောက်စားပွဲငယ်
35. Lauggage Desk. -ဝန်စည်စလယ်တင်ရန် ခုံနိမ့်
36. Living Room. -ဧည့်ခန်း
37. Dinning Table. -ထမင်းစား စားပွဲ
38. Shaving Kit. -မုတ်ဆိတ်ရိတ်ဓားနှင့် cream
39. Iron. -မီးပူ
40. Ironing Board. -မီးပူတိုက်သည့် မတ်တတ်ခုံမြင့်
41. Tea Pot. -လက်ဖက်ရည်အိုး
42. Kittle. -ရေနွေးတည်အိုး
43. Flask. -ဓာတ်ဘူး
44. Sewing Kit. -အပ်ချုပ်ပစ္စည်းထဲ့ထားသည့်အိတ်ငယ်
45. Match Box/ Lighter. -မီးခြစ်
46. Ash Tray. -ဆေးလိပ်ပြာခွက်
47. Cool Towel. -လက်သုတ်ပုဝါအေး(Check In)
48. Warm Towel. -လက်သုတ်ပုဝါနွေး(Check In)
49. Refrigerator. -ရေခဲသေတ္တာ
50. Microwave Oven. -Microwave မီးဖို
51. Stove. - မီးဖို
52. Toaster. - ပေါင်မုန့် မီးကင်စက်
53. Vacuums Cleaner. - ဖုန်စုပ်စက်
54. Dry Mop (Dust Mop) - ဖုန်မှုန့်ကြမ်းတိုက်တံ
55. Wet Mop. -ရေစွတ်၍တိုက်ရသောကြမ်းတိုက်တံ
56. Stand Brush. -မတ်တပ်ရပ်တိုက်ရသော brush
57. Stand Lamp. -မတ်တတ်မီးအိမ်
58. Bedside Table Lamp. -အိပ်ယာဘေးစားပွဲတင်မီးအိမ်
59. Mattress. -မွေ့ယာ
60. Mattress Protector. -မွေ့ယာမညစ်စေရန်ခင်းသော ရေစုပ်အားကောင်း အလွှာပါး
61. Divan. - ကုတင်၊ညောင်စောင်း၊သလွန်
62. Broom. - တံမြက်စီး
63. Dust Bin. - အမှိုက်ပုံး
64. Dust Pan. - ဂေါ်ပြား
65. Baby Cot. - ဘေးကာပါသော ကလေးအိပ်စင်
66. Baby Sitter. -ကလေးထိုင်ခုံငယ်
67. Hanger. - အင်္ကျီချိတ်
68. Clip Hanger. - ကလစ်ပါသော ချိတ်
69. Coat Hanger. - ကုတ်အင်္ကျီ ချိတ်
70. Silk Hanger. - မိန်းမဝတ် ပိုးအင်္ကျီချိတ်
71. Fat Hanget. -အမျိုးသားဝတ် အင်္ကျီ ချိတ်
72. Peek Hole. - ချောင်းကြည့်ပေါက်
73. Chain Lock. -သံကြိုးပါ Double Lock
74. Bed Head. -ကုတင် ခေါင်းရင်း
75. Coaster. - ဖန်ခွက်အောက်ခံပြား
76. Bath Tub. - ရေချိုးကန်
78. Basin. - မျက်နှာ၊ လက် ဆေးကြောရန်ခွက်
79. Stopper. - အဆို့ ၊ အပိတ်
80. Curtain. - ခန်းဆီး၊ လိုက်ကာ
81. Carpet. - ကော်ဇောအခင်း
82. Balcony. - ဝန်တာ
83. Gutter. - ရေမြောင်း၊တူးမြောင်းငယ်
84. Bath Foam. - ရေချိုးကန်တွင်ထည့်သောအမြှုပ်
85. Spong. -ဆေးကြောရာတွက်သုံးသောရေမြှုပ်
86. Latter Head. -Hotel Logo ပါ စာရေးစက္ကူ
87. Mirror. - ကြည့်မှန်
88. Glass. - မှန်အကြည်၊ ဖန်ခွက်
89. Writing Table. - စာရေးစားပွဲ
90. Ceiling. - မျက်နှာကြက်
91. Wall Lamp. - နံရံကပ် မီးအိမ်
92. Bulb. - မီးလုံး
93. Bulb Fuse. - မီးလုံး ကျွမ်းနေသည်
94. Weight Scale. - ကိုယ်အလေးချိန်စက်
95. Bed Skirting. - ကုတင်တွင်ပတ်သောအလှဆင်ပိတ်ပါး
96. Shaving Mirror. - မုဆိတ်ရိတ်စဉ်ကြည့်မှန်
97. Shoe Sheives. - ဖိနပ်စင်
98. Door Bell. - လူခေါ်ခေါင်းလောင်း
99. Envelope. - စာအိတ်
100. Chair. - ကုလားထိုင်
101. Arm Chair. - လက်တင်စရာပါသောကုလားထိုင်
102. Luxury chair(Dream Bed)-နောက်မှီစရာနှင့် အိပ်နိုင်သောကုလားထိုင်
103. Decaffeinated Coffee. - ကဖိန်းဓာတ်မပါသောကော်ဖီ
104. Brown Sugar. - သကြားညို
105. White Sugar. - သကြားဖြူ
106. Cashew Nut. - သီဟိုဠ်စေ့
107. Watermelon Seed. - ကွာစေ့၊ ဖရဲစေ့
108. Pumpkin Seed. - ဖရုံစေ့
109. Pickied Tea Leaves Salad. - လက်ဖက်သုပ်
110. Duster (Cleaing Cloth) - ဖုန်သုတ်သည့်အဝတ်
111. Feather Duster. - ကြက်မွှေးတံမြက်စည်း
112. Backet (Pail) - ရေပုံး
113. Ladder. - လှေကား
114. Shoe Shine. - Shoe ဖိနပ် အရောင်တောက်ပရန်သုံးသောပစ္စည်း
115. Drawer. - အံဆွဲ
116. Stool. - ခွေးခြေ ခုံပု
117. Foot Stool. - ခြေထောက်တင် ခွေးခြေခုံ
118. Toilet Flush. - အိမ်သာရေဆွဲချသည်
119. Nail File. - လက်သည်းညှိသည့် တံစဉ်းပြား
120. Comb. - ဘီး
121. Cotton Pad. - အမျိုးသမီးသုံး တို့ပတ်
122. Switch On. - ခလုတ်ဖွင့်သည်
123. Switch Off. - ခလုတ်ပိတ်သည်
124. Gloves. - လက်အိတ်
125. Gentleman. - ယောကျာၤး၊ အမျိုးသား
126. Ladies. - မိန်းမ၊ အမျိုးသမီး
127. Unit Price - ကုန်ပစ္စည်းတစ်ခုချင်းအတွက် တောင်းခံသောဈေး
128. Daily service(24hrs Service)-တစ်နေ့တာ ရနိုင်သောပုံမှန်ဝန်ဆောင်မှု
129. Express Service. - အထူးအမြန်နှုန်းဖြင့် ဝန်ဆောင်မှု
130. Pressing Service. - မီးပူတိုက်ပေးသော ဝန်ဆောင်မှု
131. Laundry Service. - အဝတ်လျှော် ဝန်ဆောင်မှု
132. Laundry List. - အဝတ်လျှော်မည့် စာရင်း
133. Laundry Bag. - လျော်မည့်အဝတ်များထည့်သည့် အိတ်
134. T-Shirt. - ရှပ်အင်္ကျီ
135. Sport Shirt. - စပို့ရှပ်
136. Trousers. - ဘောင်းဘီ
137. Underpants. - အတွင်းခံဘောင်းဘီ
138. Undershirt. - အတွင်းခံ အင်္ကျီ
139. Pajamas. - ညဝတ်အင်္ကျီ
140. Jacket. - အပေါ်ဝတ်အင်္ကျီ
141. Handkerchief. - လက်ကိုင်ပဝါ
142. Blouse. - ဘလောက်အင်္ကျီ
143. Skirt. - စကတ်
144. Vest. - ခါးတို၊ ချိုင်းပြတ်၊ အပေါ်ဝတ်အင်္ကျီ
145. Stocking. - မိန်းမဝတ် ခြေအိတ်အပါးအရှည်
146. Scarf. - လည်စီးပဝါ
147. Brassiese. - ဘရာစီယာ
148. Suit. - အနောက်တိုင်းဝတ်စုံ (အထက်အောက်)
149. Jeans. - ဂျင်းဘောင်းဘီ ၊အင်္ကျီ
150. Mosquito net. - ခြင်ထောင်
151. Short. - ဘောင်းဘီတို
152. Hat. - ဦးထုပ်
153. Reservation. - ကြိုတင်မှာယူခြင်း
154. Cashier. - ငွေလက်ခံရာ ဌာန
155. Guest Relation Officer (GRO) - ဧည့်သည်အားပူးတွဲ လိုက်ပါ စောင့်ရှောက်သူ
156. Information. - သတင်းအချက်အလက်
157. Concierge. - ဧည့်သည်လိုအပ်ချက်များ ဖြည့်ဆည်းပေးသူ
158. Bell Boy. -ဧည့်သည်၏ပစ္စည်းများ ပို့ဆောင်ပေးသူ
159. Business Center.- Computer နှင့် ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသော ဌာန
160. Single Room. - တစ်ယောက်ခန်း
161. Double Room. - နှစ်ယောက်ခန်း
162. Twin Room. - တစ်ယောက်အိပ်ကုတင် 2လုံးပါသော အခန်း
163. Suite Room. - ဧည့်ခန်းပါသော အခန်း
164. Exhibition Room.-အရောင်းအဝယ်စ္စည်းများပြသရန်အခန်း
165. Connection Room- သီးသန့်တံခါးဖြင့်ဆက်ထားသော တွဲလျက်အခန်း
66. Adjoining Room. - ဘေးချင်းယှဉ်လျက် တစ်စပ်တည်း နှစ်ခန်း
167. Bill. - ငွေတောင်းခံလွှာ
168. Booking. - ကြိုတင်စာရင်းပေးသွင်းခြင်း
169. Brochure. - ကြော်ငြာလက်ကမ်း စာစောင်
170. Reservation Clerk. - ကြိုတင်မှာကြားမှုကို တာဝန်ယူရသူ
171. Cash. - လက်ငင်းငွေ
172. Casher Desk. - ငွေကခုင်စာရေး ကောင်တာ
173. Front Desk (FO Counter) - ဧည့်ကြို ကောင်တာ
174. Charge. - အဖိုးအခအဖြစ်တောင်းသည်
175. Check. - စစ်ဆေးသည်
176. Client. - လာရောက်တည်းခိုနေကျ ဖောက်သည်
177. Cover Expenses. - ကြိုတင်ပေးထားရသော အာမခံငွေ
178. Confirm. - အတည်ပြုသည်
179. Deposit. - စရံငွေ / အာမခံငွေ
180. Dresser. - ဗီရိုပန်းကန်စင်
181. Dresser Trolley. - မုန့်သယ်သော လှည်း
182. Dining Room. - ထမင်းစားခန်း
183. Doorway. - တံခါးပေါက်
184. Downstairs. - အောက်ထက်
185. Full Price. - ဈေးနှုန်းပြည့်
186. Employee. - ဝန်ထမ်း၊ အလုပ်သမား
187. Floor. - အထပ်
188. Exchange rate. - ငွေလဲလှယ်နှုန်း
189. Elevator / Lift. - ဓာတ်လှေကား
190. Foreign Currency. - နိုင်ငံခြားသုံးငွေ
191. Guarantee. - အာမခံခြင်း
192. Swimming Pool. - ရေကူးကန်
193. Lounge. - နားနေရန် အခန်း
194. Tax. - အခွန် အခ
195. Tour. - ခရီးလှည့်လည်ခြင်း
196. Flight Number. - လေယာဉ် ခရီးစဉ်နံပါတ်
197. Hall Porter. - ဧည့်သည်များ၏ လုပ်ငန်းအဝဝ ကိုဆောင်ရွက်ပေးသူ
198. Laundry Incharge. - အဝတ်လျော်အလုပ်သမားခေါင်းဆောင်
199. Luggage / Baggage. - ဝန်စည်စလယ် အထုတ်အပိုး
200. Excess Baggage. - ဝန်ပို အလေးချိန်ပို
201. Sauna. - ရေနွေးငွေ့ ရေချိုးခန်း
202. Package Plan. - အုပ်စုနဲ့လာသော ပစီအစဉ်
203. Poter. - ပစ္စည်းသယ်သူ
204. Rent. - ငှါးရမ်းသည်
205. Reserve. - ကြိုတင်စာရင်းပေးထားသည်
206. Return / Round Trip. - အသွားအပြန် ခရီး
207. Passport. - နိုင်ငံကူး လက်မှတ်
208. Portion. - တစ်ယောက်စာပြင်ပေးသော
209. Register. - မှတ်ပုံတင်သည်
210. Personal Cheque. - ကိုယ်ပိုင်ချက်လက်မှတ်
211. Reduction. - လျော့ဈေး
212. Shower. - ရေချိုးသည့် ရေပန်း
213. Surname. - မျိုးရိုးအမည်
214. Wardrobe. - အဝတ်ချိတ်ရန် အကန့်ပါသည့် ဗီရို
215. Travel Agent. - ခရီးသွားလာရေး ကိုယ်စားလှယ်
216. Waiting List. - တန်းစီ ဇယား
217. Traveller's Cheque. - ခရီးဆောင် ချက်လက်မှတ်
218. Wheelchair. - ဘီးတပ်ကုလားထိုင်
219. Signature. - လက်မှတ်
220. Sign. - လက်မှတ်ထိုးသည်
221. Airport Hotel. - လေဆိပ် ဟိုတယ်
222. Congress Hotel. - အစည်းအဝေး၊ ပြပွဲ ပြုလုပ်နိုင်သော ဟိုတယ်
223. Night Auditor. - ညဘက် စာရင်းစစ်ဆေးသူ
224. F I T. - Free Independent Tour. - လွတ်လပ်စွာ သွားလာသူ
225. Motel. - မော်တော်ယဉ်များ ခဏရပ်နားကာ တည်းခိုသည့် နေရာ
226. General Manager. - အထွေထွေမန်နေဂျာ
227. Assistant Manager. - လက်ထောက်မန်နေဂျာ
228. Front Office Manager- ရှေ့တန်းလုပ်ငန်းမန်နေဂျာ
229. Human Resources Manager - ဝန်ထမ်းရေးရာ မန်နေဂျာ
230. Reservation Manager. - ကြိုတင်ပြင်ဆင်မှုဆိုင်ရာ မန်နေဂျာ
231. Sales Manager. - အရောင်းမန်နေဂျာ
232. Convention Manager. - ဧည့်ခံပွဲဆိုင်ရာ မန်နေဂျာ
233. Banquet Manager. - စားသောက်ပွဲဆိုင်ရာ မန်နေဂျာ
234. Food & Beverage Manager - အစားအသောက်၊ အဖျော်ယမကာ ဆ်ုင်ရာ မန်နေဂျာ
235. Executive Housekeeper - အိပ်ခန်းဆောင်တာဝန်ခံ
236. Guest Relations Manager - ဧည့်သည်ဆက်ဆံရေး မန်နေဂျာ
237. Financial Controller. - ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲသူ
238. Chief Engineer. - အင်ဂျင်နီယာချုပ်
239. Executive Chef. - စားဖိုမှူးချုပ်
240. Security Manager. - လုံခြုံရေး မန်နေဂျာ



05/04/2026
05/04/2026

ဒီနေ့လေ့လာရမဲ့အကြောင်းရာကတော့ ကားရပ်ခိုင်းတဲ့အခါ မှန်ကန်တဲ့ အသုံးအနှုန်း
(Stop the Car vs. Pull Over vs. Let me off)"
ကားပေါ်ရောက်ရင် 'Stop the Car' လို့ပဲ ပြောနေတုန်းလား?
အင်္ဂလိပ်စာမှာ ကားရပ်ခိုင်းတဲ့အခါ အခြေအနေပေါ်မူတည်ပြီး သုံးရတဲ့ စကားလုံးတွေ မတူပါဘူး။ မှားသုံးမိရင် တစ်ဖက်လူက အရေးပေါ်အခြေအနေလို့ ထင်သွားနိုင်သလို၊ ယဉ်ကျေးမှုမရှိရာလည်း ရောက်တတ်ပါတယ်။
Stop the Car!" (ကားခုချက်ချင်းရပ်!)
ဒီစကားလုံးကို အရေးပေါ်အခြေအနေ (Emergencies) တွေမှာပဲ သုံးသင့်ပါတယ်။ ဥပမာ- ရှေ့မှာ တစ်ခုခုနဲ့ တိုက်တော့မယ်၊ ဒါမှမဟုတ် ဗိုက်က အရမ်းနာလာလို့ ခုချက်ချင်းရပ်မှဖြစ်မယ် ဆိုတဲ့ အခြေအနေမျိုးပါ။ စိတ်တိုနေတဲ့အခါမျိုးမှာလည်း သုံးတတ်ကြပါတယ်။
"Saying 'Stop the car' is more common for emergencies."

အဲဒီတော့ဘယ်လိုပြောမလဲ 'Could you pull over?' (ကားလေး ရပ်ပေးလို့ ရမလား?) လို့ ပြောလို့ရပါတယ်။
"'Pull over' means stop anywhere."👈

'Pull over' ဆိုတာက ဘယ်နေရာမှာမဆို ရပ်တာကို ဆိုလိုတာ (သို့) ကားကိုအရှိန်သတ်ပြီးရပ်နားစေချင်တာကိုပြောတာပါ။ခရီးသည်တွေလည်းပြောသလို ယာဉ်ထိန်းရဲတွေလည်းပြောပါတယ်။ဥပမာအသုံးနှုန်းလေးတွေကြည့်ရအောင်

Could you pull over here, please?
ဒီနားလေးမှာ ကားကပ်ရပ်ပေးပါနော်။

Please pull over here. This is fine.
ဒီနေရာက အဆင်ပြေပါတယ်၊ ဒီမှာပဲ ကားရပ်ပေးပါနော်။

Excuse me, could you pull over for a moment?
တဆိတ်လောက်… ခဏလောက် ကားရပ်ပေးပါနော်။

ဘတ်စ်ကားပေါ်မှာ သုံးတဲ့ အသုံးအနှုန်းကတော့အဲ့လိုမဟုတ်ပါဘူး ဘတ်စ်ကား (Bus) လိုမျိုး အများပြည်သူစီးတဲ့ ယာဉ်တွေမှာ`` let someone off "သုံးပါတယ်။ ဘတ်စ်ကားတွေက လမ်းဘေးမှာ စိတ်ကြိုက်ရပ်လို့မရဘဲ သတ်မှတ်ထားတဲ့ မှတ်တိုင် (Bus Stop) မှာပဲ ရပ်ရတာဖြစ်လို့ 'ချပေးပါ' လို့ သုံးနှုန်းတာက ပိုမှန်ကန်ပါတယ်။

Could you let me off at the next stop, please?
နောက်မှတ်တိုင်မှာ ကျွန်တော်ကို ချပေးပါနော်။

Excuse me, could you let me off at the station.
တစ်ဆိတ်လောက်… station မှာ ကျွန်တော်ကို ချပေးပါနော်။

Can you let me off near the mall?
mall နားမှာ ကျွန်တော်ကို ချပေးလို့ရမလား?

Pull over: ကိုယ်ပိုင်ကား ဒါမှမဟုတ် Taxi တွေကို လမ်းဘေးကပ်ရပ်ခိုင်းတဲ့အခါ သုံးပါတယ်။

Let someone off: ဘတ်စ်ကား ဒါမှမဟုတ် ရထားလိုမျိုး သတ်မှတ်မှတ်တိုင်ရှိတဲ့ ယာဉ်တွေပေါ်ကနေ ဆင်းချင်တဲ့အခါ သုံးပါတယ်။

💡 မှတ်ချက်:

Taxi/Grab စီးရင် 👉 Pull over

Bus စီးရင် 👉 Let me off

အရေးပေါ် ဆိုရင် 👉 Stop the car!

အခုဆိုရင် အခြေအနေနဲ့ အချိန်အခါအလိုက် ဘယ်လိုပြောရမလဲဆိုတာ သိသွားပြီနော်။ ဒီ Content လေးက သူငယ်ချင်းတွေအတွက် အကျိုးရှိမယ်ဆိုရင် Share သွားဖို့ မမေ့နဲ့ဦးနော်!

03/04/2026

May I + Verb 1…..........................?

May I + ကြိယာ ဟာ မြန်မာလိုရိုးရိုးမှတ်ရင် ခွင့်ပြုချက် ၊ခွင့်တောင်းချက်၊မေးခွန်း မေးတာမျိုး ၊ ဆန္ဒပြုတဲ့အခါမျိုးတွေမှာသုံးပါတယ်။
May I + ကြိယာ နောက်မှာ စကားစုတွေထည့်သုံးပြီးစကားပြောဆိုရမှာတွင်ကျယ်စွာအသုံးပြုနိုင်ပါတယ်။

“May I + verb” = ယဉ်ကျေးပြီး professional tone 👉 Guest service ပေးရာ မှာ “Can I” ထက်ပိုပြီး polite ဖြစ်တယ်
ဥပမာ အနေနဲ့
Can I help you? (ရိုးရိုး)
May I help you? (ပိုယဉ်ကျေး)

Hotel မှာအသုံးပြုလို့ရနိုင်တဲ့အလွယ်ကူဆုံး Tip sentences လေးတွေပြောပြမယ်👇

🏨 Housekeeping – May I + Verb

May I clean your room now?
→ အခု သင့်အခန်းကို သန့်ရှင်းပေးလို့ရမလား။
May I come in?
→ ဝင်လို့ရမလား။
May I change your bedsheets?
→ အိပ်ရာခင်းတွေ ပြောင်းပေးလို့ရမလား။
May I replace your towels?
→ တဘယ်တွေ ပြောင်းပေးလို့ရမလား။
May I refill your amenities?
→ အသုံးအဆောင်ပစ္စည်းတွေ ပြန်ဖြည့်ပေးလို့ရမလား။
May I take your laundry?
→ သင့်အဝတ်အစားတွေ လျှော်ဖို့ယူလို့ရမလား။
May I vacuum the floor?
→ ကြမ်းပြင်ကို vacuum လုပ်ပေးလို့ရမလား။
May I make your bed?
→ အိပ်ရာ ပြင်ပေးလို့ရမလား။
May I open the window?
→ ပြတင်းပေါက် ဖွင့်လို့ရမလား။
May I close the window?
→ ပြတင်းပေါက် ပိတ်လို့ရမလား။
May I check the minibar?
→ minibar ကို စစ်ဆေးလို့ရမလား။
May I remove the trash?
→ အမှိုက်တွေ ယူပစ်လို့ရမလား။
May I bring extra pillows?
→ ခေါင်းအုံးပိုယူလာပေးလို့ရမလား။
May I provide extra blankets?
→ ခေါင်းအုံး/စောင်ပို ပေးလို့ရမလား။
May I clean the bathroom?
→ အိမ်သာကို သန့်ရှင်းပေးလို့ရမလား။
May I restock the minibar?
→ minibar ကို ပြန်ဖြည့်ပေးလို့ရမလား။
May I spray some air freshener?
→ အနံ့သန့်ဆေး ပက်လို့ရမလား။
May I turn off the lights?
→ မီးတွေ ပိတ်လို့ရမလား။
May I adjust the air conditioning?
→ အဲကွန်ကို ချိန်ပေးလို့ရမလား။
May I check if everything is okay?
→ အရာအားလုံးအဆင်ပြေလား စစ်ဆေးလို့ရမလား။
May I collect the used dishes?
→ အသုံးပြီးဟင်းပန်းကန်တွေ ယူလို့ရမလား။
May I place fresh water bottles?
→ ရေသန့်ဘူးတွေ ထားပေးလို့ရမလား။
May I knock again later?
→ နောက်တစ်ခါ ပြန်ခေါက်လို့ရမလား။
May I assist you with anything?
→ တစ်ခုခုကူညီပေးရမလား။
May I schedule cleaning for later?
→ နောက်ပိုင်း သန့်ရှင်းရေးလုပ်ဖို့ စီစဉ်ပေးလို့ရမလား။

🍽️ F&B Service – May I + Verb (25 sentences)
May I take your order?
→ အော်ဒါယူပေးလို့ရမလား။
May I recommend a dish?
→ ဟင်းတစ်မျိုး အကြံပြုပေးလို့ရမလား။
May I bring you the menu?
→ မီနူးယူလာပေးလို့ရမလား။
May I serve your food now?
→ အစားအသောက် တင်ပေးလို့ရမလား။
May I pour you some water?
→ ရေထည့်ပေးလို့ရမလား။
May I clear the table?
→ စားပြီး ပန်းကန်တွေရှင်းပေးလို့ရမလား။
May I offer you a drink?
→ သောက်စရာ တစ်ခုခု ပေးလို့ရမလား။
May I refill your glass?
→ သောက်ရေ/အရက် ပြန်ဖြည့်ပေးလို့ရမလား။
May I suggest our special?
→ ဒီနေ့ special ဟင်းကို အကြံပြုပေးလို့ရမလား။
May I check if everything is okay?
→ အစားအသောက် အဆင်ပြေလား စစ်ဆေးလို့ရမလား။
May I bring your bill?
→ ဘေလ်ယူလာပေးလို့ရမလား။
May I take this plate away?
→ ဒီပန်းကန်ကို ယူသွားလို့ရမလား။
May I get you anything else?
→ တခြားဘာလိုအပ်သေးလဲ။
May I prepare your takeaway?
→ Takeaway ပြင်ပေးလို့ရမလား။
May I offer dessert?
→ မုန့်တစ်ခုခု ပေးလို့ရမလား။
May I seat you here?
→ ဒီနေရာမှာ ထိုင်ပေးလို့ရမလား။
May I bring extra cutlery?
→ စားပွဲအသုံးအဆောင် ပိုယူလာပေးလို့ရမလား။
May I explain the menu?
→ မီနူးကို ရှင်းပြပေးလို့ရမလား။
May I confirm your order?
→ အော်ဒါကို ပြန်အတည်ပြုလို့ရမလား။
May I serve drinks first?
→ အရင်ဆုံး သောက်စရာ တင်ပေးလို့ရမလား။
May I pack the leftovers?
→ ကျန်တာတွေ ထုပ်ပိုးပေးလို့ရမလား။
May I offer you coffee or tea?
→ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ပေးလို့ရမလား။
May I assist with your reservation?
→ reservation ကို ကူညီပေးလို့ရမလား။
May I guide you to your table?
→ သင့်စားပွဲကို လမ်းညွှန်ပေးလို့ရမလား။
May I thank you for dining with us?
→ ကျွန်တော်တို့ဆိုင်မှာ စားသောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Want to sound more polite in hospitality? ✨
Use “May I + verb” instead of “Can I”
✅ May I help you?
✅ May I take your order?
✅ May I clean your room?
ဒီ pattern လေးက guest တွေကို professional feel ပေးနိုင်ပါတယ်။

Follow 👉 Hospitality English Hub by Aung Zaw Myo
more daily English tips 💬
tip

01/04/2026

English စကားပြော(သို့) စာရေးရာမှာ ဝါကျတစ်ကြောင်းနဲ့တစ်ကြောင်းအကြားမှာ လှပသေသပ် ခန့်ညားစေဖို့ Discourse makers လို့ခေါ်တဲ့စကားဖြည့်များကို ထည့်သုံးလေ့ရှိကြပါတယ် ။
အလွယ်တစ်ကူ ဥပမာပြရရင်တော့

Actually, your room is already prepared.

တကယ်တော့ သင့်အခန်းကို ပြင်ထားပြီးသားပါ။

In fact, we have a special discount for today.

တကယ်တော့ ဒီနေ့အတွက် အထူးလျှော့ဈေး ရှိပါတယ်။

Anyway, let me show you your table.

ဘာပဲဖြစ်ဖြစ် သင့်စားပွဲကို လိုက်ပြပါ့မယ်။

To tell the truth, this is our most popular dish.

အမှန်ကို ပြောရမယ်ဆိုရင် ဒါက ကျွန်တော်တို့ဆိုင်ရဲ့ လူကြိုက်အများဆုံး ဟင်းလျာပါ။

အဲ့လိုဆိုရင်အောက်မှာ
DM စကားလုံးလေးတွေလေ့လာကြရအောင်😊

actually, — အမှန်ပြောရရင်
in fact, — တကယ်တော့
as a matter of fact, — တကယ်ဆိုရင်
to tell the truth, — အမှန်ကို ပြောရမယ်ဆိုရင်
honestly I say, — အမှန်ပြောရရင်
hopefully, — မျှော်လင့်ထားတာကတော့
No doubt, — ရှင်းတယ်နော်
So to speak, — ဆိုကြပါစို့
So to say, — ပြောရရင်
I suppose, — ထင်တာကတော့
incidentally, — စကားမစပ်
anyway, — ဘာပဲဖြစ်ဖြစ်
in other words, — တနည်းပြောရရင်
I mean, — ဆိုလိုတာက
broadly speaking, — အကျယ်ချ့ဲပြောရရင်
mostly — အများအားဖြင့်
as regards — အကြောင်းအရာအရ
talking about — ပြောရမယ်ဆိုရင်
first of all — ပထမဆုံးအနေနဲ့
secondly — ဒုတိယအနေနဲ့
afterwards — နောက်မှ
all of a sudden — ချက်ချင်း/ရုတ်တရက်
as a result — ရလဒ်အဖြစ်
as a matter of fact — တကယ်တော့
as far as I'm concerned — ကျွန်တော်အမြင်အရ
as I was saying just now — အခုနက ပြောခဲ့သလို
at the moment — လောလောဆယ်မှာ
but still — ဒါပေမဲ့လည်း
by contrast — ခြားနားချက်က
especially — အထူးသဖြင့်
evidently — ခိုင်ခိုင်လုံလုံ
first and foremost — အရေးအကြီးဆုံး
fortunately — ကံကောင်းထောက်မလို့
for my own part — ကျွန်တော်ဘက်ကတော့
for the time being — ယာယီအနေနဲ့(လောလောဆယ်မှာ)
furthermore — ဒါတင်မကသေးဘူး
in any case — ဘယ်လိုပဲဖြစ်ဖြစ်
indeed — တကယ်ပင်
in future — အနာဂတ်မှာ
interestingly — စိတ်ဝင်စားစရာကောင်းတာက
in the meantime — ဒီအချိန်အတွင်း
I tell you what — ဖြစ်ပုံကို‌ပြောပါရစေ
later — နောက်မှ
little by little — တဖြည်းဖြည်းချင်း
regarding — အကြောင်းအရာနှင့်ပတ်သက်ပြီး
firstly — အစဦးစွာ
to begin — ပထမအနေနဲ့
above all — အထူးသဖြင့် / အရေးကြီးဆုံးက
All in all — အားလုံးခြုံကြည့်ရင်
Alternatively — အလှည့်ကျ
As yet — ယခုတိုင်
As you know — မင်းသိတဲ့အတိုင်း
basically — အခြေခံအားဖြင့်
besides — ဒါ့အပြင်
believe me — တကယ်ပါ
by all means — ဘယ်နည်းနဲ့မဆို / အားလုံးဖြင့်
coincidentally — ကံတူညီစွာ/တိုက်တိုက်ဆိုင်ဆိုင်
ever since — အဲ့ဒီကတည်းက
for example — ဥပမာအားဖြင့်
financially — ငွေကြေးအရ
for instance — ဥပမာပြရရင်ဖြင့်
foolishly — မိုက်မဲစွာ
from now on — အခုချိန်ကစပြိး
in a way — တစ်နည်းအားဖြင့်
in conclusion — နိဂုံးချုပ်အနေဖြင့်
in essence — အနှစ်သာရအားဖြင့်
in my mind — ကျွန်တော်ထင်မြင်ချက်အရ
in the long run — ရေရှည်တွင်
ironically — အရွဲ့တိုက်သလိုနဲ့
It’s like this — ဒီလိုပါ
look here — ဒီမယ်
likewise — အလားတူပင်
miraculously - ထူးဆန်းတာက
Over all - ချုံငုံပြီးပြောရရင်
Previously - အရင်က
Unexpectedly - မမျှော်လင့်ပါဘူး

Discourse makers စကားလုံးလေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြောဆိုလာနိုင်ရင် သင့်ရဲ့ speaking မှာ smooth ဖြစ်ဖို့အထောက်ကူပြုလာမှာပါ။

Hospitality ပိုင်းနဲ့စိတ်ဝင်စားရင် page ကို see first လုပ်ထားနိုင်ပါတယ်။


Want your school to be the top-listed School/college in Dubai?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Dubai