Beyond The Fame Myanmar

Beyond The Fame Myanmar Behind every famous name is a hidden story. Let's discover it together.

ဒူဘိုင်း (UAE) မှာ အလုပ်လာရှာဖို့ ပြင်ဆင်နေပါသလား? သို့မဟုတ် လက်ရှိ အလုပ်လုပ်နေရင်း ကိုယ့်ရဲ့ အခွင့်အရေးတွေကို သေချာ မသိ...
03/06/2026

ဒူဘိုင်း (UAE) မှာ အလုပ်လာရှာဖို့ ပြင်ဆင်နေပါသလား? သို့မဟုတ် လက်ရှိ အလုပ်လုပ်နေရင်း ကိုယ့်ရဲ့ အခွင့်အရေးတွေကို သေချာ မသိသေးဘူး ဖြစ်နေလား? 🇦🇪💼

ဒီ Podcast လေးမှာတော့ ဒူဘိုင်းရောက် မြန်မာ့လုပ်သားတွေ အလုပ်အကိုင်ရှာဖွေရာမှာ၊ ရပ်တည်ရာမှာနဲ့ အလုပ်ခွင်ထဲမှာ အကြီးအကျယ် နစ်နာမှုမရှိစေဖို့ သိထားသင့်တဲ့ ၂၀၂၆ ခုနှစ် လက်ရှိ UAE Labour Law (အလုပ်သမားဥပဒေ) အကြောင်းအရာစုံကို အသေးစိတ် Ko Than Win (Dubai & Me - Burmese Voice) မှ ဆွေးနွေးဝေမျှပေးထားပါတယ်။

📌 ဆွေးနွေးထားတဲ့ Timeline အကြောင်းအရာများ

00:00 - Introduction (Ko Than Win ရဲ့ လက်ရှိအလုပ်၊ Career)
02:18 - Dubai & Me - Burmese Voice Page ဖြစ်ပေါ်လာပုံ
08:38 - တစ်ကိုယ်တည်း သို့မဟုတ် မိသားစုလိုက်လာရင် ကုန်ကျမယ့် စရိတ်စက တွက်ချက်ပုံ
20:00 - UAE မှာ အခြေခံအကျဆုံး သိထားရမယ့် အလုပ်သမားအခွင့်အရေးများ (Labour Rights)
27:39 - Probation (အစမ်းခန့်) နှင့် Post-Probation ကာလ အလုပ်ထုတ်ခံရလျှင် ဘာလုပ်ရမလဲ?
42:00 - Absconding သို့မဟုတ် Blacklist ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုဖြေရှင်းမလဲ?
50:00 - မဖြစ်မနေသိရမည့် ILOE (အလုပ်လက်မဲ့အာမခံ) ခံစားခွင့်များ
53:53 - UAE မှာ အလုပ်အမြန်ရဖို့နဲ့ Career Step Up ဖြစ်ဖို့ ဘာတွေပြင်ဆင်ရမလဲ?

💡 အဓိက သတိပြုရန် ဆောင်ရန်/ရှောင်ရန် တိုတိုထွာထွာ

UAE ရှိ မြန်မာများ နှင့် လာဖို့ စီစဥ်နေတဲ့ ညီကိုမောင်နှမများ သိသင့်တဲ့ အသေးစိတ် အချက်လက်ကို အောက်ပါ Dubai & Me - Burmese Voice ရဲ့ Pin Post Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

https://www.facebook.com/share/p/1GCieTATfF/

ပြဿနာတစ်စုံတစ်ရာရှိပါက MOHRE App သို့မဟုတ် Hotline (600590000) သို့ ဆက်သွယ်နိုင်ပါသည်။

ဗီဒီယိုလေးက အကျိုးရှိတယ်ဆိုရင် ဒူဘိုင်းသွားမယ့်သူငယ်ချင်းတွေ၊ လက်ရှိဒူဘိုင်းရောက်နေတဲ့ မြန်မာတွေဆီ Share ပေးဖို့နဲ့ နောက်ထပ် ဗဟုသုတတွေအတွက် Subscribe လုပ်ထားဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ ✨

#ဒူဘိုင်းအလုပ် #ဒူဘိုင်းကုန်ကျစရိတ် #ဒူဘိုင်းအလုပ်သမားဥပဒေ

ဒူဘိုင်း (UAE) မှာ အလုပ်လာရှာဖို့ ပြင်ဆင်နေပါသလား? သို့မဟုတ် လက်ရှိ...

UAE ရောက် မြန်မာလုပ်ငန်းခွင်ဝင်များ (သို့) အလုပ်ရှာဖွေနေသူများ မဖြစ်မနေ နားထောင်သင့်တဲ့ Live Podcast! 🎙️🇦🇪မင်္ဂလာပါ...လက...
26/05/2026

UAE ရောက် မြန်မာလုပ်ငန်းခွင်ဝင်များ (သို့) အလုပ်ရှာဖွေနေသူများ မဖြစ်မနေ နားထောင်သင့်တဲ့ Live Podcast! 🎙️🇦🇪

မင်္ဂလာပါ...

လက်ရှိ UAE မှာ အလုပ်အကိုင်၊ လစာ နဲ့ အလုပ်သမားဥပဒေပိုင်းဆိုင်ရာတွေကြောင့် စိတ်ခေါင်းစားနေရတာမျိုး၊ ဝေခွဲမရဖြစ်နေတာမျိုးတွေ ရှိပါသလား?

ဒါတွေကို အဖြေရှာနိုင်ဖို့အတွက် မနက်ဖြန် မနက် ၁၁ နာရီ မှာ UAE မှာ ၁၀ နှစ်ကျော် နေထိုင်ပြီး ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့ ဗဟုသုတတွေကို အမြဲတမ်း မျှဝေ (Sharing) ပေးနေတဲ့ Ko Than Win (Dubai & Me - Burmese Voice) https://www.facebook.com/dubaiburmesevlogger နဲ့အတူတူ Special Podcast လေးတစ်ခု ပြုလုပ်ဖို့ ရှိပါတယ်။ ✨

ဒီစကားဝိုင်းမှာ လက်ရှိအခြေအနေတွေအရ အားလုံး အဓိက ကြုံတွေ့နေရတဲ့ အောက်ပါ အရေးကြီးအချက်တွေကို မေးမြန်း ဆွေးနွေးသွားမှာပါ -

📌 မဖြစ်မနေ သိထားရမယ့် ဥပဒေနှင့် အခွင့်အရေးများ:

ILOE အာမခံအကြောင်း အသေးစိတ် သိကောင်းစရာ။

UAE ရဲ့ အလုပ်သမားဥပဒေ (Labor Rules & Regulations) ထဲက မဖြစ်မနေ သိထားသင့်တဲ့အချက်များ။

💼 လက်ရှိ အခြေအနေနှင့် လုပ်ငန်းခွင် ပြဿနာများ

အလုပ်ရှင်က လစာမပေးရင်/ကြန့်ကြာရင် ဘာတွေလုပ်လို့ရလဲ?

လက်ရှိ အခြေအနေတွေကြောင့် အစမ်းခန့်ကာလ (Probation) အတွင်းဖြစ်စေ၊ အစမ်းခန့်ပြီးနောက်ပိုင်း ဖြစ်စေ အလုပ်ရပ်နားခံရရင် ဘာတွေပြင်ဆင်ထားရမလဲ?

Promotion (ရာထူးတိုး) ရပ်နားခံရရင် ဘာတွေသိဖို့ လိုမလဲ?

🎯 အလုပ်အကိုင် အကြံပြုချက်များ

UAE မလာခင် နှင့် အလုပ်သစ်မဝင်ခင် ကြိုတင်စဉ်းစားသင့်တဲ့ အချက်များ

HR တစ်ယောက်အနေနဲ့ အလုပ်ခန့်/မခန့်ကို ဘာတွေကြည့်ပြီး ဆုံးဖြတ်လေ့ရှိလဲ?

💬 ဘော်ဒါတို့ရော ထပ်ပြီး သိချင်တာ ဘာတွေရှိသေးလဲ?

ကိုယ်တိုင် ကြုံတွေ့နေရသည့် အခက်အခဲများ သို့မဟုတ် သိချင်သည့် မေးခွန်းများရှိပါက မနက်ဖြန် မနက် ၁၁ နာရီ Podcast မစတင်ခင် အောက်က Comment မှာ ကြိုတင်ပြီး ရေးခဲ့ပေးပါဦးဗျာ။ အစ်ကို့ကို ပြန်လည် မေးမြန်း ဆွေးနွေးပေးသွားပါမည် ခင်ဗျာ။

ဒီ Podcast ရဲ့ ဆွေးနွေးချက် အသေးစိတ်ကို Beyond The Fame Myanmar YouTube Channel မှာ တင်ပေးသွားမှာဖြစ်လို့ အောက်က Link ကနေ အရောက်လာခဲ့ဖို့နဲ့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။ 🔗👇

👉 https://youtube.com/?si=tQfgiuyKuuBB1vEZ

(Channel လေးကိုလည်း Subscribe လုပ်ထားကြဦးနော်) 🔔✨

Address

Yas Village, Yas Island
Abu Dhabi

Alerts

Be the first to know and let us send you an email when Beyond The Fame Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Beyond The Fame Myanmar:

Shortcuts

Share

Category