21/05/2024
ကျန်ခဲ့တဲ့ နွေကာလကို ပြန်ကြည့်ရင် တကယ်ကို အကျိုးရှိခဲ့တဲ့ 3လ ပါ။ Feb 20 ကျော် စာမေးပွဲတွေ ပြီးကတည်းက ကိုယ်အပါအဝင် ဆရာ/ဆရာမ 8ယောက် နဲ့ တပည့် အားလုံး တက်ညီလက်ညီ သင်ကြားသင်ယူလိုက်ကြတာ ခုဆို တော်တော်လေး ခရီးရောက်နေပါပြီ၊ ဆက်ပြီးလဲ ဒီလိုပဲ ကြိုးစားခရီးနှင်ကြစို့နော်...
With love ♥️
Tr Hnin Pwint
15/05/2024
ဘယ်အရွယ် ကျောင်းသားပဲဖြစ်ဖြစ်
ကိုယ်ပိုင်စာကြည့်ချိန်ဆိုတာ ရှိရပါမယ် နော်
တချိန်လုံး သင်ချည်းပဲ နေလို့မရပါဘူး
ကလေးအတွက် သင့်တော်တဲ့ ပမာဏရှိတဲ့ အိမ်စာကို ပေးလိုက်ရင် ကလေးကိုယ်တိုင်လုပ်ရပါမယ်
အဲ မိနစ်ပိုင်းလေးကို မိဘက ဂရုစိုက်ပေးမယ်
အိမ်စာအပြင် ဒီနေ့သင်တဲ့စာလေး မေးပြီး ဖတ်ခိုင်းတာမျိုး လုပ်ပေးမယ် ဆိုရင်တောင် တော်တော် လုံလောက်နေပါပြီ။ ကြိမ်ဖန်များစွာ သင်နေဖို့ မလိုအပ်ပါဘူး။
ကြိမ်ဖန်များစွာ သင်ခြင်းဟာ စာသင်ခန်းတွင်း အာရုံစူးစိုက်မှုကို လျော့စေတာကို သတိပြုစေချင်ပါတယ် ရှင့်
#မိုးကြိုးကျူရှင်
13/05/2024
အမလေး အမှန်တွေ 😂😂😂
ဒီလိုအခြေအနေတွေကို ဆယ်နှစ်ကျော် သည်းခံလာတာနော် 😎😁
Dialogue from K drama " midnight romance"
13/04/2024
ယနေ့မှ စ၍ April 17 အထိ
ကျူရှင်ပိတ်ပါတယ်ရှင့်
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင် 🙏🙏🙏
12/03/2024
4 English question sets (2024)
01/03/2024
Grade 8 နှင့် Grade 9 အတွက်
စတက်ရမဲ့နေ့ March 5 အချိန်စာရင်းလေးပါ
Grade 8 မနက် ၇ခွဲ မှ ၁၀ နာရီ ထိ
Grade 9 မနက် ၈:၄၅ မှ ၁၁ နာရီ ၁၅ မိနစ် ထိ
01/03/2024
Grade 5 နွေတန်း အပ်ထားသူများရှင့်
မတ်လ ၅ရက်နေ့ မနက် ၁၀ နာရီ စတက်ရပါမယ်
ပုံနှိပ်စာအုပ် (အသစ်ဖြစ်လျှင် ပိုအဆင်ပြေ)
ဗလာစာအုပ် ၂အုပ် ယူလာကြပါရန်
Tr. Hnin Pwint
22/02/2024
G5 တစ်တန်းတည်းသာ Eng သီးသန့် နွေသင်တန်းရှိပြီး
ကျန် Grade 6 မှ 12 အထိကတော့ ပုံမှန် တနှစ်လုံးတက်ရမည့် အတန်းများ ရှိပါတယ်။
စတင်ဖွင့်မည့် ရက်များ
G8/9/11 ..... March 5
G6/7/10 ......March 21
G 12 ကတော့ ယနေ့ စပြီ ဖြစ်ပါတယ်ရှင့်။
12/02/2024
မိုးကြိုး ကျူရှင်မှ Grade 5 အတွက် ...
ကျောင်းသင်ရိုး အင်္ဂလိပ်စာ နွေ (သုံးလပြတ်) သင်တန်းလေး ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
သင်ရိုးပြတ်သာမက စာမေးပွဲအတွက် လိုအပ်တဲ့ grammar သင်ခန်းစာများပါ သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်။
* မတ်လ ၅ ရက်နေ့ စတင်မည် *
*လူအရေအတွက်အကန့်အသတ်ဖြင့်သာလက်ခံပါမည်။
Ph 09770815737
Page chat box ကြိုက်ရာမှ ဆက်သွယ်အပ်နှံနိုင်ပါပြီ
With love
Tr. Hnin Pwint
04/02/2024
2023/24 Academic Year
Moe Kyoe Tuition
Tuition Funfair
13/01/2024
ဒီနေ့ ဘက်ရဲ အထက ပညာရေးစုံညီပွဲတော်မှာ
ဉာဏဆိုင်ရာ ဆု အမျိုးမျိုးရရှိခဲ့ကြတဲ့
မိုးကြိုးကျူရှင်မှ ကျောင်းသူ/သားများ ပါရှင်
31/12/2023
May all of you have the best in 2024 🎉🎉🎉
03/12/2023
Facebook မှာ မတင်ချင်လို့ 😁
English skills competition (G5)
One of my G5 students' presentation in English skills competition. She stood first in that level.
17/11/2023
·
၁။၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။
၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။
(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။
(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)အတွင်း ကျင်းပရန် ဖြစ်ပါသည်။
(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို … အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။
Credit to original uploader
16/08/2023
Silent 'b'
Some example words
💣Bomb
🧗Climb
🍞Crumb
💰Debt
🤷Doubt
🚼Womb