Ayar Hlaine

Ayar Hlaine

Personal Blog Page for share my knowledge.

Operating as usual

05/05/2023

Singapore နှင့် အလုပ်အကိုင် အခွင့်အလမ်းများ (၂)
=====================================================
Singapore က Work passes များအကြောင်း?

Work pass ဆိုတာ တစ်နည်းအားဖြင့် အလုပ်လုပ်ခွင့် ဗီဇာကိုဆိုလိုတာပါ
ပုံမှန် အလည်အပတ်လာရင်တောင် "အလည်ဗီဇာ" လုပ်ရသလိုမျိုး
စင်္ကာပူမှာ အလုပ်လုပ်တော့မယ်ဆိုရင်လည်း "အလုပ်ဗီဇာ" လိုအပ်ပါတယ်

"အလုပ်ဗီဇာ" ကိုတော့ ကိုယ်အလုပ်လုပ်တဲ့ ကုမ္ပဏီ ကနေ လျှောက်ပေးမှရမှာပါ
သင်ဟာ နိုင်ငံခြားသားတစ်ယောက်ဆိုရင် "အလုပ်ဗီဇာ" မရှိဘဲ စင်္ကာပူမှာ
အလုပ်လုပ်ခွင့်/နေထိုင်ခွင့်မရှိပါဘူး။

"အလုပ်ဗီဇာ"အမျိုးအစားတွေကတော့ ကိုယ်လုပ်မယ့်
အလုပ်ပေါ်မူတည်ပြီး မတူကြပါဘူး

အကြမ်းဖျင်းအားဖြင့်
1) For Professionals
2) For Skilled and semi-skilled workers
3) For Trainees and students
4) For Family members
5) For other purposes
ဆိုပြီးရှိပါတယ်

1) For Professionals
မန်နေဂျာ၊ ဒါရိုက်တာ၊ Exective level ဝန်ထမ်းများ ၊ စွန့်ဦးတီထွင်သူ၊ လစ $5,000 အထက်ရတဲ့သူတွေအတွက်ပါ။
Employment Pass, EntrePass, Personalised Employment Pass, etc စတဲ့ Pass အမျိုးအစားတွေရကြပါတယ်။

2) For Skilled and semi-skilled workers
အခြေခံအလုပ်သမားမဟုတ်သော ရုံးဝန်ထမ်းများ၊ အိုင်တီသမားများ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ Accountant မျာ၊ စသဖြင့်ပေါ့ဗျာ။ University တစ်ခုခုကနေဘွဲရပြီး အဲဒီဘွဲနဲ့ပဲအလုပ်ရတဲ့သူတွေပေါ့။ S Pass ဆိုတဲ့ Pass အမျိုးအစားရကြပါတယ်။

တစ်ခြားအခြေခံအလုပ်သမား၊ ရွှေ့ပြောင်းအလုပ်သမား၊ အိမ်အကူ စတဲ့သူတွေကျတော့ Work Permit ဆိုတဲ့ Pass အမျိုးအစားရကြပါတယ်။

3) For Trainees and students
သင်တန်းလာတက်သူတွေ၊ ကျောင်းသားတွေအတွက်ပါ။ Training Employment Pass, Work Holiday Pass, etc စတဲ့ Pass အမျိုးအစားတွေရကြပါတယ်။

5) For Family members
မှီခိုပေါ့။ မိ့သားစုတွေအတူလိုက်နေမယ်ဆိုလျောက်ရတယ်။ Dependant's Pass, Long-Term Visit Pass, etc စတဲ့ Pass အမျိုးအစားတွေရကြပါတယ်။

6) For other purposes
တစ်ခြားတစ်ခြားသောသူတွေအတွက်ဖြစ်ကြပါတယ်။

"အလုပ်ဗီဇာ" တစ်ခုချင်းစီတိုင်းမှာ ကန့်သက်ချက်၊ လိုအပ်ချက်တွေရှိပါတယ်။
အများအားဖြင့် Employment Pass, S Pass, Work Permit အဲတာလောက်ကိုနားလည်ရင် အဆင်ပြေပါပြီဗျ။

"အလုပ်ဗီဇာ"သက်တန်းကတော့ အများအားဖြင့် ၂နှစ်ပါ။
"အလုပ်ဗီဇာ"လျောက်တဲ့အချိန်မှာ ကိုယ့်ရဲ့ passport က သက်တမ်းနည်းနေရင်တော့
passport သက်တမ်းကုန်တဲ့ အထိ့ပဲ "အလုပ်ဗီဇာ"သက်တမ်းကရမှာပါ။

အလုပ်အသစ်တစ်ခုပြောင်းတိုင်း "အလုပ်ဗီဇာ" အသစ်လျောက်ရပါတယ်။
နေစရာစီစဥ်ပေးမှု့ ကလည်း "အလုပ်ဗီဇာ" ပေါ်မှာ မူတည်ပါတယ်။

သိ့သလောက်မျှဝေခြင်းဖြစ်ပါသည်။


25/04/2023

Singapore နှင့် အလုပ်အကိုင် အခွင့်အလမ်းများ (၁)
===================================
မြန်မာနိုင်ငံကနေလာပြီး Singapore မှာ ဘာအလုပ်တွေလုပ်ကိုင်နေကြသလဲ?

(1) Accountant
(2) IT Related Worker (IT Support, Software Developer, Website Developer, etc ... )
(3) Construction Related Worker (Engineer, etc ...)
(4) Helper (အိမ်အကူ)
(5) အဖွားကြည့်/ကလေးကြည့်
(6) သူနာပြု့
(7) Cleaning (သန့်ရှင်းရေး)
(8) Hotel Worker
(9) Food & Beverage Worker
(10) Driver
(11) အခြေခံစက်ရုံလုပ်သား (Construction, Farming, Production, etc ...)

တစ်ခြားအလုပ်အကိုင်တွေလည်းရှိပါသေးတယ်။ သိ့သလောက်ဖော်ပြခြင်းသာဖြစ်သည်။ အများစုကတော့ ဒါတွေကိုလုပ်ကိုင်ကြတာပါ။

Photos from Ayar Hlaine's post 18/11/2021

Phone Bill ပံ့သကူ မဲပေါက်သူ 10 ဦးစာရင်း

Phone No ကို page message box ကိုပို့ထားပေးကြပါ။

18/11/2021

သာမညဖလအခါတော်နေ့ ပံ့သကူ

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

သာမညဖလအခါတော်နေ့တွင် အားလုံး စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာရိုးရာအတိုင်း ယခု Ayar Hlaine page မှ ပံ့သကူအနေဖြင့်
phone bill များမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

မဲကံစမ်းလိုသူများအနေဖြင့် အောက်ပါအချက်များကိုပြု့လုပ်ပေးကြပါရန် -
1. Ayar Hlaine Page ကို like and public share လုပ်ပါ
2. ယခု post အောက်မှာ public share comment ပြပါ

phone bill ကိုတော့ ည ၁၂ နာရီမှာ ကြော်ညာပြီးထည့်ပေးသွားမှာဖြစ်ပါတယ်။ Random Comment pick လုပ်ပီး အယောက် ၁၀ ဉီးကို phone bill တစ်ထောင်စီဖြည့်ပေးသွားမှာဖြစ်ပါတယ်။

18/11/2021

𝗜𝗻𝗳𝗿𝗮𝘀𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 𝗮𝘀 𝗰𝗼𝗱𝗲(𝗜𝗮𝗖)

ယခုနောက်ပိုင်း infrastructure ကို
management လုပ်တဲ့ DevOps or Software Engineer
တွေဟာ Infrastructure as code tools တွေသုံးလာကြတယ်။

အားသာချက်တွေကတော့ cost and risks.

Cost ဆိုတဲ့နေရာမှာ ကုန်ကျစရိတ်သာမက
လူကိုယ်တိုင် efforts လုပ်ရတာတွေပါသက်သာစေတယ်။

Risks ဆိုတဲနေရာမှာ လူကိုယ်တိုင် manage လုပ်တယ်ဆိုရင်အမှားတွေအများကြီးဖြစ်တက်ပါတယ်။
ဉပမာ။ ။ AWS instance ကြီး မလိုအပ်ပဲ run ထားမိ့တာမျိူးပေါ့။

အသုံးများတဲ့ IaC tools တွေကတော့
1. Terraform
2. Ansible
စတာတွေဖြစ်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း ကျွမ်းကျင်တဲ့သူတစ်ယောက်မဟုတ်သေးပါ။
ကြိုးစားနေဆဲဖြစ်ပါတယ်။

မိ့မိ့မြင်သမျှ မြန်မာနိုင်ငံမှာလည်းတွင်တွင်ကျယ်ကျယ်သုံးသင့်သည်ထင်လို့ မျှဝေခြင်းသာဖြစ်သည်။

29/10/2021

🤭 AI အစွမ်း အံ့မခန်း 🤭
# # # # # # # # # # # # # # # # # # #
Github copilot ဟာဆိုရင်
Internet ပေါ်မှာ ရှိ့တဲ့
public source code တွေကို reference လုပ်ပြီး
developers တွေအတွက် အထောက်ကူဖြစ်စေပါတဲ့ AI Tool တစ်ခုဖြစ်ပါတယ်။

ဉပမာ။ ။ developer က

// get random numbers between min and max

ဆိုပြီး comment တစ်ကြောင်းရေးလိုက်တာနဲ့

const getRandomNumber = (min, max) => {
return Math.floor(Math.random() * (max - min + 1)) + min;
}

အထက်ပါ function ကို public source code တွေကနေ ရှာပြီး developer ကို ထုတ်ပြပေးတယ်။ ကိုယ်က Accept လုပ်ချင်တယ်ဆိုရင်
Tab Key ကို နိုပ်လိုက်တာနဲ့ အလိုလျောက် complete ဖြစ်သွားမှာပါ။

ပိုမိုသိ့ရှိရင် https://copilot.github.com/ တွင်ဖတ်ရှုပါ။

တစ်ခြားသူတွေရော ဘယ်လိုမြင်ကြလဲ ဝင်ရောက်မှတ်ချက်ပြုနိုင်ပါတယ်။

28/09/2021

Raspberry PI - LEDs

26/09/2021

Raspberry PI - Temperature and Humidity

Want your school to be the top-listed School/college?

Videos (show all)

𝗜𝗻𝗳𝗿𝗮𝘀𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 𝗮𝘀 𝗰𝗼𝗱𝗲(𝗜𝗮𝗖)
RPI - Temperature and Humidity

Website