suZan - 한국어

suZan - 한국어

Share

Korean Language Class

14/02/2024

🤭

Photos from POEA - EPS's post 13/02/2024

အသေးစိတ်သိချင်ရင် ဒီမှာဖတ်ကြည့်နော် 🫶🏻

13/02/2024

EPS မိန်းကလေးတွေလည်း အလုပ်ခေါ်တော့မယ်တဲ့နော် 여러분들 🥳🥳
အခုထဲက ကိုယ့်ဘက်ကအဆင်သင့်ဖြစ်နေအောင်စာတွေကြိုလုပ်ထားကြတော့နော် 🤩
ကိုးရီးယားစာကို အခြေခံကစပြီး လေ့လာချင်ရင်တော့ မင်မင်တို့ page messenger မှာလာရောက်စုံစမ်းလို့ရပါတယ်ရှင့်🫶🏻 (လောလောဆယ်တော့ video classနဲ့ one by one zoom classပဲရှိပါတော့တယ်နော် 여러분)

အားလုံးပဲအဆင်ပြေကြပါစေရှင့်🩷

30/01/2024

여러분 안녕하세요 🤍

မင်မင် သင်တန်းလက်ခံထားတဲ့သူလေးတွေကို စာသင်ပေးချိန်တွေနဲ့ အလုပ်များနေလို့ pageလေးကို ပစ်ထားမိတာကြာသွားလို့ 미안해요 🥺

ကဲ ဒီနေ့မှာတော့ မင်မင်က TOPIK မှာ 5급 6급ထိမှန်းထားတဲ့သူလေးတွေအတွက် 쓰기 54번 မှာ လိုရင်းတိုရှင်း အလွယ်တကူ မှတ်မိလွယ်ပြီး ကျက်ရသိပ်မခက်တဲ့ 속담 (5) ခု ကို ပြောပြပေးသွားပါတယ်နော် 🫶🏻

(1) 그림의 떡 (ပန်းချီကားထဲက ဆန်မုန့်)
설명 - 마음에 들어도 가질 수 없을 때 (စိတ်တိုင်းကျသော်လည်း သယ်ဆောင်သွားလို့မရသောအခါ)

(2) 누워서 떡 먹기 (လှဲပြီးဆန်မုန့်စားခြင်း)
설명 - 일이 매우 쉽다 (အလုပ်ကိစ္စက အရမ်းလွယ်ကူသည်)

(3) 모르는 게 약 (မသိတာက ဆေး)
설명 - 아무 것도 모르면 차라리 마음이 편하여 좋다 (ဘာကိုမှမသိရင် စိတ်သက်သာလို့ ကောင်းပါသည်)

(4) 아는 것이 병 (သိတာက ရောဂါ)
설명 - 정확하지 못하거나 분명하지 않은 지식은 오히려 걱정거리가 될 수 있다 (မတိကျ မရှင်းလင်းတာတွေကို နားလည်သဘောပေါက်ခြင်းက ဆန့်ကျင်ဘက်အနေနဲ့ စိုးရိမ်စရာတွေ ဖြစ်လာနိုင်သည်)

(5) 시간은 금 (အချိန်က ရွှေ)
설명 - 사간의 소중함 (အချိန်ရဲ့တန်ဖိုးရှိမှု)

ကဲ ဒါဆိုရင်တော့ ဒီ 속담 (5)မျိုးကတော့ တိုတိုနဲ့လွယ်လွယ်ကူကူမှတ်နိုင်မယ်ထင်ပါတယ်နော် 🩷

နောက်ထပ်လည်း မင်မင်အားရင်အားသလို Korean Language နဲ့ပတ်သတ်ပြီး အသုံးဝင်မယ့် postလေးတွေတင်ပေးသွားမှာမို့ page ကို like & follow လုပ်ထားပေးပါဦးနော်😍


Photos from suZan - 한국어 's post 03/01/2024

ဒီpost အောက်မှာ cmtမန့်ပေးထားတဲ့သဲလေးတို့ရေ messenger မှာ ကိုယ်တက်မယ့်အတန်းလေးကို လာပို့ပေးပါနော် မင်မင် သက်ဆိုင်ရာ telegram linkလေးကို ပို့ပေးပါမယ်ရှင့် 🩷
(ထပ်မန့်လို့မရတော့ပါဘူးနော် အခုမန့်ထားပြီးသားသူလေးတွေပဲ Joinခွင့်ပေးပါမယ်ရှင့်)
နောက်ပိုင်းကျ level တန်းခွဲအများကြီးကို ပညာဒါနဖွင့်နိုင်အောင်ကြိုးစားသွားပါ့မယ်ရှင့်🫶🏻

26/12/2023

여러분 안녕하세요 ✨

ဒီနေ့မှာတော့ မင်မင်က နောက်ထပ် Grammar (문법) လေးတစ်ခုကို sharing လုပ်ပေးပါမယ်🫶🏻

“ Noun 이야/야 “ ဆိုတဲ့ 문법 ဖြစ်ပါတယ်

“ကတော့၊တော့” လို့အဓိပ္ပာယ်ရပါတယ်

နာမ်ရဲ့အဓိပ္ပာယ်ကိုလေးနက်စေပြီး နာမ်နဲ့တွဲဆက်၍ ထိုနာမ်အတိုင်းဖြစ်ခြင်းသည် သဘာဝ (သို့မဟုတ်)ဖြစ်လေ့ဖြစ်ထပဲမို့လို့အထူးပြောနေရန်မလိုဆိုသောပုံစံမျိုးအဖြစ် အသုံးပြုပါတယ်

Example :

(1) 가: 김치를 외국사람들이 많이 아는 것 같아.
나: 김치야 가장 유명한 한국 음식 중 하나니 까, 외국 사람들이 모를 리 없지.
(1) 가: ကင်မ်ချီကို နိုင်ငံခြားသားတွေ တော်တော်များများ သိကြတယ်ထင်တယ်
나: ကင်မ်ချီကတော့ ကိုရီးယားအစားအစာတွေထဲမှာ နာမည်အကြီးဆုံးဖြစ်လို့နိုင်ငံခြားသားတွေမသိစရာအကြောင်းမရှိဘူးလေ

(2) 가: 현재의 상황을 들다고만 생각하지 말고 마음을 좀 편안하게 가져 봐.
나: 말이야 쉽지.근데 그게 생각 처럼 쉬운 일이 아니야.
(2) 가: လက်ရှိအခြေအနေကို ပင်ပန်းတယ်ပဲ စဉ်းစားမနေဘဲ စိတ်ကို သက်သက်သာသာထားကြည့်
나: အပြောကတော့ လွယ်တာပေါ့ ဒါပေမဲ့ စဉ်းစားသလို လွယ်တဲ့ကိစ္စမဟုတ်ဘူး

ကဲ ဒါဆိုရင်တော့ Grammar လေးကို နားလည်သွားပြီဆိုရင် ကိုယ်ပိုင်စာကြောင်းလေးတွေ တည်ဆောက်ကြည့်ပါနော် နောက်ထပ်လည်း အသုံးဝင်မယ့် Grammar လေးတွေ တင်ပေးသွားမှာမို့ pageကို like & follow လုပ်ထားဖို့ မမေ့နဲ့နော် 😍

20/12/2023

여러분 안녕하세요 ✨

ဒီနေ့မှာတော့ မင်မင်က Grammar (문법) လေးတစ်ခုကို sharing လုပ်ပေးပါမယ်🫶🏻

Verb + 기로서니
V/었/았/였+ 기로서니
Noun+ (이)기로서니 ဆိုတဲ့ 문법 ဖြစ်ပါတယ်

“(ဖြစ်)စေဦးတော့/ (ဖြစ်)တယ်ပြောပြော/(ဖြစ်)တယ်ဆိုပေမယ့်” လို့အဓိပ္ပာယ်ရပါတယ်

아무리 နဲ့တွဲသုံးလေ့ရှိပြီးတော့ 다고 해도 ဆိုတဲ့ 문법နဲ့လည်း ဆင်ပါတယ်

အသုံးပြုပုံကတော့ “ရှေ့ကအခြေအနေ အကြောင်းအရာကိုလက်ခံပေးနိုင် နားလည်ပေမယ့် အဲ့ခြေအနေကနေ နောက်အဖြစ်အပျက်အတွက် အကြောင်းရင်းဖြစ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံ” မျိုး ပြောချင်တဲ့အခါမှာ ဒီ Grammar patternလေးကို သုံးလို့ရပါတယ်

Example :

(1) 아무리 화가 나기로서니 심하게 욕을 하면 안됩니다.
(1) ဘယ်လောက်ပဲ ဒေါသထွက်တယ်ပြောပြော ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုခြင်း လုပ်လို့ မဖြစ်ပါဘူး

(2) 아무리 돈이 중요하기로서니 건강보다 중요하겠어?
(2) ဘယ်လောက်ပဲ ပိုက်ဆံက အရေးကြီးတယ်ဖြစ်ဦးတော့ ကျန်းမာရေးထက် အရေးကြီးပါ့မလား?

(3) 과거에 아무리 올림픽 선수였기로서니 이제 60살이나 됐는데 건강이 완벽할 수 없지.
(3) အရင်က ဘယ်လောက်ပဲ အိုလံပစ်အားကစားသမားဖြစ်တယ်ဆိုပေမယ့် အခု အသက်၆၀ဖြစ်သွားရင် ကျန်းမာရေးက မကောင်းနိုင်တော့ပါဘူး

(4) 저 사람이 아무리 유명한 가수이기로서니 어딜 가든 계속 팬들이랑 인사하고 사인해주고 싶겠어요?
(4) ဟိုလူက ဘယ်လောက်ပဲ နာမည်ကြီးတဲ့အဆိုတော်ဖြစ်တယ်ပဲပြောပြော ဘယ်နေရာသွားသွား ဆက်တိုက် ဖန်တွေနဲ့ နှုတ်ဆက်ပြီး လက်မှတ်ထိုးပေးချင်ပါ့မလား?

ကဲ ဒါဆိုရင်တော့ Grammar လေးကို နားလည်သွားပြီဆိုရင် ကိုယ်ပိုင်စာကြောင်းလေးတွေ တည်ဆောက်ကြည့်ပါနော် နောက်ထပ်လည်း အသုံးဝင်မယ့် Grammar လေးတွေ တင်ပေးသွားမှာမို့ pageကို like & follow လုပ်ထားဖို့ မမေ့နဲ့နော် 😍

18/12/2023

Monday ကနေ Friday အထိကို ဖြတ်သန်းပုံအဆင့်ဆင့် 😆

Video လေးလည်းကြည့်ပြီး ကိုးရီးယားလို တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ အခေါ်အဝေါ်လေးတွေ တခါတည်း တွဲမှတ်လို့ရပါတယ် 🫶🏻

Monday - 월요일
Tuesday - 화요일
Wednesday - 수요일
Thursday - 목요일
Friday - 금요일
Saturday - 토요일
Sunday - 일요일

Photos from suZan - 한국어 's post 15/12/2023

여러분 안녕하세요

ဘယ်ဘာသာစကားတွေ သင်ယူနေကြပြီလဲ 👀

အပြိုင်အဆိုင်များတဲ့ခေတ်ကာလာကြီးမှာ လူတိုင်းက ဘာသာစကားတစ်မျိုးမဟုတ်တစ်မျိုးတော့ သင်ယူနေကြတယ်ဟုတ်?

မည်သည့်ဘာသာစကားကိုမဆို ကိုယ့်ဘက်က အချိန်တစ်ခုပေး investလုပ်ပြီး လေ့လာထားခြင်းဟာ တစ်ချိန်ချိန်မှာ အသုံးဝင်လာမယ့်လမ်းစတစ်ခုပါပဲနော် ဒီတော့ဘာသာစကားတစ်ခုလေ့လာရာမှာလည်း အဓိကက ဒီဘာသာစကားကို “ကိုယ်ဘယ်နေရာမှာ ဘယ်လိုအသုံးချမလဲ” “ကိုယ့်အတွက် ဘယ်လိုအသုံးဝင်မလဲ” “တကယ်ရော ဝါဿနာပါတာလား” စတာတွေကို သေချာစဉ်းစားပြီးမှ လေ့လာသင့်တယ်လို့ မင်ကတော့ ထင်ပါတယ် မဟုတ်ရင် စိတ်မဝင်စား အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်နော် (မင် ကိုယ်တွေ့)🥺

မင်မင်က ဒီနေ့မှာ Korean Language ကိုအစကတည်းကလည်း စိတ်ဝင်စားတယ် တစိုက်မတ်မတ်လေ့လာသင်ယူချင်တဲ့သူလေးတွေအတွက် မင်မင်တို့ရဲ့ suZan-한국어 Korean Language Online Classလေးကနေ ကြိုဆိုလိုက်ပါတယ် ❤️

အတန်းချိန်တွေအားလုံးကတော့ ရုံးသမား၊ကျောင်းသမားတွေ အဆင်ပြေအောင်လို့ ညပိုင်းအချိန်တွေပဲ လုပ်ပေးထားပါတယ်ရှင့် အသေးစိတ်ကိုတော့ page messenger မှာ လာရောက်စုံစမ်းလို့ရပါတယ်နော် Yonsei Course အားလုံးက Workbook ပါသင်ကြားပေးပါတယ်နော် (ပုံထဲမှာ မင်တို့မထည့်ထားမိလို့ပါ)

Onlineအတန်းတွေက လူဦးရေ အကန့်အသတ်ရှိပါတယ်နော် တစ်တန်းကို တီချယ်တွေက အနည်းဆုံး (၃)ယောက် အများဆုံး (၅)ယောက်လောက်ပဲ လက်ခံမှာမို့ မြန်မြန်လေးတော့ လာအပ်ဖို့လိုပါတယ်နော် လူနည်းနည်းနဲ့ ထိထိရောက်ရောက်လေး သင်မှာမို့လို့ပါ video class တွေကလည်း videoကြည့်ပြီး ပြီးရောဆိုပြီး ပစ်မထားပါဘူးနော် အိမ်စာတွေထပ်ပြီးစစ်ပေးမှာပါ တကယ်စာလုပ်တဲ့သူဆို တကယ်ရပါတယ်ရှင့် 🫶🏻

နောက်တစ်ခုက အများနဲ့သင်ရတာ အဆင်မပြေတဲ့သူတွေ၊ တစ်ယောက်တည်း သေချာဖိဖိစီးစီး သင်ချင်တဲ့သူတွေ၊ introvert လေးတွေအတွက် one by one online classလည်းရှိပါတယ်ရှင့် ကဲ ဒီတော့ စိတ်ဝင်စားရင် အမြန်ဆုံးလာရောက်ပြီး စာရင်းပေးလို့ရပါပြီနော် ဒါကတော့ သင်ကြားပေးမယ့် တီချယ်နှစ်ယောက်ရဲ့ profile link ပါ ✨

https://m.facebook.com/story.php?story_fbid=122114562416128299&id=61553848977004

ပြီးတော့ ပညာဒါနအနေနဲ့ မင်တို့အခု postလေးကို like & share လုပ်ပြီး cmtမှာ mentပေးခဲ့ပါ 👇🏻 Basic Video Class (၅)ယောက် Yonsei 1-1 Video Class (၅)ယောက် Total (၁၀) ယောက်ကို free တက်ခွင့် giveawayလေးလုပ်ပေးပါမယ်နော် ဒီလကုန်ကျ comment picker နဲ့ကြေညာပေးပါ့မယ် အခုလို စီးပွါးရေးတွေကျပ်တည်းနေတဲ့အချိန်မှာ မင်တို့ပေးနိုင်တာ ဒီလိုပညာဒါနလေးတွေပဲရှိပါတယ်🥺❤️ အားလုံးပဲ Good Luckပါ🍀

Photos from suZan - 한국어 's post 14/12/2023

여러분 안녕하세요

ဒီနေ့ကတော့ မင်မင်တို့ suZan-힌국어 pageလေးမှာ ကိုးရီးယားစာသင်ကြားပေးမယ့် တီချယ်နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ် ta da~~~ ✨

တီချယ်နှစ်ယောက်လုံးက TOPIK level 5급 အောင်မြင်ပြီးသားဖြစ်သလို စာသင်ကြားမှုအတွေ့အကြုံကလည်း 3နှစ်ရှိပါပြီ လက်ရှိမှာတော့ တီချယ်တို့က Korean Embassy in Myanmar မှာ SNS support အဖြစ်သော်လည်းကောင်း၊ Korean Net မှာ Honorary Reporter အဖြစ်သော်လည်းကောင်း Volunteer အဖြစ်လုပ်ကိုင်လျက်ရှိပါတယ် 🫶🏻

ကဲ ဒီတော့ တီချယ်နှစ်ယောက်ရဲ့profile လေးကို သိပြီးသွားရင် မနက်ဖြန်မှာ ချယ်တို့ သင်တန်းနဲ့ ပတ်သတ်ပြီး detailsထပ်တင်ပေးသွားပါ့မယ်နော် လောလောဆယ်တော့ one by one သင်ချင်သူများရှိရင် page messenger မှာလာရောက်စုံစမ်းလို့ရပါတယ်ရှင့် cmtမှာလည်း တီချယ်တို့ သင်ပေးခဲ့တဲ့ ကျောင်းသားတစ်ချို့ရဲ့ feedback လေးတွေတင်ပေးထားပါတယ်နော် 그럼…..안녕 🤗

Photos from suZan - 한국어 's post 11/12/2023

여러분 안녕하세요!!! 잘 지내지…..?

ဒီနေ့မှာတော့ မင်မင်က Listening skill တိုးတက်ဖို့အတွက် နားထောင်သင့်တဲ့ podcast channel (10) ခုကို sharing ပေးချင်ပါတယ် 🎧🩵

Korean စာလေ့လာနေတဲ့သူတွေအဖို့ Kpop song တွေနားထောင်တဲ့အခါ များသောအားဖြင့် Spotify appလေးနဲ့ နားထောင်ကြတယ်ဟုတ်? 👀

အဲ့တော့ Spotifyမှာ သီချင်းတွေပဲနားထောင်ရတာ ပျင်းလာတဲ့အခါ ဒါမှမဟုတ် မေးခွန်းဟောင်း Listening တွေပဲနေ့တိုင်းနားထောင်ရတာ ငြီးငွေ့လာတဲ့အခါ ဒီလိုမျိုး podcast လေးတွေ နားထောင်ပေးတာဟာ အကျိုးလဲရှိစေပြီး အပျင်းလဲပြေစေပါတယ် 🤗

အခု မင်မင် sharingပေးမယ့် podcast channel တစ်ခုချင်းစီကို ပုံအောက်မှာ details ရှင်းပြပေးထားပါတယ်နော် တစ်နေ့ကို အချိန်အများကြီးပေးစရာမလိုပဲ တစ်နေ့တစ်ပုဒ်လောက် နားထောင်ဖြစ်ရင်တောင် Vocabulary လည်းတစ်ခါတည်းမှတ်မိသွားသလို Listening အတွက်လည်း အထောက်အကူဖြစ်စေပါတယ် (မင်မင်ဆို ညတိုင်း အိပ်ရာမဝင်ခင် တစ်ပုဒ်လောက်တော့ နားထောင်ပြီးမှ အိပ်ပါတယ် )

ကဲ ဒါဆို အားလုံးအတွက် အကျိုးရှိစေမယ်လို့ မင်မင်ကမျှော်လင့်ပါတယ်နော် နောက်လည်း sharingလေးတွေ လုပ်ပေးသွားမှာမို့ page လေးကို like & follow လေးလုပ်ထားဖို့ မမေ့နဲ့နော် 안녕 🤗

Photos from suZan - 한국어 's post 27/11/2023

Korean language ကို self studyလေ့လာနေတဲ့သူလေးတွေရှိလား????👀

ရှိရင်တော့ ဒီနေ့မှာ မင်မင်က TOPIK 2 쓰기 လေ့ကျင့်ဖို့အတွက် တကယ်ကောင်းတဲ့ YouTube Channel လေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ် ✨

မင်မင်ကိုယ်တိုင်လည်း 쓰기 ကို အဲ့ channel ကနေ လေ့ကျင့်ခဲ့တာပါ အခုထိလည်း အချိန်အားရင်အားသလို video လေးတွေကြည့်ပြီးလေ့ကျင့်ဖြစ်ပါတယ် channel မှာသင်ပေးတဲ့ 선생님ကလည်း native Korean တစ်ယောက်ဖြစ်ပြီး ကိုယ့်ဘေးမှာ ထိုင်ပြီးသေချာရှင်းပြ ပြောပြပေးနေတဲ့အတိုင်း တကယ်ကို အသင်အပြကောင်းပါတယ် 🩵

အသေးစိတ်ကိုတော့ ပုံအောက်မှာသေချာလေးရေးပေးထားပါတယ်နော် ဒီchannel လေးကို မင်မင်ကိုယ်တိုင်လည်း သူငယ်ချင်းပြောပြလို့ သိပြီး လေ့လာကြည့်ရာကနေ အဆင်ပြေလို့ အကုန်လုံးကို ပြန်ပြီး sharingလုပ်ပေးခြင်းဖြစ်ပါတယ် အားလုံးလည်းအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် 🩵

TOPIK result လည်းထွက်တော့မှာဆိုတော့ ဖြေထားတဲ့သူတွေလည်း Good Luck ပါ ဖြေဖို့ပြင်ဆင်နေတဲ့သူတွေကလည်း 쓰기 အားနည်းတယ်ထင်ရင် ဒီ channelလေးကြည့်ပြီး self studyလုပ်ကြည့်ပါနော် 그럼….안녕🫶🏻

Channel Link ✨
https://youtube.com/?si=ijVGA5IRpPi6txIK

https://t.me/suzankoreanlanguage

20/11/2023

여러분 안녕하세요 🩵

ဒီနေ့ sharing ပေးချင်တဲ့ topicလေးကတော့ zodiac signs တွေကို ကိုးရီးယားလို အခေါ်အဝေါ်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင့် သိပြီးသားသူတွေလည်းရှိသလို မသိသေးတဲ့သူတွေအတွက်လည်း ပြန်လည်sharingလုပ်ခြင်းဖြစ်ပါတယ် 🩵

ပထမဆုံး zodiac sign ကို ကိုးရီးယားလို (별자리) လို့ခေါ်ပါတယ် ကြယ်တည်နေရာ တစ်နည်းအားဖြင့် ၁၂ရာသီခွင်တည်နေရာလို့ အဓိပ္ပာယ်ရပါတယ် sign တစ်ခုချင်းစီကို ဘယ်လိုခေါ်လဲဆိုတာ အောက်မှာဆက်ကြည့်ပေးပါဦးနော် 😉

(1) Aquarius ♒️ - 물병자리
물병- ရေပုလင်း၊ ရေခွက်၊ရေဘူး

(2) Pisces ♓️ - 물고기자리
물고기 - ငါး

(3) Aries ♈️ - 양자리
양 - သိုး

(4) Ta**us ♉️ - 황소자리
황소 - အဝါရောင်/ရွှေရောင်နွား

(5) Gemini ♊️ - 쌍동이자리
쌍동이 - အမွှာပူး

(6) Cancer ♋️ - 게자리
게 - ဂဏန်း

(7) Leo ♌️ - 사자자리
사자 - ခြင်္သေ့

(8) Virgo ♍️ - 처녀자리
처녀 - အပျိုစင်

(9) Libra ♎️ - 천칭자리
천칭 - ချိန်ခွင်

(10) Scorpio ♏️ - 전갈자리
전갈 - ကင်းမြီးကောက်

(11) Sagittarius - 사수자리/궁수자리
사수/궁수 - လေးသမား၊ လေးသည်တော်

(12) Capricorn ♑️ - 염소자리
염소 - ဆိတ်

မင်မင်ကတော့ ဂိုဂိုလေးပါ 👻♍️ ကဲ ဒါဆိုရင်တော့ ကိုယ့်ရဲ့zodiac signလေးကို ကိုးရီးယားလို ဘယ်လိုပြောကြမလဲဆိုတာ အခေါ်အဝေါ်လေးတွေ သိသွားမယ်ထင်ပါတယ် နောက်ထပ်လည်း အကျိုးရှိစေမယ့် topic လေးတွေ sharing ပေးသွားမှာမို့ page ကို like & follow လေးလုပ်ပေးထားကြပါဦးနော် see you! 🫶🏻

pic.crd pinterest

https://t.me/suzankoreanlanguage

Want your school to be the top-listed School/college?

Videos (show all)

🤭
တစ်ပတ်တာဖြစ်စဉ် အတိုချုပ် 🤣