Saya U Thike Htun-English

Saya U Thike Htun-English

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saya U Thike Htun-English, Education, .

Operating as usual

27/04/2024

ရာသီဥတုကပူ၊အခြားအလုပ်လေးတွေလည်းလုပ်နေရလို့အင်္ဂလိပ်စာနဲ့ပါတ်သက်တဲ့ပို့စ်လေးတွေမတင်ဖြစ်တာနည်းနည်းကြာသွားပါတယ်။

made from/ made of/ made with နဲ့made out of အသုံးလေးတွေရေးလိုက်ပါတယ်။

Made from
တစ်စုံတစ်ခုကိုဘယ်လိုထုတ်လုပ်တယ်
(How something is manufactured)
ဆိုတာကိုဖော်ပြတဲ့အခါမှာသုံးတယ်။
ဥပမာစာကြောင်းအချို့ရေးလိုက်ပါတယ်။
Papier mache is made from combining paper and flour.
ဇီးကွက်ရုပ်၊ဖိုးဝရုပ်တို့လိုအရုပ်လုပ်ရသောကော်ပါသည့်စက္ကူပျော့ဖတ်ကိုစက္ကူနဲ့ဂျုံမှုန့်ပေါင်းစပ်၍ထုတ်လုပ်သည်။
Paper is made from crushed wood, bamboo or cloth.
စက္ကူကိုခြေမွဖိသိပ်ထားသောသစ်၊ဝါးသို့မဟုတ်ပိတ်စနဲ့ထုတ်လုပ်သည်။
The earliest canoes were made from tree trunks.
ရှေးကျတဲ့ကနူးလှေတွေကိုသစ်ပင်ပင်စည်တွေကနေထုတ်လုပ်ခဲ့ပါသည်။
Butter is made from churning milk until it becomes cream.
ထောပတ်ကိုမလိုင်ဖြစ်လာတဲ့အထိမွှေထားတဲ့နွားနို့ကနေထုတ်လုပ်သည်။

Made of
တစ်စုံတစ်ခုကိုပြုလုပ်၊ဖွဲ့စည်းတဲ့အခါမှာအခြေခံကျတဲ့ရုပ်ပစ္စည်းတွေအကြောင်း(The basic materials of something)ဖော်ပြတဲ့အခါမှာသုံးတယ်။
(Make of ဟာ Composed of)နဲ့လည်းတူတယ်။
ဥပမာစာကြောင်းအချို့ရေးလိုက်ပါတယ်။
She wore a lovely bracelet made of gold.
သူမသည်ရွှေနဲ့လုပ်ထားတဲ့လှပသောလက်ကောက်တစ်ကွင်းဝတ်ခဲ့သည်။
The toys were made of rubber.
အရုပ်တွေကိုရော်ဘာနဲ့လုပ်ထားသည်။
Those cloths were made of 100% cotton.
အဲဒီ့ပိတ်စတွေကိုချည်သားစစ်စစ်နဲ့လုပ်ခဲ့သည်။
These chairs are made of teak.
ဒီထိုင်ခုံတွေကိုကျွန်းသစ်နဲ့လုပ်ထားသည်။

Made with
ဖျော်ရည်တွေနဲ့အစားအစာတွေပြုလုပ်တဲ့ပစ္စည်းအမယ်တွေ(The ingredients of food and drink) တွေကိုဖော်ပြတဲ့အခါမှာအသုံးများသည်။
ဥပမာစာကြောင်းအချို့ရေးလိုက်ပါတယ်။
This dish is made with beef, red pepper and herbs.
ဒီဟင်းပွဲကိုအမဲသား၊ငရုတ်သီး၊အရွက်တွေနဲ့ချက်ထားသည်။
The quiche is made with eggs, onions, mushro and cheese.
အစာသွပ်မုန့်ကိုကြက်ဥတွေ၊ကြက်သွန်နီတွေ၊မှိုတွေ၊ဒိန်ခဲတွေနဲ့လုပ်ပါသည်။
This cake is made with flour, eggs, sugar and chocolate.
ဒီကိတ်မုန့်ကိုဂျုံမှုန့်၊သကြား၊ကြက်ဥ၊ချောကလက်‌တို့နဲ့လုပ်သည်။
Rice noodles in gravy (Mont-hin-gah) is made with fish, sliced pith of banana stem, roasted rice flour, roasted pea flour, lemon grass, ginger, onions, garlic, eggs and fish sauce.
မုန်ဟင်းခါးဟင်းရည်ကို ငါး၊ငှက်ပျောအူ၊ဆန်လှော်မှုန့်၊ပဲကျက်မှုန့်၊စပါးလင်၊ဂျင်း၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဘဲဥ၊ငံပြာရည်တို့နဲ့ပြုလုပ်ရပါသည်။

Made out of
အရာဝတ္ထုတစ်ခုကနေအခြားတစ်ခုသို့ပြောင်းလဲသွားတဲ့အကြောင်း(Something that has been changed or transformed from one thing into another) ဖော်ပြရာမှာသုံးသည်။
ဥပမာစာကြောင်းအချို့ရေးလိုက်ပါတယ်။
In the 1970s, it was popular to have candle-holders made out of wine bottles.
၁၉၇၀နှစ်တွေမှာ ဝိုင်ပုလင်းတွေကိုပြောင်းပြီးလုပ်ထားတဲ့ဖယောင်းတိုင်ထွန်းစရာတွေသုံးတာလူကြိုက်များခဲ့သည်။
The chairs in my garden are made out of tree stamps.
ကျွန်တော့်ဥယျာဉ်ထဲကထိုင်ခုံတွေကိုသစ်ပင်ပင်စည်အပိုင်းတွေပြောင်းပြီးလုပ်ထားသည်။
The children in that orphanage wore clothes made out of old curtains.
အဲဒီ့မိဘမဲ့ဂေဟာကကလေး‌ေတွသည်ကန်လန့်ကာအဟောင်းတွေကနေလုပ်ထားတဲ့အဝတ်တွေကိုဝတ်ဆင်ခဲ့ကြသည်။
They were living in the tents that were made out of old plasty sheets.
သူတို့သည်ပလပ်စတစ်စအဟောင်းတွေကနေပြုလုပ်ထားတဲ့တဲတွေမှာနေခဲ့ကြသည်။
ခုတော့ဒီလောက်ပါပဲ။
မေတ္တာအနန္တဖြင့်
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း
(ခ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292/ 09-785 798 828
မေလဆန်းမှာGrade(12)အင်္ဂလိပ်စာသီးသန့်အထူးဝိုင်းဖွင့်မည်။ကျောင်းသားဦးရေ(၁၀)ယောက်လက်ခံမည်။

14/02/2024

ဖေဖော်ဝါရီ(၂၈)ရက်နေ့စဖွင့်မည်။
အမှတ်(၂၀၂)မြရတနာ(၆)လမ်း(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420018292 / 09-785798828 ကိုဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Photos from Saya U Thike Htun-English's post 16/01/2024

ဖေဖော်ဝါရီလကုန်မှာစသင်မယ့်Stylistic Writings တန်းအတွက်ပြင်ဆင်နေရပါတယ်။အလယ်တန်းနဲ့အထက်တန်းဆင့်စာသင်သားတွေအတွက်ဖြစ်ပါတယ်။သင်တန်းကာလက(၃)လဖြစ်ပါတယ်။
ဆရာဦးသိုက်ထွန်း
အမှတ်(၂၀၂)၊မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
09-420 018 292 / 09-785 798 828

21/09/2023

Future Perfect Continuous Tense အကြောင်းရေးပါမယ်။
Future Perfect Continuous Tense
Active Voice => shall/will have been + V-ing
Passive Voice => No
*The action started in the past that will continue up until a point in the future.
(အနာဂတ်ကာလအချိန်တစ်ခုအထိဆက်လက်ဖြစ်ပေါ်နေမယ့်အတိတ်ကစခဲ့တဲ့လုပ်ဆောင်ချက်)
လေ့လာစရာစာကြောင်းလေးတွေရေးလိုက်ပါတယ်။
1. Saya U Thike Htun will have been teaching English since 2001.
ဆရာဦးသိုက်ထွန်းသည်၂၀၀၁ခုနှစ်တည်းကနေအင်္ဂလိပ်စာကိုသင်လာခဲ့သည်။
2. We shall have been swimming in the resort's swimming pool for three hours.
စားသောက်ဆိုင်ကရေကူးကန်မှာငါတို့သုံးနာရီကြာရေကူးဖြစ်နေလိမ့်မယ်။
3. He will have been removing the waste from the backyard tomorrow.
မနက်ဖန်အထိသူခြံထဲကအမှိုက်တွေကိုဖယ်နေလိမ့်မယ်။
4. She will have been surprising him on his birthday.
သူ့မွေးနေ့မှာသူမအံ့ဩဖွယ်ရာလုပ်လာလိမ့်မယ်။
5. He will have been singing for the rest of the time.
အနားယူချိန်ထိသူသီချင်းဆိုနေလိမ်မယ်။
6. I shall not have been laughing at him for the whole day.
ငါသူ့ကိုတစ်နေလုံးအထိလှောင်နေမှာမဟုတ်ဘူး။
7. Will she have been having dinner when I enter the room?
ငါအခန်းထဲဝင်လာတဲ့အခါသူမညစာစားနေမှာလား။
ယနေ့ခေတ်ကာလမှာ Future Perfect Continuous Tense ကိုသိပ်ပြီးအသုံးပြုတာမရှိတော့လို့ဒီလောက်ပဲဖော်ပြလိုက်ပါတယ်။
အင်္ဂလိပ်စာနဲ့ပါတ်သက်တာလေးတွေကိုအခါအခွင့်သင့်ရင်သင့်သလိုဆက်ရေးပါမယ်။
Tense(12)မျိုးလုံးကိုဆရာ့ရဲ့ပေ့ခ်ျထဲမှာလေ့လာလို့ရပါတယ်။
ဆရာဦးသိုက်ထွန်း
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292 / 09-785 798 828

18/09/2023

Future Perfect Tenseအသုံးပြုပုံလေးရေးပါမယ်။
Future Perfect Tense
Active Voice => shall/will have + V3
Passive Voice => shall/will have + been + V3
*The action completed at some point of time in the future.
(အနာဂတ်တစ်ချိန်ချိန်မှာပြီးစီးနေလောက်မယ့်ဆောင်ရွက်ချက်)
လေ့လာစရာစာကြောင်းလေးတွေဖော်ပြလိုက်ပါတယ်။
1. This time next year I shall have finished my job in Singapore.နောင်နှစ်ဒီအချိန်ဆိုရင်စင်္ကာပူကငါ့အလုပ်ပြီးလောက်ပြီ။
2. I shall have done my homework tomorrow.
မနက်ဖန်ဆိုငါအိမ်စာလုပ်တာပြီးလောက်ပြီ။
3. By the end of this week I shall have left for Bago.
ဒီတစ်ပတ်နောက်ဆုံး‌မှာငါပဲခူးကထွက်လာလောက်ပြီ။
4. A car will have been bought before you return home from the trip.
မင်းခရီးကပြန်မရောက်ခင်ကားတစ်စီးဝယ်ပြီးလောက်ပြီ။
5. What will you have achieved by the year 2050?
သက္ကရာဇ်၂၀၅၀မှာမင်းဘာတွေအောင်မြင်မှုရလောက်ပြီလဲ။
6. By the end of this year I shall have bought a new car.
ဒီနှစ်အကုန်မှာငါကားသစ်တစ်စီးဝယ်ပြီးလောက်ပြီ။
7. Before this time tomorrow I shall have received a watch from her.
မနက်ဖန်ဒီအချိန်မရောက်ခင်ငါသူမဆီကနာရီတစ်လုံးရလောက်ပြီ။
8. When I get to Bago, I shall have driven 50 miles.
ငါပဲခူးရောက်တဲ့အခါမိုင်ငါးဆယ်ကားမောင်းပြီးလောက်ပြီ။
9. In the future, robots will have served and mended each other.
အနာဂတ်မှာစက်ရုပ်တွေဟာသူတို့အချင်းချင်းဝန်ဆောင်မှုတွေပြုပြင်ထိန်းသိမ်းမှုတွေပေးနေလောက်ပြီ။
10. By tomorrow morning the rain will have stopped.
မနက်ဖန်မနက်ဆိုရင်မိုးတိတ်လောက်ပြီ။
ဆက်လက်ဖော်ပြပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292 / 09-785 798 828

28/08/2023

Future Continuous Tense အကြောင်းရေးပါမယ်။
Future Continuous Tense
Active Voice => shall/will be + V-ing
Passive Voice => No
*The action taking place in the future.
(အနာဂတ်မှာဖြစ်ပေါ်နေမယ့်ဆောင်ရွက်ချက်)
နမူနာစာကြောင်းလေးတွေရေးလိုက်ပါတယ်။
1. I shall be working all day tomorrow.
မနက်ဖြန်တစ်နေ့လုံးကျွန်တော်အလုပ်လုပ်နေမယ်။
2. The professor will be speaking from 3:00 to 5:00 p.m.
ညနေသုံးနာရီကနေငါးနာရီအထိပါမောက္ခကြီးစကားပြောနေလိမ့်မယ်။
3. We shall be going to Ngapali this evening.
ဒီညနေကျွန်တော်တို့ငပလီသွားမယ်။
4. She will be attending the computer course from 3:00 to 5:00 p.m.
သူမကွန်ပျူတာသင်တန်းကိုညနေသုံးနာရီကနေငါးနာရီအထိတက်လိမ့်မယ်။
5. Tomorrow when you come, I will be playing the guitar.
မနက်ဖြန်မင်းလာတဲ့အချိန်ငါဂစ်တာတီးနေမှာ။
6. I shall be doing meditation in the Mahasi Sasana Yeiktha this time next week.
နောက်အပတ်ဒီအချိန်မှာကျွန်တော်မဟာစည်သာသနာ့ရိပ်သာမှာတရားထိုင်ဖြစ်မယ်။
7. When we get to Pantheon, it will probably be raining.
ကျွန်တော်တို့ပုသိမ်ကိုရောက်တဲ့အခါမိုးရွာနေလိမ့်မယ်။
8. By this time tomorrow, I will be lying on the beach.
မနက်ဖြန်ဒီအချိန်မှာကျွန်တော်ကမ်းခြေမှာလဲလျောင်းနေလိမ့်မယ်။
9. He will be watching the football match at 4:30 p.m tomorrow.
မနက်ဖြန်ညနေလေးနာရီခွဲမှာသူဘောလုံးပွဲကြည့်လိမ့်မယ်။
10. They will be having dinner at 7 o' clock this evening.
ဒီညနေခုနှစ်နာရီမှာသူတို့ညစာစားလိမ့်မယ်။
11. The workers will be working at 12 noon tomorrow.
မနက်ဖြန်မွန်းတည့်ဆယ်နှစ်နာရီမှာအလုပ်သမားတွေအလုပ်လုပ်နေလိမ့်မယ်။
12. Don't phone to me at 7:00 to 8:00 p.m. I shall be having dinner.
ညခုနှစ်နာရီနဲ့ရှစ်နာရီကြားငါ့ကိုဖုန်းမဆက်နဲ့ငါညစာစားနေမှာ။
13. We shall be seeing in the cinema hall at noon next Sunday.
ငါတို့တွေလာမယ့်တနင်္ဂနွေမွန်းတည့်ဆယ်နှစ်နာရီရုပ်ရှင်ရုံမှာတွေ့ကြမယ်။
14. Will you be studying tomorrow morning?
မနက်ဖြန်မနက်မင်းစာကျက်နေမှာလား။
15. As Our best player gets injured, he will not be playing coming Sunday.
ငါတို့ရဲ့အကောင်းဆုံးကစားသမားဒဏ်ရာရနေလို့လာမယ့်တနင်္ဂနွေနေ့မှာသူကစားမှာမဟုတ်ဘူး။
16. If you do not come me, she will be looking for you at this time tomorrow.
မင်းငါ့ဆီကိုမလာဘူးဆိုရင်သူမမင်းကိုမနက်ဖြန်ဒီအချိန်မှာရှာနေလိမ့်မယ်။
17. Students will be doing their lessons at this time on Monday.
ကျောင်းသားတွေတနင်္လာနေ့ဒီအချိန်သူတို့သင်ခန်းစာတွေလုပ်ကြလိမ့်မယ်။
ဆက်လက်ဖော်ပြပါမည်။
ဆရာဦးသိုက်ထွန်း (အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
09-420 018 292/ 09-785 798 828

19/08/2023

Future Simple Tense အသုံးပြုပုံကိုရေးပါမည်။
Future Simple Tense
Active Voice => shall/will + V1
Passive Voice => shall/will be + V3
*Making prediction or guesses about the future
(အနာဂတ်ကာလကိုကြိုတင်ခန့်မှန်းခြင်း)
*Expressing factual statements about the future
(အနာဂတ်မှာတကယ်ဖြစ်လာမည့်ထုတ်ပြန်ချက်တွေကိုဖော်ပြခြင်း)
*Considering possible conditions in future
(အနာဂတ်မှာဖြစ်လာနိုင်သောအခြေအနေတွေကိုထည့်သွင်းစဉ်းစားခြင်း)
Active Voice => am, is, are + going to + V1
Passive Voice => am, is, are+going to be+V3
*Showing that something will happen in the future
(အနာဂတ်မှာဖြစ်လာမည့်တစ်စုံတစ်ရာကိုဖော်ပြခြင်း)
*Showing a logical prediction for the future or an intension or a plan which has already been decided
(အနာဂတ်မှာလုပ်မည်ဟုဆုံးဖြတ်ထားသည့်ရည်ရွယ်ချက်တစ်ခု သို့မဟုတ် စီမံချက်တစ်ခုအတွက်ယုတ္တိကျသောခန့်မှန်းချက်တစ်ခုကိုဖော်ပြခြင်း)
*အညွှန်းစကားလုံးများ
tomorrow, next, coming, soon, eventually, in the future, in a few times, within a few minutes, ...
လေ့လာစရာဝါကျတွေဖော်ပြလိုက်ပါတယ်။
1. I think that our team will win.
ကျွန်တော်တို့အသင်းနိုင်မယ်လို့ထင်တယ်။
2. I am sure that my cats will hate my new puppy.
ကျွန်တော့်ကြောင်တွေဟာကျွန်တော့်ရဲ့ခွေးသစ်လေးကိုမုန်းလိမ့်မယ်ဆိုတာသေချာတယ်။
3. Next year, it will be a leap year.
နောက်နှစ်ရက်ထပ်နှစ်ဖြစ်မယ်။
4. This expensive shampoo will cost us much money.
အဲဒီ့ဈေးကြီးတဲ့ခေါင်းလျှော်ရည်ကကျွန်တော်တို့ကိုငွေအများကြီးကုန်ကျစေလိမ့်မယ်။
5. If you fail in the test, I shall take your phone.
မင်းအစမ်းစာမေးပွဲကျရင်ငါမင်းဖုန်းကိုယူထားရလိမ့်မယ်။
6. The sky becomes dark; it is going to rain.
မိုးမှောင်လာပြီမိုးရွာတော့မယ်။
7. The visitors are hungry. They are going to have lunch.
ဧည့်သည်တွေဗိုက်ဆာလာပြီ။သူတို့နေ့လည်စာစားတော့မယ်။
8. She is now rich. She is going to buy a new house.
သူမအခုချမ်းသာလာပြီ။အိမ်အသစ်တစ်လုံးဝယ်တော့မယ်။
9. He has a new job. He is going to get up early.
သူအလုပ်အသစ်ရပြီ။သူစောစောအိပ်ရာထရတော့မည်။
10. He will be given a watch by his father who comes back to Japan.
ဂျပန်ကပြန်လာသောအဖေကသူ့ကိုနာရီတစ်လုံးပေးလိမ့်မည်။
11. There is going to be a meeting at 9 p.m tomorrow.
မနက်ဖြန်ကိုးနာရီမှာအစည်းအဝေးရှိတယ်။
12. Shall we go to Chaungtha when the school closes?
ကျောင်းပိတ်တဲ့အခါငါတို့ချောင်းသာသွားကြမလား။
13. When I have read this book, I will lend it to you.
ဒီစာအုပ်ငါဖတ်ပြီးတဲ့အခါမင်းကိုငှားမယ်။
14. As soon as you have taken the medicine, you will feel better.
မင်းဆေး‌သောက်ပြီးမကြာမီနေကောင်းသွားလိမ့်မယ်။
ဆက်လက်ဖော်ပြပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊
(ခ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420-018-292/ 09-785-798-828

Photos from Saya U Thike Htun-English's post 12/08/2023

ဒီနေ့တော့Past Perfect Continuous Tense အသုံးပြုပုံလေးရေးပါမည်။
Past Perfect Continuous Tense
Active Voice => had been + V-ing
Passive Voice => No
*The action which started in the past continued up until another time in the past.
(အတိတ်ကာလမှာစခဲ့သောလုပ်ဆောင်ချက်ဟာအတိတ်ကာလထဲကအခြားအချိန်ထိဆက်လက်လုပ်ဆောင်ဖြစ်နေခြင်း)
*အညွှန်းစကားလုံးများ
How long, since, for, the whole day, all the day, up till now, ...
လေ့လာစရာနမူနာစာကြောင်းလေးတွေရေးလိုက်ပါတယ်။
1. I had been sleeping when they entered the room.
သူတို့အခန်းထဲဝင်လာခဲ့တဲ့အချိန်မှာကျွန်တော်အိပ်နေပြီ။
2. She had been driving the car before she met an accident.
အက်ဆီးဒန့်မဖြစ်ခင်မှာသူမကားကိုမောင်းနေခဲ့တယ်။
3. He had been working for ten years before he left the company.
ကုမ္ပဏီကမထွက်ခင်သူဆယ်နှစ်ကြာအလုပ်လုပ်နေခဲ့တယ်။
4. Mother had been barking cake when I arrived.
ကျွန်တော်ရောက်တဲ့အခါအမေကိတ်မုန့်ဖုတ်နေခဲ့တယ်။
5. The children had been playing for many hours.
ကလေးတွေကစားနေခဲ့ကြတာနာရီများစွာကြာတယ်။
6. Had you been waiting for three hours when she arrived?
သူမရောက်တဲ့အခါမင်းစောင့်နေတာသုံးနာရီကြာပြီမှတ်လား။
7. How long had you been waiting for her?
မင်းသူမကိုဘယ်လောက်ကြာအောင်စောင့်နေခဲ့လဲ။
8. The delivery boy had not been delivered the parcel at the destination on time since yesterday.
ပစ္စည်းပို့တဲ့ကောင်လေးကပါဆယ်ထုတ်ပို့ရမယ့်နေရာကိုမနေ့ကတည်းကအချိန်မီမပို့နိုင်သေးဘူး။
9. She had not been attending class for a month.
သူမအတန်းမတက်ပဲနေတာတစ်လကြာသွားခဲ့တယ်။
***ဗဟုသုတအနေနဲ့သာရေးတာပါPast Perfect Continuous Tenseကိုအခုခေတ်မှာအသုံးပြုတာသိပ်မရှိတော့ပါဘူး။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292 / 09-785 798 828

03/08/2023

ဒီတခါတော့Past Perfect Tenseအသုံးပြုပုံကိုရေးပါမယ်။
Past Perfect Tense
Active Voice => had + V3
Passive Voice => had + been + V3
* In two actions taking place in the past, the first action is described by Past Perfect Tense (had + V3) and the last action is described by Past Simple Tense (V2)
အတိတ်ကာလမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်(လုပ်ဆောင်ချက်)နှစ်ခုမှာ ပထမဖြစ်ရပ်(လုပ်ဆောင်ချက်)ကို Past Perfect Tense (had + V3) နဲ့ဖော်ပြကြီး၊‌နောက်ဖြစ်ရပ်(လုပ်ဆောင်ချက်)ကို Past Simple Tense (V2) နဲ့ဖော်ပြရပါတယ်။
*သေချာမှတ်ထားရမည့်ပုံစံများ
After Subject had + V3 , Subject V2.
Before Subject V2, Subject had + V3.
When Subject V2, Subject had just/already V3.
When Subject had + V3, Subject V2.
*အညွှန်းစကားလုံးများ
after, before, when, already, just, yet, ever, never, ...
လေ့လာစရာနမူနာစာကြောင်းလေးတွေရေးလိုက်ပါတယ်။
1. When you came, I had already taken lunch.
မင်းလာတဲ့အချိန်မှာငါနေ့လည်စာစားပြီးသွားပြီ။
2. They had left before we arrived.
ငါတို့မရောက်ခင်မှာသူတို့ထွက်သွားခဲ့ပြီ။
3. After I had watered the plants in the garden, I took a bath.
ပန်းဥယျာဉ်ထဲကအပင်တွေကိုရေလောင်းပြီနောက်ကျွန်တော်ရေချိုးခဲ့ပါသည်။
4. The car had been repaired before the driver arrived.
ဒရိုင်ဘာမရောက်ခင်ကားကိုပြင်ထားပြီးပြီ။
5. He had already done his work when he went out.
သူထွက်သွားတာတဲ့အချိန်မှာသူ့အလုပ်တွေပြီးနှင့်ပြီးပြီ။
6. She knew that they hadn't had dinner yet.
သူတို့ညစာမစားရသေးတာကိုသူမသိခဲ့သည်။
7. She went to bed after she had written an assay.
စာစီစာကုံးတစ်ပုဒ်ရေးပြီးတော့သူမအိပ်ရာဝင်ခဲ့သည်။
8. He said that he had never eaten sea food.
သူပင်လယ်စာမစားဖူးကြောင်းပြောပြခဲ့သည်။
9. The dog had killed the wolf and saved the baby.
ခွေးသည်ဝံပုလွေကိုသတ်ပြီးကလေးကိုကယ်ခဲ့သည်။
10. The prince thought that his child had been killed by the dog.
သူ့ရဲ့ကလေးကိုခွေးကသတ်လိုက်ပြီဟုမင်းသားကထင်ခဲ့သည်။
11. The children swam at the edge of the sea after they had played on the beach.
ကလေးတွေကမ်းခြေမှာဆော့ကစားပြီးတဲ့နောက်ပင်လယ်ကမ်းစပ်မှာရေကူးခဲ့ကြသည်။
12. After the ambassador had finished his duties, he went back to his native country.
သံအမတ်ကြီးသည်သူ့တာဝန်တွေပြီးဆုံးပြီးနောက်သူ့ရဲ့မူလနိုင်ငံပြန်သွားခဲ့သည်။
13. After we had passed beyond Mandalay, we saw Sagaing Bridge.
ကျွန်တော်တို့မန္တ‌လေးကိုဖြတ်ကျော်ပြီတော့စစ်ကိုင်းတံတားကိုမြင်ခဲ့ရသည်။
14. The teacher gave back the books to the students after she had checked the answers.
ဆရာမသည်အဖြေတွေကိုစစ်ပြီးတဲ့နောက်စာအုပ်တွေကိုကျောင်းသားတွေထံပေးခဲ့သည်။
15. Grandpa had paid homage and went to bed.
အဖိုးဘုရားရှိခိုးပြီးအိပ်ရာဝင်ခဲ့သည်။
16. When the clothes had been washed, they were hung in the sun.
အဝတ်တွေကိုလျှော်ဖွပ်ပြီးတော့နေလှန်းခဲ့သည်။
17. Before he went out, he had locked the door.
သူအပြင်မသွားခင်တံခါးကိုသော့ခတ်ခဲ့သည်။
18. When we got to the cinema hall, thy film had already begun.
ကျွန်တော်တို့ရုပ်ရှင်ရုံရောက်တဲ့အချိန်မှာရုပ်ရှင်ကစပြီးပြနေခဲ့ပြီ။
19. After father went back home from work, he had a shower.
အဖေအလုပ်ကနေအိမ်ပြန်လာပြီးနောက်ရေချိုးခဲ့သည်။
20. When he arrived at the airport, she had already gone.
သူလေဆိပ်ရောက်တဲ့အချိန်မှာသူမကသွားပြီ။
21. After he had done his homework, he was allowed to go out to play.
အိမ်စာလုပ်ပြီးတဲ့နောက်သူ့ကိုအပြင်ထွက်ကစားဖို့ခွင့်ပြုခဲ့သည်။
22. Before we arrived at the airport, we had had breakfast.
လေဆိပ်မရောက်ခင်မှာကျွန်တော်တို့မနက်စာစားထားခဲ့သည်။
23. After I had read the letter, I put it in the envelope.
ကျွန်တော်စာကိုဖတ်ပြီးနောက်စာအိတ်ထဲထည့်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်။
09-420 018 292 / 09-785 798 828

27/07/2023

Past Continuous Tense အသုံးပြုပုံရေးပါမယ်။
Past Continuous Tense
Active Voice => was, were + V-ing
Passive Voice => was, were + being + V3
* The action going on at a particular time in the past.
(အတိတ်ကာလရဲ့သီးခြားအချိန်တစ်ခုမှာဆက်လက်လုပ်ဆောင်ဖြစ်နေတဲ့ဆောင်ရွက်ချက်)
*The action going on in the past interrupted by a sudden past action.
(ရုတ်တရက်ဖြစ်ပေါ်လာတဲ့အတိတ်ဖြစ်စဉ်တစ်ခုကကြားဖြတ်ဖော်ပြလိုက်ခြင်းကိုခံရတဲ့လုပ်ဆောင်နေဆဲအတိတ်ကာလဆောင်ရွက်ချက်)
*When Clause(Whenနဲ့စသောဝါကျပိုင်း)ကို Past Simple Tense (V2)နဲ့ရေးပြီး၊Main Clause(အဓိကဝါကျပိုင်း)ကို Past Continuous Tense (was, were + V-ing)နဲ့ရေးသည်။
*While/As Clause(While/Asနဲ့စသောဝါကျပိုင်း)ကို
Past Continuous Tense (was, were + V-ing)နဲ့ရေးပြီး၊Main Clause(အဓိကဝါကျပိုင်း)ကို Past Simple Tense (V2)နဲ့ရေးသည်။
သို့သော်Parallel Action(အပြိုင်ဖြစ်နေ၊လုပ်နေသောဆောင်ရွက်ချက်)တွေကိုရေးရင်တော့(When/As/ While Clause(When/ As/ While နဲ့စတဲ့ဝါကျပိုင်းတွေရော၊Main Clause (အဓိကဝါကျပိုင်း)ကိုရော
Past Continuous Tense (was, were + V-ing) ပဲရေးရပါတယ်။
*အညွှန်းစကားလုံးများ
all, whole, as, while, when, for a long time,
... o' clock, ... a.m, ... p.m, ...
လေ့လာရန်နမူနာစာကြောင်းတွေဖော်ပြလိုက်ပါတယ်။
1. She was playing tennis all yesterday evening.
သူမသည်မနေ့ကတစ်ညနေလုံးတင်းနစ်ကစားနေခဲ့သည်။
2. The rain was falling this whole week.
ဒီတစ်ပတ်လုံးမိုးရွာနေခဲ့တယ်။
3. Coconut juice was being drunk when you came.မင်းလာခဲ့တဲ့အချိန်အုန်းရေသောက်နေတာ။
4. The wind was blowing all last night.
လေကပြီးခဲ့တဲ့တစ်ညလုံးတိုက်နေခဲ့တယ်။
5. When the phone rang, l was having a shower.ဖုန်းသံမြည်ခဲ့တဲ့အချိန်မှာကျွန်‌ေတာ်ရေချိုးနေတာ။
6. My father was paying homage at five o' clock this morning.
တော့်အဖေဒီမနက်ငါးနာရီမှာဘုရားရှိခိုးနေခဲ့တယ်။
7. While they are playing cards, the police came in suddenly.
သူတို့ဖဲရိုက်နေကြတုန်း‌ရဲတွေရုတ်တရက်ဝင်လာခဲ့တယ်။
8. The sun was shining brightly all yesterday.
မနေ့ကတစ်နေ့လုံးနေသာခဲ့တယ်။
9. It was raining heavily at three o' clock this morning.
ဒီမနက်သုံးနာရီမှာမိုးအရမ်းရွာနေခဲ့တယ်။
10. While Kyaw GyI was waiting for her, he smoked two ci******es.
ကျော်ကြီးသူမကိုစောင့်နေစဉ်မှာစီးကရက်နှစ်လိပ်သောက်ခဲ့တယ်။
11. Yesterday they were searching every room in this house for a long time.
မနေ့ကသူတို့တွေဒီအိမ်ထဲကအခန်းတိုင်းကိုအချိန်အကြာကြီးရှာဖွေနေခဲ့ကြတယ်။
12. We were having lunch when our teacher called us.
ခေါ်ချိန်မှာကျွန်တော်တို့နေ့လယ်စာစားနေကြတယ်။
13. While she was studying for the exam, he phoned.
သူမစာမေးပွဲအတွက်စာကျက်နေစဉ်မှာသူဖုန်းဆက်ခဲ့တယ်။
14. As we were having dinner, the light went out.
ကျွန်တော်တို့ညစာစားနေစဉ်မှာမီးပျက်ခဲ့တယ်။
15. The children were swimming in the pool at 6 p.m yesterday.
မနေ့ကခြောက်နာရီမှာကလေးတွေရေကူးကန်ထဲမှာရေကူးနေကြသည်။
16. They were singing happily when a stranger walked into the room.
လူစိမ်းတစ်ယောက်အခန်းထဲလမ်းလျှောက်လာချိန်မှာသူတို့တွေပျော်ပျော်ရွှင်ရွှင်သီချင်းဆိုနေခဲ့ကြသည်။
17. She took video me while I was playing the guitar.
ကျွန်တော်ဂစ်တာတီးနေတုန်းသူမကျွန်တော့်ကိုဗီဒီယိုရိုက်သွားခဲ့သည်။
18. The students were singing noisily all yesterday afternoon.
မနေ့ကတစ်နေ့လယ်ခင်းလုံးကျောင်းသားတွေဆူညံစွာသီချင်းဆိုနေခဲ့ကြသည်။
19. He was watering the plants when she was feeding the cats.
သူသစ်ပင်တွေရေလောင်းနေခဲ့တဲ့အချိန်သူမကြောင်တွေကိုအစာကျွေးနေခဲ့တယ်။
20. While the children were using smart phones, their mother were knitting a sweater.
ကလေးတွေစမတ်ဖုန်းတွေသုံးနေစဉ်မှာသူတို့အမေကဆွယ်တာတစ်ထည်ထိုးနေခဲ့တယ်။
21. As he was working in his office, his wife was playing cards with her partners.
သူကသူ့ရုံးခန်းမှာအလုပ်လုပ်နေတုန်းသူ့မိန်မကသူမအဖော်တွေနဲ့ဖဲရိုက်နေခဲ့တယ်။
22. They were playing Futsal all yesterday evening.
သူတို့မနေ့ကတစ်ညနေလုံးဖူဆယ်ကစားနေကြတယ်။
23. My brother was watching football matches all last night.
ကျွန်တော့်အစ်ကိုပြီးခဲ့တဲ့တစ်ညလုံးဘောလုံးပွဲတွေကြည့်နေခဲ့တယ်။
ဆက်လက်ဖော်ပြပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292/ 09-785 798 828

22/07/2023

Past Simple Tense အသုံးပြုပုံရေးပါမယ်။
Past Simple Tense
Active Voice => V2
Passive Voice => was, were + V3
* The action which took place at a specific time in the past.
(အတိတ်ကတိကျတဲ့အချိန်တစ်ခုမှာဖြစ်ပေါ်ခဲ့သောဆောင်ရွက်ချက်)
* The action which took place for a period of time in the past but now finished.
(အတိတ်မှာအချိန်ကာလတစ်ခုအထိကြာအောင်ဖြစ်ခဲ့ပြီးပေမယ့်အခုအချိန်မှာပြီးပြတ်သွားတဲ့ဆောင်ရွက်ချက်)
*The historical events/ fables
(သမိုင်းဝင်အဖြစ်အပျက်များ/မှတ်သားစရာပုံပြင်များ)
*အညွှန်းစကားလုံးများ
ago, once, once upon a time, in those days,
in 2021, this morning, this afternoon, this evening, yesterday, the day before, last night, last week, last month, last year, ...
လေ့လာစရာနမူနာစာကြောင်းလေးတွေဖော်ပြလိုက်ပါတယ်။
1. She bought a new house with large compound.
သူမသည်ခြံဝန်းကျယ်တဲ့အိမ်သစ်တစ်လုံးဝယ်ယူခဲ့သည်။
2. I wrote a letter to Thailand a few days ago.
လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်တော်ထိုင်းနိုင်ငံကိုစာတစ်စောင်ရေးခဲ့တယ်။
3. King Anawratha founded the Bagan empire.
အနော်ရထာဘုရင်မင်းမြတ်သည်ပုဂံဧကရာဇ်နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်။
4. Remond, one of the popular vocalists died in 2021.
လူကြိုက်များသောအဆိုတော်တွေထဲကတစ်ယောက်ဖြစ်သောရေမွန်သည်၂၀၂၁ခုနှစ်မှာကွယ်လွန်ခဲ့သည်။
5. I met your brother at the party last Sunday.
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်ခင်ဗျားအစ်ကိုကိုပါတီပွဲမှာတွေ့ခဲ့တယ်။
6. She did not do her homework yesterday.
မနေ့ကသူမအိမ်စာမလုပ်ခဲ့ဘူး။
7. We gained our independence in 1948.
၁၉၄၈ခုနှစ်မှာကျွန်တော်တို့လွတ်လပ်ရေးရခဲ့သည်။
8. Once upon a time, there were four youths studying in Taxila.
ရှေးတုန်းကတက္ကသိုလ်ပြည်မှာပညာသင်ယူနေသောလူငယ်လေးယောက်ရှိခဲ့တယ်။
9. Long long ago, there lived an old man in a village.
ရှေးအခါကရွာတစ်ရွာမှာအဖိုးအိုတ‌စ်ယောက်နေထိုင်ခဲ့တယ်။
10. Bogyoke Aung San was assassinated in 1947.
၁၉၄၇ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည်။
11. Did she wash the clothes yesterday?
မနေ့ကသူမအဝတ်တွေလျှော်ရဲ့လား။
12. Telephone was invented by Alexander Graham Bell.
တယ်လီဖုန်းကိုအလက်ဇန်ဒါဂရေဟမ်ဘဲလ်ကတီထွင်ခဲ့သည်။
13. Did you have a good journey?
ခရီးကောင်းတစ်ခုဖြစ်ခဲ့လား။
14. Saya U Aung Kyi taught me English when I was in high school.
ကျွန်တော်အထက်တန်းကျောင်းသားတုန်းကဆရာဦးအောင်ကြည်ကကျွန်တော့်ကိုအင်္ဂလိပ်စာသင်ပေးခဲ့သည်။
15. When they were in Yangon, they usually ate out.
သူတို့ရန်ကုန်မှာရှိနေတုန်းက အပြင်ထွက်စားလေ့ရှိခဲ့တယ်။
16. He always swan in this pool last year.
မနှစ်ကသူဒီရေကူးကန်မှာအမြဲတမ်းရေကူးခဲ့တယ်။
17. Did you live here when you were on the government staff?
အစိုးရဝန်ထမ်းဖြစ်နေတုန်းကမင်းဒီနေရာမှာနေခဲ့ရသလား။
18. The Shwesigon pagoda was built by King Alaungsithu.
ရွှေစီးဂုံဘုရားကိုအလောင်းစည်သူဘုရင်မင်းမြတ်ကတည်ခဲ့သည်။
19. The ancient Olympic games were held in Olympia, Greece.
ရှေးဟောင်းအိုလံပစ်ပွဲတော်တွေကိုဂရိနိုင်ငံအိုလံပီယာမှာကျင်းပခဲ့ကြသည်။
20. England national football team won the FIFA world cup in 1966.
အင်္ဂလန်အမျိုးသားဘောလုံးအသင်းသည်ဖီဖာကမ္ဘာ့ဖလားကို၁၉၆၆ခုနှစ်ကရရှိ‌အောင်မြင်ခဲ့သည်။
21. Brazil national football team won the FIFA world cup five times.
ဘရာဇီးအမျိုးသားဘောလုံးအသင်းသည်ဖီဖာကမ္ဘာ့ဖလားကိုငါးကြိမ်ရရှိအောင်မြင်ခဲ့သည်။
22. When Edison died, more than a thousand inventions were left.
အက်ဒီဆင်ကွယ်လွန်သောအခါတီထွင်မှုပေါင်းတစ်ထောင်ကျော်ကျန်ရစ်ခဲ့သည်။
23. Christopher Columbus discovered America.
ခရစ်စတိုဖာကိုလံဘတ်သည်အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိခဲ့သည်။
ဆက်လက်ရေးပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292/ 09-785 798 828

20/07/2023

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။

Sarlay Sailor, Jane Bone

18/07/2023

Present Perfect Continuous Tense အသုံးပြုပုံကိုရေးပါမယ်။
Present Perfect Continuous Tense
Active Voice => has, have + been + V-ing
Passive Voice => No
*Something that has been in progress throughout a period (used with 'since' / 'for')
(အချိန်ကာလပိုင်းတလျှောက်လုံးဆက်လက်ပြုလုပ်ဆဲဖြစ်နေတဲ့တစ်စုံတစ်ခု)
***အတိတ်ကာလတစ်ချိန်ချိန်မှာစခဲ့တဲ့ဖြစ်ရပ်/လုပ်ဆောင်ချက်တစ်ခုဟာယခုပစ္စုပ္ပန်ကာလအချိန်ထိဆက်ဖြစ်/ဆက်လုပ်နေသလို အနာဂတ်ကာလနောင်တစ်ချိန်ထိဆက်ဖြစ်/ဆက်လုပ်နေမယ်ဆိုတာကိုဖော်ပြဖို့အတွက်သုံးပါတယ်။
do, watch, work, walk, write, read, run, learn, study, speak, talk, swim, play, stay, live, ...စတဲ့ရေရှည်သဘာဝရှိတဲ့ Verb တွေနဲ့တွဲသုံးလေ့ရှိတယ်။
***Continuous Tenses တွေမှာသုံးလေ့မရှိတဲ့ Verb များကိုလည်း Present Perfect Continuous Tense မှာလည်းမသုံးပါဘူး။
*အညွှန်းစကားလုံးများ
How long, since, for, the whole day, all the time, up till now, ...
နမူနာစာကြောင်းလေးတွေဖော်ပြလိုက်ပါတယ်။
1. He has been reading for two hours.
သူစာဖတ်နေတာနှစ်နာရီကြာပြီ။(ဆက်ဖတ်နေလိမ့်မယ်)
2. They have been playing since last two hours.
သူတို့ကစားနေတာပြီးခဲ့တဲ့နှစ်နာရီကတည်းက။(ဆက်ကစားနေလိမ့်မယ်)
3. She has been waiting for someone since an hour ago.
သူမတစ်စုံတစ်ယောက်ကိုစောင့်နေတာလွန်ခဲ့တဲ့တစ်နာရီတည်းက။(ဆက်စောင့်နေလိမ့်မယ်)
4. How long have you been living there?
မင်းအဲဒီ့မှာနေတာဘယ်လောက်တောင်ကြာနေပြီလဲ။
5. It has been raining since 7 o' clock.
ခုနှစ်နာရီတည်းကမိုးရွာနေတာ။(ဆက်ရွာနေအုံးမယ်)
6. She has been learning Japanese for about six months.
သူမဂျပန်ဘာသာလေ့လာနေတာခြောက်လလောက်ကြာပြီ။(ဆက်လေ့လာနေလိမ့်မယ်)
7. Father has been resting since last week.
အဖေအနားယူနေတာပြီးခဲ့တဲ့တစ်ပတ်တည်းကပဲ။(ဆက်ပြီးအနားယူလိမ့်မယ်)
8. The cat has been lying here for a long time.
ကြောင်လေးဒီမှာလဲလျောင်းနေတာအတော်ကြာနေပြီ။(ဆက်ပြီးလဲနေလိမ့်မယ်)
9. The baby has been sleeping for about an hour.
ကလေးအိပ်နေတာတစ်နာရီလောက်ရှိပြီ။(ဆက်အိပ်လိမ့်မယ်)
10. She has been sitting since I came in.
သူမထိုင်နေတာငါလာကတည်းကပဲ။(ဆက်ထိုင်နေလိမ့်မယ်)
11. The President has been speaking for 40 minutes now.
သမ္မတကြီးစကားပြောနေတာအခုမိနစ်လေးဆယ်ရှိပြီ။(ဆက်ပြောနေလိမ့်မယ်)
12. She has been standing for about 45 minutes.သူမရပ်နေတာလေးဆယ့်ငါးမိနစ်လောက်ကြာပြီ။(ဆက်ရပ်နေလိမ့်မယ်)
13. The students have been waiting for their teacher since morning.
ကျောင်းသားတွေသူတို့ဆရကိုမနက်တည်းကစောင့်နေကြတယ်။(ဆက်စောင့်နေလိမ့်မယ်)
14. How long have you been writing all the morning?
မင်းတစ်မနက်ခင်းလုံးစာရေးနေတာလား။
15. How long have you been living in North Okkalapa all your life?
မြောက်ဥက္ကလာမှာတစ်သက်လုံးနေသွားတော့မှာလား။
16 . She has been sleeping since noon.
သူမအိပ်နေတာမွန်းတည်းကတည်းကပဲ။(ဆက်အိပ်နေလိမ့်မယ်)
17 . He has been learning English for a long time.
သူအင်္ဂလိပ်စာလေ့လာနေတာကြာပြီ။(ဆက်လေ့လာလိမ့်မယ်)
18. Saya U Thike Htun has been teaching English since 2001.
ဆရာဦးသိုက်ထွန်းအင်္ဂလိပ်စာသင်တာ၂၀၀၁ခုနှစ်တည်းကပဲ။(ဆက်သင်နေလိမ့်မယ်)
19. They have been painting this building since last three days.
ဆောက်အအုံကိုပြီးခဲ့တဲ့သုံးရက်တည်းကဆေးသူတ်နေတာ။(ဆက်သုတ်ရအုံးမယ်။မပြီးသေး)
20. They have been researching to find HIV vaccine for many years.
သူတို့သည်အိပ်ခ်ျအိုင်ဗီကာကွယ်ဆေး တွေ့ရှိရန်သုတေသနလုပ်နေသည်မှာနှစ်ပေါင်းများစွာကြာနေပါပြီ။(သုတေသနဆက်လုပ်နေလိမ့်မယ်။ကာကွယ်ဆေးမတွေ့မချင်း)
ဆက်လက်ရေးပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292 / 09-785 798 828

Photos from Saya U Thike Htun-English's post 15/07/2023

Present Perfect Tense အသုံးပြုပုံကိုရေးပါမယ်။
Present Perfect Tense
Active Voice => has, have + V3
Passive Voice => has, have + been + V3
*The completed action often used with
"just" or "already"
(ပြီးစီးသွားသည့်လုပ်ဆောင်ချက်။ just သို့မဟုတ်
already နဲ့တွဲရေးကြသည်)
*Negative (အငြင်း)နဲ့ Interrogative (အမေး)ဝါကျတွေဆိုရင် "yet" နဲ့တွဲရေးရသည်။
*The action beginning in the past and is still progressing (used with "since" or "for")
(အတိတ်ကစခဲ့တဲ့လုပ်ဆောင်ချက်ယခုအချိန်ထိလုပ်ဆောင်နေရဆဲ၊ဖြစ်ဆဲ)
*Experience having had at the moment of expression
(လုပ်ဖူး၊ကိုင်ဖူးခဲ့သောအတွေ့အကြုံ)
အထူးမှတ်ရန်။။သတ်မှတ်ထားတဲ့အချိန်အပိုင်းအခြားမကုန်သေးခင်မှာပဲပြီးသွားတဲ့လုပ်ဆောင်ချက်ကိုဖော်ပြရာတွင် Present Perfect Tense ကိုသုံးသည်။
အညွှန်းစကားလုံးများ
already, just, before, yet, for, since, ever, never, recently, many times, up to now, How long, this morning, this afternoon, this evening, ...
လေ့လာစရာနမူနာစာကြောင်းတွေရေးလိုက်ပါတယ်။
1. I have just written a letter.
ငါအခုစာတစ်စောင်ရေးပြီးပြီ။
2. He has already done his homework.
သူအိမ်စာလုပ်ပြီးသွားပြီ။
3. She has not sent the parcel yet.
သူမ ပါဆယ်ထုတ်ကိုမပို့ဖြစ်သေးဘူး။
4. They have not discussed it yet.
သူတို့ဒါကိုမဆွေးနွေးရသေးဘူး။
5. Have you booked air tickets for the trip yet?
ခရီးစဉ်အတွက်လေကြောင်းလက်မှတ်တွေကြိုတင်မှာထားရဲ့လား။
6. They have lived in Yangon for over 15 years.
သူတို့ရန်ကုန်မှာနေတာ(၁၅)နှစ်ကျော်ပြီ။
7. Saya U Thike Htun has taught English since 2001.
ဆရာဦးသိုက်ထွန်းအင်္ဂလိပ်စာသင်တာ(၂၀၀၁)ခုနှစ်တည်းကပဲ။
8. We have been in Bangkok for three weeks.
ကျွန်တော်တို့ဘန်ကောက်ရောက်နေတာသုံးပတ်ကျော်ပြီ။
9. She has been in Yangon since 31st May.
မေလ(၃၁)ရက်နေ့တည်းကသူမရန်ကုန်ကိုရောက်နေတာ။
10. I have been to Thailand twice.
ကျွန်တော်ထိုင်းနိုင်ငံကိုရောက်တာနှစ်ကြိမ်ရှိပြီ။
11. I have read that book before.
ကျွန်တော်အဲ့စာအုပ်ကိုအရင်ကဖတ်ဖူးတယ်။
12. Have you ever sailed across the Andaman Sea?
ကပ္ပလီပင်လယ်ကိုဖြတ်ပြီးရွက်လွှင့်ဖူးလား။
13. She has never travelled by air.
သူမလေကြောင်းကခရီးမသွားဖူးဘူး။
14. How long have you worked here?
ဒီမှာအလုပ်လုပ်တာလးဘယ်လောက်ကြာပြီလဲ။
15. How long have you known that girl?
အဲ့မိန်းကလေးကိုသိတာဘယ်လောက်ကြာပြီလဲ။
16. The two friends have not talked to each other since their quarrel.
သူငယ်ချင်းနှစ်ယောက်စကားမပြောကြတာရန်ဖြစ်ပြီးကတည်းကပဲ။
17. She has never been to Japan.
သူမဂျပန်ကိုမရောက်ဖူးဘူး။
18. Mg Mg has not been seen this morning.
မောင်မောင့်ကိုဒီမနက်မတွေ့မိဘူး။
19. Her friends have been seen in the last few days.
သူမသူငယ်ချင်းတွေကိုပြီးခဲ့တဲ့ရက်အနည်းငယ်မှာတွေ့ကြတယ်။
20. I have been here for nearly an hour.
ကျွန်တော်ဒီကိုရောက်တာတစ်နာရီနီးပါးရှိပြီ။
21. When we get to the station, the train has left.
ကျွန်တော်တို့ဘူတာရုံရောက်တဲ့အခါရထားထွက်သွားပြီ။
22. Mother has just finished offering "Soon" to the monks.
အမေသည်ဘုန်းကြီးတွေကိုဆွမ်းလောင်းလို့ပြီးပြီ။
23. She has known him since childhood.
သူမသူ့ကိုသိတာကလေးဘဝတည်းကပါ။
24. I have solved those problems before you come.
ခင်များမလာခင်ကျွန်တော်အဲ့ပြသနာတွေကိုရှင်းထားတယ်။
25. Have you ever ridden an elephant?
ဆင်စီးဖူးလား။
ဆက်လက်ရေးပါမည်။
ဆရာဦးသိုက်ထွန်း(အင်္ဂလိပ်စာ)
အမှတ်(၂၀၂)မြရတနာ(၆)လမ်း၊(ခ)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
09-420 018 292 / 09-785 798 828

Want your school to be the top-listed School/college?

Website