PyinNyar Lann - ပညာလမ်း

PyinNyar Lann - ပညာလမ်း

We Create a Closer Educational Environment

Operating as usual

09/03/2024

PyinNyar Lann ရဲ့ Brain Stroming Time လေးမှာပါဝင်ဖြေကြည့်ကြပါအုံးနော်။💡🧠

သင့်အတွက် အသင့်တော်ဆုံး Learning Style ဆိုရင်ဘယ် Style ဖြစ်မလဲ❓

📌 PyinNyar Lann မှ Learning Styles များနှင့်ပတ်သတ်ပြီး အသေးစ်ိတ် ဗဟုသုတများ
ကိုလည်း မျှဝေသွားမှာဖြစ်တဲ့အတွက်
စောင့်ကြည့်ပြီး လေ့လာဖို့မမေ့ကြပါနဲ့အုံးခင်ဗျာ။

04/03/2024

ပညာရပ်တစ်ခုကိုသင်ယူနေတဲ့ ခေတ်လူငယ်တစ်ယောက်၊ သို့မဟုတ် လူငယ်တွေကို သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်အနေနဲ့ AI (Artificial Intelligence) ကိုအကျိုးရှိရှိ မသုံးတတ်ရင် သူများထက် ခြေတစ်လှမ်းနောက်ကျနေပါပြီ❗

ကျွန်တော်တို့ ပညာလမ်းမှ ကျောင်းသား၊သူ ဆရာ၊ဆရာမ တို့အတွက်
Special Consulting + Course လေးစီစဥ်ပေးထားပါတယ်ခင်ဗျာ။

Special AI Consulting + Course for Students မှာဘာတွေပါမှာလဲ❓

📌 ကျောင်းသား၊သူများ AI သုံးပြီး ပညာရပ်များလေ့လာရာတွင် အထောက်ကူပြုစေမည့် technique များ။
📌 Self-Study လုပ်နေသောသူများ AI သုံးပြီး ပိုမိုထိရောက်သော သင်ယူ၊ လေ့လာမှုပြုလုပ်န်ိုင်ရန် စနစ်တကျ ပြင်ဆင်ထားသော Advance Slide များနှင့် ရှင်းပြသွားပါမည်။
📌 Higher Education သို့မဟုတ် International Education သင်ယူနေသောသူများအတွက် အထောက်ကူပြုစေမည့် AI Based Websites/Application များကိုမျှဝေပြီး စနစ်တကျအသုံးပြုနည်းများကိုပါ ရှင်းပြသွားပါမည်။

Special AI Consulting + Course for Teachers မှာဘာတွေပါမှာလဲ❓

📌 ဆရာ၊ ဆရာမ များအတွက် စာသင်ပြရာတွင် AI ကိုအသုံးပြုပြီးပိုမို မြန်ဆန်၊
ထိရောက်စေမည့် နည်းလမ်းများ။
📌 ခေတ်မှီသော ဆရာ၊ ဆရာမတစ်ယောက်ဖြစ်ရန်ကြိုစားနေသောသူများအတွက်

🔵 ကျောင်းသား၊သူများနဲ့ ချိတ်ဆက်၊သင်ပြရန် Latest Online Plamform များ
🔵 ခေတ်မှီသော ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ မသိမဖြစ်သိထားရမည့် Teaching Tools, Websites, Applications များကိုမျှဝေပေးမဲ့အပြင် စနစ်တကျအသုံးပြုနည်းများကိုပါ ရှင်းပြသွားပါမယ်ခင်ဗျာ။

Special AI Consulting for Teachers & Students ကဘယ်လောက်ကြာမှာလဲ၊ Fees ကစျေးကြီးလား❓

📌 Consulting Session လေးက ၁ နာရီသာကြာမြင့်မှဖြစ်ပြီး ပညာလမ်းရဲ့ Founder နဲ့ CEO တို့မှာ အချိန်တိုအတွင်း ထိထိရောက်ရောက်ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Fees လေးကိုတော့လူတိုင်းတက်ရောက်န်ိုင်ပြီးအတန်ဆုံးဖြစ်အောင် စီစဥ်ပေးထားပါတယ်ခင်ဗျာ။
📌 ဒါ့အပြင် Consulting Event မှာပါဝင်သောသူများကို 15 minutes follow-up session လေးပါ
စီစဥ်ပေးထားပါသေးတယ်ခင်ဗျာ။

27/02/2024

AI သုံးပြီး Study Productivity တက်အောင်ဘယ်လိုသုံးမလဲ?

🔵 Let AI be your examiner

ကိုယ်လေ့လာထား၊ သင်ယူထားတဲ့ စာတွေကိုပြန်သုံသပ်ဖို့အသုံးပြုလို့ရပါတယ်။ ကိုယ့်ကို မေးခွန်းမေးခိုင်းတာ၊ assessment လုပ်ခိုင်းတာ၊ ရှုထောင့်ပေါင်းဆုံကနေ Question များထုတ်ခိုင်းတာ စတာတွေအတွက် အသုံးပြုနိုင်ပါတယ်။

🔵 Asking ‘What If’

ကိုယ်တွေ့ကြုံနေရတဲ့ အခက်အခဲကို 'မင်းသာဆိုရင် ဘယ်လိုလုပ်မလဲ’ ဆိုတဲ့မေးခွန်းမေးကြည့်ပါ။ ဥပမာ (What if) မင်းသာဆိုရင်စာလုပ်ရင် Focus ပ်ိုရအောင်ဘယ်လိုလုပ်မလဲ၊ ကိုယ်အခက်အခဲ အတွက်တိုက်ရိုက်အဖြေမရရင်တောင် အနီးစပ်ဆုံးအကြံညဏ်ရနိုင်ပါတယ်။

🔵 Let AI be your Study Partener

အပေါ်မှာ ပြောခဲ့သလို AI ကိို Examiner လုပ်ခိုင်းလို့းသလို က်ိုယ့်အတွက် Idea ကောင်း၊
Tips & Tricks များကို ကိုယ့်ရဲ့ စာလုပ်ဖော်လို သဘောထားပြီးခိုင်းလို့ရပါတယ်ဗျာ။

Prompt ရေးနိုင်ရင်ရေးနိုင်သလို အသုံးချနိုင်ပါတယ်ခင်ဗျာ။ ဒီ post မှာ AI ကိုသုံဲးပြီး Study Productiviy တက်အောင်လုပ်လို့ရတဲ့နည်းတစ်ချို့ကို မျှဝေလိုက်ပါတယ်။ Basic လောက်သာမျှဝေခဲ့တာဖြစ်တာကြောင့် Concept က်ိုနားလည်ပြီး အကျိုးရှိရှိ အသုံးချနိုင်ကြပါစေခင်ဗျာ။

10/02/2024

ပညာလမ်း မှပြုလုပ်ခဲ့သော
Educational Consulting Program များကို
တစ်ချိန်ထဲမှာ အခမဲ့ ပြန်လည်တက်
ရောက်ခွင့်ရမဲ့ အခွင့်အရေး🤩

📌စင်ကာပူနိုင်ငံမှာ Polytechnics တက်ချင်သူများအတွက် Consultation Program

📌 UK နိုင်ငံမှစီးပွါးရေးဘွဲ့တစ်ခု ရယူချင်သော သူများအတွက် Free Consultation Program

📌 ပညာရေးလမ်းကြောင်းကို ရွေးချယ်ဖို့
ခက်ခဲနေသူများအတွက် နွေးနွေးအဖြေရှာပေးမဲ့ Free Consulting Program

📌 မြန်မာသင်ရိုးမှ International Curriculum ကိုပြောင်းဖို့ စိတ်ကူးနေသူများအတွက် Free Consulting Program

📌 IGCSE တက်ဖို့စဉ်းစားနေသောသူများ၊ တက်ရောက်စဲသူများအတွက် အထူး Free Consulting Program

စသော PyinNyarLann - ပညာလမ်း မှ
ပြုလုပ်ပေးခဲ့သော Free Consulting Program များကို တစ်ချိန်ထဲပြန်လည် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

👉🏻 ပထမဦးဆုံး ၁၀ ယောက်သာ Free ရမှာဖြစ်၍ m.me/pyinnyarlann01 မှာအခုပဲ စရင်းသွားဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဘဝအမောပြေစေဖို့ Informal Graphic Design လေးထည့်ထားပေးလိုက်ပါတယ်ခင်ဗျာ…

06/02/2024

ကိုယ်နဲ့ကိုက်တဲ့ပညာလမ်းကြောင်းကိုရွေးဖို့ခက်နေပြီလား❓

ဒါဆိုရင်တော့ ဒီစာလေးကိုပြီးအောင်ဖတ်ရင် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

📌 Passion and Profession
ကိုယ်က ဘယ်ပညာရပ်ကိုဝါသနာပါပြီး
ဘာလုပ်ဖို့ရည်ရွယ်ထားလဲဆိုတာအရေးကြီးပါတယ်။ ဒီနေရာမှာ ဘွဲ့မလိုတဲ့ profession တွေရှိပါတယ်။ Copy Writer, Video Editor , Graphics Designer စတဲ့ Profession တွေကိုစိတ်ဝင်စားရင်တော့ ဘွဲ့ယူဖို့ထက် technical ပိုင်းမှာကျွမ်းကျင်အောင် self study လုပ်ရင်း အတွေ့အကြုံ (experience) ယူဖို့အားပေးပါတယ်။ ကိုယ်က ဥပမာ ဆရာဝန်တစ်ယောက်၊ သ်ို့မဟုတ် အင်ဂျင်နီယာဖြစ်ချင်ရင်တော့ ဘွဲ့ရှိမှဖြစ်တဲ့ profession တွေပါ။

📌 International or Local ?

ကိုယ်က ပြင်ပနိုင်ငံတစ်ခုမှာအလုပ်လုပ်မှာလား၊ မြန်မာမှာပဲအလုပ်လုပ်မှာလားဆိုတာ တိကျတဲ့အဖြေရှိဖို့လိုပါတယ်။ မြန်မာမှာပဲတက်ဖို့ရည်ရွယ်ရင်တော့ ရှင်းပါတယ်။

📌 International Pathways

International ကိုသွားဖို့ရည်ရွယ်ထား
ရင်တော့ ပထမဦးဆုံး Secondary Education နဲ့ Foundation Program ကိုစဉ်းစားဖို့လိုပါတယ်။ အခုအရမ်း trend ဖြစ်နေတဲ့ IGCSE, A levels, GED ဆိုတာတွေပေါ့။
ဒါတွေပြီးသွားရင်တော့ ကိုယ်သွားချင်တဲ့
နိုင်ငံ၊ တက်ချင်တဲ့ University ကိုသေချာဆုံးဖြတ်ပြီး ကိုယ်ယူချင်တဲ့ Major ကိုသိအောင်လုပ်ပါ။

📌 Career and Information for International Pathways

အပေါ်မှာပြောခဲ့တဲ့အကြောင်းတွေသေချာသိပြီးရင် ကိုယ်သွားမယ်ဆုံးဖြတ်ထားတဲ့
နိုင်ငံမှာ ကုန်ကျစရိတ် (Living Cost) နဲ့ (School and Tuition Fees) ကျောင်းစရိတ်နဲ့ အပြင်ကျူရှင်ခ တွေကိုသ်ိအောင်လုပ်ပါ။ နောက်ဆုံးအနေနဲ့တော့ ကျောင်းပြီးသွားလို့ Degree/Diploma ရပြီးရင်ကိုယ်ဘယ်မှာအလုပ်ရနိုင်လဲဘာလုပ်မလဲဆိုတာလဲ စဉ်းစားထားဖို့လိုပါတယ်။ ကိုယ်သွားမဲ့နိုင်ငံမှာ ကျောင်းသား၊သူ တစ်ယောက်လုပ်နိုင်တဲ့ Sise hustle/Part time job တွေကိုလေ့လာဖို့မမေ့ပါနဲ့။

📌 ကျွန်တော်တို့ PyinNyarLann မှာလည်း International Pathways များအတွက်ရွေးချယ်ရလွယ်ကူအောင် Consulting များလုပ်ပေးနေပါပြီခင်ဗျာ။

👉🏻 m.me/pyinnyarlann01 မှာအခုပဲစရင်းသွင်းလို့လိုက်ပါ။

02/02/2024

PyinNyar Lann ရဲ့ ​ဒုတိယမြောက် Quiz Program လေးမှာပါဝင်ဖြေဆိုကြည့်ကြပါနော်။ 🎉

📌 “Singapore မှ Polytechnics 5 ကျောင်းထဲမှာ ဘယ်ကျောင်းက ရှေးအကျဆုံးလဲ?”

👉 ကိုယ်ထင်တဲ့အဖြေကို Comment Section မှာ ရေးပေးသွားပါခင်ဗျ။

👉 အဖြေမှန်ကိုတော့ Feb 3 ရက်နေ့ညနေခင်းမှာ Comment Section မှာ လာရောက် ကြည့်ရှူနိုင်ပါတယ်ဗျာ။

PyinNyar Lann မှ IGCSE ယခုမှစတက်ချင်တဲ့ ကျောင်းသား၊ကျောင်းသူများ၊ Singapore Polytechnics များကို တက်ချင်သော ကျောင်းသားများအတွက် Consulting Sessions များစီစဉ်ပေးနေပါပြီခင်ဗျာ။ Page Chatbox မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

31/01/2024

📌 ကျွန်တော်တို့ PyinNyar Lann - ပညာလမ်း Agency လေးသက်တမ်းဟာ 4 လကျော်လာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ကျောင်းသား၊ ဆရာ/ဆရာမ နှင့်မိဘများစွာကိုလည်း ပညာဒါန အနေနဲ့ Free Consulting Session များစွာလုပ်ပေးခဲ့ပါတယ်။ ✨

📌 ဒီနေ့မှာတော့ PyinNyar Lann ကို ယုံယုံကြည်ကြည်နဲ့ Paid Consulting Session ယူခဲ့ကြသူအချို့ရဲ့ Feedback များကို တင်ပြသွားမှာပါခင်ဗျာ။ 😊

စာဖတ်သူအနေနဲ့ စိတ်ဝင်စားတယ်ဆိုလျှင် Page Chatbox မှာ PyinNyar Lann မှာရနိုင်တဲ့ Consulting Session တွေအကြောင်း လာရောက်မေးမြန်နိုင်ပါတယ်ခင်ဗျာ။

21/01/2024

UK နိုင်ငံမှစီးပွါးရေးဘွဲ့တစ်ခု ရယူချင်သော သူများအတွက် Free Consultation Program ‼️

📌 ဒီ Program လေးဟာ စီးပွါးရေးကိုစိတ်ဝင်စားပြီး UK နိုင်ငံမှဘွဲ့ယူချင်သောသူများအတွက် 5 Free Consulting Session လေးစီစဉ်ပေးထားပါတယ်ခင်ဗျ။

📌 Consulting Session မှာဘာတွေတိုင်ပင်လို့ရမှာလဲ?

👉🏻 UK နိုင်ငံ University of Hertfordshire, City of Oxford College စသော Ranking ကောင်းသောတက္ကသိုလ်များမှာမှ
စီးပွါးရေးနှင့်ဆိုင်သော Degree များ၊ Diploma များကိုအသေးစိတ်ရှင်းသွားပါမယ်။
👉🏻 ကိုယ်တက်ရောက််ချင်သော Degree များ၏ လိုအပ််ချက် (Requirements) များကိုသေချာရှင်းပြသွားပါမယ်။
👉🏻 ကိုယ်တက်ရောက််ချင်သော Degree များအတွက် ပြင်ဆင်ထားသင့်သော
အချက်များ။
👉🏻 UK နိုင်ငံတွင်နေထိုင်ဖို့ Living Cost
👉🏻 Degree/Diploma များရရှိပြီးရင်
ရနိုင်သော Position များ။

📌 ဘယ်လိုလူမျိုးတွေ တက်သင့်လဲ?

👉🏻 စီးပွါးရေးကိုစိတ်ဝင်စားပြီး ဘယ် university တက်ရမှန်းမသိသေးတဲ့သူများ။
👉🏻 ပြည်တွင်းမှာသင်ယူပြီး UK မှပေးသော ဘွဲ့ကိုယူချင်သောသူများ။
👉🏻 UK နိုင်ငံမှပေးသောဘွဲ့ယူပြီး UK တွင်
အလုပ်လုပ်ချင်သောသူများ။

စနစ်တစ်ကျပြင်ဆင်ထားသော Modern Slides များနဲ့ဆွေးနွေးပေးသွားမှာမလို့
အခုပဲ စာရင်းပေးထားဖို့တိုက်တွင်းလိုက်ပါတယ်ခင်ဗျာ။

17/01/2024

သင်က စီးပွါးရေးကိုစိတ်ဝင်စားပြီး မြန်မာန်ိုင်ငံမှ နိုင်ငံခြားဘွဲ့ကိုယူဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်လား ?

📌 Advancing Business Education (ABE) ဟာ UK အသိမှတ်ပြုပညာရေးအဖွဲ့ဖြစ်ပြီး Level အနေနဲ့ Entry Level 4 ကနေ Level 6 အထိတက်ရောက်န်ိုင်ပါတယ်။

📌 နိုင်ငံတကာအသိမှတ်ပြုဘွဲ့ တစ်ခုရဖို့ ဘယ်နှစ်နှစ်တက်ရမာလဲ?

👉🏻 Level 4 (First Year of Degree),
Level 5 (Second Year of Degree),
Level 6 ဟာဆိုရင်တာ့ Final Year ဖြစ်ပါတယ်ခင်ဗျာ။ ထို့နောက် နိုင်ငံများစွာက ABE ကိုလက်ခံတဲ့ University များမှာ ဆက်လက်တက်ရောက်နိုင်ပါသေးတယ်ခင်ဗျာ။

📌 Level 4 ကိုဘယ်လိုသူတွေတက်ရောက်
နိုင်လဲ?

👉🏻 အသက် ၁၆ ပြည့်ပြီးသားသူများ
👉🏻 တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ။
👉🏻 ABE Level 3 (Pre University) အောင်ထားသူများ။

📌 ABE Level 4 (First Year) မှာဘာတွေ
သင်ရမာလဲ?

👉🏻 Dynamic and Collaborative Teams
👉🏻 Dynamic Business Environment
👉🏻 Employability and Self Development
👉🏻 Project Management
👉🏻 Introduction to Entrepreneurship
👉🏻 Introduction to Quantitative Methods
👉🏻 Enterprising Organization
👉🏻 Finance for Managers

📌 ABE Level 5 (Second Year) မှာဘာတွေသင်ရမာလဲ?

👉🏻 Managing Stakeholders Relationships
👉🏻 Managing Agile Organization
👉🏻 Innovative & Business Performance
👉🏻 Effective Finance Management
👉🏻 International Business Economics and Markets
👉🏻 Analytical Decision making

ABE ကိုစိတ်ဝင်စားတဲ့လူငယ်များ၊ မိဘများအတွက်လည်း ပညာလမ်းမှ အခမဲ့ Consulting Events များရှိတဲ့အတွက် စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့အုံးနော်။

Disclaimer : ဤ post သည်
မည်သည့် Organization မှပေးသော Sponsorship Post မဟုတ်ပါ။ နိုင်ငံတကာ အသိမှတ်ပြုစီးပွါးရေးဘွဲ့
တစ်ခုကို ပြည်တွင်းမှတက်ရောက်ဖို့ စိတ်ဝင်စားတဲ့လူငယ်များအတွက်ကူညီပေးသော Post သာဖြစ်ပါသည်။

12/01/2024

စင်ကာပူနိုင်ငံမှာ Polytechnics တက်ချင်သူများအတွက် 10 Free Consultation Program

📌ဒီ Program လေးမှာတော့ Singapore Polytechnics တက်ချင်သူများ သိချင်ကြတဲ့ မေးခွန်းများကိုဖြေကြားပေးသွားမှာပါခင်ဗျာ။ ဒါ့အပြင် Polytechnics တစ်ခုချင်းစီရဲ့ ကောင်းချက်၊ဆိုးချက်များအပြင် တစ်ဦးချင်းစီအလိုက် ယူချင်တဲ့ Major နှင့် တက်ချင်တဲ့ကျောင်းအပေါ်မူတည်ပြီး Suggestions များပေးသွားအုံးမှာပါ။

📌 Consulting Sessions လေး 10 ခု Free စီစဉ်ပေးထားပါတယ်ခင်ဗျာ။ Page Chtabox မှာသွားရောက်စာရင်းသွင်းနိုင်ပါတယ်။ Consulting Session မှာ ဘာတွေဆွေးနွေးမလဲဆိုတာကတော့ 👇🏻

👉 Polytechnics 5 ကျောင်းလုံးရဲ့ သိကောင်းစရာများ
👉 ယခုတက်နေတဲ့ Curriculum အပြင် အပိုထပ်ဆောင်းဘာလိုမလဲ?
👉 Minimum Grades ဘယ်လောက်ရဖို့လိုမလဲ?
👉 ဘယ်မှာလျှောက်ရမလဲ?
👉 အပြီးအစီးကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်လဲ?
👉 IGCSE မှတစ်ဆင့်သွားမဲ့သူများ ဘယ်ဘာသာတွေယူသင့်လဲ?
👉 ဘယ် Major တွေက ဘယ်ကျောင်းတွေမှာ Competition များလဲ?
👉 ကျောင်းပြီးသွားရင် Job Opportunities တွေကဘယ်လိုရှိသလဲ?
👉 Student Loan ယူရင် ဘယ်လောက်သက်သာမလဲ?
👉 နေထိုင်စားသောက်စရိတ်ကဘယ်လောက်ကုန်ကျမလဲ?
👉 တစ်နှစ်လောက် Part-time job နှင့် ဘယ်လောက် အများဆုံးရနိုင်လဲ?

စတဲ့မေးခွန်းများကို စနစ်တစ်ကျပြင်ဆင်ထားသော Modern Slides များနဲ့ဖြေကြားပေးသွားမှာမလို့ အခုပဲ စာရင်းပေးထားကြပါခင်ဗျာ။

11/01/2024

သင်က စီးပွါးရေးကိုစိတ်ဝင်စားတဲ့
လူငယ်တစ်ယောက်လား?

International Pathways များကို စုံစမ်းပြီး
အခမဲ့ Consulting Service များစိတ်ဝင်စားပါက m.me/pyinnyarlann01/ တွင် အသေးစိတ်မေးမြန်နိုင်ပါတယ်ခင်ဗျာ။

Disclaimer : ဒီ Video သည်
ဘယ် Organization မှ Sponsor ပေးထားသော video မဟုတ်ပါ။ စီးပွါးရေးကိုစိတ်ဝင်စားသောလူငယ်များအတွက်
ကူညီပေးသော video သာဖြစ်ပါတယ်။

04/01/2024

A-levels သို့မဟုတ် GED ပြီးထားသောသူ များအတွက် International Program များတွင် Scholarship ရနိုင်မဲ့အခွင့်အရေး❗️

Mahabakon University of Technology International College (MUTIC)

A-levels သို့မဟုတ် GED ပြီးထားသောကျောင်းသားများအတွက် scholarship လျှောက်ထားနိုင်သော Bangkok College တစ်ခုဖြစ်ပါတယ်။

MUTIC တွင်တက်ရောက်နိုင်သော subjects များမှာ Business နှင့် Technology ဆိုင်ရာ subjects များစွာတက်ရောက်နိုင်ပါတယ်။

Scholarship Requirements များကိုအောက်ပါ link ထဲတွေအသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။👇🏻
https://inter.mut.ac.th

Disclaimer - ယခု post သည် ဘယ် University မှပေးသော Sponsorship မဟုတ်ပါ။ စေတနာဖြင့် ကျောင်းသား၊သူများကို School Fees များသက်သာအောင် ကူညီပေးတဲ့
Scholarship Recommendation Post သာဖြစ်သည်။

02/01/2024

“Polytechnics များအကြောင်းသိကောင်းစရာ”

မြန်မာကျောင်းသားတော်တော်များများဟာ ၁၀ တန်း (သို့) IGCSE အပြီးမှာ နီးတာကြောင့်တစ်ကြောင်း၊ Safe ဖြစ်တာကြောင့်တစ်ကြောင်း၊ Employment Opportunities များတာကြောင့်တစ်ကြောင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် Singapore Polytechnics များကို Join ချင်ကြပါတယ်။

Polytechnics တွေရွေးတော့မယ်ဆိုရင် သိထားသင့်တဲ့ Poly 5 ကျောင်းလုံးရဲ့ Info လေးတွေမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

1. Republic Polytechnic (Not-recommended) 🤯

Republic Polytechnic ဟာ နှစ်တိုင်းနီးပါး Poly 5 ကျောင်းရဲ့ Ranking မှာ အောက်ဆုံးကရှိနေလေ့ရှိပါတယ်။ အပတ်တိုင်း 8:30 - 4:00 ၅ရက်လုံးသွားတက်ရပြီး Review လည်းသိပ်မကောင်းတဲ့ Poly တစ်ခုဖြစ်ပါတယ်။ ရွေးချယ်လို့ရတဲ့ Major အရေအတွက်ဟာလည်း အခြား Poly များနှင့်ယှဉ်ရင် နည်းပါတယ်။ ကောင်းတဲ့အချက်ကတော့ Singapore Polytechnic တို့ Nanyang Polytechnic တို့နဲ့ ယှဉ်ရင် Entrance လွယ်ကူတာဖြစ်ပါတယ်။

2. Temasek for holiday-lovers😎

Temasek Polytechnic ဟာ ၅ ကျောင်းလုံးထဲမှာ Holiday အများဆုံးဖြစ်ပါတယ်။ Major အလိုက်ပြောင်းတတ်သော်လည်း IT (or) Cybersecurity ကဲ့သို့ Majors တွေဟာ တစ်ပတ်ကို 4ရက်လောက်သာ တက်ရပြီး 3 weeks တက်ပြီးတိုင်း 1 week ပိတ်လေ့ရှိပါတယ်။ Majors တွေလည်းစုံပြီး မြန်မာကျောင်းသားများတာကြောင့် Recommend ပေးပါတယ်ခင်ဗျာ။ မကောင်းတဲ့အချက်ကတော့ Airport အနီးမှာရှိတာကြောင့် မြို့ထဲနှင့် အနည်းငယ်လှမ်းပါတယ်။

3. Sp for competitive students 😒

Poly 5 ကျောင်းထဲမှာ No.1 Polytechnic အဖြစ်သတ်မှတ်ခံရပြီး Review တွေအတိုင်းလည်း တကယ်ကောင်းတဲ့ကျောင်းဖြစ်ပါတယ်။ Major Pool အကျယ်ဆုံးဖြစ်ပြီး တစ်ယောက်ကို Admission လျှောက်တော့မယ်ဆိုရင် Majors 4 ခုအထိရွေးခွင့်ပေးထားပါတယ်။ Downtown နဲ့နီးတာကြောင့် ဘက်စုံ အဆင်ပြေတဲ့ကျောင်းဖြစ်ပါတယ်။ မကောင်းတဲ့အချက်အချို့ကတော့ ကျောင်းပတ်ဝန်းကျင်မာ အခန်းခတွေစျေးကြီးတာရယ် ပြိုင်ဆိုင်မှုပြင်းထန်တာရယ်လောက်ပဲရှိပါတယ်။

4. Nanyang for IGCSE holders ✨

Nanyang ဟာ Sp နီးနီးကောင်းပါတယ်။ Major အရေအတွက်များတယ်၊ Location ကလည်း Downtown တစ်ဝိုက်ပါပဲ။ သို့ပေမယ့် IGCSE (သို့) O Level holders မဟုတ်ရင် အခုနောက်ပိုင်းမှာ လက်မခံသလောက်ဖြစ်လာပါတယ်။

5. Ngee Ann for Business and Entrepreneurship 📈

Ngee Ann Poly ဟာ Balanced အဖြစ်ဆုံးလို့ပြောလို့ရပါတယ်။ Admission ဟာ Sp နဲ့ Temasek လောက်မခက်သလို Major အရေအတွက်လည်း Republic ထပ်များပါတယ်။ Ngee Ann ဟာ Business majors တွေနဲ့ပက်သပ်ပြီးနာမည်ကြီးပါတယ်ခင်ဗျာ။

Polytechnics 5 ကျောင်းလုံးရဲ့ Information အချို့မျှဝေပေးခဲ့တာဖြစ်ပြီး Part II အနေနဲ့လည်း လာပါအုံးမယ်ခင်ဗျာ။ Polytechnics တက်ချင်သူများအတွက် Consulting Sessions များလည်း လာပါအုံးမယ်ခင်ဗျာ🫶🏻

31/12/2023

Happy New Year!
Wishing everyone to have the best year,
2024 မှစ၍ မိဘပြည်သူများအားလုံး အစစအရာရာ အဆင်ပြေကြပါစေလို့
ပညာလမ်း မိသားစုမှ စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

PyinNyarLann Team🤩🎊

31/12/2023

PyinNyar Lann ရဲ့ ​New Year’s Eve Quiz လေးမှာပါဝင်ဖြေဆိုကြည့်ကြပါနော်။ 🎉

👉 ကိုယ်ထင်တဲ့အဖြေကို Comment Section မှာ ရေးပေးသွားပါခင်ဗျ။

👉 အဖြေမှန်ကိုတော့ နှစ်သစ် ၁ရက်နေ့မနက်မှာ Comment မှာ လာရောက် ကြည့်ရှူနိုင်ပါတယ်ဗျာ။

PyinNyar Lann မှ IGCSE ယခုမှစတက်ချင်တဲ့ ကျောင်းသား၊ကျောင်းသူများအတွက် Consulting Sessions များစီစဉ်ပေးနေပါပြီခင်ဗျာ။ Page Chatbox မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

25/12/2023

Merry Christmas to all of our
Parents, Students and Customers !

22/12/2023

ဘာတက်ရမှန်းမသိဘဲ လမ်းပျောက်နေပါသလား❓

ပညာလမ်းမှာ သင်နဲ့အသင့်တော်ဆုံးပညာရေးလမ်းကို လာရောက်ရွေးချယ်လိုက်ပါ။

📌ကျွန်တော်တို့ PyinNyarLann- ပညာလမ်း Agency မှ Free Consulting များပြုလုပ်ပေးနေပါပြီ။

PyinNyarLann - ပညာလမ်း Consulting Session မှာဘာတွေပါမှာလဲ?

📌 သင် အနေနဲ့ဘာတက်ရမှန်းမသိပဲ
ရွေးချယ်ရခက်နေတဲ့သူဆိုရင် PyinNyarLann မှ သင်နဲ့အသင့်တော်ဆုံး နှင့် စိတ်ဝင်စားသော Curriculum နှင့် Subject ကို အသေးစိတ်ရှင်း
ပြပြီး ရွေးချယ်ရလွယ်ကူအောင်
ကူညီပေးဖို့ အာမခံပါတယ်ခင်ဗျာ။

Consulting Session ယူရင် 100% Free လား?
📌ပထမဦးဆုံး ၁၀ ယောက်ကို အခမဲ့ အကြံပေး၊ တိုင်ပင် လို့ရအောင်စီစဉ်ပေးထားပါတယ်ခင်ဗျ။ (40 Mins Zoom Session)

Consulting ကတစ်ခါပဲလား?
📌 Session အပြီး ၂ပတ်အကြာမှာ တစ်
ကြိမ်ပြန်ပြီး Follow-up Session (15 Mins) အခမဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်

အခုပဲ Cb မှာစရင်းပေးနိုင်ပါပြီခင်ဗျာ။

13/12/2023

Scholarship လျှောက်ဖို့ IGCSE မှာ အမှတ်ဘယ်လောက်ရဖို့လိုအပ်လဲ❓

မြန်မာကျောင်းသားအများစုဟာ Scholarship လျှောက်ချင်ကြပါတယ်။ Scholarship လျှောက်ဖို့ ပြည့်ရမဲ့ Criteria ကတော့ ကိုယ်လျှောက်မဲ့College နဲ့ University အပေါ်မူတည်သော်လည်း ရှိကိုရှိထားရမဲ့ Qualification တွေကတော့ မပြောင်းလဲပါဘူးခင်ဗျာ။

1. Relative Subjects 📕📗
IGCSE ကျောင်းသားတွေက များသောအားဖြင့် 6 Subs ယူကြပါတယ်။ ဒါ့ကြောင့် ကိုယ်က Scholarship မှန်းမယ်ဆိုရင်တော့ 7 Subs ယူထားရင် သူများထပ် တစ်လှမ်းသာနေမှာအမှန်ပါပဲ။ 7 Subs ယူရမှာလည်း ကိုယ်လျှောက်မဲ့ Major နဲ့ဆိုင်တဲ့ Subs တွေကိုယူသင့်ပါတယ်။ ဥပမာ Business ယူမယ်ဆိုလျှင် Business Studies, Economics, Accounting စတဲ့ Subs တွေ အဓိကထားယူသင့်ပါတယ်ခင်ဗျာ။

2. English Level 🧑‍💻📚
ကျွန်တော် အကြံပေးချင်တာကတော့ ဖြစ်နိုင်ရင် English As A First Language (EFL) ကိုယူဖို့တိုက်တွန်းချင်ပါတယ်။ EFL ဟာ တကယ့်ကို Native Tongue တစ်ယောက်ရဲ့ Level နဲ့ယှဉ်လို့ရတာမှာမိုဘ EFL မှာ A (သို့) A* ရထားရင် သေချာပေါက် အထောက်အကူပြုမှာပါခင်ဗျာ။ အကြောင်းအမျိုးမျ်ုးကြောင့် EFL မယူခဲ့မိသော် IELTS Band 7.5 & Above လောက်ရအောင်ကြိုးစားပါ။

3. Grades 🎓📖
ဒီ Scholarship ကို ကိုယ့်နိုင်ငံမှာ ကိုယ်တစ်ယောက်တည်းလျှောက်တာမဟုတ်သလို အခြားနိုင်ငံက ကိုယ့်လိုမျိုးလူတွေကပါ ဝိုင်းလျှောက်နိုင်တာကြောင့် Competition အရမ်းများပါတယ်။ အားလုံးထဲမှာ Stand out ဖြစ်နေဖို့ဆို ကိုယ့်ရဲ့ အမှတ်တွေကလည်းကောင်းနေမှရပါမယ်။ အနည်းဆုံး All Subs ကို A* ရအောင်မှန်းပြီး ကြိုးစားပါ။

4. Co-curricular Activities 🏌️🚴
အမှတ်ကအရေးကြီးသလို Academic Achievements တင်မဟုတ်ဘဲ အခြား Skills တွေလဲလိုအပ်ပါမယ်။ Socialising, Problem-solving, Creativity, Productivity, etc စတဲ့ Skills တွေကိုပါ ပိုင်နိုင်အောင်လုပ်ထားရပါမယ်။ Organization တစ်ခုခုမှာ Volunteer လုပ်ထားတဲ့ Certificate များပြနိုင်ရင်ပိုအဆင်ပြေပါတယ်။

09/12/2023

စီးပွါးရေးနဲ့ပတ်သက်တဲ့ Subjects တွေယူရင် တကယ်လက်တွေ့မှာ အသုံးကျလား❓

O Level နှင့် A Level များမှာ အကြမ်းဖျင်းအားဖြင့် စီးပွါးရေးနဲ့ပတ်သတ်တဲ့ Subjects များမှာ Business Studies, Accounting, Economics ဆိုပြီးရှိကြပါတယ်။ ဒီ Subject များထဲမှ Topics အချို့ကတော့

👉🏻 Marketing
👉🏻 Finance
👉🏻 Human Resource
👉🏻 Operations

တို့ပဲဖြစ်ကြပါတယ်။
တကယ်လက်တွေ့ဘဝမှာလည်း ဒီ Topics တွေကို ပိုင်နိုင်မှသာ Profitable Business တစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ သို့ပေမဲ့ O Level နှင့် A Level များသည် Secondary Education နှင့် Highschool Education များသာဖြစ်ကြသဖြင့် Internship ရဖို့မလွယ်လှတဲ့အတွက် Work Experience ကိုတော့ရနိုင်ဖို့ခက်ခဲပါလိမ့်မယ်။

(Education + Learning from Experience = Can Build a Profitable and Successful Business) လို့ယူစပါတယ်ခင်ဗျာ။

07/12/2023

IGCSE တက်ဖို့ဘာတွေလိုမလဲ❓

📌 IGCSE တက်ပြီဆိုတာနဲ့ တစ်ချိန်ချိန်မှာတော့ Overseas သေချာပေါက်သွားရမှာပါ။ ဒါကြောင့် International Curriculum ဖြစ်တာနဲ့အညီ
Financial Support, Facilities, Laptop စတာတွေကတော့ လိုအပ်ပါတယ်။ ဒီ Post မှာ ကျွန်တော်အဓိက Focus ထားသွားမှာက ကိုယ်နဲ့ဆိုင်တဲ့ Factors တွေကိုပဲပြောပြသွားမှာပါ။

📌 Low - Mid Intermediate English
IGCSE ဟာ ကမှအ အထိ အစအဆုံး English လိုပါပဲ။ ဘယ်လိုပဲဆရာ၊ဆရာမတွေက မြန်မာလိုရှင်းပြပါစေအနည်းဆုံး Lower Intermediate လောက်ရှိထားသင့်တယ်လိုမြင်ပါတယ်။

📌 IT Skills
IGCSE တက်နေပါပြီဆိုတာနဲ့ Microsoft Teams, Google Classroom, Zoom စတာတွေနဲ့လွတ်ကင်းနိုင်မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ Slides တွေလည်း ပြင်ဆင်ရတတ်ပါတယ်။ ဒါ့ကြောင့် Powerpoint Skills အပါအဝင် IT ပိုင်းနှင့်ရင်းနှီးနေရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

📌 Research & Explore
ကျောင်းကတစ်နေ့တစ်နေ့ သင်လိုက်တဲ့စာပြန်ဖတ်၊ပြန်လုပ်၊ ကျူရှင်ကအိမ်စာတွေပဲပြန်လုပ်နေလို့မရပါဘူး။ Online Resources တွေကနေ Topical Questions တွေရှာလုပ်၊ Revision Notes တွေရှာဖတ် မှသာ Grade ကောင်းဖို့သေချာမှာပါ။ ဒါကြောင့် ဒီ Resources တွေကို ရှာတတ်ဖို့လဲ လိုပါသေးတယ်။

📌 “Think-out-of-the-box”mind
IGCSE ရဲ့ Past Paper Questions တွေဟာ ဘယ်နှစ်မှမထပ်ပါဘူး။ နှစ်တိုင်း ပုံစံ အသစ်၊ Type အသစ်တွေ ထည့်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းပုံစံဆို ဒီလိုမျိုးတွက် ဒီအဆင့်တွေမှာအမှတ်ပေးတယ်ဆိုပီး မှတ်ထားလို့မရပါဘူး။ Open-minded ဖြစ်နေဖို့လိုပါတယ်။

ဒီလောက်ဆို IGCSE တက်ဖို့ ကိုယ့်ဖက်က လိုအပ်မဲ့ Personal Skills တွေ အကြမ်းဖျင်းသိလောက်ပြီထင်ပါတယ်။ ယခုမှ IGCSE စတက်ချင်တဲ့ကျောင်းသား၊ကျောင်းသူများအတွက် Consultation Sessions များလုပ်ပေးနေပါပြီခင်ဗျာ။

30/11/2023

IGCSE Past Papers တွေကိုထိရောက်အောင် ဘယ်လိုလေ့ကျင့်မလဲ?

IGCSE ဟာ International Curriculum ဖြစ်တာနဲ့အညီ Course book ကိုပိုင်နိုင်နေရုံနဲ့သာမလုံလောက်ဘဲ Past Papers များစွာကိုလည်းလေ့ကျင့်ထားရမှာဖြစ်ပါတယ်။

ဒီလို Past Papers တွေလေ့ကျင့်ရာမှာ မေးခွန်းအစုံလိုက်ကြီးကို ထိုင်မလုပ်ဘဲ Chapter တစ်ခုချင်းစီအလိုက် ထို Chapter နှင့်ဆိုင်သောမေးခွန်းများကို ရွေးချယ်လေ့ကျင့်တာဟာလည်း Effective ဖြစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Course တစ်ခုလုံးမပြတ်သေးတာကြောင့် ပြီးပြီးသား Chapter တွေနဲ့ဆိုင်သော မေးခွန်းများကိုသာ လေ့ကျင့်ချင်သည်ဖြစ်စေ၊ Chapter တစ်ခုခုမှာ အားနည်းလို့ ထို Chapter နဲ့ဆိုင်သော မေးခွန်းများကိုဖိလေ့ကျင့်ချင်သည်ဖြစ်စေ Exam Mate ရဲ့ Topical Past Papers ဆိုတဲ့ Feature က သင့်ကို ကျိန်းသေပေါက်အထောက်အကူပြုမှာဖြစ်ပါတယ်။

ဒီ Feature ဟာ Past Paper Questions တွေအကုန်လုံးကိုထဲကမှ သင် Select လုပ်ထားတဲ့ ဘာသာ၊ နှစ်၊ Chapter၊ Zone အလိုက်ပြပေးမှာဖြစ်ပါတယ်။ အချို့သောကျောင်းသားများလည်း ရင်းနှီးပြီးသားဖြစ်တာမှာပါ။ Exam အတွက် တကယ်အထောက်အကူပြုမှာဖြစ်တာကြောင့် ဒီ Feature လေးကို အသုံးပြုကြဖို့တိုက်တွန်းချင်ပါတယ်။

27/11/2023

သင့်ကလေးကို IGCSE ပြောင်းထားဖို့စိတ်ကူးနေပါသလား⁉️

သင်က မိဘတစ်ယောက်၊ အုပ်ထိန်းသူတစ်ယောက်ဆိုရင် ဒီအခွင့်လမ်းက အထောက်ကူပြုမှာ 100% အာမခံပါတယ်။

📌ကျွန်တော်တို့ PyinNyarLann- ပညာလမ်း Agency မှ Free Consulting များပြုလုပ်ပေးနေပါပြီ။

Consulting Session ယူရင် 100% Free လား?
📌ပထမဦးဆုံး ၁၀ ယောက်ကို အခမဲ့ အကြံပေး၊ တိုင်ပင် လို့ရအောင်စီစဉ်ပေးထားပါတယ်ခင်ဗျ။ (40 Mins Zoom Session)

PyinNyarLann - ပညာလမ်း Consulting Session မှာဘာတွေပါမှာလဲ?

📌International Curriculum သို့ပြောင်း
ချင်သောကျောင်းသားကျောင်းသူများ၊
နိုင်ငံခြားသို့ပညာသင်သွားဖို့စိတ်ကူးနေသူများကို ကိုယ်နဲ့အသင့်တော်ဆုံး Pathway များအားချိတ်ဆက်ပေးခြင်း၊ အကြံညဏ်ပေးခြင်း၊ ကိုယ်စိတ်ဝင်စားသည့် Professional Majors (Business, IT, Engineering, etc) စသောလမ်းကြောင်းများကိုဖော်ပြပေးသွားမှာပါ။

📌အကယ်၍ သင့်ရင်သွင်းငယ်များကို IGCSE (O LEVEL) တက်ရောက်စေချင်ပါက ကျောင်းသား၊သူများအား ကျွန်တော်တို့ ပညာလမ်းမှ စနစ်တကျ စီစဉ်ထားသော

👉🏻Powerpoint Slides များ၊ IGCSE နှင့်ပတ်
သက်သော Knowledge များ၊ Past Papers/ Revision Notes/ Guides ရှာရန်

👉🏻Website များ၊ Latest Past Papers/ Editions တွေကို ဘယ်မှာအမြန်ဆုံး Free ရနိုင်မလဲ၊ Grade Boundaries & Threshold Table ဆိုတာဘာတွေလဲ

👉🏻Schools & Centres များရဲ့ ကွာခြား
ချက်တွေ၊ IGCSE Exams တွေရဲ့ သဘောသဘာဝ စသည့် အကြောင်းအရာများနှင့်တကွ ပညာလမ်းမှ စီစဉ်ထားသော Blogs များလည်း အခမဲ့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

📌ဒါ့အပြင် IGCSE ပြီးသွားရင်လည်း သင့်ကလေးသွားချင်တဲ့နိုင်ငံ၊ တက်ချင်တဲ့ Major အပေါ်မူတည်ပြီး ဘယ်ကျောင်းတွေက အသင့်တော်ဆုံးဖြစ်မလဲ ဆိုတာကိုလည်းထည့်သွင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Consulting ကတစ်ခါပဲလား?
📌 Session အပြီး ၂ပတ်အကြာမှာ တစ်
ကြိမ်ပြန်ပြီး Follow-up Session (15 Mins) အခမဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်

အခုပဲ Cb မှာစရင်းပေးနိုင်ပါပြီခင်ဗျာ။

24/11/2023

Self Study လုပ်ရတာပိုလွယ်အောင် AI ကိုဘယ်လိုအသုံးချမလဲ❓

📌 Get Guidelines and Tips From AI

သင်က ကျောင်းသား၊သူဖြစ်ပြီး
ကိုယ်တိုင် Self Study လုပ်နေတဲ့သူဆိုရင် Guidelines များ Tips များလိုမှာအသေချာပါပဲ။ International Curriculum များကိုလေ့လာနေတဲ့သူဆိုရင် quick notes များ၊ ကိုယ်သုံးနေကျမဟုတ်သော methods များ
စတာကိုတွေကို AI အကူညီဖြင့်လေ့လာနိုင်ပါတယ်။

📌 AI Teaching Assistant

အကယ်၍ သင်က ဘယ်အတတ်ပညာကို
မဆို self study လုပ်နေတဲ့သူတစ်ယောက်ဆိုရင် တတ်မြောက်ဖို့အလွယ်ကူဆုံးနည်းလမ်းက AI ရဲ့ Teaching Assistant ကိုအကူညီယူဖို့ပါပဲ။ ChatGPT,Grammarly စတဲ့ Application တွေကိုအသုံးပြုန်ိုင်ဖို့တော့လိုအပ်ပါတယ်။

📌 Getting Updated News from AI

ကိုယ်ကဘယ်လောက်ပဲကြိုးစားနေပါစေ ခေတ်မှီတဲ့ Curriculum, Marking System, latest news တွေကိုမသိထားရင်
ခြေတစ်လှမ်းနောက်ကျနေမှာပါ။ ထို့ကြောင့် AI ရဲ့အထောက်ကူဖြင့် lasted daily news တွေကိုကြည့်ရှုဖို့မမေ့ပါနဲ့။

22/11/2023

IGCSE သင်တဲ့ဆရာတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲ 7 ခု

📌1. English Level

IGCSE ဆိုတာ International Curriculum ဖြစ်တဲ့အတွက် အကုန်လုံးက English လိုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ Native Tongue မဟုတ်တဲ့အတွက် မသိတာလေးတွေကတော့ပါစမြဲပါ။ ဆရာကိုယ်တိုင်က English ကျွမ်းကျင်နေရင်တောင် ကျောင်းသားတွေကြားမှာတော့ အခက်အခဲရှိနိုင်တယ်။ ကျောင်းသား တစ်ယောက်က Intermediate Level ရှိမယ်၊ အခြားတစ်ယောက်က Upper Beginner ပဲရှိမယ် စသည်ဖြင့် တစ်ယောက်နဲ့တစ်ယောက် Level မတူတဲ့အတွက် စာရှင်းပြရမှာလည်း အခက်အခဲရှိနိုင်ပါတယ်။

📌2. Different Approach

မြန်မာကျောင်းသားတွေဟာ အစိုးရသင်ရိုးကိုပဲ နှစ်ချီသင်လာရတဲ့အတွက် “ဒါကျက် ဒါဖြေ” Approach ကိုပဲ ပိုင်နိုင်ကြပါတယ်။ IGCSE မှာတော့ ကျက်လို့ လုံးဝမရပါဘူး။ Theory ကိုနားလည်အောင်ဖတ်၊ Notes ထုတ်၊ Past Paper တွေများများလုပ်တဲ့ Approach နဲ့မှသာဖြေနိုင်မှာပါ။ ဆရာတွေအနေနဲ့ ကျောင်းသားတွေကို နှစ်ချီကျင့်သားရနေတဲ့ Approach ကိုဖျက်ပြီး New Approach မှာအသားကျအောင်သင်ရတာလည်းမလွယ်ကူပါဘူး။

📌3. Lack of Laboratory

ဒီနေရာမှာ Laboratory ဆိုတာ Science Lab ကိုသာဆိုလိုတာမဟုတ်ဘဲ Computer Room လည်းပါပါတယ်။ အချို့သာ Physics Chapter တွေဟာ လက်တွေ့လုပ်ပြမှ နားလည်ရလွယ်ကူတာပါ၊ Theory အတိုင်း Concepts တွေကြီးပဲ ခေါင်းထဲရိုက်သွင်းနေလို့မရပါဘူး။ ကျောင်း (သို့) Centres တော်တော်များများဟာ IGCSE အတွက် သင့်တော်တဲ့ Laboratory မရှိကြပါဘူး။

📌4. Time management

အချို့သောကျောင်းတွေက အတန်းချိန်လုံလုံလောက်လောက်မပေးကြပါဘူး၊ တစ်ချိန်မှ မိနစ် ၄၀၊ တစ်ပတ်မှ ၃ ချိန်လောက်ပဲသင်ရရင် ဆရာတွေ Rushed ဖြစ်တဲ့အပြင် ကျောင်းသားတွေလည်း စာပိပါတယ်။

📌5. Endless past papers

IGCSE မှာပြီးခဲ့တဲ့နှစ်တွေအကုန်လုံးက Past Papers တွေ အကုန်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျောင်းသားတွေက Past Paper တစ်ခုလုပ်ရင်း နားမလည်တဲ့ Question ကို ဆရာ့ဆီလာမေးတဲ့အခါ ဆရာကိုယ်တိုင်က မလေ့ကျင့်ထားဖူးဆိုရင် 100% မသေချာတဲ့အခြေအနေတွေရှိပါတယ်။ ဒွိဟဖြစ်စေတဲ့ Question တွေလည်းအများကြီးရှိပါတယ်။ (Especially science subjects)

📌6. Lately-registered students

အချို့ကျောင်းတွေဟာ Course ကစနေပြီဖြစ်သော်လည်းကျောင်းသားတွေကို သုံးလေးလကြာသည်အထိ ဆက်လက်ခံပါတယ်။ ဒီလိုမျိုးအခြေအနေတွေမှာ ဒုက္ခအရောက်ဆုံးကတော့ ဆရာတွေပါပဲ။ အသစ်ရောက်လာတဲ့ကျောင်းသားက သင်နေတဲ့စာတွေနားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ဆရာကတော့ အချိန်ပိုတွေယူပြီး အစကပြန်သင်ပေးရတော့တာပါပဲ။

📌7. Ever-changing curriculum

IGCSE က ၃၊ ၄နှစ်တစ်ကြိမ် နီးပါး ခဏခဏ သင်ရိုးပြောင်းပါတယ်၊ အသစ်တွေထည့်တယ်၊ အဟောင်းတေဖြုတ်ပစ်တယ်၊ Edition အသစ်တွေထုတ်တယ်။ ဒါကြောင့် ဆရာတွေလည်း အမြဲတမ်း ထပ်မံလေ့လာ၊ Resources တွေထပ်ရှာ၊ Slide တွေပြန်ပြင် စသည်ဖြင့် လုပ်နေရပါတယ်။

အခုမှ IGCSE စသင်ချင်တဲ့ဆရာ/ဆရာမတွေအတွက် PyinNyar Lann - ပညာလမ်း Agency မှာ Consulting Session များ လာရောက်စာရင်းသွင်းနိုင်ပါပြီခင်ဗျာ။

19/11/2023

မြန်မာသင်ရိုးမှ International Curriculum ကိုပြောင်းဖို့ စိတ်ကူးနေပါသလား⁉️

📌ကျွန်တော်တို့ PyinNyarLann- ပညာလမ်း Agency မှ Free Consulting များပြုလုပ်ပေးနေပါပြီ။

Consulting Session ယူရင် 100% Free လား?
📌ပထမဦးဆုံး ၁၀ ယောက်ကို အခမဲ့ အကြံပေး၊ တိုင်ပင် လို့ရအောင်စီစဉ်ပေးထားပါတယ်ခင်ဗျ။ (40 Mins Zoom Session)

PyinNyarLann - ပညာလမ်း Consulting Session မှာဘာတွေပါမှာလဲ?
📌IGCSE စိတ်ဝင်စားသော ကျောင်းသား၊သူများအား ကျွန်တော်တို့ ပညာလမ်းမှ စနစ်တကျ စီစဉ်ထားသော Powerpoint Slides များ၊ IGCSE နှင့်ပတ်သက်သော Knowledge များ၊ Past Papers/ Revision Notes/ Guides ရှာရန် Website များ၊ Latest Past Papers/ Editions တွေကို ဘယ်မှာအမြန်ဆုံး Free ရနိုင်မလဲ၊ Grade Boundaries & Threshold Table ဆိုတာဘာတွေလဲ၊ Schools & Centres များရဲ့ ကွာခြားချက်တွေ၊ IGCSE Exams တွေရဲ့ သဘောသဘာဝ စသည့် အကြောင်းအရာများနှင့်တကွ ပညာလမ်းမှ စီစဉ်ထားသော Blogs များလည်း အခမဲ့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

📌 မြန်မာစနစ်သစ်ပညာရေးမှ International Curricula ပြောင်းချင်သောကျောင်းသားကျောင်းသူများ၊ နိုင်ငံခြားသို့ပညာသင်သွားဖို့စိတ်ကူးနေသူများကို ကိုယ်နဲ့အသင့်တော်ဆုံး Pathway များအားချိတ်ဆက်၊ အကြံညဏ်ပေးခြင်း၊ ကိုယ်စိတ်ဝင်စားသည့် Professional Majors (Business, IT, Engineering, etc) စသောလမ်းကြောင်းများကိုဖော်ပြပေးသွားမှာပါ။

Consulting ကတစ်ခါပဲလား?
📌 Session အပြီး ၂ပတ်အကြာမှာ တစ်ကြိမ်ပြန်ပြီး Follow-up Session (15 Mins) အခအဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်

အခုပဲ Cb မှာစရင်းပေးနိုင်ပါပြီခင်ဗျာ။

12/11/2023

WE ARE LOOKING FOR A CONTENT WRITER‼️
(Hired Already)

📌ဘာတွေလိုအပ်မလဲ ❓

—> Google Sheets, Google Slide,
Google Calendar, ChatGPT စသော AI / Software များကိုပိုင်န်ိုင်စွာသုံးနိုင်ရမည်။ Content Writing, Copy Writing Skills, Digital Marketing သော Skills များ Intermediate Level ရှိရမည်။

—> Strategic ကျကျ Content Calendar ဆွဲနိုင်ပြီး Deadline အတွင်းပြီးအောင်ရေးနိုင်သူဖြစ်ပြီး Customer များလိုအပ်သော Content များ၊ Value ပေးနိုင်သော Content များကောင်းစွာဖန်တီးနိုင်ရမည်။

—> 2+ Years Experience ရှိရပါမည်။
(မှတ်ချက် - Experience ဆိုသည်မှာ အခြား Company (သို့) Page မှာလုပ်ဖူးသည်ကိုမဆိုလိုဘဲ Content Writing Skills တွေကို အသုံးပြုဖူးသော နှစ်အရေအတွက်ကိုသာ ရည်ညွှန်းပါသည်)

—> —> English Level ဟာ Intermediate ဖြစ်ရပါမည်။

👉 ဘယ်လိုလူတွေလျှောက်သင့်သလဲ❓

—> အလုပ်ကိုစိတ်နှစ်လုပ်တတ်ကာ Social Skill အသင့်အတင့်ကောင်းမွန်သော လူငယ်များကို ပို၍ဦးစားပေးပါမည်။

—> နေ့စဉ် 9 to 5 Routine ကြီးကနေရုန်းထွက်ချင်တဲ့သူများ၊ ကိုယ့် Ideas တွေကို ယုံကြည်ချက်မရှိလို့ ထုတ်မပြရသေးသူများအတွက် သင့်တော်ပါမည်။

👉 အလုပ်လုပ်ချိန်တွေကရော❓

—> Working Hours ကို တစ်သွေမတိမ်းကြီးမထားပါဘူး၊ တစ်ပတ် Content 2 ပုဒ်ကနေ 4ပုဒ်ကို Deadline အမှီ ရေးပေးနိုင်ရင်ရပါတယ်ခင်ဗျာ

👉 Salary ဘယ်လောက်လဲ❓

—> Minimum လစာ 3 lakhs ဖြစ်ပါ
တယ်ခင်ဗျ။ မိတ်ဆွေရဲ့ Performance အပေါ်မူတည်ပြီး ထပ်ဆောင်း Bonus ( 1lakhs to 1.5 lakhs )ပေးဖို့ရှိပါတယ်
ခင်ဗျာ။

👉 PyinNyar Lann မှာလုပ်ခြင်းအားဖြင့် ဘာ Benefits တွေရနိုင်လဲ❓

—> Work From Home ဖြစ်ပြီး အလုပ်ချိန်သတ်မှတ်ထားခြင်းမရှိသောကြောင့် အခြား Permanent Job ပါလုပ်လို့ရပါတယ်ခင်ဗျာ

—> Salary ဟာလည်း ဒီ Field ဒီ Level ထဲက အခြားအလုပ်တွေနှင့်ယှဉ်ရင် Above Average မှာရှိပါတယ်

—> Udemy, Coursea နှင့် Google တို့က Paid Course များကို Admin Team ကဦးစီးပြီး ဝန်ထမ်းများ အခမဲ့တက်လို့ရအောင် စီစဉ်ပေးအုံးမှာပါခင်ဗျာ။

—> ထို့အပြင် Admin ကိုယ်တိုင်မှ Content Writing, Digital Marketing, Finding Network စတဲ့ Skills များကို ဗဟုသုတရအောင် သင်ပေးမှာပါဗျာ။

ယခု အလုပ်ကိုစိတ်ဝင်စားတယ်ဆိုလျှင်
PyinNyar Lann - ပညာလမ်း Page တွင်သော်လည်းကောင်း၊ [email protected] သို့သော်လည်းကောင်း CV နှင့်တစ်ကွ ပေးပို့စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

09/11/2023

Only 1 Seat Left‼️

IGCSE သင်ချင်ပေမဲ့ ဘယ်ကစပြီး ဘယ်လိုသင်ရမှန်းမသိတဲ့သူတွေအတွက် Free Consulting Session များမှာ 1 နေရာသာ ကျန်ပါတော့တယ်ခင်ဗျာ။

Post အပြည့်အစုံကို အောက်က Link မှာ သွားဖတ်နိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/61551002289701/posts/122135017358033409/?mibextid=cr9u0

Register Now‼️
စရင်းသွင်းဖို့အခုပဲ Page Cb မှာလာရောက်စုံစမ်းလိုက်ပါ။

08/11/2023

IGCSE သင်ချင်ပေမဲ့ ဘယ်ကစပြီးဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား⁉️

📌ကျွန်တော်တို့ PyinNyarLann- ပညာလမ်း Agency မှ Free Consulting များပြုလုပ်ပေးနေပါပြီ။

Consulting Session ယူရင် 100% Free လား?
📌ပထမဦးဆုံး ၁၀ ယောက်ကို အခမဲ့ အကြံပေး၊ တိုင်ပင် လို့ရအောင်စီစဉ်ပေးထားပါတယ်ခင်ဗျ။ (40 Mins Zoom Session)

Consulting ကတစ်ခါပဲလား?
📌 Session အပြီး ၂ပတ်အကြာမှာ တစ်ကြိမ်ပြန်ပြီး Follow-up Session (15 Mins) အခအဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်

PyinNyarLann - ပညာလမ်း Consulting Session မှာဘာတွေပါမှာလဲ?
📌 ကျွန်တော်တို့ ပညာလမ်းမှ စနစ်တကျ စီစဉ်ထားသော PowerPoint Slides များ၊ IGCSE နှင့်ပတ်သက်သော Knowledge များ၊ Past Papers/ Revision Notes/ Guides ရှာရန် Website များ၊ Latest Past Papers/ Editions တွေကို ဘယ်မှာအမြန်ဆုံး Free ရနိုင်မလဲ၊ Grade Boundaries & Threshold Table ဆိုတာဘာတွေလဲ၊ Schools & Centres များရဲ့ ကွာခြားချက်တွေ၊ IGCSE သင်ရာမှာ ထိရောက်အောင် အသုံးပြုရမည့် Tips & Strategies များ၊ IGCSE Exams တွေရဲ့ သဘောသဘာဝ စသည့် အကြောင်းအရာများနှင့်တကွ ပညာလမ်းမှ စီစဉ်ထားသော Blogs များလည်း အခမဲ့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

အခုပဲ Cb မှာစရင်းပေးနိုင်ပါပြီခင်ဗျာ။

Want your school to be the top-listed School/college?

Videos (show all)

📌 ကျွန်တော်တို့ PyinNyar Lann - ပညာလမ်း Agency လေးသက်တမ်းဟာ 4 လကျော်လာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ကျောင်းသား၊ ဆရာ/ဆရာမ နှင...
သင်က စီးပွါးရေးကိုစိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်လား? International Pathways များကို စုံစမ်းပြီး အခမဲ့ Consulting Service မျ...
IGCSE Past Papers တွေကိုထိရောက်အောင် ဘယ်လိုလေ့ကျင့်မလဲ?IGCSE ဟာ International Curriculum ဖြစ်တာနဲ့အညီ  Course book ကိုပိ...

Website