L & L Free Education - IGCSE

L & L Free Education - IGCSE

A Better Education for A better Life!💯

12/06/2023

ATTENTION PLS‼️

Form ဖြည့်ထားတဲ့သူလေးတွေ Msg box ကို စစ်ပေးကြပါရှင့် အမတို့ tele link လေးတွေ လိုက်ပို့ပေးထားပါတယ်၊

-Msg မရောက်ဘူးဆိုရင် အမ တို့ဒီ Batch ထဲမှာ မပါလို့ပါရှင့် - ( page cb မှာ အသေးစိတ်လာမေးနိုင်ပါတယ် )

[form ဖြည့်တဲ့သူလေးတွေမထင်ထားဘဲများတဲ့အတွက် အမ တို့ နောက် Free classလေးတွေ လဲ လုပ်ပေးဖို့ရှိပါတယ်]
အခုတော့ အမတို့လဲ Classလေးတွေ တက်နေရင်း ဖွင့်တာဖြစ်လို့ နည်း”ဘဲ လုပ်နိုင်သေးလို့ပါ🥺💛

တစ်ချို့ စာ ပို့လို့မရတာလဲရှိတဲ့အတွက် Formဖြည့်ထားရင် Cb မှာ လာမေးပေးစေချင်ပါတယ်ရှင့်

-ကျေးဇူးပါ-

11/06/2023

❗️Formဖြည့်တဲ့ လူလေးတွေ အရမ်းများလာတဲ့အတွက် 13ရက်နေ့ အစား မနက်ဖြန်နေ့လယ် (12 P.M)ကြ Form လေးပိတ်ပါမယ်ရှင့်❗️

🖇️ https://forms.gle/kSa7TgKnyoBzB7W69 🖇️

-Formလေးတွေကို ပြန်စီစစ်ပြီးရင် msg ပြန်ပို့ပေးပါမယ်ရှင့်
- Start Date ကိုလဲ နည်း” ရှေ့တိုးဖြစ်ပါမယ်

10/06/2023

📣IGCSE
IGCSE ဆိုတာဘာလဲ?

IGCSE (International General Certificate of Secondary Education) ကတော့ နိုင်ငံတစ်ကာအသိအမှတ်ပြု UK ကစစ်တဲ့စာမေးပွဲတစ်ခုပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသက် ၁၄ နှစ်မှ ၁၇ ထိတက်ရောက်လေ့ရှိကြပါတယ်

Exam Board အနေနဲ့တော့
1. Cambridge CIE
2. Pearson Edexcel ဆိုပြီးနှစ်မျိုးရှိပါတယ်

Subjects တွေအနေနဲ့ကတော့

English as First Language
English as Second Language
E Maths
Addtional Maths
Biology
Physics
Chemistry
Business
Accounting
Economic
ICT
Computer Science
Art and Design
စသည်ဖြင့် ဘာသာရပ်ပေါင်း 70 ကျော်ရှိပါတယ် အဲ့ထဲကမှ ကျောင်းသားတွေကတော့ 6-8 ဘာသာအများဆုံးယူလေ့ရှိကြပါတယ်၊
အပေါ်မှာပြထားတဲ့ဘာသာရပ်တွေကတော့ မြန်မာနိုင်ငံမှာအယူများကြတဲ့ ဘာသာရပ်တွေပဲဖြစ်ပါတယ်

ပုံမှန်အားဖြင့်တော့ 1 နှစ်ခွဲမှ 2 နှစ်အတွင်းတက်ရောက်ရပြီးတော့ government school မှ Grade 9 ပြီးထားသူတွေနဲ့ international school မှ sec 2 ပြီးထားသူတွေတက်ရောက်ကြတာဖြစ်ပါတယ်

IGCSE ပြီးသွားရင်တော့ Grade 11 နဲ့ secondary 4 ပြီးသွားတာနဲ့ညီမျှပါတယ်!
IGCSE ကိုတော့ USA Canada တို့ရဲ့ community college တွေကလက်ခံလေ့ရှိပြီး / တစ်ချို့နိုင်ငံ တွေမှာ University foundation ကိုလည်းတိုက်ရိုက်တက်ရောက်နိုင်သလို တစ်ခြားသော A Level, OSSD, IB အစရှိတဲ့ 12 တန်းပညာရေးများကိုတက်ရောက်နိုင်ပါတယ်

စာမေးပွဲကြေးအနေနဲ့တော့ တစ်ဘာသာကို 3 သိန်းဝန်းကျင်ဖြစ်ပြီး
School fees တွေကတော့ တစ်နှစ်ခွဲ or နှစ်နှစ်စာအတွက် 70-100 သိန်းဝန်းကျင်လောက်ရှိပါတယ် homeschooling အနေနဲ့ ကျူရှင်အိမ်မှာခေါ်သင်တာမျိုးပဲလုပ်ပြီး BC မှာ private candidates အနေနဲ့လည်းဝင်ဖြေနိုင်ပါတယ်။

‼️အစ်မတို့သိသလောက်လေးပြောပြထားတာဖြစ်တာမလို့ အမှားပါသွားရင် ထောက်ပြနိုင်ပါတယ်ရှင့်

09/06/2023

Edit- အမတို့ Start Dateလေးကို နည်း” ရှေ့တိုးဖြစ်လောက်ပါတယ်ရှင့် အတိကျသိရရင်ပြန်ပြောပေးပါမယ်။
Edit - Form လေးကို 13.6.2023 12AM နောက်ဆုံးထားပြီးဖြည့်ပေးစေလိုပါတယ်ရှင်🩷

L & L Free Education -IGCSE မှ ကြိုဆိုပါတယ်ရှင့်

‼️ဒီ ကာလမှာ Free Program တစ်ခုခုတက်ထားချင်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပါတယ်

အတန်းလေးဟာဆိုရင်တော့ဖြင့် IGCSE ကို Self Study ဘဲလုပ်ထားပြီး အခြေနေအမျိုး”ကြောင့်ဖြေဖို့မသေချာသေးတဲ့သူတွေ/ အပေါ်မှာ ပြောထားသလို exam မဖြေဘဲ ဒီတိုင်း တတ်ထားချင်ပင်မဲ့ IGCSE feesတွေက များနေလို့ မတတ်ရတဲ့သူတွေ ကို targetထားပြီး Free Class လေး စလုပ်ပေးဖြစ်တာပါရှင့်

❗️* ဒီ Classဘဲ Join ပြီး exam ဝင်ဖြေ ရင်တော့မရနိုင်ပါဘူးရှင့်* ဒီကာလ မှာ မချိန်မဖြုန်း ချင်ဘဲ တစ်ခုခုတတ်ချင်တဲ့သူတွေအတွက် ရည်ရွယ်လို့ပါ*

အမတို့ ကိုယ်တိုင်ကလဲ IGCSE ပြီးမြောက်ထားတာဖြစ်ပြီး အခု လောလောဆယ် A -Lvl နဲ့ တစ်ခြား Programs တွေအသီးသီး တက်ရောက်နေတဲ့သူတွေဖြစ်ပါတယ်၊ အဲ့တုန်းက အတွေ့ကြုံတွေလဲရှိတာမလို့ ယုံကြည်လို့ရပါတယ်ရှင့် ။

‼️Tr Ellie ကတော့ Australia 🇦🇺 ( University Of Melbourne) မှာ Bachelor of commerce တက်ရောက်နေတာဖြစ်ပြီး ESL သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ထိထိရောက်ရောက် နဲ့ သေချာ သင်ပေးနိုင်ရန် အတွက် Students ကို Max 10ယောက်ဘဲလက်ခံပါမယ်၊
< Start Date: June 19 >

-TimeTable ကတော့ Form ဖြည့်ပြီးသွားရင် ပို့ပေးပါမယ်ရှင့် ၊ (Duration က 1ချိန်ကို 1:30 ကြာမြင့်ပါမယ်)
Zoom နဲ့ဘဲ သင်ကြားပေးမှာဖြစ်တဲ့အတွက်
[Quiet environment, သင်ကြားမည့် Devices, internet connection လိုပါမယ်ရှင့်]

သင်ကြားနိုင်မည့် Subjects (CIE)
{ Tr’s profiles တွေကို ပုံမှာကြည့်ပေးပါရှင့် }

-Esl ( Tr. Ellie)
-Maths B ( Tr.Ying )
{MISY မှာ အခုတက်ရောက်နေပါတယ်}
-Business ( Tr. Mei )
-Accounting (Tr. Mei )
-Chem(Tr. Ying )
*Past Papers Class ကိုလဲ သီးသန့် ၄ချိန်ထားပေးထားပါတယ်*

*Course Books တွေလဲ လုံးဝ ဝယ်စရာမလိုပါ*
Pdf filesတွေပို့ပေးမှာပါရှင့်


1. စာကို တကယ်အာရုံတစိုက်လုပ်ပြီး တကယ် တတ်မြောက်ချင်တဲ့သူဖြစ်ရပါမယ်
2. အတန်းကိုပုံမှန်တက်ပေးနိုင်ရပါမယ်

Form ကိုဒီမှာ ဖြည့်ပေးပါရှင့်

https://forms.gle/kSa7TgKnyoBzB7W69

အသေးစိတ် မေးမြန်းချင်လို့ပါက Page Chat Box မှာ လဲမေးနိုင်ပါတယ်ရှင့်

Want your school to be the top-listed School/college?

Website