Just Sharing Idea - Sale & Marketing

Just Sharing Idea - Sale & Marketing

Sale & Marketing အကြောင်း၊ Content Marketing အကြောင်း မျှဝ

Operating as usual

03/11/2022

Goody Brand ရဲ့ Case Study လေးပါ။

Goody Brand က အရင်က စားသုံးဆီ ပဲ ထုတ်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။

အခု Product အသစ်တွေ ထပ်ထုတ်နေပါပြီ။

(ကြော်ငြာကိုတော့ Goody page မှာ ၀င်ကြည့်နိုင်ပါသည်။)

အခု‌တော့ Case study လေး ကြည့်လိုက်ရအောင်ဗျာ။

1. Ansoff Matrix အရ Product Development သုံးထားတာ တွေ့ရပါလိမ့်မယ်။ (လက်ရှိ Market မှာပဲ Product အသစ်တွေ ရောင်းချနည်း)

2. Brand Extension ( Category Extension ) သုံးထားပါတယ်။ (လက်ရှိ Brand ကိုပဲ သုံးပြီး Product Category အသစ်တွေ ဖော်ထုတ်ရောင်းချခြင်း)

3. Products အသစ်မှန်သမျှ ကို Goody နာမည်ပဲ ဆက်ပေးထားလို့ Branded House Method ကို သုံးထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ (ထုတ်သမျှ Product မှန်သမျှကို Brand တစ်မျိုးထဲဖြင့် လွှမ်းခြုံထားခြင်း)

အပေါ်က အချက် ၃ ချက်ကတော့ ထင်ရှားတဲ့ အချက်တွေပါ။

ဘာကြောင့် အဲဒီနည်းတွေ သုံးထားရတာလဲ။ အားနည်းချက်၊ အားသာချက်တွေကရော ဘာတွေ ရှိမလဲ။

တစ်ချက်ချင်းစီမှာ ပြောစရာတွေ အများကြီး ရှိပါတယ်။

အဆင်ပြေရင် ဆက်ရေးပေးပါ့မယ်။

မိတ်ဆွေတို့ တွေးမိတာကိုလည်း ရေးခဲ့ပေးပါဦး။👇👇

ကျေးဇူးပါ။

24/10/2022

Marketing ရဲ့ အဓိကတာ၀န်ကို ပြောပြပေးမယ်။

Marketing သမားသည် သူ့ ၀ယ်သူဆီက ပြန်ယူရမှာ နှစ်ခုရှိပါတယ်။

Profit and Heart ဖြစ်ပါတယ်။

💸💸Profit သည် ရောင်းသူ (လုပ်ငန်းရှင်) အတွက် အမြတ်အစွန်းဖြစ်ပါတယ်။

♥️Heart သည် ၀ယ်သူက ရောင်းသူ (လုပ်ငန်းရှင် သို့ Brand) ကို ချစ်ခင်မှု၊ နှစ်သက်မှု တွေ ဖြစ်ပါတယ်။

တစ်ခုထဲကို ယူနေမယ်ဆိုရင် ရေရှည်မှာ အဲဒီ လုပ်ငန်းက ပျက်ဖို့ပဲ ရှိပါတယ်။

Profit ပဲ ရှိပြီး Heart တွေ မရရင် ၀ယ်သူတွေက အဲဒီ Brand ကို ရေရှည်စွဲမသုံးပါဘူး။

Heart တွေပဲ ရပြီး Profit မရပြန်ရင်လည်း လုပ်ငန်းက ရှုံးပြီး ရေရှည်မရပ်တည်နိုင်ပါဘူး။

နှစ်ခုစလုံးကို ညီတူ မျှတူ ယူဖို့ လုပ်ငန်းရှင်က စဉ်းစားဖို့လိုအပ်ပါတယ်။

Marketing က အဲဒီ အပိုင်း (Profit & Heart ရယူဖို့) ကို တာ၀န်ယူလုပ်ဆောင်ရပါတယ်။

ကျေးဇူးတင်ပါတယ်။

23/10/2022

ငါ့ညီ၊ ငါ့ညီမ တို့ကို တစ်ခွန်းထဲ အကြံပေးပါရစေ။ 👇👇 ပုံကိုကြည့်ပါ။

အရောင်းပိုင်းဆိုင်ရာ အခမဲ့ သင်တန်းတက်လို့ရသည်။
👇👇 သင်ကိုယ်တိုင် လေ့လာရမည်။
https://m.facebook.com/story.php?story_fbid=216437336769989&id=109546037459120

22/10/2022

Decoy Pricing Strategy

Pricing Strategy တွေထဲက Strategy တစ်ခု ဖြစ်တဲ့ Decoy Pricing Strategy အကြောင်း မျှဝေပါရစေ။

Decoy Pricing Strategy ဆိုတာ အောက်က ပုံပါအတိုင်းပါပဲ။

အသေး၊ အလတ်၊ အကြီး ဆိုပြီး Size ၃ မျိုးရှိတယ်။

ဥပမာအနေဖြင့်👇👇

👉အသေးက ၂၀၀၀

👉အလတ်က ၃၀၀၀

👉အကြီးက ၃၅၀၀

သင် ဘယ် Size ကို ရွေးမလဲ။

အသေးနဲ့ အလတ်က ဈေးကြီးတယ်လို့ထင်ရတယ်။ အကြီးကျတော့ ဈေးသက်သာသွားပြီ။ (အသေး၊ အလတ်နဲ့ နှိုင်းယှဉ်မိသွားလို့)

ဒါဆို အများစုက ပိုတန်တယ်လို့ထင်ရတဲ့ အကြီး ၃၅၀၀ တန်ကို ရွေးမှာပါ။

နောက် ဥပမာ တစ်ခုက 👇👇

👉တစ်ခုထဲယူရင် ၁၅၀၀

👉နှစ်ခုယူရင် ၂၀၀၀

ဒါဆို ၂ ခု ယူဖို့ အခွင့်အရေးများသွားပြီ။

အဲဒါ Decoy Pricing Strategy ပါပဲ။

Decoy Pricing Strategy ရဲ့ သက်ရောက်မှုတွေက

တစ်ခုချင်း (အသေး၊ အလတ်) ကို ဈေးကြီးထားလို့ (ဈေးဆွဲတင်ထားလို့) ပိုကောင်းတဲ့ Quality ရှိတယ်လို့ ၀ယ်သူက ခံစားရနိုင်တယ်။

ကိုယ်ရောင်းချင်တဲ့ Products Size (အကြီး၊ အရေအတွက်) ကို ၀ယ်သူက ၀ယ်ဖို့ အခွင့်အရေးပိုများတယ်။

၀ယ်သူက အမြဲတမ်း Cost နဲ့ Benefit ကို ချိန်ထိုးစဉ်းစားနေတယ်ဆိုတာ မမေ့ပါနဲ့။

Cost & Benefits အကြောင်းကို နှိပ်ပြီး ဖတ်ပါ။👇👇
https://www.facebook.com/109546037459120/posts/492569072490146/

ကျေးဇူးတင်ပါတယ်။

Credit to photo.

07/03/2022

Sale & Marketing အကျဉ်းချုပ်မျှဝေမှု (၇)

➡️မကြောက်ပါနဲ့။

➡️အသစ်အဆန်း ဖန်တီးမှု လုပ်ရမှာ မကြောက်ပါနဲ့။

➡️ထုတ်ကုန်အသစ်ထုတ်ကြည့်၊ ရှိတဲ့ ထုတ်ကုန်တွေကို ပေါင်းပြီး ရောင်းကြည့်။

➡️ထုတ်ကုန်တိုင်းတော့ အဲဒီလိုလုပ်လို့မရပေမယ့် လုပ်လို့ရတဲ့ ထုတ်ကုန်ဆိုရင် အဲဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တီထွင်လိုက်တဲ့ ထုတ်ကုန်သည် ဖောက်သည်အတွက် တန်ဖိုးတစ်ခုပေးနေပါက ဖောက်သည်က ၀ယ်ယူနိုင်ပါတယ်။

➡️ပြီးတော့ ကြော်ငြာတွေ၊ Message တွေ သူများနဲ့ မတူတာတွေကို လုပ်နိုင်ရမယ်။

➡️မကြောက်ပါနဲ့။ သူများလည်း ဒါပဲ၊ ငါလည်း ဒီလိုပဲ ကြော်ငြာမယ်ဆိုရင်တော့ အဆင်မပြေသေးပါဘူး။

➡️တစ်ခုပဲ မှတ်ထားစေချင်ပါတယ်။

➡️ကိုယ်တီထွင်လိုက်တဲ့ အသစ်အဆန်းက ဖောက်သည်အတွက် တန်ဖိုးတစ်ခုပေးနိုင်ရမယ်။ ဒါဆို ဖောက်သည်က ၀ယ်ယူဖို့ စဉ်းစားနိုင်ပါတယ်။

ရေးဖူးခဲ့သမျှ Post ပေါင်းချုပ်။ အလွယ်တကူပြန်ဖတ်လို့ရအောင် Share ထားပါ။ Save ထားပါ။👇
https://m.facebook.com/story.php?story_fbid=128707872209603&id=109546037459120

သူများတွေ Top Fan ဖြစ်နေပြီ။ Top Fan Only Plan လေးတွေ ရှိနေတာမို့လို့ Top Fan ဖြစ်နေဖို့ လိုပါတယ်နော်။ 👍

🤗🤗Top Fan ဖြစ်ချင်ပါက .....
များများ Engagement (Like, Comment, Share, See More နှိပ်ပြီး စာဖတ်ခြင်း) လုပ်ပါ။ Top Fan ဖြစ်လာပါလိမ့်မယ်။

Top Fan ဖြစ်ပြီးသား မိတ်ဆွေများကလည်း Top Fan ဆိုတာ ပြန်ပြုတ်ကျတတ်ပါတယ်ခင်ဗျ။ တော်ကြာ Top Fan Only အစီအစဉ်ပေးတော့မှ ကိုယ်က Top Fan ပြုတ်နေတဲ့ အချိန်နဲ့ တိုးရင် ကိုယ်ကျန်ခဲ့ပါလိမ့်မယ်။ အမြဲတမ်း Top Fan ဖြစ်နေပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

24/02/2022

မထင်ထားတဲ့အချိန်မှာ မထင်ထားတာကို ပေးပါ။

👉ကိုယ်လည်း တစ်ခုမဟုတ် တစ်ခု ဈေး၀ယ်ခဲ့ဖူးတယ်မလား။ ကိုယ်သိထားတာက ဒါလေး၀ယ်ရင်တော့ ဒါလေးပဲ ရမယ်လို့ ထင်ထားတာ။

👉ဒါပေမယ့် ရောင်းသူကနေပြီးတော့ ကိုယ်၀ယ်တဲ့အရာလေးအပြင် တစ်ခုခု အပိုထပ်ပေးလိုက်တဲ့အခါ ကိုယ်ဘယ်လိုခံစားလိုက်ရမလဲ။ 🤔

👉ပျော်သွားမယ်။ ရင်ထဲထိသွားမယ်။ နောက်တစ်ခါ ၀ယ်ရင် သူ့ဆီပဲ သွား၀ယ်တော့မယ်။ ဒါမျိုးတွေဖြစ်လာရော။

👉ဒါသည် သင့်လုပ်ငန်းမှာ သုံးကို သုံးသင့်တဲ့ Marketing လက်နက်တစ်ခုပဲ။ 👍👍

👉ဥပမာ။ ကိုယ်၀ယ်တာသည် စာအုပ်တစ်အုပ်၊ ဆိုင်ရှင်ကနေပြီး ဘောပင်တစ်ချောင်းအပိုလက်ဆောင်ပေးလိုက်တယ်ဆိုရင်ရော.....

👉ဒီနေရာမှာပေးတဲ့ ဘောပင်သည် အပေါစားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သင်က အပေါစားလို့ထင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် သူများဆိုင်က မပေးတဲ့ အရာကို ဒီဆိုင်က ပေးနိုင်လို့ပဲ။

👉အပိုပေးတဲ့ လက်ဆောင်သည် ဈေးကြီးဖို့မလို၊ တန်ဖိုးကြီးဖို့မလို၊ ၀ယ်သူရင်ထဲရောက်မယ့်အရာ၊ ၀ယ်သူအတွက် အသုံး၀င်မယ့်အရာတစ်ခုခု ဖြစ်နေရင် ရပြီ။

👉အဲဒါကြောင့် ဘာပိုပေးရမလဲဆိုပြီး
သိပ်ကြီးကြီးမားမား လျှောက်စဉ်းစားမနေပါနဲ့။ ၀ယ်သူ၀ယ်လိုက်တဲ့ အရာလေး‌နဲ့ ဆက်စပ်ပြီး ဘာထပ်ပေးနိုင်မလဲလို့တွေးကြည့်လိုက်ပါ။

👉ကိုယ်ပြောထားတာထက် ပိုပေးပါ။ ၀ယ်သူ မမျှော်လင့်ထားတာကို ပေးပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

20/02/2022

Sale & Marketing အကျဉ်းချုပ် မျှဝေမှု (၃)

Sale & Marketing နယ်ပယ်ထဲက မိတ်ဆွေများအတွက်...........

➡️➡️သင်ရောင်းတဲ့ ထုတ်ကုန်၊ သင်ရောင်းတဲ့ ၀န်ဆောင်မှုကို ယုံကြည်နေရမယ်နော်။

➡️➡️အဲဒီစာကြောင်းကနေ နောက်ထပ် မေးခွန်းတစ်ခုထပ်ထွက်လာလိမ့်မယ်။

"သင်ရောင်းတဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုကို သင်ကော ၀ယ်သုံးချင်ရဲ့လား။"❓❓

➡️➡️အဲဒီ မေးခွန်းကို သင်ဖြေသင့်တယ်။

➡️➡️သင်တောင် ၀ယ်မသုံးချင်တဲ့ အရာတစ်ခုကို သင်က သူများတွေကို လိုက်ရောင်းနေတာလား။

➡️➡️ကိုယ်ရောင်းတဲ့ အရာကို ကိုယ်တောင် မယုံဘူးဆိုရင် ကိုယ့်အနေနဲ့ အလားအလာရှိတဲ့ ဖောက်သည် (Prospect) ကိုတောင် ရမှာမဟုတ်ဘူးတဲ့။

➡️➡️အရောင်းသမားအနေနဲ့ ဖြစ်ဖြစ်၊ Marketer တစ်ယောက်‌အနေနဲ့ ဖြစ်ဖြစ် ပထမဆုံးရှိထားသင့်တဲ့ စိတ်ထားတစ်ခုကတော့ ကိုယ်ရောင်းတဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုသည် နယ်ပယ်တစ်ခုထဲမှာ အကောင်းဆုံးလို့ ယုံကြည်ထားခြင်းပဲ။

➡️➡️Phone ဆိုလည်း ဖုန်းနယ်ပယ်မှာ ငါ့ဖုန်းက အကောင်းဆုံး

➡️➡️ဆီ ဆိုလည်း ငါ့ဆီကမှ အကောင်းဆုံး၊ အသန့်ရှင်း‌ဆုံး

➡️➡️ကျွန်တော်လည်း အဲဒီလို ခံယူခဲ့ဖူးတာပဲ။

➡️➡️FMCG တုန်းကလည်း ကိုယ်ရောင်းတဲ့ ထုတ်ကုန်ကမှ အကောင်းဆုံး၊ အသန့်ရှင်းဆုံးဆိုပြီး ယုံကြည်ခဲ့တာ။

➡️➡️ရောင်း၀ယ်ရေးမှာ အရောင်းသမားက ကိုယ်ရောင်းတဲ့ ထုတ်ကုန်ကို ယုံကြည်နေရမယ်။ အဲဒါ ပထမဆုံးအဆင့်နဲ့ အရေးကြီးဆုံး အဆင့်ပဲ။



သူများတွေ Top Fan ဖြစ်နေပြီ။ Top Fan Only Plan လေးတွေ ရှိနေတာမို့လို့ Top Fan ဖြစ်နေဖို့ လိုပါတယ်ခင်ဗျာ။

Top Fan ဖြစ်ချင်ပါက .....
များများ Engagement (Like, Comment, Share, See More နှိပ်ပြီး စာဖတ်ခြင်း) လုပ်ပါ။ Top Fan ဖြစ်လာပါလိမ့်မယ်။

Top Fan ဖြစ်ပြီးသား မိတ်ဆွေများကလည်း Top Fan ဆိုတာ ပြန်ပြုတ်ကျတတ်ပါတယ်ခင်ဗျ။ တော်ကြာ Top Fan Only အစီအစဉ်ပေးတော့မှ ကိုယ်က Top Fan ပြုတ်နေတဲ့ အချိန်နဲ့ တိုးရင် ကိုယ်ကျန်ခဲ့ပါလိမ့်မယ်။ အမြဲတမ်း Top Fan ဖြစ်နေပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။





17/02/2022

Marketing အကျဉ်းချုပ် မျှဝေမှု (၂)

ရောင်းမယ်။ ရောင်းမယ်ဆိုတဲ့ မိတ်ဆွေများဆီသို့ .........

👉မိတ်ဆွေကရောင်းချနေသူတစ်ယောက်၊ အရောင်းသမား တစ်ယောက်လား။

👉မေးပါရစေ။ မိတ်ဆွေ ဘာတွေကိုရောင်းနေတာလဲ။

👉အဲဒီလို အမေးခံရရင် တော်တော်များများ ပြန်ဖြေမယ့် မေးခွန်းကတော့ ထုတ်ကုန်ကိုပဲ ပြောမှာပါ။

👉ကျွန်တော်က မျက်နှာသစ်ဆေး ရောင်းပါတယ်။ အလှကုန်ရောင်းပါတယ်။ အ၀တ်အထည်ရောင်းပါတယ်။ ခုံရောင်းပါတယ်။ အိမ်ရောင်းပါတယ်။ အရုပ်ရောင်းပါတယ်။ ခရီးသွားလက်မှတ်ရောင်းပါတယ်။ .......

👉ထုတ်ကုန်ကို မရောင်းပါနဲ့တဲ့။ အဲဒီထုတ်ကုန်က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာနဲ့ အဖြေကို ရောင်းပါတဲ့။

👉အဲဒါကြောင့် နောက်တစ်ခါ အမေးခံရရင် ထုတ်ကုန်ကို မပြောပဲနဲ့ အဲဒီထုတ်ကုန်က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာနဲ့ အဖြေကို ပြောနိုင်အောင် ကြိုးစားကြည့်ပေါ့။

👉 ပြီးတော့ ကျွန်တော်တို့ ၀ယ်တာကလည်း ထုတ်ကုန်မှ မဟုတ်တာဗျ။ အဲဒီထုတ်ကုန်က ပေးနိုင်တဲ့ အရာကို ၀ယ်တာ‌ပဲလေ။

👉အဲဒီတော့ တကယ်၀ယ်တဲ့အရာကို ရောင်းပေါ့ဗျာ။ မ၀ယ်တဲ့အရာကို မရောင်းပါနဲ့လို့ပဲ ပြောချင်မိပါတယ်။

👉 အလှကုန်ကို ရောင်းတာ မဟုတ်ဘူး။ လှပမှု၊ ယုံကြည်မှုရှိမှုကို ရောင်းနေတာ။

ဓားကို ရောင်းနေတာမဟုတ်ဘူး။ တစ်ခုခု လှီးဖြတ်ခြင်းကို ရောင်းနေတာ။

မွေ့ယာကို ရောင်းနေတာမဟုတ်ဘူး။ ကောင်းမွန်စွာ အိပ်စက်ခြင်းကို ရောင်းနေတာ။

အဲဒီ သဘောတရားတွေကို နားလည်ပြီဆိုရင် သင်ကရော ဘာရောင်းနေတာလဲ။🤔🤔



ကြေညာချက်ပါခင်ဗျာ။👇👇

Top Fan တွေပဲ ဖတ်လို့ရမယ့် ဆောင်းပါးလေးတွေ တင်ပေးဖို့ ရှိနေပါတယ်ခင်ဗျာ။

🤗🤗Top Fan ဖြစ်ချင်ပါက .....
များများ Engagement (Like, Comment, Share, See More နှိပ်ပြီး စာဖတ်ခြင်း) လုပ်ပါ။ Top Fan ဖြစ်လာပါလိမ့်မယ်။

Top Fan ဖြစ်ပြီးသား မိတ်ဆွေများကလည်း Top Fan ဆိုတာ ပြန်ပြုတ်ကျတတ်ပါတယ်ခင်ဗျ။ တော်ကြာ Top Fan Only အစီအစဉ်ပေးတော့မှ ကိုယ်က Top Fan ပြုတ်နေတဲ့ အချိန်နဲ့ တိုးရင် ကိုယ်ကျန်ခဲ့ပါလိမ့်မယ်။ အမြဲတမ်း Top Fan ဖြစ်နေပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

14/02/2022

ကျွန်တော်က ပထမဆုံးမဟုတ်ပါဘူး။ သင့်အတွက်သာ ပထမဆုံးဖြစ်နေတာပါ။

👉ကျွန်တော်တင်ပြတဲ့ အကြောင်းအရာတွေက မိတ်ဆွေတို့အတွက် အသုံး၀င်နေတယ်ဆိုတာ တွေ့ရလို့ အလွန်ပျော်ရွှင်မိပါတယ်။


👉ဒါပေမယ့် အဲဒီအကြောင်းအရာတွေကို ပြောပြတာ၊ ဆွေးနွေးတာတွေက ကျွန်တော် ပထမဆုံးမဟုတ်ပါဘူး။ ကျွန်တော်က ရှုထောင့်အမြင်ပြောင်းပြီး ပြောနေတာပါ။


👉မိတ်ဆွေတို့အနေနဲ့ ရှုပ်မသွားအောင် အဆုံးထိ ဖတ်ကြည့်လိုက်ပါ။


👉ဥပမာဗျာ။ ၀ယ်သူလိုအပ်တာ၊ ၀ယ်သူကို ချစ်ပါ၊ ကိုယ်ချင်းစာပါ၊ ချစ်ခြင်းနဲ့ရောင်းပါ၊ ယုံကြည်မှုကိုရောင်းပါ။ အဲဒါမျိုးတွေကို ကျွန်တော်ပထမဆုံးပြောတာလို့ မိတ်ဆွေတို့ထင်နေတာလား။


👉မဟုတ်ဘူး။ ကျွန်တော်က ပထမဆုံးမဟုတ်ဘူး။

👉မိတ်ဆွေတို့အတွက်သာ ကျွန်တော်ပြောတာတွေက ပထမဆုံးဖြစ်နေတာပါ။ ဒါမှမဟုတ် ကျွန်တော်ပြောထားတဲ့ ရှုထောင့်တွေ၊ အမြင်တွေကို မိတ်ဆွေတို့အနေနဲ့ ပထမဆုံးဖတ်ဖူးနေတာလည်း ဖြစ်ချင်ဖြစ်နေမှာပါ။


👉ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပြောခဲ့ဖူးသမျှ စကားတွေ အကုန်လုံးကို တစ်စုံတစ်ယောက်က တစ်နေရာရာမှာ ပြောခဲ့ဖူးပြီးသား ဖြစ်နေမှာပါ။

👉ဥပမာ။ လိုအပ်တာရောင်းပါ။ ချစ်ပါ။ အဲဒီစကားတွေကို ဆရာ့ဆရာတွေအကုန်လုံးက တစ်နေရာရာမှာ ပြောဖူးပြီးသား ဖန်တရာတေနေတဲ့စကားလုံးတွေပါ။

👉ပွင့်ပွင့်လင်းလင်းထပ်ပြောရရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စကားလုံးတွေ၊ စကားတွေ၊ စိတ်ကူးတွေဆိုတာ မရှိပါဘူး။


👉သူများပြောခဲ့ဖူးပြီးသားစကားလုံးတွေ၊ စိတ်ကူးတွေကို ရှုထောင့်အသစ်ကနေ ပြန်ပြောကြမို့လို့သာ စကားလုံးအသစ်တွေ၊ စိတ်ကူးအသစ်တွေဖြစ်သွားကြတာပါ။


👉ပြီးတော့ ဘယ်လောက်ပဲ သစ်တဲ့ စိတ်ကူး၊ စကားလုံးတွေဖြစ်နေပါစေ အဟောင်းရဲ့ သဘောတရား ပုံစံအနည်းငယ်လေးတော့ အမြဲတမ်းပါနေတတ်ပါတယ်။


👉အဲဒါကြောင့် သင်က ဘယ်ကနေ ဘယ်လိုစကားလုံးအသစ်၊ စိတ်ကူးအသစ်တွေပဲ ရလာပါစေ၊ ကြားနေရပါစေ သင့်အတွက်သာ ပထမဆုံးဖြစ်ချင်ဖြစ်နေလိမ့်မယ်။


👉တခြားသူတွေအတွက်တော့ အဲဒီစိတ်ကူး၊ စကားလုံးတွေက အဟောင်းတွေဖြစ်ချင်ဖြစ်နေမှာပါ။


👉ဥပမာ။ လူနှစ်ယောက် A နဲ့ B ရှိတယ်။

👉သင်က A ဆီကနေ စကားလုံးတစ်လုံးကြားလာတယ်။ အဲဒီအချိန်မှာ အဲဒီစကားလုံးကို A က ပထဆုံးပြောဖူးတာလို့ သင်က မှတ်လိုက်ပြီ။ အဲဒီအချိန်မှာ B ကနေ A ပြောခဲ့ဖူးတဲ့ စကားလုံးကိုပဲ ဆင်တူယိုးမှား ထပ်တူပြောလာတယ်။ အဲဒီအချိန်မှာ သင်က B သည် A ဆီကနေ ခိုးလာတယ်ဆိုပြီး သင်က ထင်သွားပြီ။ အမှန်က B မှာလည်း အဲဒီစကားလုံးက နဂိုကတည်းက ရှိနေတာပါ။


👉သင့်အတွက်သာ A ဆီက စကားလုံးတွေက အသစ်အဆန်းဖြစ်‌ချင်ဖြစ်နေမှာပါ။ B အတွက်ကတော့ အဟောင်းတွေပါပဲ။


👉အဲဒါကြောင့် ကျွန်တော်က ပထမဆုံးမဟုတ်ပါဘူး။ သင့်အတွက်သာ ပထမဆုံးဖြစ်နေတာပါ။


👉ပြီးတော့ ပထမဆုံးအသစ်ဆိုတာလည်းမရှိပါဘူး။ အရာအားလုံးက အဟောင်းဆီက သဘောတရား အနည်းငယ်လေးတွေကို ရှုထောင့်အမြင်ပြောင်းပြီး အသစ်တွေ လုပ်နေကြတာပါ။


👉အဲဒါကြောင့် ကျွန်တော်ဆိုရင် အမြဲတမ်း ကြော်ငြာတွေကို စောင့်ကြည့်‌လေ့ရှိတယ်။ အများစုကတော့ Facebook ပေါ်က ကြော်ငြာတွေပေါ့။ ပြီးရင် Brand အကြီးကြီးတွေ ပြုလုပ်လေ့ရှိတဲ့ Marketing Campaign တွေကို စောင့်ကြည့်တယ်။ အမြဲတမ်းပညာရတယ်။ နေရာတကာမှာပညာတွေရှိနေတယ်။

12/02/2022

2022 မှာ ရေးခဲ့သမျှ‌ Sales and Marketing ဆောင်းပါး ပေါင်းချုပ်

JSI Page ကနေ Sales and Marketing အကြောင်းအရာတွေကို စဉ်ဆက်မပြတ် အခမဲ့ မျှဝေပေးနေပါတယ်။

ရေးဖူးခဲ့သမျှ Sales and Marketing ဆောင်းပါး ပေါင်းချုပ် ရယူရန်👇👇
https://m.facebook.com/story.php?story_fbid=128707872209603&id=109546037459120

ကျွန်တော် ကိုယ်တိုင် မျှဝေထားတဲ့ အခပေး သင်တန်း ၃ ခု ရှိပါပြီ။ 👇👇
(ပညာဒါန သင်တန်း ၂ ခု)
https://www.facebook.com/109546037459120/posts/436241588122895/

SME လုပ်ငန်းရှင်တိုင်းအတွက် 👇👇
https://www.facebook.com/109546037459120/posts/495171068896613/

ယခု Post မှာတော့ ၂၀၂၂ ခုနှစ်မှာ ကျွန်တော် ရေးသားထားတဲ့ Sales and Marketing ဆောင်းပါးတွေကို စုစည်းပေးထားမှာ ဖြစ်ပါတယ်။

ရှေ့ဆက် ရေးဖြစ်မယ့် Sales and Marketing ဆောင်းပါးတွေကို ဒီ Post မှာပဲ ထပ်ဖြည့်ပေးမှာဖြစ်လို့ ဒီ Post ကို Share ထားလို့ရပါတယ်။ Save ထားလို့ရပါတယ်။ (အချိန်မရွေး အလွယ်တကူ ပြန်လည်ဖတ်ရှုနိုင်ဖို့ ဖြစ်ပါတယ်။)

ခေါင်းစဉ်နဲ့ Post Link ကို တူညီအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

1. 2021 ကို နှုတ်ဆက်ရင်း 2022 ကို ကြိုဆိုတဲ့စာ
https://www.facebook.com/109546037459120/posts/494019325678454/

2. JSI Page မှ ရှေ့ဆက် မျှဝေသွားမယ့် အကြောင်းအရာများ
https://www.facebook.com/109546037459120/posts/494602298953490/

3. သိခြင်းနဲ့ ရောင်းခြင်းက ဆက်စပ်နေတယ်။
https://www.facebook.com/109546037459120/posts/496962508717469/

4. လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ မေးခွန်း ၁ ခု https://www.facebook.com/109546037459120/posts/499324271814626/

5. ရောင်းချမှုရဲ့ အရေးကြီးဆုံး ဥပဒေသ တစ်ခု
https://www.facebook.com/109546037459120/posts/499342508479469/

6. ရောင်းချတတ်ပြီလား။ https://www.facebook.com/109546037459120/posts/499336098480110/

7. ၀ယ်သူအရှေ့ကို အရောက်သွားဖို့လိုပြီ။ https://www.facebook.com/109546037459120/posts/505926507821069/

8. သင့် SME လုပ်ငန်းအတွက် စဉ်းစားစရာ
https://www.facebook.com/109546037459120/posts/505926507821069/

9. SME လုပ်ငန်းတိုင်းအတွက် Marketing သက်ရောက်မှု
https://www.facebook.com/109546037459120/posts/513226960424357/

10. Marketing အတွက် စဉ်းစားစရာ https://www.facebook.com/109546037459120/posts/513231727090547/

10/02/2022

Sale & Marketing အကျဉ်းချုပ် မျှဝေမှု (၉)

ဂရုစိုက်ပါ။ အကောင်းဆုံး Marketing နည်းလမ်းက ဂရုစိုက်ခြင်းဆိုပြီး ဆရာ့ဆရာတွေက ပြောခဲ့ကြပါတယ်။

၀ယ်သူကို ဂရုစိုက်ပါ။ စားသုံးသူကို ဂရုစိုက်ပါ။ လူတိုင်းက သူတို့ကို ဂရုစိုက်တာကို လိုချင်ကြပါတယ်။

ပိုက်ဆံပေးထားတဲ့ လူက ပိုလို့တောင် ဂရုစိုက်ခံချင်ကြပါသေးတယ်။

ကျွန်တော်တို့လည်း တစ်ကြိမ်တစ်ခါမှာ ၀ယ်သူဖြစ်ပါတယ်။

စားသောက်ဆိုင်ချင်းတူနေမယ်ဆိုရင်တောင် ကိုယ့်ကို ဂရုစိုက်တဲ့ ဆိုင်မှာပဲ ထိုင်စားချင်ပါတယ်။

အ၀တ်အထည်ဆိုင်ချင်း တူနေရင်တောင် ကိုယ့်ကို ဂရုတစိုက်နဲ့ သေချာရှင်းပြ၊ ရွေးပြတဲ့ ဆိုင်မှာပဲ ၀ယ်ချင်ကြပါတယ်။

Online Shop ချင်း တူနေရင်တောင် ကိုယ့်ကို ဂရုစိုက် စိတ်ရှည်ပြီး သေချာရှင်းပြတဲ့ လူဆီမှာပဲ ၀ယ်ချင်ကြတယ်မလား။

၀ယ်သူကို ဂရုစိုက်ပါ။ ၀ယ်သူတိုင်းက ဂရုစိုက်မှုကို လိုချင်တပ်မက်ကြပါတယ်။

သင်က ဂရုမစိုက်ရင် သင့်ပြိုင်ဘက်က ဂရုစိုက်သွားပါလိမ့်မယ်။ ဒါဆို သင့်၀ယ်သူတွေကို သင်ဆုံးရှုံးသွားပါလိမ့်မယ်။

အဲဒါကြောင့် ၀ယ်သူကို ဂရုစိုက်ပါ။



08/02/2022

အရောင်းပိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးအသစ်လေးများ စုစည်းမှု

JSI Page ကနေ Sales and Marketing အကြောင်းအရာတွေကို စဉ်ဆက်မပြတ် အခမဲ့ မျှဝေပေးနေပါတယ်။

လွန်ခဲ့တဲ့ နှစ်မှာ အရောင်းပိုင်းဆိုင်ရာ အခမဲ့ သင်တန်းဆိုပြီး ကျွန်တော် ရေးသားခဲ့သမျှ အရောင်းပိုင်း ဆောင်းပါးပေါင်းချုပ်ကို မျှဝေပေးခဲ့ပါတယ်။

မဖတ်ရသေးရင် ဖတ်ကြည့်လို့ရပါတယ်။ (အမှန်တော့ အရောင်းပိုင်းဆိုင်ရာ အခမဲ့သင်တန်းပါ။) 👇👇
https://m.facebook.com/story.php?story_fbid=216437336769989&id=109546037459120

📍📍ယခု Post မှာတော့ ကျွန်တော် ဆက်လက် ရေးသားထားတဲ့ အရောင်းပိုင်းဆိုင်ရာ ဆောင်းပါးလေးတွေကို ထပ်မံစုစည်းပေးထားပါတယ်။ 📍📍

ရှေ့ဆက် ရေးဖြစ်မယ့် အရောင်းပိုင်းဆိုင်ရာ ဆောင်းပါးတွေကို ဒီ Post မှာပဲ ထပ်ဖြည့်ပေးမှာဖြစ်လို့ ဒီ Post ကို Share ထားလို့ရပါတယ်။ Save ထားလို့ရပါတယ်။ (အချိန်မရွေး အလွယ်တကူ ပြန်လည်ဖတ်ရှုနိုင်ဖို့ ဖြစ်ပါတယ်။)

ခေါင်းစဉ်နဲ့ Post Link ကို တူညီအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

👉ရောင်းရတာ ခက်တာမဟုတ်ပါဘူး။ မရောင်းတတ်သေးတာပါ။
https://www.facebook.com/109546037459120/posts/420073516406369/

👉Interpersonal ဆိုတဲ့ စကားလုံးလေးက ရောင်းချမှုတိုင်းရဲ့ အသက်ပါပဲ။
https://www.facebook.com/109546037459120/posts/420072236406497/

👉ယုံကြည်မှုမတည်ဆောက်ရသေးဘဲ ဈေးမရောင်းပါနဲ့။
https://www.facebook.com/109546037459120/posts/440055424408178/

👉Sale Secrets Training မှာ ဘာတွေ လေ့လာရမလဲ။
https://www.facebook.com/109546037459120/posts/441669004246820/

👉Sale Secrets 1 ရဲ့ အနှစ်ချုပ် သင်ခန်းစာ
https://www.facebook.com/109546037459120/posts/448373163576404/

👉Sale Secrets 2 ရဲ့ အနှစ်ချုပ် သင်ခန်းစာ
https://www.facebook.com/109546037459120/posts/451087499971637/

👉Sale Secrets 3 ရဲ့ အနှစ်ချုပ် သင်ခန်းစာ
https://www.facebook.com/109546037459120/posts/452326099847777/

👉Sale Secrets 4 ရဲ့ အနှစ်ချုပ်သင်ခန်းစာ
https://www.facebook.com/109546037459120/posts/452327309847656/

👉Sale Secrets 5 ရဲ့ အနှစ်ချုပ်သင်ခန်းစာ
https://www.facebook.com/109546037459120/posts/452327999847587/

👉သိခြင်းနဲ့ ရောင်းခြင်းက ဆက်စပ်နေတယ်။ https://www.facebook.com/109546037459120/posts/496962508717469/

👉ရောင်းချမှုရဲ့ အရေးကြီးဆုံး ဥပဒေသ တစ်ခု https://www.facebook.com/109546037459120/posts/499342508479469/

👉ရောင်းချတတ်ပြီလား။ https://www.facebook.com/109546037459120/posts/499336098480110/

👉၀ယ်သူအရှေ့ကို အရောက်သွားဖို့လိုပြီ။ https://www.facebook.com/109546037459120/posts/505926507821069/

06/02/2022

Marketing အတွက် စဉ်းစားစရာ

Marketing မှာ အရေးကြီးဆုံးက

နံပါတ် ၁ စားသုံးသူ ရရေး
နံပါတ် ၂ စားသုံးသူကို ထိန်း‌ထားရေး
နံပါတ် ၃ စားသုံးသူ ထပ်ပွားရေး

တော်တော်များများ သိထားတာကတော့ Get, Keep, Clone ဆိုတဲ့ စကားလုံးအနေနဲ့ပါ။

Get အတွက် လုပ်ရမှာကတော့ ကိုယ့် ထုတ်ကုန်နဲ့ ပတ်သက်ပြီး ၀ယ်သူက Awareness ဖြစ်နေဖို့၊ Information ပေးနေဖို့ လိုအပ်ပါတယ်။

Keep အတွက် CRM ကောင်းကောင်းရှိဖို့လိုမယ်။ ‌ပထမအကြိမ် ၀ယ်ယူမှုမှာ သင့်ဘက်က အကောင်းဆုံး လုပ်ပေးလိုက်မယ်၊ ၀ယ်သူက Satisfaction & Delight ဖြစ်သွားမယ်ဆိုရင်တော့ ၀ယ်သူကို အလိုလိုနေရင်း ထိန်းထားသလိုဖြစ်နေမှာပါ။

Clone ဆိုတဲ့ အဆင့်ကတော့ မြင်သာ‌အောင်ပြောရရင် Word of mouth Marketing အဆင့်ပါပဲ။

ကိုယ့်ဆီမှာ ရှိတဲ့ Customer တွေကနေ Customer အသစ်တွေကို ဆွဲခေါ်လာတဲ့အဆင့်ပါ။

Customer အချင်းချင်း ထပ်ပွားခြင်း (Clone) အဆင့်ပေါ့။

သင် လုပ်တဲ့ လုပ်ရပ်မှန်သမျှက အဲဒီ နံပါတ် ၁ ကနေ နံပါတ် ၃ အတွက်ပဲ ဖြစ်ရမယ်။

သင့် SME လုပ်ငန်းအတွက် အရာရာသည် Customer အတွက်ဆိုတာ မမေ့ပါနဲ့။

04/02/2022

SME လုပ်ငန်းတိုင်းအတွက် Marketing သက်ရောက်မှု

SME လုပ်ငန်းရှင် အများစုက Marketing လုပ်ခြင်းကို ပိုက်ဆံ ဖြုန်းတီးမှုတစ်ခုလို့ မြင်တယ်။ ပိုက်ဆံကုန်တယ်လို့မြင်တယ်။

အမှန်ကတော့ Marketing ဆိုတာ ပျိုးကျဲထားခြင်းတစ်ခုပါပဲ။

လယ်ကွင်းထဲမှာ ပျိုးကျဲထားမှ အချိန်တန်ရင် အသီးဆွတ်ခူးရမှာပါ။

ပျိုးမကျဲထားဘဲ အသီးတွေပဲ ဆွတ်ခူးနေရင် အချိန်တန်ရင် ခူးစရာအသီးမရှိဘဲ နေလိမ့်မယ်။

Marketing မကောင်းရင်၊ မလုပ်ရင် လုပ်ငန်းက ရေရှည်မခံနိုင်ပါဘူး။ ရေရှည်မကောင်းနိုင်ပါဘူး။

အဲဒီ သဘောတရားကို နားလည်ပြီဆိုရင် သင့် SME အတွက် Marketing စလုပ်ပါတော့။

အားလုံးကို ကျေးဇူးတင်ပါတယ်။

02/02/2022

သင့် SME လုပ်ငန်း အတွက် စဉ်းစားစရာ (၁)

သင့်လုပ်ငန်းအတွက် အဓိက ဦးစားပေး လုပ်ရမှာ ၂ ခုပဲ ရှိတယ်။

၀ယ်သူ ရရှိရေးနဲ့ ၀ယ်သူ ထိန်းထားရေးပဲ။

အဲဒီ နှစ်ခုကို ဟန်ချက်ညီစွာ လုပ်တတ်ဖို့လိုတယ်။

အဲဒီ နှစ်ခုကို Marketing က ပြုလုပ်ပေးတယ်။

အဲဒါကြောင့် Marketing ကို လေ့လာဖို့လိုတယ်။

သင့်လုပ်ငန်းမှာ ၀ယ်သူရရှိဖို့ ဘယ်လို နည်းလမ်းတွေ ရှိမလဲ။

၀ယ်သူထိန်းထားဖို့ရော ဘယ်လို နည်းလမ်းတွေကို သုံးနေသလဲ။

သင့် SME လုပ်ငန်းအတွက် စဉ်းစားထားဖို့လိုအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

31/01/2022

Promotion အကြောင်းအရာနဲ့ ပတ်သက်သော စာစုများ စုစည်းမှု

Marketing ရဲ့ အခြေခံ 4P ထဲတွင် အပါအ၀င်ဖြစ်သော Promotion သည် အလွန်အရေးကြီးပါတယ်။

ထုတ်ကုန်တစ်ခုကို ဈေးကွက်အတွင်း အောင်မြင်သွားအောင် လုပ်လို့ရတဲ့ နည်းစနစ်တွေကို Promotion လက်နက်တွေလို့ ခေါ်ဆိုပါတယ်။

ထုတ်ကုန်တစ်ခု လူတွေကို စတင်မိတ်ဆက်ခြင်းကနေ ထပ်ခါထပ်ခါ၀ယ်ယူနေအောင် ပြုလုပ်ခြင်းအထိ Promotion လက်နက်တွေကို အသုံးပြုရပါတယ်။

Promotion လက်နက်တွေကို အသုံးချတတ်ပါက ကိုယ့်ရဲ့ လုပ်ငန်း၊ ထုတ်ကုန်သည် ‌ဈေးကွက်ထဲမှာ နေရာတစ်ခု အလျင်အမြန်ရနိုင်ပါတယ်။

ကျွန်တော်ရေးသားထားခဲ့ဖူးတဲ့ Promotion နဲ့ ပတ်သက်သော ဆောင်းပါးတွေကို စုစည်းပေးလိုက်ပါတယ်။

Promotion Mix
https://m.facebook.com/story.php?story_fbid=166542911759432&id=109546037459120

ကြော်ငြာခြင်းရဲ့ အနှစ်ချုပ် ရည်ရွယ်ချက်
https://m.facebook.com/story.php?story_fbid=196718308741892&id=109546037459120

Marketing သမားတွေတောင် လွဲနိုင်တဲ့ Marketing အယူအဆတစ်ခု
https://m.facebook.com/story.php?story_fbid=217322160014840&id=109546037459120

👇👇Group ထဲကို ဝင်ပြီး ဖတ်ပါ။ 👇👇

Promotion ဟု ဆိုရာ၀ယ်......
https://www.facebook.com/groups/665383440782707/permalink/697389524248765/

Push Strategy
https://www.facebook.com/groups/665383440782707/permalink/674720313182353/

Pull Strategy
https://www.facebook.com/groups/665383440782707/permalink/673240286663689/

Advertising ဆိုတာ Promotion အောက်က ခေါင်းစဉ်တစ်ခုပါ။
https://www.facebook.com/groups/665383440782707/permalink/721132781874439/
....................

26/01/2022

ဆက်ဆံရေး->ယုံကြည်မှု->အမြတ်အစွန်း

စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အရောင်းအ၀ယ်မှာဆိုရင် ဆက်ဆံရေးတစ်ခုကနေ အစပြုပါတယ်။

ဆက်ဆံရေးတစ်ခု တည်ဆောက်ရပါတယ်။

အခုမှ ပထမဆုံးစတွေ့တယ်။ အခု ၀ယ်တယ်ဆိုတာ ဈေးနှုန်းနည်းတဲ့ ထုတ်ကုန်တွေကို ၀ယ်တဲ့ အခါမှပဲ ဖြစ်ပေါ်တတ်တာပါ။

ဈေးနှုန်းမြင့်တဲ့ ထုတ်ကုန်တွေကို ၀ယ်တဲ့အခါကျရင်တော့ ယုံကြည်မှုတစ်ခုကြောင့် ၀ယ်ယူကြတာ များပါတယ်။

ယုံကြည်မှုဆိုတာလည်း အလိုအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

ရေရှည်တည်ဆောက်ယူရပါတယ်။ အချိန်ပေးရပါတယ်။

ဆက်ဆံရေးတည်ဆောက်ပြီးပြီ ဆိုမှ ယုံကြည်မှုတစ်ခုက နောက်က လိုက်လာပါတယ်။

ယုံကြည်မှုဖြစ်ပေါ်လာပြီဆိုမှ အမြတ်အစွန်းဆိုတာ ကပ်လိုက်လာမှာပါ။

အရောင်းအ၀ယ်မှာ ယုံကြည်မှုမရှိရင် ဘာမှ ဆက်မ‌ဖြစ်လာတော့ပါဘူး။

အဲဒါကြောင့် ၀ယ်သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါ။ ယုံကြည်လာအောင် ကြိုးစားပါ။ အမြတ်အစွန်းက နောက်က ကပ်လိုက်လာပါလိမ့်မယ်။
..............................

23/01/2022

ရောင်းချနေသူများသို့........

အရောင်းမဖြစ်ခဲ့တာတွေကို မှတ်ထားပါ။

📍ရောင်းချရေးဖြစ်စဉ်မှာ မရောင်းရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ဖူးမှာပါ။

📍‌၀ယ်တော့မယ့် ဆဲဆဲကျမှ မ၀ယ်တော့တဲ့ ဖြစ်စဉ်တွေလည်း ရှိမှာပါ။

📍၀ယ်တော့မလိုလိုနဲ့ စာမလာ၊ သတင်းမကြားရတော့တဲ့ ဖြစ်စဉ်တွေလည်း ရှိမှာပါ။

📍ဘယ်လိုပဲ ရှိရှိပါ။ မရောင်းဖြစ်ခဲ့တဲ့ အခြေအနေတွေ၊ အရောင်းမဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို မှတ်ထားပါ။

📍ဘာကြောင့် မရောင်းရတာလဲ ပြန်စဉ်းစားပါ။ 🤔

📍ကိုယ့်ကြောင့်လား။ 🤔

📍၀ယ်သူလိုချင်တာနဲ့ ကိုယ်ပေးလိုက်တာနဲ့ မကိုက်ညီတာလား။ ၀ယ်သူကိုယ်တိုင်က ဘာလိုချင်တာလဲ ကိုယ်သေချာမသိလိုက်တာလား။ 🤔

📍ငွေကြေးကြောင့်လား။ လက်ဆောင်မပေးလို့လား။ လက်ငင်းချေရမှာမို့လို့လား။ 🤔

📍သင်ယူပို့ဆောင်ရေးကြောင့်လား။.....🤔

📍ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အရောင်းမဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို မှတ်ထားပါ။

📍နောက်တစ်ခါမဖြစ်အောင် ဆင်ခြင်နိုင်ရင် သင်အမြတ်ထွက်ပါပြီ။

၀ယ်သူက ချက်ချင်းမေး၊ ချက်ချင်း ရောင်းရတယ်ဆိုတာ ရှားပါတယ်။

အဲဒါကြောင့် ချက်ချင်းမရောင်းရလည်း ကိစ္စမရှိဘူးဆိုတာ သတိရပေးပါ။

သို့ပေမယ့် ဘာကြောင့် မရောင်းရတာလဲဆိုတာလည်း ဆင်ခြင် သုံးသပ်ကြည့်ပါ။

ဒါဆို မရောင်းရခြင်းကိစ္စကနေလည်း အမြတ်ထွက်နိုင်ပါတယ်။






21/01/2022

အပြိုင်အဆိုင် များလာတဲ့ ဈေးကွက်ကြီးထဲမှာ ၀ယ်သူအရှေ့ကို အရောက်သွားနိုင်ဖို့ အရမ်း အရေးကြီးလာပါပြီ။



20/01/2022

၀ယ်သူက ကိုယ့်ဆီ မလာရင် ကိုယ်က ၀ယ်သူ့ဆီ သွားရမယ်။

📍အဲဒီ အချက်က ရိုးရှင်းတယ်ထင်ရပေမယ့် တချို့တွေက ၀ယ်သူတွေကို စောင့်နေတက်ကြပါတယ်။

📍အရောင်းသမားတွေဆိုလည်း ၀ယ်သူက ဖုန်းဆက်လာမှာကို စောင့်နေတာမျိုး၊ ‌၀ယ်သူက Order ပေးတာကို စောင့်နေတာမျိုး၊ အဲဒီလို လုပ်ရပ်မျိုးတွေကို မလုပ်နဲ့လို့တော့ မပြောချင်ပါဘူး။

📍ဒါပေမယ့် အမြဲ‌တမ်းတော့ မလုပ်ပါနဲ့။

📍၀ယ်သူက ကိုယ့်ဆီ မလာရင် ကိုယ်က ၀ယ်သူ့ဆီ သွားရမှာ ပုံမှန်လုပ်ငန်းစဉ်တစ်ရပ်ပါပဲ။

📍ဆိုင်ထောင်ထားတဲ့ လုပ်ငန်းဆိုရင်တော့ ၀ယ်သူကို စောင့်နေရတာ ပုံမှန်ပါပဲ။ ဒါပေမယ့် သူတို့မလာလာအောင် ကြိုးစားခြင်းသည် ၀ယ်သူ့ဆီကို သွားနေခြင်းဖြစ်ပါတယ်။

📍ကိုယ့်ရဲ့ လုပ်ငန်းက ၀ယ်သူကို ထိုင်စောင့်နေရတဲ့ လုပ်ငန်းဆိုရင်တောင် ၀ယ်သူမလာတာ ကြာရင် ၀ယ်သူကို ဖုန်းဆက်ကြည့်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ထုတ်ကုန်ကို သုံးရတာ အဆင်ပြေလား မေးခြင်း၊ ထုတ်ကုန်အသစ်တွေရောက်ကြောင်း ပြောဆိုခြင်း စတဲ့ ရိုးရိုးရှင်းရှင်း အလုပ်လေးတွေနဲ့ ၀ယ်သူ့ဆီ သွားလို့ ရပါတယ်။

📍တစ်ခုပါပဲ။ ဈေးရောင်းဖို့ မကြိုးစားပါနဲ့။ ကူညီဖို့ ကြိုးစားပါ။ သတင်းအချက်အလက်ပေးဖို့ ကြိုးစားပါ။ ၀ယ်သူက သင့်ကို မငြိုငြင်နိုင်ပါဘူး။



သင်တန်းကြေး ၉၀ ရာခိုင်နှုန်း လျှော့ထားသော ပညာဒါန သင်တန်း ၂ ခု 👇👇
https://www.facebook.com/109546037459120/posts/436241588122895/

ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက် လက်တွေ့အသုံးချ Sales and Marketing ‌အကြောင်းအရာတွေကို မျှဝေပေးထားတဲ့ Marketing Attitude (MA) သင်တန်း👇👇
https://www.facebook.com/109546037459120/posts/495171068896613/

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။





17/01/2022

ရောင်းချတတ်ပြီလား။




လွယ်တယ်၊ ခက်တယ် ဆိုတာ လူပေါ်ပဲ မူတည်ပါတယ်။

လွယ်တယ်၊ ခက်တယ် ဆိုတာ အမှန်တကယ်တော့ ကျွမ်းကျင်ခြင်း၊ မကျွမ်းကျင်ခြင်း ဆိုတဲ့ ပြယုဒ်တစ်ခုပါ။

အလုပ်တစ်ခုကို မကျွမ်းကျင်သေးရင် ခက်ခဲမယ်။ အလုပ်တစ်ခုကို ကျွမ်းကျင်လာရင် လွယ်ကူလာမယ်။

(အဲဒါများ လွယ်လွယ်လေး၊ မျက်စိမှိတ်တောင် လုပ်နိုင်တယ်။ အဲဒါ သူကျွမ်းကျင်လို့ ပြောတဲ့စကားပါ။ သူမျက်စိမှိတ်လုပ်နိုင်တာကို နောက်တစ်ယောက်က တစ်နေကုန်လုပ်လည်း ပြီးချင်မှ ပြီးမှာပါ။)



စီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရောင်းချရေးမှာလည်း လွယ်တယ်၊ ခက်တယ် ဆိုတာ ရှိနိုင်ပါတယ်။

စီးပွားရေးမှာတော့ ရောင်းချခြင်းဆိုတာ ၀င်ငွေတစ်ခုပါပဲ။

များများရောင်းနိုင်လေ၊ ၀င်ငွေပိုရလေ၊

စီးပွားရေးလုပ်ပြီး ရောင်းချနေရတာဖြစ်လို့ ကိုယ့် Customer အကြောင်း ကောင်းကောင်းသိဖို့ အရေးကြီးတယ်။

1️⃣Customer ရဲ့ စိတ်နေစိတ်ထား၊ သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ အကြိုက်၊ သူတို့ကြားချင်တဲ့ စကားလုံး အစရှိတာတွေကို သိထားမယ်ဆိုရင် ရောင်းချရတာ လွယ်ကူနိုင်တယ်။

2️⃣ကိုယ့် Customer အကြောင်းအပြင် ကိုယ်ရောင်းချတဲ့ ထုတ်ကုန်အကြောင်းလည်း သိဖို့လိုအပ်ပြန်ပါသေးတယ်။

3️⃣အရေးကြီးဆုံးကတော့ ရောင်းသူကိုယ်တိုင်ပါပဲ။

ရောင်းသူကိုယ်တိုင်က မရောင်းတတ်သ၍တော့ ဘာမှ ရောင်းရမှာမဟုတ်ပါဘူး။

ရောင်းချရေးမှာ အရေးကြီးဆုံး နည်းလမ်းတစ်ခုကတော့ လူ၊ ယုံ၊ ချစ် နည်းလမ်းဖြစ်ပါတယ်။ အဲဒီ နည်းလမ်းကို သိထားလေ ရောင်းချရတာ လွယ်ကူလေ ဖြစ်နေမှာသေချာပါတယ်။
....................

14/01/2022

စီးပွားရေးလုပ်ငန်းလုပ်နေသူတိုင်းအတွက် ....

စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ၀ယ်ယူသုံးစွဲသူတို့အတွက် တန်ဖိုးတစ်ခု ဖန်တီးမပေးနိုင်သရွေ့တော့ ဘာမှမမျှော်လင့်ပါနဲ့။

စီးပွားရေးတစ်ခု စလုပ်မယ်ဆိုတာနဲ့ တန်ဖိုးဆိုတဲ့ အကြောင်းအရာကို စတင်ပြီးတော့ စဉ်းစားပါ။

နောက်ထပ် ကူညီခြင်းဆိုတဲ့ အချက်ကိုလည်း စဉ်းစားပါ။

ကိုယ့်ရဲ့ လုပ်ငန်းက ၀ယ်ယူသုံးစွဲသူတွေကို တန်ဖိုးတစ်ခုလည်း ပေးနိုင်ရမယ်။

သူ့မှာရှိတဲ့ ပြဿနာ၊ အခက်အခဲကိုလည်း ပြေလည်သွားအောင် ကူညီမှု ပေးနိုင်ရမယ်။

ဒါသည် အခြေခံ အချက်ပင်ဖြစ်သည်။

အဲဒီလို အခြေခံ အချက်တွေကိုတောင် ဖြည့်ဆည်းမပေးနိုင်သရွေ့တော့ ၀ယ်သူ့ဆီက ဘာမှ မမျှော်လင့်ပါနဲ့။

ဒါဆို ၀ယ်သူတန်ဖိုးထားတဲ့ အရာက ဘာဖြစ်မလဲ။

၀ယ်သူတကယ်၀ယ်တာက သင်ရောင်းချနေတဲ့ ထုတ်ကုန် (သို့) ၀န်ဆောင်မှုလို့ ထင်နေတုန်းပဲလား။

သင်က ဘာကိုပဲ ရောင်းရောင်း ၀ယ်သူတကယ်၀ယ်တာ (၁) ခုပဲ ရှိပါတယ်။

၀ယ်သူ တကယ် ၀ယ်တဲ့ အရာကိုသာ သိထားမယ်ဆိုရင် သင့်လုပ်ငန်းက နဂိုထက် ပိုရောင်းရမယ်ဆိုတာ သေချာပါတယ်။

၀ယ်သူ တကယ်၀ယ်တဲ့အရာကို Marketing Attitude (MA) သင်တန်းမှာ လေ့လာပါ။ 👇👇

👉စီးပွားရေးလုပ်နေတဲ့ သူတိုင်း သိထားသင့်တဲ့ Sales and Marketing အကြောင်းအရာတွေကို သင်ခန်းစာ Video တွေ၊ အနှစ်ချုပ်သင်ခန်းစာ စာစုတွေနဲ့ လေ့လာရမယ့် အပြင် လက်တွေ့လုပ်ရမယ့် Marketing လေ့ကျင့်ခန်းတွေပါ၀င်တဲ့ Marketing Attitude (MA) သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

👉မူရင်း သင်တန်းကြေး ၂၉၉၀၀ ကျပ်ကို ပထမဆုံး အယောက် ၁၀၀ အတွက် ၁၉၉၀၀ ကျပ်နဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

👉ထို့အပြင် မူရင်း သင်တန်းကြေး ၃၉၀၀၀ ကျပ်တန် အရောင်းလျှို့ဝှက်ချက်များ သင်တန်းကိုလည်း အခမဲ့ တက်ရောက်ရမှာဖြစ်ပါတယ်။

(အယောက် ၁၀၀ ကျော်သွားရင်တော့ မူရင်းသင်တန်းကြေး ၂၉၉၀၀ ကျပ်နဲ့ပဲ လေ့လာရတော့မှာပါ။)

📍အသေးစိတ် လေ့လာချင်ပါက👇👇

Marketing Attitude (MA) Training
https://www.facebook.com/109546037459120/posts/495171068896613/

📍Marketing Attitude (MA) သင်တန်းကို တက်ရောက်ချင်ပါက အောက်က Link ကို နှိပ်ပြီး သင်တန်းအပ်နိုင်ပါပြီ။

m.me/109546037459120?ref=MA

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

12/01/2022

ရိုးရိုးရှင်းရှင်း ဒီလို ကြော်ငြာပါ။ 👇👇





ကြော်ငြာတိုင်းမှာ သိရမယ့် THB Method ဆိုတာ ရှိပါတယ်။

THB Method ကို သိချင်ပါက Marketing Attitude (MA) သင်တန်းမှာ လေ့လာပါ။ 👇👇
.........................
👉စီးပွားရေးလုပ်နေတဲ့ သူတိုင်း သိထားသင့်တဲ့ Sales and Marketing အကြောင်းအရာတွေကို သင်ခန်းစာ Video တွေ၊ အနှစ်ချုပ်သင်ခန်းစာ စာစုတွေနဲ့ လေ့လာရမယ့် အပြင် လက်တွေ့လုပ်ရမယ့် Marketing လေ့ကျင့်ခန်းတွေပါ၀င်တဲ့ Marketing Attitude (MA) သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

👉မူရင်း သင်တန်းကြေး ၂၉၉၀၀ ကျပ်ကို ပထမဆုံး အယောက် ၁၀၀ အတွက် ၁၉၉၀၀ ကျပ်နဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

👉ထို့အပြင် မူရင်း သင်တန်းကြေး ၃၉၀၀၀ ကျပ်တန် အရောင်းလျှို့ဝှက်ချက်များ သင်တန်းကိုလည်း အခမဲ့ တက်ရောက်ရမှာဖြစ်ပါတယ်။

(အယောက် ၁၀၀ ကျော်သွားရင်တော့ မူရင်းသင်တန်းကြေး ၂၉၉၀၀ ကျပ်နဲ့ပဲ လေ့လာရတော့မှာပါ။)

📍အသေးစိတ် လေ့လာချင်ပါက👇👇

Marketing Attitude (MA) Training
https://www.facebook.com/109546037459120/posts/495171068896613/

📍Marketing Attitude (MA) သင်တန်းကို တက်ရောက်ချင်ပါက အောက်က Link ကို နှိပ်ပြီး သင်တန်းအပ်နိုင်ပါပြီ။

m.me/109546037459120?ref=MA

ကျေးဇူးတင်ပါတယ်ခင်ဗျာ။





11/01/2022

နားထောင်သူကို လူတိုင်း သဘောကျတယ်။

ရောင်းချမှုရဲ့ အရေးကြီးဆုံး ဥပ‌ဒေသ တစ်ခု

ကိုယ့် အကြောင်း နည်းနည်းပဲ ပြောပြီး သူ့အကြောင်းများများ နားထောင်ပါ။ ပြောပါ။

တိတ်တိတ်နေ၊ ထောင်တန်၏ ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။

အဲဒီ စကားကို ရောင်းချရေးမှာ အသုံးချကြည့်ပါ။

ရောင်းချမှုတိုင်းရဲ့ အခြေခံ အရေးကြီးဆုံး ရောင်းနည်းကတော့ လူ၊ ယုံ၊ ချစ် နည်းလမ်းပဲ ဖြစ်ပါတယ်။

လူ၊ ယုံ၊ ချစ် နည်းလမ်းဆိုတာ.........👇👇








ကျေးဇူးတင်ပါတယ်ခင်ဗျာ။

10/01/2022

လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု






မိတ်ဆွေရဲ့ အဖြေက........ ဘာဖြစ်မလဲ။

ဘာကြောင့် အဲဒီ အဖြေကို ရွေးရတာလဲ။ Comment မှာ ဖြေခဲ့နိုင်ပါတယ်။



အမှန်တကယ် အကြမ်းဖျင်း ခွဲကြည့်ပါက လုပ်ငန်းတိုင်းမှာ Customer ၄ မျိုးရှိပါတယ်။

အဲဒီ Customer ၄ မျိုးကို လုပ်ရမယ့် အလုပ် ၄ ခုရှိပါတယ်။

Customer ၄ မျိုးအကြောင်းမသိဘူး။ လုပ်ရမယ့် အလုပ် ၄ မျိုးကို မသိဘူးဆိုပါက ကိုယ့်ရဲ့ နဂိုရှိပြီးသား Customer တွေ ထွက်ခွာသွားနိုင်ပါတယ်။

Customer အသစ်ရဖို့ ခက်ခဲနိုင်ပါတယ်။

Customer တွေနဲ့ ဆက်ဆံရေး ပျက်စီးနိုင်ပါတယ်။

Customer ၄ မျိုးအကြောင်းအပါအ၀င် လုပ်ငန်းလုပ်နေတဲ့ သူတိုင်း သိထားသင့်တဲ့ Sales and Marketing အကြောင်းအရာတွေကို သင်ခန်းစာ Video တွေ၊ အနှစ်ချုပ်သင်ခန်းစာ စာစုတွေနဲ့ လေ့လာရမယ့် အပြင် လက်တွေ့လုပ်ရမယ့် Marketing လေ့ကျင့်ခန်းတွေပါ၀င်တဲ့ Marketing Attitude (MA) သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မူရင်း သင်တန်းကြေး ၂၉၉၀၀ ကျပ်ကို ပထမဆုံး အယောက် ၁၀၀ အတွက် ၁၉၉၀၀ ကျပ်နဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

ထို့အပြင် မူရင်း သင်တန်းကြေး ၃၉၀၀၀ ကျပ်တန် အရောင်းလျှို့ဝှက်ချက်များ သင်တန်းကိုလည်း အခမဲ့ တက်ရောက်ရမှာဖြစ်ပါတယ်။

(အယောက် ၁၀၀ ကျော်သွားရင်တော့ မူရင်းသင်တန်းကြေး ၂၉၉၀၀ ကျပ်နဲ့ပဲ လေ့လာရတော့မှာပါ။)

📍အသေးစိတ် လေ့လာချင်ပါက👇👇

Marketing Attitude (MA) Training
https://www.facebook.com/109546037459120/posts/495171068896613/

📍Marketing Attitude (MA) သင်တန်းကို တက်ရောက်ချင်ပါက အောက်က Link ကို နှိပ်ပြီး သင်တန်းအပ်နိုင်ပါပြီ။

m.me/109546037459120?ref=MA

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

09/01/2022

အရောင်းသမား (စီးပွားရေးသမား) တွေက လူလိမ်တွေလား။

ကျွန်တော့်အနေနဲ့ အံ့ဩလို့ ရေးမိတဲ့ စာစုတစ်ခုပါ။ အထူးသဖြင့် အရောင်းနယ်ပယ် (စီးပွားရေး) ထဲကို အခုမှ ၀င်လာမယ့် ဂျူနီယာ‌လေးတွေကို စိုးရိမ်လို့ ရေးမိတာပါ။


လူတစ်ယောက်က စိတ်ထဲမှာ ရောင်းချမှုနဲ့ပတ်သက်ပြီး ဈာန်၀င်မှုမရှိတဲ့အခါမျိုးမှာ ရောင်းရတာ ရှက်မယ်။ တစ်ခါရောင်းရဖို့ ၀ယ်သူကို လိမ်မယ်။ ရောင်းချခြင်းကို မနှစ်မြို့ဘူး။ မကြိုက်ဘူး။


ကျွန်တော်က အရောင်းသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖြစ်နေဆဲပါပဲ။


အခုထိ နေ့တိုင်း ၀ယ်သူဆီကို ဖုန်းဆက်ပြီး သိန်းနဲ့ ချီတဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုကို ရောင်းနေတဲ့ အရောင်းသမားတစ်ယောက်ပါ။


ကျွန်တော်ကိုယ်တိုင်လည်း ဘယ်တော့မှ မလိမ်ခဲ့ပါဘူး။ ဘာလို့လဲမေးရင် ရေရှည်အတွက်ပါ။

စီးပွားရေးလုပ်နေတဲ့သူတိုင်း ရေရှည်ကို စဉ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။


ကျွန်တော့်ဆရာတစ်ယောက်ပြောဖူးတဲ့စကားဆိုရင် "မင်းက Promotion ရှိမှ ရောင်းတတ်တာလား။"

အဲဒီစကားကို ကျွန်တော်က ပြန်ပြင်ပြီး ပြောရရင်
"မင်းက ၀ယ်သူကိုလိမ်ပြီးမှ ရောင်းတတ်တာလား။"


စဉ်းစားစေချင်ပါတယ် မိတ်ဆွေ။

ပြီးတော့ ကျွန်တော် ဒီ Page မှာ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းက ၀ယ်သူကို မလိမ်ဖို့ပါ။


ဘာလို့လဲမေးရင် လိမ်ပြီး ရောင်းထားတဲ့ အဲဒီ၀ယ်သူရှေ့ကို ဘယ်လို မျက်နှာနဲ့ နောက်တစ်ကြိမ်ထပ်ပြီး သွားရပါ့မလဲ ကျွန်တော်စဉ်းစားကြည့်တယ်။ (ကျွန်တော်တော့မသွားရဲဘူး။ ကိုယ့်ဘာသာ စိတ်မလုံလို့။)


သေချာတဲ့ အချက်တစ်ခုကို ပြောပြမယ်။ ၀ယ်သူရှေ့ကို ရောက်နေတဲ့ အရောင်းသမားတစ်ယောက်အနေနဲ့ ရွေးချယ်စရာအမြဲတမ်းရှိပါတယ်။


အရောင်းသမားတစ်ယောက်မှာ ဒါကြီးပဲ လုပ်ရမယ်ဆိုတဲ့ ပုံသေနည်းမရှိဘူး။ ဒီတစ်နည်းနဲ့ အဆင်မပြေရင် နောက်တစ်နည်းဆိုတာ အမြဲရှိတယ်။ ဘယ်နည်းသုံးရမလဲဆိုတာ အတွေ့အကြုံနဲ့ လေ့လာသင်ယူမှုက စကားပြောတယ်။ (အဲဒါကြောင့် ၀ယ်သူကိုလိမ်ဖို့ မလိုပါဘူးလို့ ပြောပါရစေ။)


အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အကြုံပြုလိုတာကတော့👇

အရောင်းသမားတွေအနေနဲ့ ၀ယ်သူကို မလိမ်လို့ ရပါတယ်။ လိမ်လို့လည်းရပါတယ်။

👉လိမ်ခြင်း၊ မလိမ်ခြင်းက ကိုယ့်ရဲ့ ရွေးချယ်မှုတစ်ခုပါ။ မဖြစ်မနေလိမ်ရမယ်ဆိုတဲ့ အခြေအနေမရှိ‌သေးပါဘူး။👈


ကျွန်တော်လည်း အရောင်းသမားဖြစ်တဲ့အတွက် ကျွန်တော် နားလည်တဲ့ အချက်တစ်ခုတော့ ရှိပါသေးတယ်။


အဲဒါကတော့ အခြေအနေ၊ အချိန်အခါတစ်ခုကြောင့် စကားကို ယတိပြတ်မပြောရတဲ့ အ‌ချိန်သာ ရှိရင် ရှိပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုရင် နားလည်လွယ်အောင် ပြောရရင်‌တော့ စကားမကျွံမိဖို့ပါ။ (ဒီနေရာမှာ ၀ယ်သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားရင် ဒီအဆင့်က အေးဆေးပါ။)

ဒါပေမယ့် ကိုယ်ရောင်းရဖို့တစ်ခုအတွက်နဲ့ လုံး၀မှားယွင်း‌နေတဲ့ Information ကိုတော့ ၀ယ်သူကိုပေးဖို့ မလိုပါဘူး။


ထပ်ပြီး ပြောရရင် တကယ်တော်တဲ့ အရောင်းသမားတွေက မလိမ်ပါဘူး။ မှားတဲ့ Information ကို မပေးပါဘူး။ ရောင်းရရင် ပြီးရော ဘယ်လိုမျိုး လိမ်လိုက်မယ်ဆိုတဲ့ အကျင့်ခံယူချက်မရှိပါဘူး။ (တစ်ခါစား ဉာဏ်မလုပ်ကြပါနဲ့။)


အရောင်းသမားတစ်ယောက်အနေနဲ့ စကားကို ၀ယ်သူနားလည်လက်ခံလာအောင် ပြောမယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့ပြောမယ်။ ၀ယ်သူလည်း အကျိုးရှိ၊ ရောင်းသူလည်း မနစ်နာတဲ့ အခြေအနေတစ်ခုကို ဖန်တီးရမယ်။ အဲဒီလို ဖန်တီးနိုင်ဖို့ လိမ်တာတွေ မပါမှ အဆင်ပြေမယ်။


အဲဒါက အရောင်းနယ်ပယ်မှာ ရေရှည်ရပ်တည်ချင်တဲ့ ‌အရောင်းသမားတစ်ယောက်အနေနဲ့ မဖြစ်မနေ ရှိသင့်တဲ့ စိတ်ဓာတ်ခံယူချက်တစ်ခုပါ။


အဲဒါကြောင့် ကိုယ်တစ်ခါ အရောင်းရဖို့အတွက်နဲ့ တစ်ဖက်သား ၀ယ်သူကို ဘယ်တော့မှ မလိမ်ပါနဲ့။ စကားမကျွံမိပါစေနဲ့။ မှားတဲ့ အချက်အလက်တွေ မပေးပါနဲ့။ မလုပ်ပေးနိုင်တာကို ကတိမပေးပါနဲ့။

မုဿဝါဒကံကို မကျူးလွန်ဘဲ ရောင်းတတ်အောင် ကြိုးစားကြစေလိုပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေများ အရောင်းသမားကောင်း ပီသကြပါစေ။

📍📍📍ရေးခဲ့ဖူးသား ဆောင်းပါးတစ်ခုကို အနည်းငယ်ပြင်၍ ပြန်လည်ရေးသား မျှဝေသည်။📍📍📍






မိတ်ဆွေက Sales and Marketing နဲ့ မကင်းသူလား။ SME လုပ်ငန်းရှင်တစ်ယောက်လား။👇👇

📍ကျွန်တော့်ရဲ့ Marketing Attitude (MA) သင်တန်းမှာတော့ Sales and Marketing နဲ့ မကင်းသူတိုင်း သိသင့်တဲ့ အကြောင်းအရာတွေ၊ သဘောတရားတွေကို သင်ခန်းစာ Video File များ၊ အနှစ်ချုပ်သင်ခန်းစာ စာစုတွေနဲ့ သေချာရှင်းပြထားပါတယ်။ ကိုယ့်လုပ်ငန်းအတွက် ချက်ချင်းအသုံးချလို့ရမယ့် လေ့ကျင့်ခန်းတွေလည်း ပါ၀င်ပါတယ်။

📍မူရင်း သင်တန်းကြေး ၂၉၉၀၀ ကျပ်ကို ပထမဆုံးအယောက် ၁၀၀ အတွင်းဖြစ်ခဲ့ပါက ၁၉၉၀၀ ကျပ်နဲ့ သင်ယူရမှာဖြစ်ပါတယ်။ ထို့အပြင် မူရင်း သင်တန်းကြေး ၃၉၀၀၀ ကျပ်တန် Sale Secrets Training ကိုလည်း အခမဲ့ တက်ခွင့်ရမှာဖြစ်ပါတယ်။

📍အသေးစိတ် လေ့လာချင်ပါက👇👇
MA training

https://www.facebook.com/109546037459120/posts/495171068896613/

📍Marketing Attitude (MA) သင်တန်းကို တက်ရောက်ချင်ပါက အောက်က Link ကို နှိပ်ပြီး သင်တန်းအပ်နိုင်ပါပြီ။

m.me/109546037459120?ref=MA

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Want your school to be the top-listed School/college?

Website