Support CDMer & Logistic DKU

Support CDMer & Logistic DKU
08/02/2024

https://www.facebook.com/100070112090549/posts/691421183204945/?mibextid=Nif5oz

CDM ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မီဒီယာများနှင့် NUG ဝန်ကြီးဌာနများ၏ Facebook များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီက ကြီးမှူးကျင်းပသည့် နွေဦးတော်လှန်ရေး၏ တပ်ဦး Civil Disobedience Movement (CDM) ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့၊ နေ့လယ် ၂ နာရီ၌ CDM များနှင့်အတူ နွေဦးတော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍ အသီးသီးမှ ယနေ့ထက်တိုင် နောက်မဆုတ်တမ်း ရွပ်ရွပ်ချွံချွံ ပါဝင်လျက်ရှိကြသော ရဲဘော်ရဲဘက်များ ပါဝင်ကျင်းပကြမည်ဖြစ်ပါသည်။

အခမ်းအနားကို page များဖြစ်သည့် PVTV, Radio NUG, MOE, MOC, MOCIT, MOH, MOHR, MOHADM, CDM Medical Network, Khit Thit, DVB, Mizzima, D lann, Thanlwin Times, D Day, The Voice of Spring, People’s Spring, Red Peacock အစရှိသည့် စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

06/01/2024

ဒိုက်ဦးမြို့နယ်၏ CDM ဝန်ထမ်းများအနေဖြင့်
အခက်အခဲတစ်စုံတစ်ရာရှိပါက Page Messengerတွင်တိုက်ရိုက်အကူအညီတောင်းခံနိုင်ပါသည်။

မှတ်ချက်။ ။ဒိုက်ဦးမြို့နယ်၏ CDM ဝန်ထမ်းများအတွက်သာဖြစ်ပါသည်။

Support CDMer & Logistic DKU

Photos from Support CDMer & Logistic DKU's post 03/01/2024

Support CDMer & Logistic DKU ၏ 2023 နှစ်ကုန်ငွေစာရင်းရှင်းတမ်း

27/11/2023

ယနေ့ 27.11..2023 ရက်နေ့တွင်

ကျန်းမာရေးအခက်အခဲကြောင့်ဆေးကုသနေရသော
ဒိုက်ဦးမြို့နယ်၏ (.....) ဌာနရှိ
CDM ဝန်ထမ်းတစ်ဦးအတွက်
၁၀၀၀၀၀ိ/-(တစ်သိန်းကျပ်တိတိ)ကို

Support CDMer & Logistic DKU ရန်ပုံငွေထဲမှ ကူညီပေးပို့ပေးခဲ့ပါသည်။

မြို့နယ် CDM များအားယခုလိုကူညီပေးနိုင်ရန်အတွက် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏

ဆေးကုသနေရသည့်ဆရာမလည်းအမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေခင်ဗျာ🙏။

အားတင်းထားပါ CDM တို့✊️

အောင်ပွဲကလက်တစ်ကမ်းအလိုကိုရောက်နေပါပြီ 💪

11/11/2023

❝ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို

ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ ❞

▬▬▬▬▬▬▬▬▬▬

တလှိုင်းပြီး တလှိုင်း၊ တဆင့်ပြီး တဆင့် မြင့်မား၊ တိုးတက်လာတဲ့ ပြည်သူ့တော်လှန်ရေး အောင်ပွဲတွေကို လူထုကြီးတရပ်လုံးက အောင်သပြေနဲ့ သောင်းသောင်းဖြဖြ ကြိုဆို၊ ဂုဏ်ပြုလိုက်ကြရအောင်ဗျိုး။

အရှိန်တင်လာတဲ့ စစ်ရေးတိုက်ပွဲများနဲ့အတူ ပြည်သူများကလည်း ဟန်ချက်ညီညီနဲ့ "အောင်သပြေ လူထုလှုပ်ရှားမှုကြီး" ကို လူထုတိုက်ပွဲနည်းဖြင့် ဖော်ဆောင်ကြဖို့ပါ။

သပြေပန်းဆိုတာကတော့ အားလုံး သိရှိပြီးသားပါ။ အောင်မြင်မှု၊ အောင်ပွဲ၊ အောင်အတိတ် အောင်နိမိတ်ကို ဆောင်တာ ဖြစ်ပါတယ်။ ပြည်သူ အများစု အတွက်လည်း လက်တကမ်းမှာ အလွယ်တကူ ရနိုင်ကြပါတယ်။ သပြေပန်း မရနိုင်တဲ့ ‌‌ပြည်သူများကလည်း အခြားသင့်တော်ရာ ပန်းတမျိုးမျိုးနဲ့ပေါ့လေ။

လူထုကြီးက သပြေပန်းကို ပန်ဆင်တာ၊ ရင်မှာ ထိုးတာ၊ ကိုင်ဆောင်တာ၊ ဘုရားမှာ တင်တာ၊ လှူတာ၊ စားပွဲမှာ တင်တာ၊ အိမ်ရှေ့ ကပ်ဆွဲတာ၊ သပြေပန်းတွေ ကိုင်ဆောင်ပြီး လူထုသပိတ်များ ဆင်နွှဲတာ အစရှိတဲ့ မိမိတို့ အဆင်သင့်ရာ လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သလို ဖော်ဆောင်ကြမယ်။ အခြေအနေပေးတဲ့ ပြည်သူများက ဒီလှုပ်ရှားမှု ပုံရိပ်များကို အွန်လိုင်း လူမှုကွန်ရက်တွေမှာ မျှဝေကြမယ်။ အဲ့ဒီနေ့မှာ အောင်သပြေတွေက တနိုင်ငံလုံးမှာ၊ မြေပြင်ရော အွန်လိုင်းမှာပါ ဝေဆာနေရမယ်ဗျာ။

အောင်သပြေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူထုလှုပ်ရှားမှုကြီး ဖော်ဆောင်ကြမယ့် နေ့ရက်ကတော့ လာမယ့် နိုဝင်ဘာလ (၁၁) ရက်နေ့ ဖြစ်ပါတယ်။ ၁၁ လပိုင်း၊ ၁၁ ရက်နေ့ဆိုတော့ " (၁၁၁၁) "တစ်လေးလုံး လှုပ်ရှားမှု" လို့လည်း သမိုင်းမှာ မှတ်တမ်းဝင်အောင် ဝိုင်းဝန်း ဖော်ဆောင်လိုက်ကြရအောင်ဗျာ။

"ပြည်သူအားလုံး တော်လှန်ရေးသမား" ဆိုတဲ့ ခံယူချက်နဲ့အတူ ဒီတော်လှန်ရေးကြီးမှာ ပြည်သူအားလုံးဟာ ကျရာကဏ္ဍ၊ နိုင်ရာတာဝန်ကို မဖြစ်မနေ ထမ်းရွက်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကိုလည်း ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်မှုနဲ့သာလျှင် ချဉ်းကပ် ပုံဖော်နိုင်ပါလိမ့်မယ်။

အခုချိန်မှာ အကြမ်းဖက် အာဏာသိမ်းအုပ်စုရဲ့ ခါးပိုက်ဆောင်တပ်လုံးလုံး ဖြစ်နေတဲ့ “တပ်မတော်” နဲ့ ရဲတပ်ဖွဲ့က တပ်မှူးတပ်သားများ၊ အရာရှိ အရာခံ အကြပ် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူအပေါင်းက အထူးအလေးအနက် တိုက်တွန်း၊ မေတ္တာရပ်ခံလိုတာ ရှိပါတယ်။

ဒါကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို အခုလို အရပ်ထဲမှာ မျက်နှာမပြရဲလောက်အောင်ထိ ပြည်သူ့ချဉ်ဖတ်ဘဝ ရောက်စေပြီး တတိုင်းပြည်လုံးကို ဒုက္ခမျိုးစုံ သောက်သောက်လဲ ပေးနေတဲ့ အဘစုတ်၊ အဘပဲ့ စစ်ဗိုလ်ချုပ်ဆိုးတွေကို စွန့်ခွာကြဖို့၊ ဖက်ဆစ်တပ်ကို အမြန်ဆုံး စွန့်ခွာကြဖို့ ဖြစ်ပါတယ်။

အာဏာရူး စစ်ဗိုလ်ချုပ်ဆိုးတွေအောက်မှာ မြန်မာ့တပ်မတော်သားအဖို့ အနာဂတ် ပျောက်သွားခဲ့ပါပြီ။ ဒါ့ကြောင့် တပ်မတော်သားတွေဟာ လက်တဆုတ်စာ စစ်ဗိုလ်ချုပ်ဆိုးများ အကျိုးစီးပွားအတွက် ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်အသက်ကို အလဟဿ အဆုံးရှုံး မခံကြဖို့၊ အသေမခံကြဖို့ မေတ္တာရှေ့ထား၊ သတင်းစကားပါးလိုက်ရပါတယ်။

စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။ ပြည်သူများကလည်း အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုလျက်ပါ။

ပြည်သူသာ အဓိက။

အရေးတော်ပုံ အောင်ရမည်။

#အောင်သပြေ_လူထုလှုပ်ရှားမှု





#ပြည်သူ့ရင်ခွင်ခိုလှုံကြ

11/11/2023

သပြေညို
~~~~~~~~~~~~~
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့‌ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုက အသွေး။

လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

🙏🏻 ဆရာကြီး မင်းသုဝဏ်

#11.11 #ပန်းသပြေညိုနဲ့_ကမ်းလင့်လိုကြို

Photos from National Unity Consultative Council's post 29/10/2023

“Operation 1027” နှင့် ပတ်သက်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်

၁။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNTJP/MNDAA၊ PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ်အဖွဲ့များမှ ဦးဆောင်၍ BPLA၊ PLA၊ MDY-PDF စသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ကာ “Operation 1027” စစ်ဆင်ရေးကြီးကို စတင်ဆင်နွှဲ နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

၂။ အဆိုပါစစ်ဆင်ရေးကြီးသည် ပထမဆုံးရက်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရေးပါသော မြို့ရွာများ၊ စစ်ကောင်စီ စခန်းများနှင့် အချက်အချာ ကျသော စစ်ရေးပစ်မှတ်များစွာကို တပြိုင်တည်း သိမ်းပိုက်၊ စိုးမိုး၊ ထိန်းချုပ်နိုင်ခဲ့ပြီး ရှေ့ဆက် ထိုးစစ်ဆင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း ကြားသိ ရပါသည်။

၃။ တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီတပ်များနှင့် လက်ပါးစေ များထံမှ လက်နက်ခဲယမ်းများ အမြောက်အမြား သိမ်းပိုက်ရရှိပြီး၊ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများလည်း ရှိလာ နေကြောင်း သိရှိရပါသည်။

၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် “Operation 1027” ကို ပြည်သူလူထု တရပ်လုံးနှင့်အတူ ဝမ်းမြောက် အားတက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

၅။ (MNTJP/MNDAA) အထူးဒေသ(၁) စစ်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သော ပြည်သူတရပ်လုံး အတွက် အိတ်ဖွင့်စာနှင့် ညီနောင်မဟာမိတ်၃ဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တို့တွင် ပါရှိသော “Operation 1027” ရည်ရွယ်ချက်များကိုလည်း NUCC အနေဖြင့် အသေးစိတ်လေ့လာ သုံးသပ်ခဲ့ပြီး အပြည့်အဝ သဘောတူထောက်ခံကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။

၆။ စစ်ဆင်ရေး၏ ရည်ရွယ်ချက်များအနက်မှ စစ်အာဏာရှင် အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်များ ဖွဲ့စည်းနိုင်ရေးနှင့် လူနည်းစုလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများထူထောင်နိုင်ရေး တို့သည် NUCC မှ ကိုင်စွဲလိုက်နာကျင့်သုံးနေသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) တွင် ပြဌာန်းထား သည့် နွေဦးတော်လှန်ရေး၏ မျှော်ရည်ချက်များ၊ စံတန်ဖိုးများနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ၏ အခြေခံမူများနှင့် တူညီသော ရည်ရွယ်ချက်များဖြစ်ပါသည်။

၇။ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ရာစုနှစ်ချီကြာမြင့်ခဲ့ပြီဖြစ်သော ဆွေမျိုး ပေါက်ဖော် ရင်းနှီးချစ်ကြည်မှုကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းသွား၍ အကျိုးတူ ပူးပေါင်း လက်တွဲသွားရေးသည် NUCCနှင့်တကွ မြန်မာ့တော်လှန်ရေး အင်အားစုများ၏ စိတ်ရင်းသဘောထား ဖြစ်ပါသည်။ “Operation 1027” ၏ အဓိကရည်ရွယ်ချက်တခုဖြစ်သော နယ်စပ်အခြေပြု နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းအခြေပြု ရာဇဝတ်မှုများ ပပျောက်ရေး တို့သည်လည်း အနာဂတ်တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတို့ရှိ နှစ်နိုင်ငံ ဒေသခံပြည်သူများနှင့် ပြည်သူလူထုတရပ် လုံးကို အကျိုးရှိစေပြီး လုံခြုံစိတ်ချရသော နယ်စပ် ကုန်သွယ်ရေး စည်ပင်ဖွံ့ဖြိုးမှု တို့ကို ပိုမိုခိုင်မာ အားကောင်းစေမည့် တရားဥပဒေစိုးမိုးရေး အခြေခံလုပ်ငန်းများ ဖြစ်သည်ဟု ယူဆပြီး အလေးအနက် ထောက်ခံအပ်ပါသည်။

၈။ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်ဗျူရိုကရေစီယန္တရားဟူသည့် စစ် (၃) စစ်ကို အမြစ်ဖြတ်နိုင်ရန် အတွက် အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့တွင် နိုင်ငံတဝန်းလုံးရှိ လူမျိုးဘာသာ၊ နိုင်ငံရေးအယူဝါဒ၊ လူတန်းစားစသည့် စုံလင်ကွဲပြားသော ရပ်ခံမှုများ ကိုင်စွဲထားကြသည့် တော်လှန်ရေးအင်အားစုများအကြားတွင် ဘုံနိုင်ငံ ရေးရည်မှန်းချက်၊ ဘုံနိုင်ငံရေးလုပ်ငန်းစဉ်များနှင့်အတူ ယင်းတို့ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် တော်လှန်ရေးတပ်ပေါင်းစုတရပ်ပေါ်ပေါက်ရေး တို့သည် မရှိမဖြစ် အရေးပါသည့် အချက်တခုဖြစ်ပြီး ယင်းသို့သော တော်လှန်ရေးတပ်ပေါင်းစုကြီးတရပ် ပူးပေါင်းဖွဲ့စည်းကာ နယ်မြေ ဒေသအသီးသီးတွင် တော်လှန်ရေးလှုပ်ရှားမှုများ ချိတ်ဆက် ဖော်ဆောင်နိုင်ရေး ကိုလည်း NUCC အနေဖြင့် အပြည့်အဝသဘောတူ ကြိုဆိုပြီး လက်တွေ့အကောင်အထည်ပေါ်လာရန် ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

၉။ ထို့အပြင် စစ်ကောင်စီနှင့် စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေး အစုအဖွဲ့များနှင့် အရပ်ဘက်ဝန်ထမ်းများ အနေဖြင့်လည်း “Operation 1027” အပါအဝင် နိုင်ငံ တဝန်းရှိ စစ်ရေးနိုင်ငံရေး၊ စီးပွားရေး မျက်နှာစာများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဘက်ဘက် က ကျရှုံးနေမှုများကို အရှိအတိုင်း အမှန်အတိုင်း ဆင်ခြင်သုံးသပ်၍ မိမိတို့ တဦးချင်း တစုတဖွဲ့ချင်း အတွင် အချိန်ကာလမနှောင်းမီ နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ လက်နက်ချ အလင်းဝင် ပူးပေါင်းခြင်းဖြင့် ပြည်သူလူထု၏ ရင်ခွင်သို့ ခိုလှုံကြရန် ကြိုဆိုဖိတ်ခေါ်လိုက်ပြီး၊ အကြမ်းဖက် စစ်ကောင်စီအား ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ဆက်လက်သစ္စာခံ ထောက်ပံ့အားပေးနေသူများကိုလည်း ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။

၁၀။ နိုင်ငံတဝန်းလုံးရှိ ပြည်သူလူထုတရပ်လုံး အနေဖြင့်လည်း လှိုင်းများကဲ့သို့ တလှိုင်းပြီး တလှိုင်း အရှိန်မြင့်လာပြီဖြစ်သည့် နွေဦးတော်လှန်ရေးကြီးတွင် မိမိတို့ တတ်နိုင်သည့်နည်းများဖြင့် ဆက်လက် ပါဝင်သွားရန်၊ “Operation 1027” ကို အဘက်ဘက်က ထောက်ခံပံ့ပိုးသွားရန်နှင့် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” မည့် စီးပွားရေးသပိတ်လှုပ်ရှားမှုကဲ့သို့ လက်နက်မဲ့ လူထု တိုက်ပွဲများတွင် အင်အားအပြည့်ပါဝင်သွားကြရန်လည်း အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါ သည်။

တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)

Photos from Support CDMer & Logistic DKU's post 15/10/2023

ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ ခက်ခဲ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေး Project ငွေစာရင်းရှင်းတမ်း

#ရန်ပုံငွေရှာဖွေရေးကော်မတီ

01/10/2023

https://m.facebook.com/story.php?story_fbid=711847160957799&id=100063975645144&mibextid=Nif5oz

ဒိုက်ဦးမြို့နယ်၏ဝန်ကြီးဌာနပေါင်းစုံရှိ CDM ဝန်ထမ်းများအားကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေးကံစမ်းမဲဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး

ဒိုက်ဦးမြို့နယ်၏ဝန်ကြီးဌာနပေါင်းစုံရှိ CDM ဝန်ထမ်းများအားကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲဖွင့်ပွဲအခမ်းအနား အား 1/10/2023 ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား ဒိုက်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံမှ အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ ပညာရေးတာဝန်ခံတစ်ဦးမှရင်တွင်းစကားပြောကြားခဲ့ပြီး ကံစမ်းမဲအားစတင်ဖွင့်လှစ်ခဲ့ပါသည်။ ပေါက်မဲများအားအတည်ပြုကြေညာအပြီးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နာယကအဖွဲ့ဝင်တစ်ဦးမှနိဂုံးချုပ်စကားပြောကြားပေးခဲ့ပြီးအခမ်းအနားအားအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

01/10/2023

https://m.facebook.com/story.php?story_fbid=711843094291539&id=100063975645144&mibextid=Nif5oz

ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ ခက်ခဲ CDM ဝန်ထမ်းများအားကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ကျင်းပပြုလုပ်သည့် ရန်ပုံငွေရှာဖွေရေးအစီအစဥ်၏ ကံစမ်းမဲပေါက်မဲနံပါတ်များ

09/09/2023

မဲလက်မှတ်များအနည်းငယ်ကျန်ရှိနေသောကြောင့် မဲရောင်းချသည့်ကာလအား 30.9.2023 ရက်နေ့အထိတိုးမြှင့်သတ်မှတ်ထားပါတယ်ခင်ဗျာ။

1.10.2023 ( တနင်္ဂနွေနေ့ ) တွင်ကံစမ်းမဲအားဖွင့်လှစ်ပေးသွားပါမည်။

ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ ခက်ခဲ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေမဲရောင်းချခြင်းအစီအစဥ်လေးစတင်ပါပြီခင်ဗျာ။

မဲလက်မှတ်တစ်စောင်လျှင် (၂၅၀၀ိ/-ကျပ်နှုန်း )ဖြင့်မဲလက်မှတ်အစောင်ရေ ( ၃၀၀၀ ) ရောင်းချသွားမည်ဖြစ်ပြီး ရရှိငွေ ၇၅၀၀၀၀၀ိ/- ကျပ်အား ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံမှ ခက်ခဲ CDM ဝန်ထမ်း(၇၅)ဦးအား တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ကံစမ်းမဲကာလအား တစ်လသတ်မှတ်ထားပြီး
10.9.2023 ရက်နေ့တွင်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ကံစမ်းမဲလက်မှတ်များအား ....
သက်ဆိုင်ရာဌာနများ၏ CDM ရေးရာတာဝန်ခံများ
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်
လွှတ်တော်ကိုယ်စားလှယ်ကြီးများ ထံမှတဆင့်
ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။

မဲပြန်လည်ဖောက်ပေးမည့်ပစ္စည်းအလှူရှင်များ

ကိုရီးယားရောက်အလှူရှင်များအဖွဲ့ ( ၉ ) သိန်းကျပ်
CDM ဆရာတစ်ဦး ( ၁ ) သိန်းကျပ်
CDM ဆရာတစ်ဦးမှ ဆွဲခြင်း (၅) လုံး နှင့်အလှအိတ် (၃)လုံး
CDM ဆရာမတစ်ဦးမှ သုတ/ရသ စာအုပ် (၅ )အုပ်
CDM ဆရာတစ်ဦးမှ Powerbank (၂)လုံး


&LogisticDaikU

28/08/2023

ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ CDM ဝန်ထမ်းများအားကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အလှူငွေ ၂၁၅၀၀ိ/-ကျပ် (စာဖြင့်နှစ်သောင်းတစ်ထောင့်ငါးရာကျပ်တိတိ)ကိုလှူဒါန်းပေးပါသော D-Angels Group အား
Support CDMer & Logistic DKU အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

18/08/2023

ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ CDM ဝန်ထမ်းများအားကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အလှူငွေ ၁၀၀၀၀၀ိ/-ကျပ် (စာဖြင့်တစ်သိန်းကျပ်တိတိ)ကိုလှူဒါန်းပေးပါသော
နိုင်ငံအမှားထဲမွေးလာကြသူများ-ကဗျာစာအုပ် အား
Support CDMer & Logistic DKU အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

14/08/2023

ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ CDM ဝန်ထမ်းများအားကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အလှူငွေ ၂၀၀၀၀၀ိ/-ကျပ် (စာဖြင့်နှစ်သိန်းကျပ်တိတိ)ကိုလှူဒါန်းပေးပါသော
ကျန်းမာရေး CDM မိသားစုအဖွဲ့အား
Support CDMer & Logistic DKU အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

08/08/2023

ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံရှိ ခက်ခဲ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေမဲရောင်းချခြင်းအစီအစဥ်လေးစတင်ပါပြီခင်ဗျာ။

မဲလက်မှတ်တစ်စောင်လျှင် (၂၅၀၀ိ/-ကျပ်နှုန်း )ဖြင့်မဲလက်မှတ်အစောင်ရေ ( ၃၀၀၀ ) ရောင်းချသွားမည်ဖြစ်ပြီး ရရှိငွေ ၇၅၀၀၀၀၀ိ/- ကျပ်အား ဒိုက်ဦးမြို့နယ်၏ ဝန်ကြီးဌာနပေါင်းစုံမှ ခက်ခဲ CDM ဝန်ထမ်း(၇၅)ဦးအား တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ကံစမ်းမဲကာလအား တစ်လသတ်မှတ်ထားပြီး
10.9.2023 ရက်နေ့တွင်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ကံစမ်းမဲလက်မှတ်များအား ....
သက်ဆိုင်ရာဌာနများ၏ CDM ရေးရာတာဝန်ခံများ
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်
လွှတ်တော်ကိုယ်စားလှယ်ကြီးများ ထံမှတဆင့်
ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။

မဲပြန်လည်ဖောက်ပေးမည့်ပစ္စည်းအလှူရှင်များ

ကိုရီးယားရောက်အလှူရှင်များအဖွဲ့ ( ၉ ) သိန်းကျပ်
CDM ဆရာတစ်ဦး ( ၁ ) သိန်းကျပ်
CDM ဆရာတစ်ဦးမှ ဆွဲခြင်း (၅) လုံး နှင့်အလှအိတ် (၃)လုံး
CDM ဆရာမတစ်ဦးမှ သုတ/ရသ စာအုပ် (၅ )အုပ်
CDM ဆရာတစ်ဦးမှ Powerbank (၂)လုံး


&LogisticDaikU

08/08/2023

မပြီးဆုံးသေးတဲ့ ၈၈၈၈
လူထုလွတ်မြောက်ရေး တို့အတူရုန်း ✊️

ဒယ်ဂူးဆရာတော် 11/05/2022

ဒိုက်ဦးဇာတိဖွား နာမည်ကျော် ဒယ်ဂူးဆရာတော်ရဲ့ တရားတော်များ တော်လှန်ရေးလှုပ်ရှားမှုများကို ဆရာတော်ဆီမှ ခွင့်ပြုချက်ရယူပြီး
ပုံမှန်တင်ဆက်ပေးသွားပါမယ်။
subscribers တစ်ထောင်ပြည့်ဖို့ တော်တော်ကြီးကို လိုနေပါသေးတယ်။
အားလုံးဝိုင်းပြီး ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

https://youtu.be/rK3ZvJ61kVA

ဒယ်ဂူးဆရာတော် ဒိုက်ဦးဇာတိဖွား ဒယ်ဂူးဆရာတော်၏နွေဦး တော်လှန်ရေးလှုပ်ရှားမှုပုံရိပ်များ တရားတော်များကို ဆရာတော်၏ ခွင့်....

နွေဦးကဗျာများစုစည်းမှု 30/04/2022

ကဗျာတစ်ပုဒ်
စာတစ်ကြောင်းကလည်း
သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တယ်။
share& subscribe လေးဝင်ကြည့်ပြီးလုပ်သွားကြပါဦး။

နွေဦးကဗျာများစုစည်းမှု

SUPPORT FOR CDMer in Daik Oo - YouTube 29/04/2022

subscribe က တက်မလာဘူးနော်....
subscribeလေး မြန်မြန်ပြည့်မှ
မြန်မြန်ငွေဝင်မှာနော်။
https://youtube.com/channel/UCHFdGLjGbuabwYUTT71uIVQ

SUPPORT FOR CDMer in Daik Oo - YouTube ဗီဒီယိုတွေကြည့်ရင်း CDMerတွေကို ကူညီကြမယ်https://youtube.com/channel/UCHFdGLjGbuabwYUTT71uIVQတရားတော်များ ကဗျာများ ဝတ္ထုများဖျော်ဖြေရေးအစီအစ.....

အင်္ဂုလိမာလသုတ် ဆရာတော်အရှင်ဇဝန(ခေတ္တ-အမေရိကန်)ရွတ်ဖတ်ပူဇော်သည်။ 25/04/2022

ကိုယ်ဝန်ဆောင်အမျိုးသမီးများမမွေးခင်ရောမီးဖွားချိန်မှာရော
မွေးဖွားရလွယ်ကူအောင်ဘေးအန္တရာယ်ကင်းအောင် ရွတ်ဖတ်ပွားများနာယူလို့ရပါသည်။အမျိုးသားများအနေဖြင့်အနားမှာ ထိုင်မရွတ်ပေးနိုင်ခဲ့ရင်လည်း ဒီတရားတော်လေးအမြဲဖွင့်ပြီးနာယူလို့ရပါတယ်။
မိမိအတွက်လည်းအဆင်ပြေ ကုသိုလ်ရ...
အခြားသူများကိုလည်းကူညီရာရောက်၍ကုသိုလ်လည်းရ
ဘယ်လောက်ကောင်းလိုက်သလဲ။
တခြား သုတ်များကိုလည်းနာယူပွားများလို့ရပါသေးတယ်။
like share & subscribe လေးလုပ်ပေးသွားကြပါဦး🙏🙏🙏

အင်္ဂုလိမာလသုတ် ဆရာတော်အရှင်ဇဝန(ခေတ္တ-အမေရိကန်)ရွတ်ဖတ်ပူဇော်သည်။ အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း၏အကျိုးမီးဖွားရခက်နေသော ကိုယ်ဝန်ဆောင်မိခင်လောင်းတို့အား သားဖွယ်ရလွယ်ကူစေသ...

24/04/2022

နွေဦးဟာ....
မခေါ်ဘဲရောက်လာတဲ့မြားတစ်စင်း
သွေးတစက်စက်ဒဏ်ရာများနဲ့
ရင်ကိုထုတ်ချင်းဖောက်ဝင်။
ငါတို့ရာဇဝင်မှာ...
ဒီမြားတွေ...
ဒီဒဏ်ရာတွေလောက်တော့
ရယ်တာပေါ့။

https://youtube.com/playlist?list=PLiLX_KIAjBtKrlKURbh0xbco9SaKFlF9b

23/04/2022

target ပြည့်ဖို့တော်တော်လိုနေပါသေးတယ်။
subscribe မလုပ်ဘ​ဲဝင်ကြည့်တဲ့သူလည်းတော်တော်များနေသေးတယ်။
ကလစ်တစ်ချက်နဲ့အားထည့်ပေးကြပါဦး။🙏🙏🙏🙏🙏🙏

22/04/2022

ကျောင်းအပ်တဲ့သူနည်းနေပါသေးတယ်။အမြန်ဆုံးအပ်ကြဖို့
တိုက်တွန်းလိုပါတယ်။NUGရဲ့...ပညာသင်ကြားပုံစံအောက်မှာ
ကိုယ့်သမီးကိုယ့်သားတွေကို ဘေးကင်းလုံခြုံစွာ အိမ်ကနေ စာသင်စေချင်တယ်ဆိုရင်တော့...ဒီlinkလေးထဲဝင်ပြီး စုံစမ်းမေးမြန်းကျောင်းအပ်နိုင်ပါပြီ။
ဖေဖေမေမေတွေ ကျောင်းအပ်လို့ရတယ်ဆိုတာ သိသွားလို့ရအောင် like & share လေးဖြင့် ကူညီကြပါဦး။

https://www.facebook.com/102989235668675/posts/124883126812619/

Essential Education Center ( EEC ) မှာ အထက်တန်း/ အလယ်တန်း / မူလတန်း ကလေးများအားလုံးကျောင်းအပ်လို့ရပါပြီနော် ။ ကြားကာလတွင်ပညာသင်ယူခွင့်အခွင့်အလမ်းတွေဆုံးရှုံးနေတဲ့ ကလေးများအတွက် မိမိတို့အသက်နှင့်ညီမျှသည့် အတန်းပညာ အသိပညာများကို စဥ်ဆက်မပြတ်လေ့လာနိုင်အောင် EEC မှာအပ်နှံလိုက်ကြပါစို့နော်။

ကျောင်းဝင်ကြေး - * Free *
ဖုန်းတစ်လုံးရှိရုံ / အင်တာနက်ရရုံနဲ့တင်ကျောင်းတက်လို့ရနေပါပြီနော်
အတွေ့အကြုံရင့် Volunteer ဆရာကြီး/ဆရာမကြီးများ အပြင်
ငယ်ရွယ်တက်ကြွတဲ့ ဆရာ/မ ငယ်လေးများ မှ အတန်းစဥ်အလိုက်သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

EEC (Batch-2 )အတွက်
ကျောင်းအပ်လက်ခံခြင်းကို #29.4.2022 ရက်နေ့ နောက်ဆုံးထားပြီးလက်ခံပေးသွားပါမယ်နော်။

ကျောင်းပိတ်ရက်များတွင်လည်း
ပန်းချီ / ဂီတ / သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာများ / IT ပိုင်းဆိုင်ရာအကြောင်းအရာများ စသဖြင့် သင်ကြားပေးသွားဖို့လည်းရှိတဲ့အတွက်ကြောင့် IT ခေတ်ကြီးမှာအသိပညာ အတတ်ပညာတွေ နောက်ကျ ကျန်မနေရအောင်အမြန်ဆုံးကျောင်းအပ်ထားဖို့တော့လိုမယ်နော်။

ထက်/လယ်/မူ ကျောင်းသားများ
ကျောင်းအပ်ရန် link ↘️

GRADE -11 (ဒဿမတန်းစနစ်ဟောင်း) အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLSe-vWj3GiylOGZbPg6Lrr0G7LtYVjYPwDzjHoPMOLUgHAiJpA/viewform

Grade-10 ( သင်ရိုးသစ် )အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLSd2mF7UK7joWkDEsdRnK7LH3QPBQz4HQ3c-Vmcsd9NoebZ7Kw/viewform

Grade-9(အဋ္ဌမတန်းသင်ရိုးဟောင်း)အတွက်အပ်နှံရန် link ⬇
https://docs.google.com/forms/d/e/1FAIpQLSc-AQm4qZeOdk8Fmg3KBz2TbxsssAZz9RGcXM41qctiG8MPTA/viewform

Grade-8 ( သတ္တမတန်းသင်ရိုးဟောင်း )အတွက်အပ်နှံရန် link ⬇️

https://surveyheart.com/form/6263c05e5469905c2e1033b5
Grade-7 ( သတ္တမတန်းသင်ရိုးသစ် )အတွက်အပ်နှံရန် link ⬇️
https://docs.google.com/forms/d/e/1FAIpQLScTQYL527C04mMNyFukEAACXwgKdqkcsxC0Fhbf9SRres6WVw/viewform

Grade-6 (ဆဋ္ဌမတန်းသင်ရိုးသစ်)
အတွက်အပ်နှံရန် link ⬇️
https://docs.google.com/forms/d/e/1FAIpQLSe5CbG6bE65pb7yVXNf67E3wpzFYSCCBe9VMNGEZpKg7vgqgQ/viewform

Grade-04 ( သင်ရိုးသစ်) အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLSflSccrtFiKF691vwNKP5p6ansfte6r5RuyebqfK1wkAw4WiA/viewform

Grade-03 ( သင်ရိုးသစ်) အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLSeHlhRwjvMA6OdzqPGP_LyNNeMHfSmLiYGNSt3yrYlFfri0Iw/viewform

Grade-02 (သင်ရိုးသစ်) အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLScsz8r2wPkr-lvhaOKm61ydk4HpIUm4lXNgKUR40aixikr79Q/viewform

Grade-01 ( သင်ရိုးသစ်) အတွက်အပ်နှံရန် link
https://docs.google.com/forms/d/e/1FAIpQLSfBY6Hu_xu22gmbXIpJ7IOXPUBzqrqlYxpwp-MvSvajz0JZZg/viewform

ကျောင်းတက်ခွင့်ရရှိသောကလေးများကို telegram / Gmail တို့မှတဆင့်အကြောင်းကြားပေးသွားပါမည်။

Essential Education Center(EEC)

SUPPORT FOR CDMer in Daik Oo - YouTube 21/04/2022

CDM တွေကို
ဘယ်လို support လုပ်ကြမလဲ?

ကျွန်တော် ကျွန်မကတော့ မြို့အတွက် cdmတွေကို တစ်လကို ဘယ်လောက်လေး လှူပေးချင်တယ်ဆိုလဲ ရပါတယ်....

အဲ့လိုမှမဟုတ်ဘူး....
ကျွန်တော် ကျွန်မကတော့
အဆင်ပြေတဲ့ လလေးမှာ
အဆင်ပြေသလိုလေး
လှူချင်ပါတယ်ဆိုလဲ ရပါတယ်.....

အဲ့လိုမှ မဟုတ်ဘူးလား....
ဒီအတိုင်းကို ပိုက်ဆံလှူရမှာ
ကြောက်နေသေးတာလား......

ဒါဆိုရင်တော့...
အောက်မှာ ပေးထားတဲ့
yoytube channel လေးကို
subscribe လုပ်ပြီး...
video ဖွင့်ပြီး နားထောင်ပေးကြပါ...
တရားနာထောင်ဖို့ ကဗျာလေးတွေ
နားထောင်ဖို့ မကြောက်ကြဘူးမို့လား...

လူများများ subscribe လုပ်မှ
လူများများ video တွေ ကြည့်ပေးမှ
cdm တွေအတွက် အလှူငွေရမှာမို့.....
ဒိုက်ဦးသူ ဒိုက်ဦးသားများ
များများ click ဖို့ တောင်းဆိုပါတယ်...။

https://youtube.com/channel/UCHFdGLjGbuabwYUTT71uIVQ

SUPPORT FOR CDMer in Daik Oo - YouTube ဗီဒီယိုတွေကြည့်ရင်း ကူညီကြမယ်

21/04/2022

နွေဦးကဗျာများစုစည်းမှု....
တော်လှန်ရေးကဗျာကောင်းကောင်းကြိုက်သူများအတွက်
subscribe & share
like & view
အင်းတိုက်အားတိုက် လုပ်ပေးကြဖို့
မေတ္တာရပ်ခံပါတယ်။
ဒိုက်ဦးသားတွေအားကိုးပါတယ်နော်။
အန္တရာယ်အကင်းဆုံးလှူနိုင်သော အလှူလေးပါ။

www.youtube.com

SUPPORT FOR CDMer in Daik Oo - YouTube 20/04/2022

ဒီ linkလေးကို နှိပ်ပြီး ဗီဒီယိုတွေကြည့်လို့ရပါပြီ။
like & share & subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။
subscribers 1000ပြည့်ပြီး
watch hours 4000ပြည့်မှ ငွေစဝင်လာမှာပါ။
လူတစ်ယောက်ကို လေးနာရီပြည့်အောင်ကြည့်ပေးမယ်ဆိုရင်
အယောက်တစ်ထောင်ဆို နာရီလေးထောင် ရက်ပိုင်းအတွင်းပြည့်နိုင်ပါတယ်။dataအဆင်ပြေသူများ၊wifiရသူများအနေဖြင့် ဝိုင်းဝန်းကူညီကြပါလို့မေတ္တာရပ်ခံပါတယ်။ ယခုလောလောဆယ် ပရိတ်တရားတော်နဲ့နွေဥိးကဗျာများတင်ဆက်ထားပါတယ်။မနက်ခင်းတရားဖွင့်လိုသူများ၊စျေးရောင်းရင်းတရားဖွင့်လိုသူများ၊အတွက် ဆရာတော်အရှင်ဇဝန(ခေတ္တ အမေရိကန်)ရဲ့
ပရိတ်တရားတော်နာယူလို့ရပါပြီ။နေ့စဥ်ဝင်ရောက်ကြည့်ရှုပေးခြင်းဖြင့်..
ကုသိုလ်ယူလို့ရပါပြီ။နှစ်ကျပ်ကွက်ကုသိုလ်ရမှာနော်။တရားနာရတဲ့ကုသိုလ်လည်းရမယ်cdmတွေကိုကူညီတဲ့ကုသိုလ်လည်းရမယ်။ ငွေကြေးအဆင်ပြေတဲ့CDMerများအနေဖြင့်လည်း ပိုပြီးအားစိုက်ပါဝင်ကြပါလို့မေတ္တာရပ်ခံပါတယ်။
ကဲ....ဒိုက်ဦးသားတွေ.....ညီရဲ့လားဟေ့

အရေးတော်ပုံအောင်ဖို့ အားလုံးပါဝင်စို့။

https://youtube.com/channel/UCHFdGLjGbuabwYUTT71uIVQ

SUPPORT FOR CDMer in Daik Oo - YouTube ဗီဒီယိုတွေကြည့်ရင်း ကူညီကြမယ်

Want your school to be the top-listed School/college?

Videos (show all)

Website