Interim University Council UCS-Kalay

Interim University Council UCS-Kalay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Interim University Council UCS-Kalay, College & University, .

Operating as usual

edXမှ အတန်းများတတ်ရောက်နိုင်ရန် စာရင်းပေးသွင်းခြင်း 14/03/2023

"သပိတ်မှောက် ကျောင်းသူ/ကျောင်းသားများအတွက် အခမဲ့သင်ကြားခွင့်ရမည့် edXမှ သင်ခန်းစာများ"

အကြမ်းဖက်စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေကြသော ကျောင်းသူ၊ကျောင်းသားများ၏ ပညာဆက်လက်သင်ယူနိုင်ရေး၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာဌာန နှင့် edX ပညာရေး အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်အရ edX Education Learning Platform တွင် သင်တန်းအမျိုးအစားပေါင်း (၈၈) ခုကို လူဦးရေအကန့်အသတ်ဖြင့် အခကြေးငွေပေးသွင်းစရာမလိုပဲ တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းသို့ တက်ရောက်လိုသော ကွန်ပျူတာတက္ကသိုလ်များမှ သပိတ်မှောက်ကျောင်းသူကျောင်းသားများအနေဖြင့် Google Form Link တွင် ဝင်ရောက်ဖြည့်သွင်း စာရင်းပေးသွင်းနိုင်ပါသည်။

Registration Form Link - https://forms.gle/tesixCf6naqeSKj99

edX courses catalogue အားအောက်ပါ link မှတဆင့်လေ့လာ၍လျှောက်ထားနိုင်ပါသည်။
https://drive.google.com/file/d/1UXg4eq5jJBmuSHvVIP4igsZ3ieJW4TIQ/view?usp=sharing

ကြားကာလ ကွန်ပျူတာတက္ကသိုလ်များ ပညာရေးဘုတ်အဖွဲ့


#ကြားကာလပညာသင်ကြားရေးအစီအစဉ်

edXမှ အတန်းများတတ်ရောက်နိုင်ရန် စာရင်းပေးသွင်းခြင်း အကြမ်းဖက်စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေကြသော ကျောင်းသူ၊ကျောင်းသားများ၏ ပညာဆက.....

04/04/2022

မြန်မာနိုင်ငံလုံးဆိုင်ရာကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များသို့ ဝင့်ခွင့်များနှင့်စပ်လျဉ်း၍ထုတ်ပြန်ချက်

ရက်စွဲ။ ။၂၀၂၂ခုနှစ်၊ဧပြီလ၊၄ရက်။

ယခုအခါအကြမ်းဖက် အာဏာရူးလက်အောက်ခံတရားမဝင်ကျွန်ရူးအဖွဲ့များသည် အရပ်သားအစိုးရ လက်ထက်၂၀၂၀ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၏ ပြုစုပြီးသောတက္ကသိုလ်ဝင်ခွင့် စာရင်းများ ကိုအရှက်မရှိ တရားမဝင်ထုတ်ပြန်ကြေညာလျက်ရှိသည်။ ထိုအထဲတွင်ကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောသောတက္ကသိုလ်များလည်းအပါအဝင်ဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်များနှင့်ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များသို့ဝင်ခွင့်ရသူများအနေဖြင့် အကြမ်းဖက်စစ်အာဏာရူးသောသူများ၏အချောင်ခိုလိုစိတ်၊အာဏာတည်မြဲရေးအတွက်တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသောသူများအားချနင်းလိုသောစိတ်များ အားမျက်ဝါးထင်ထင်တွေ့မြင်ရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ရသူများ အနေဖြင့် မိမိ၏သက်ဆိုင်ရာတက္ကသိုလ်များ၏ စီနီယာကျောင်းသားများ နှင့် ကျောင်းသားလူငယ်တို့သည် အသက်ဖြင့် ရင်း၍ စွန့်လွတ် အနစ်အနာခံကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း တော်လှန်တိုက်ပွဲ ဝင်နေကြသည်မှာလည်းအမောင်တို့ အသိပင်ဖြစ်ပေသည်။

သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်အသီးသီးတို့၏ တက္ကသိုလ်ဝင်ခွင့်ရမောင်မယ် များနှင့်တိုင်းသူပြည်သားများတို့၏အနာဂတ်သာယာဖြောင့်ဖြူးရေးအတွက်တိုက်ပွဲဝင်နေသည်ကိုတက္ကသိုလ် ဝင်ခွင့်ရသူများအနေဖြင့် ကျောင်းမတက်ခြင်းဖြင့်တော်လှန်ရေးရဲဘော်များကိုတစ်ဖက်တစ်လမ်းကူညီကြပါ ရန်တိုက်တွန်းအပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်ရသူများအနေဖြင့် အများပြည်သူများ၏ဆန္ဒအတိုင်းမရပ်တည်ပါက မိမိတို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်အနေဖြင့် တိုင်းရင်းသားပြည်သူများလိုလားသော ဖယ်ဒရယ်ပညာရေးစနစ် ဖြစ်တည်ရေး ဖော်ဆောင်သော လမ်းစဉ်တွင် သမိုင်းတရားခံများအဖြစ်မှတ်တမ်း တင်၍ တော်လှန်ရေးအလွန်ကာလများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်အပ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်

Photos from Interim University Council UCS-Kalay's post 19/12/2021

ဒေသတွင်း မိတ်ဖက်ကွန်ပျူတာတက္ကသိုလ်များအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေငြာခြင်း
✣✣✣

Photos from Interim University Council UCS-Kalay's post 10/12/2021

Silent Strike Photo Campaign

10/12/2021

Strike တွင် ပါဝင်ပေးသော ညီအကိုများအား ကျေးဇူးအထူးတင်ရှိပါသည်။

06/12/2021

ကွန်ပျူတာတက္ကသိုလ်(ကလေး)တွင် တက်ရောက်ပညာသင်ယူနေသော
ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများခင်ဗျား........

ဒီဇင်ဘာလ(၁၀)ရက်နေ့တွင်ပြုလုပ်မည့် Silent Strike အစီအစဥ်တွင် ပါဝင်ပေးကြရန် ကျွန်ုပ်တို့ ကြားကာလယာယီတက္ကသိုလ်ကောင်စီ ကွန်ပျူတာတက္ကသိုလ် (ကလေး) အနေနှင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဖက်ဆစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခြင်းတစ်ခုဖြစ်သည့် Silent Strike တွင်ပါဝင်လိုသည့် ဆရာ/မ များ၊ကျောင်းသား/သူ များ အနေနှင့် ဒီဇင်ဘာ(၁၀)ရက်နေ့ နောက်ဆုံးထား၍ အင်္ကျီအနက်ရောင်ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်ထားသည့် မိမိတို့​၏ပုံများကို Page Messenger သို့ လာရောက်ပေးပို့ကာ ပါဝင်ဆန့်ကျင်နိုင်ကြောင်း အသိပေးအပ်ပါသည်။

ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာ တက္ကသိုလ် (ကလေး)

Photos from Interim University Council UCS-Kalay's post 28/11/2021

ကွန်ပျူတာတက္ကသိုလ်(ကလေး) ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးကြောင်း ကြေညာခြင်း

Want your school to be the top-listed School/college?

Website