HEC Mathematics Department

HEC Mathematics Department

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HEC Mathematics Department, Education, .

24/11/2020

For Base 3.
by wwm (AL/mmd)

17/11/2020

“Negative three” and “minus three” mean two different things. Negative three is a number, whereas the minus three is an operation: take away three.



STEM ရဲ့ဖော်ပြချက်အရ ....
2+(-3) ကို " two plus minus three" လို့ ဖတ်ရမှာမဟုတ်ပဲ... "two plus negative three" လို့ ဖတ်ရမယ်
STEM ကဆရာတွေကိုယ်တိုင်လည်းအဲ့လိုဖတ်သွားတယ်။
You tube video တွေမှာလည်းအဲ့လိုဖတ်သွားတာတွေ့ရတယ်။
ဆန္ဒရှိရင်ပြင်ဖတ်လို့ရအောင်ပါ။
Dwwm
Al (MMD)

17/09/2020

အလယ်တန်းသင်္ချာ ယခင် ၇ တန်း
အခု သင်ရိုးသစ် Grade 7 မှာထည့်သွင်းသင်ကြားပေးနေတဲ့ ပိုက်သာဂိုရ သီအိုရမ်ကိုတော့
လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ် .......
ခုအဲ့သီအိုရမ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရှင်ကြီးအကြောင်းလေ့လာကြည့်ရအောင်.....

ပိုက်သာဂိုရ (Pythagoras)ဟာ BC 582 က‌ေန BC 493 အထိထင်ရှားခဲ့တဲ့ဂရိပြည်ဖွား အတွေးအခေါ် ပညာရှင် တစ်ယောက်ပေါ့....

သင်္ချာပညာကိုသာမက ဂီတနှင့် အခြားပညာရပ်‌
‌ေတွကိုပါ လေ့လာလိုက်စားခဲ့တဲ့ပညာရှင်ကြီးလေ...

သင်္ချာနဲ့ ပတ်သတ်တာအရင်ပြောပြမယ်နော်....
Pythagoras က သူ့မိတ်ဆွေတစ်ဦး၏ အိမ်ကိုအလည်သွားရင်း စတုရန်းကွက်‌ေတွနဲ့ပံုဖော်ထားတဲ့ ကြမ်းပြင်ကို တွေ့တယ်လေ ...
အမြဲတမ်းတွေးခေါ်နေတဲ့ပညာရှင်ကြီးဆိုတော့
အဲ့စတုရန်းပံုကြမ်းပြင်ကိုကြည့်ရင်းကနေ "ထောင့်မှန်တြိဂံတစ်ခုတွင် ထောင့်မှန်ခံအနားပေါ်ရှိ စတုရန်း၏ ဧရိယာသည် ကျန်အနားနှစ်ဖက်ပေါ်ရှိ စတုရန်းများ၏ ဧရိယာများပေါင်းလဒ်နှင့် တူညီသည်" ဆိုတဲ့ ကမ္ဘာကျော် theorem ကိုတွေ့ရှိခဲ့တာပေါ့....
ကမ္ဘာပေါ်မှာ ပထမဦးဆုံး သင်္ချာအသင်းကြီးဖြစ်လာမယ့် Pythagoras ဂိုဏ်းကြီးကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့တယ်....သူ့ဂိုဏ်း၏အမှတ်တံဆိပ်ကို ငါးထောင့်ကြယ်ပုံနဲ့ သတ်မှတ်ထားခဲ့တယ်လေ.....
ကမ္ဘာမြေကြီးက လုံး၀န်းပြီး နေကို လှည့်ပတ်နေတယ်ဆိုတဲ့ အချက်ကို ကမ္ဘာပေါ်မှာ ပထမဆုံးသင်ပေးတဲ့ကျောင်းကပိုက်သာဂိုရရဲ့ကျောင်းပေါ့....
"သင်္ချာအသိမရှိရင် လောကကြီးကိုနားလည်အောင် ကြိုးစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ " ပညာရှင်ကြီးက အခိုင်အမာ ဟောပြောပို့ချခဲ့တာပေါ့ ....

ဂီတနဲ့ပတ်သတ်လို့ဆက်ပြောပြမယ်နော်.....
တစ်နေ့မှာပေါ့ ပိုက်သာဂိုရက ပန်းပဲဖိုအနီး ကနေ ဖြတ်သွားရင်း တူထုသံအမျိုးမျိုးကိုသူကြားခဲ့တယ်.....
အဲ့ကနေ အတွေးတစ်ခုရခဲ့တာ‌ေပါ့.....
အဲ့အတွေးက"တူ၏လက်ကိုင်တိုလေလေ ထွက်လာသောအသံမြင့်လေလေ" ဆိုတဲ့ အတွေးလေ....

အဲ့အတွေးကို သုံးပြီး စောင်းနှင့် ပုလွေပုံစံသစ်‌ေတွကို တီထွင်ခဲ့တာ‌ေပါ့......
Pythagoras က သင်္ချာမှာ ဂဏန်းသင်္ချာ၊ တေးဂီတ၊ geometry နှင့် နက္ခတ်ပညာတို့ ပေါင်းစပ်ပါဝင်နေတယ်လို့ဆိုခဲ့တယ် .....

သူ့တပည့်‌ေတွကိုလည်းလောကီပညာ၊ ဂဏန်းသင်္ချာ၊ ဆေးပညာ၊ နိုင်ငံရေးပညာ၊ ဂီတပညာ၊ အတွေးအခေါ်ပညာ၊ ကိုယ်ကျင့်တရားပညာတို့ကို သင်ကြားပေးတယ်.......
စိတ်တည်ငြိမ်အောင် ကမ္မဋ္ဌာန်းထိုင်ခိုင်းတယ်
ဒါကြောင့်လည်း Pythagoras ဟာအိန္ဒိယနိုင်ငံကိုရောက်ခဲ့တယ်လို့ တချို့က ယူဆကြတာပေါ့....

Pythagorasရဲ့ ယုံကြည်ချက်က ...
လူ‌ေတွသေပြီးတဲ့နောက်မှာ လူရဲ့ဝိညာဉ်က အခြားသက်ရှိတခု အတွင်းကို၀င်သွားတယ်...
လူနဲ့တိရစ္ဆာန်ဟာ ဆက်သွယ်နေတယ်....
လူကွယ်လွန်သွားရင်နောက်ဘဝမှာတိရစ္ဆာန်လည်း ဖြစ်နိုင်တယ်......
အဲ့လူဟာ အပြစ်ကင်းကင်း နေထိုင်ပါမှ နောက်ဘ၀မှာတိရစ္ဆာန်ဖြစ်မယ့်ဘေးက‌ေနကင်းလွတ်နိုင်မယ်လို့ ယုံကြည်ထားတယ်လေ......

"ယာယီ အောင်မြင်မှုနှင့်စာသော်
ယာယီ မအောင်မြင်မှုကမှပို၍ကောင်းသည်" ဆိုတဲ့
စာတမ်းထွင်ထားသည့် လက်စွပ်ကို Pythagoras က အမြဲဝတ်ဆင်ထားလေ့ရှိတယ်လို့ ဒဏ္ဍာရီတစ်ခုက ဆိုခဲ့သေးတယ်လေ....

ကဲဒီလောက်ဆို ကိုယ်ရဲ့ Grade 7 ကလေးတွေကိုပိုက်သာဂိုရအ‌ေကြာင်းပြန်ပြောပြဖို့လံုလောက်ပြီထင်ပါတယ်နော်....

Reference .....သုတရတနာသိုက်

22/07/2020

Reneဲ Descartes ရနေး ဒေးကာ့ - ပြင်သစ်လူမျိုး အတွေးအခေါ် နှင့် သင်္ချာပညာရှင်
မွေးဖွားသည့်နေ့ - ၁၅၉၆၊ ၃၁ မတ်
မွေးဖွားသည့်နေရာ- ပြင်သစ်,
စတော့ဟုမ်းမြို့,ဆွီဒင်
သေဆုံးသည့်နေ့ - ၁၆၅၀၊ ၁၁ ဖေဖော်ဝါရီ,
သင်္ချာဆိုင်ရာရှာဖွေတွေ့ရှိမှု - Coordinate Plane
This is a story how they discover the coordinate plane.

Want your school to be the top-listed School/college?

Videos (show all)

For Base 3.#Created by wwm (AL/mmd)#STEM
Reneဲ Descartes ရနေး ဒေးကာ့ - ပြင်သစ်လူမျိုး အတွေးအခေါ် နှင့် သင်္ချာပညာရှင် မွေးဖွားသည့်နေ့ - ၁၅၉၆၊ ၃၁ မတ်မွေးဖွားသည့်န...

Website