08/03/2024
ဒီရက်ပိုင်းတွေ့နေရသော မေးခွန်းလေးနှစ်ခု
(၁) bio နှင့် ecoတွဲဘယ်ဟာယူရမလဲ။
မိဘ ကျောင်းသား ရှုထောင့်နှစ်ဖက်ကနေစဉ်းစားကြည့်ယူရပါမည်။
မိဘဖက်ကရှုထောင့်
အရင်စံစနစ်တွေကြောင့် ကျောင်းမှာထားရှိတဲ့ပုံစံတွေကြောင့် Ecoဆိုတာ စာမကျက်နိုင်လို့အင်္ဂလိပ်စာညံ့လို့ဆိုတဲ့အမြင်တွေရှိကြပါသည်။
မိဘများအမြင်တွင် Bioကကျက်ရတာလွယ်တယ် Ecoက ကုန်စည် ရောင်းဝယ်မှုရှုပ်နေတာလို့ပြောတာမျိုးလည်းကြားဖူးပါသည်။
အဓိကတက္ကသိုလ်ဝင်ခွင့်ကိစ္စပြောရာတွင်လည်း bioနှင့်အောင်ပေမယ့်စီးပွါးရေမေဂျာယူလို့ရနေခြင်း မျိုးက
Bioကျောင်းသားကတပန်းသာသလိုဖြစ်နေပြန်ပါသည်။
မိဘများကိုသိစေလိုသည်က
အင်္ဂလိပ်စာမလိုက်နိုင်ရင် bio ဖြစ်စေEcoဖြစ်စေ
ရှေ့ကchemistry and physicsလည်းလိုက်နိုင်ဖို့ခက်ပါမည်။
အရင်ခေတ် bio သင်ကြားပုံစနစ်က grade 10(၉တန်း) Grade 11(10တန်:) နှစ်တန်းမှာ ငါးအကြောင်းဖားအကြောင်းယုန်အကြောင်း ဆိုပြီးအဓိကသင်ပြီး သက်ရှိအားလုံးကိုခြုံငုံသင်ခြင်းမျိုးကနည်းပါသည်။
အခု သင်ရိုးသစ် bioမှာဆို အပင်ကောတိရစ္ဆာန် ၂ခုလုံး၏ဖြစ်စဉ်တွေကိုနားလည်သဘောပေါက်အောင်သင်ကြားတာဖြစ်ပြီးနိုင်ငံတကာသင်ရိုးIGCSE reference bookယူ၍သင်ကြားတာဖြစ်တာကြောင့်စာကအရင်ကထက်တော့ပိုမြင့်သွားပိုခက်သွားတာတော့အမှန်ပါ။
ကလေးဖက်ကရှုထောင့်
ဘိုင်အိုထိုင်ငိုလို့ ရှေ့ ၁၂တန်းစီနီယာကြီးများကပြောကြလိမ့်မည်။ ၁၂တန်းစာကများသည်။ ပုံနှိပ်စာအုပ်အတိုင်းဖြေရသည်။ဒါကြောင့်လည်းခက်တာပြောကြတာဖြစ်ပါသည်။
ကလေးများကိုသိစေလိုသည်က
Bio တစ်ခူတည်းစာမြှင့်တာမဟုတ်ဘဲ Ecoကလည်းစာများမြှင့်ထားသည်ဆိုတာကိုတော့သိစေလိုပါသည်။
အဓိကပြဿနာတက်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ ကျောင်းစစ်စာမေးပွဲမှာ spotရိိုက်ကျက်ကြခြင်းဖြစ်သည်။
၁၀တန်း ရွေးကျက်အောင် ၁၁ တန်းရွေးကျက်အောင်နှင့် ၁၂ တန်းရောက်သည်အခါရွေးမကျက်ရဲတော့သည့်အခါအကုန်မကျက်နိုင်ဖြစ်တာလည်းပြဿနာတစ်ခူဖြစ်သည်။
၁၀တန်း ဘိုင်အိုကိုသင်ကြည့်ရင်း နားလည်လာပျော်လာစာကျက်အားကိုမွေးယူလာရင် ၁၂တန်းဟာထိုမျှလောက်ခက်တော့မည်မဟုတ်ပါ။
စာလည်းရှည်ပြီမို့ ဒီမှာပဲစာကိုတစ်ထောက်နားလိုက်ပါအုံးမည်။
Photo memesလေးကိူ၁၁တန်း၁၂တန်းကျောင်းသားတွေတော့နားလည်မယ်ထင်ပါတယ်။
26/02/2024
Hello welcome from Just For Me
အက်မင် ကိစ္စလေးတွေရှိလို့ပျောက်ပြီးဒီpage activeမဖြစ်နိုင်တာ နားလည်ပေးကြပါ။
အက်မင်သင်ကြားပေးမည့်အတန်းလေးတွေပါ။
နောက်အပတ်လောက်ကစပြီး content အသစ်တွေနှင့်ပြန်လာခဲ့မည်။
20/01/2024
Grade 11 Students Project "Pollution"
နောက်များအားလပ်ရင်ဒီကလေးတွေရဲ့ posterတစ်ခုချင်းအတွက် presentationများတင်ပေးသွားပါမည်။
Thank you😍😍😍
15/12/2023
Grade 10 Chapter 4 Objectives practice
30/11/2023
𝖪𝗇𝗈𝖼𝗄𝗂𝗇𝗀 𝗈𝗇 𝗒𝗈𝗎𝗋 𝖧𝖾𝖺𝗋𝗍 🤜🏼❤️🔥:𝖳𝗁𝖾 𝖲𝖾𝗋𝗂𝖾𝗌
𝖢𝗈𝗏𝖾𝗋𝗂𝗇𝗀 𝟥.𝟩.𝟤 𝖳𝗁𝖾 𝖡𝗅𝗈𝗈𝖽 𝖵𝖾𝗌𝗌𝖾𝗅𝗌
29/11/2023
𝖪𝗇𝗈𝖼𝗄𝗂𝗇𝗀 𝗈𝗇 𝗒𝗈𝗎𝗋 𝖧𝖾𝖺𝗋𝗍 🤜🏼❤️🔥: 𝖳𝗁𝖾 𝖲𝖾𝗋𝗂𝖾𝗌
𝖢𝗈𝗏𝖾𝗋𝗂𝗇𝗀 𝟥.𝟩.𝟣,𝟥.𝟩.𝟧,𝟥.𝟩.𝟨
28/11/2023
𝖧𝗈𝗆𝖾𝗈𝗌𝗍𝖺𝗌𝗂𝗌 ဖြစ်သော 𝖧𝖺𝖾𝗆𝗈𝗌𝗍𝖺𝗌𝗂𝗌
သွေးတိတ်ခြင်း (or) သွေးခဲခြင်းဖြစ်စဉ် 🩸🧫
𝖪𝗇𝗈𝖼𝗄𝗂𝗇𝗀 𝗈𝗇 𝗒𝗈𝗎𝗋 𝖧𝖾𝖺𝗋𝗍 🤜🏼❤️🔥: 𝖳𝗁𝖾 𝖲𝖾𝗋𝗂𝖾𝗌
𝖢𝗈𝗏𝖾𝗋𝗂𝗇𝗀 𝟥.𝟩.𝟦 𝖳𝗁𝖾 𝖢𝗅𝗈𝗍𝗍𝗂𝗇𝗀 𝗈𝖿 𝗍𝗁𝖾 𝖡𝗅𝗈𝗈𝖽
ကဲ။ Video လည်းကြည့်ပြီးပြီဆိုတော့ Video ထဲမှာ Platelets လေးတွေပြောပြောနေတဲ့ Fibrin ဆိုတာဘာလဲ။ 🤔 ထိခိုက်ရှနာဖြစ်လို့ သွေးထွက်လာရင် အဲ့သွေးတိတ်ဖို့ လိုအပ်လာတဲ့ Fibrin ကိုရဖို့ မင်မင်တို့ ခန္ဓာက ဘယ်လို ဇာတ်လမ်းစကြမလဲ။ 😲
ဒါတွေကို ဒီ Post မှာမင်မင်ပြောပြပေးသွားပါမယ်။ ဒီ Post ကိုမဖတ်ခင် မင်မင်ပြောပြချင်တာတစ်ခုရှိပါသေးတယ်။ ☝🏼 𝖳𝗁𝖺𝗍 𝗂𝗌 𝖧𝖺𝖾𝗆𝗈𝗌𝗍𝖺𝗌𝗂𝗌, 𝖢𝗈𝖺𝗀𝗎𝗅𝖺𝗍𝗂𝗈𝗇, 𝖺𝗇𝖽 𝖡𝗅𝗈𝗈𝖽 𝖢𝗅𝗈𝗍𝗍𝗂𝗇𝗀 𝗉𝗋𝗈𝖼𝖾𝗌𝗌 𝖺𝗋𝖾 𝗍𝗁𝖾 𝗌𝖺𝗆𝖾.𝖡𝗎𝗍 𝖧𝗈𝗆𝖾𝗈𝗌𝗍𝖺𝗌𝗂𝗌 𝖺𝗇𝖽 𝖧𝖺𝖾𝗆𝗈𝗌𝗍𝖺𝗌𝗂𝗌 𝖺𝗋𝖾 𝖭𝖮𝖳 𝗍𝗁𝖾 𝗌𝖺𝗆𝖾.
Haemo = သွေး။ Stasis = တန့်ခြင်း/ရပ်ခြင်း။ ဒီလိုအဓိပ္ပာယ်ရတာကြောင့် သွေးခဲ/တိတ်ခြင်းဖြစ်စဉ်ကို Haemostasis လို့ခေါ်တာပါ။ Cell တွေရဲ့ Normal ပကတိအခြေအနေအတိုင်း ခန္ဓာက ပြန်ညှိရတဲ့ ဖြစ်စဉ်ဖြစ်တဲ့ Homeostasis နဲ့ စာလုံးပေါင်း မတူပါ။ ❌
ဒါပေမဲ့ တကယ်စဉ်းစားကြည့်ရင် သွေးမထွက်အောင်/ သွေးတိတ်အောင် လုပ်လိုက်တဲ့ Haemostasis သည် မင်မင်တို့ခန္ဓာက မင်မင်တို့သွေးထွက်မလွန်အောင်/ ပုံမှန်အတိုင်းဖြစ်အောင် လုပ်ပေးတဲ့ Homeostasis ပင်။ 👀
𝖳𝗁𝗂𝗌 𝗂𝗌 𝗃𝗎𝗌𝗍 𝖺 𝖿𝗈𝗈𝖽 𝖿𝗈𝗋 𝗍𝗁𝗈𝗎𝗀𝗁𝗍 𝖿𝗈𝗋 𝖺𝗅𝗅 𝗈𝖿 𝗒𝗈𝗎 😆 𝖳𝗁𝖾 𝗆𝗈𝗌𝗍 𝗂𝗆𝗉𝗈𝗋𝗍𝖺𝗇𝗍 𝗍𝗁𝗂𝗇𝗀 𝖺𝗋𝖾 𝗍𝗁𝖾 𝗉𝗂𝖼𝗍𝗎𝗋𝖾𝗌 𝗌𝗈 𝗋𝖾𝖺𝖽 𝗎𝗉 𝖺𝗇𝖽 𝖾𝗑𝗉𝗅𝗈𝗋𝖾 𝖿𝗈𝗅𝗄𝗌 ✨✨
28/11/2023
ဒီ Flashcard လေးကို
𝟥.𝟩.𝟥 လေ့လာတဲ့အခါ အထောက်အကူပြုမည့် 𝖥𝗅𝖺𝗌𝗁𝖼𝖺𝗋𝖽𝗌 များ 𝖯𝖺𝗋𝗍 (𝖨𝖨)ထဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။
များမကြာမှီမှာ နောက် Video အသစ် တစ်ခု လာတော့မှာမို့ Stay Tuned ပါခင်ဗျာ။ 🤗✨✨
27/11/2023
𝖪𝗇𝗈𝖼𝗄𝗂𝗇𝗀 𝗈𝗇 𝗒𝗈𝗎𝗋 𝖧𝖾𝖺𝗋𝗍 🤜🏼❤️🔥: 𝖳𝗁𝖾 𝖲𝖾𝗋𝗂𝖾𝗌
𝖢𝗈𝗏𝖾𝗋𝗂𝗇𝗀 𝟥.𝟩.𝟥 𝖳𝗁𝖾 𝖢𝗈𝗆𝗉𝗈𝗇𝖾𝗇𝗍𝗌 𝗈𝖿 𝖡𝗅𝗈𝗈𝖽
🩸𝟥.𝟩.𝟥 လေ့လာတဲ့အခါ အထောက်အကူပြုမည့် 𝖥𝗅𝖺𝗌𝗁𝖼𝖺𝗋𝖽𝗌 များ 𝖯𝖺𝗋𝗍 (𝖨𝖨)
27/11/2023
ကဲ၊ လာပါပြီနော။
𝖧𝖾𝗋𝖾 𝖺𝗋𝖾 𝗍𝗁𝖾 𝖠𝗇𝗌𝗐𝖾𝗋𝗌 𝖿𝗈𝗋 𝗍𝗁𝖾 𝗉𝗋𝖾𝗏𝗂𝗈𝗎𝗌 𝖵𝗂𝖽𝖾𝗈.
𝖪𝗇𝗈𝖼𝗄𝗂𝗇𝗀 𝗈𝗇 𝗒𝗈𝗎𝗋 𝖧𝖾𝖺𝗋𝗍 🤜🏼❤️🔥: 𝖳𝗁𝖾 𝖲𝖾𝗋𝗂𝖾𝗌
𝖢𝗈𝗏𝖾𝗋𝗂𝗇𝗀 𝟥.𝟩.𝟥 𝖳𝗁𝖾 𝖢𝗈𝗆𝗉𝗈𝗇𝖾𝗇𝗍𝗌 𝗈𝖿 𝖡𝗅𝗈𝗈𝖽
🩸 𝖶𝗁𝖺𝗍 𝗂𝗌 𝖢𝖾𝗇𝗍𝗋𝗂𝖿𝗎𝗀𝖺𝗍𝗂𝗈𝗇?
🩸 𝖲𝖾𝗋𝗎𝗆 𝖵𝖾𝗋𝗌𝗎𝗌 𝖯𝗅𝖺𝗌𝗆𝖺
🩸 𝟥.𝟩.𝟥 လေ့လာတဲ့အခါ အထောက်အကူပြုမည့် 𝖥𝗅𝖺𝗌𝗁𝖼𝖺𝗋𝖽𝗌 များ 𝖯𝖺𝗋𝗍 (𝖨)
27/11/2023
𝖧𝗈𝗅𝖺.𝖧𝗈𝗐 𝖺𝗋𝖾 𝗒𝗈𝗎 𝖽𝗈𝗂𝗇𝗀 𝖾𝗏𝖾𝗋𝗒𝗈𝗇𝖾? 🤗🤗
Patterns of Inheritance: The Series ရေးခဲ့တဲ့ မင်မင် ပြန်ရောက်လာပါပြီနော။ 😆😆
ဒီတစ်ခါမှာတော့ မင်မင် အရင်တစ်ခေါက်က ရေးပေးခဲ့တဲ့ The Red Part of Ours: Multiple Alleles, ABO Blood Groups တွေကနေ The Real Deal 🩸 ဖြစ်တဲ့ Blood, Components of Blood, the Heart, and the Lymph တို့ပါဝင်တဲ့ Grade (12) Biology 3.7 and 3.8 စီသွားချင်ပါတယ်။
𝖠𝗌 𝗎𝗌𝗎𝖺𝗅, 𝗇𝗈𝗍 𝖺𝗅𝗅 𝗈𝖿 𝗆𝗒 𝖼𝗈𝗇𝗍𝖾𝗇𝗍𝗌 𝗐𝗂𝗅𝗅 𝖻𝖾 𝖼𝗎𝗋𝗋𝗂𝖼𝗎𝗅𝗎𝗆-𝖻𝖺𝗌𝖾𝖽 🤗 𝖲𝗈𝗆𝖾 𝗈𝖿 𝗍𝗁𝖾𝗆 𝗐𝗂𝗅𝗅 𝖻𝖾 𝖺 𝖻𝗈𝗇𝗎𝗌 𝗈𝖿 𝗀𝗈𝗈𝖽-𝗍𝗈-𝗄𝗇𝗈𝗐𝗌 𝗍𝗈 𝗆𝖺𝗄𝖾 𝗒𝗈𝗎𝗋 𝗅𝖾𝖺𝗋𝗇𝗂𝗇𝗀 𝖾𝗑𝗉𝖾𝗋𝗂𝖾𝗇𝖼𝖾 𝗆𝗈𝗋𝖾 𝖿𝗎𝗇 𝖺𝗇𝖽 𝗐𝗁𝗈𝗅𝖾𝗌𝗈𝗆𝖾 ✨
ဒီတစ်ခေါက် Knocking on your Heart 🤜🏼❤️🔥: The Series အတွက် အရင်တစ်ခေါက်နဲ့မတူ၊ Video ရော Content ပုံစံပါ တင်ပေးသွားမှာမို့ JFM ကို ဆက်ဆက် Follow လုပ်ပြီး ဖတ်ရှု၊ကြည့်ရှုပေးကြပါဦးလို့ မင်မင်ပြောခဲ့ပါရစေ။
𝖠𝗇𝖽 𝗅𝖺𝗌𝗍𝗅𝗒 𝗍𝗈 𝖩𝖥𝖬’𝗌 𝖥𝗈𝗎𝗇𝖽𝖾𝗋 𝖬𝗂𝗇“, 𝗍𝗁𝖺𝗇𝗄 𝗒𝗈𝗎 𝗌𝗈 𝗆𝗎𝖼𝗁 𝖿𝗈𝗋 𝗁𝖺𝗏𝗂𝗇𝗀 𝗆𝖾 𝖺𝗀𝖺𝗂𝗇 𝗈𝗇 𝗒𝗈𝗎𝗋 𝗉𝗅𝖺𝗍𝖿𝗈𝗋𝗆.𝖯𝗅𝖾𝖺𝗌𝗎𝗋𝖾 𝗐𝗈𝗋𝗄𝗂𝗇𝗀 𝗐𝗂𝗍𝗁 𝗒𝗈𝗎 𝖺𝗇𝖽 𝗒𝗈𝗎𝗋 𝖺𝗎𝖽𝗂𝖾𝗇𝖼𝖾 ✨✨
𝖲𝖾𝖾 𝗒𝗈𝗎 𝗌𝗈𝗈𝗇 𝖿𝗈𝗅𝗄𝗌 🤗🤗
📸 Credits to Omer Salom
22/09/2023
Admin အကြောင်းကြောင်းကြောင့်pageမှာစာတွေမတင်ပေးနိုင်ခဲ့တာအားနာပါတယ်ခင်ဗျ။ တင်စေလိုတာရှိရင်comment sectionမှာရေးသွားပေးပါ။
13/04/2023
Molecular Biology part 3
ဒီနေ့မှာတော့ ၁၀တန်း၁၁တန်းစာနွေးပြီသလောက်ဖြစ်ပြီဆိုတော့ 12တန်းစာကိုစကြပါဆို့။
(Remark DNA replication ကenzymesတွေသာရှင်းပြထားတာကြောင့်processကိုနောက်တစ်ချိန်ကျအသေးစိတ်ရှင်းပေးပါမယ်။)
Photo credit Campbell biology textbook and Amoeba sisters and other resources
12/04/2023
Molecular biology part 2
မနေ့ကgrade 10 recallလုပ်ကြည့်ပြီးပြီဆိုတော့ဒီနေ့မှာgrade 11 စာလေးတွေကိုပြန်လေ့လာကြည့်ရအောင်ပါ။
Photo credit Campbell biology textbook,
11/04/2023
Grade 12 Molecular Biology
Part 1 revision grade 10
အကြောင်းရေးဖို့ရည်ရွယ်ထားပါသည်။
သို့သော်၀မရှိဘဲဝိလုပ်လို့မရသလိုဘဲ grade 12 Bio ကိုတန်းရေးလိုက်ရင်ဖတ်ရတာအဆင်မပြေမှာစိုးလို့ Grade 10 11 Bio အနည်းငယ်ပြန်ဆွေးနွေးသွားချင်ပါသည်။ ပြီးမှသာ grade 12 စာများကိုဆက်ဆွေးနွေးပါမည်။
Photos Campbell biology textbook
11/04/2023
Adminခရီးသွားေနတာရယ်အလုပ်ရှုပ်နေတာကြောင့်နှင့်ဘာမှမတင်ဖြစ်သေးတာပါ။သင်္ကြန်အတွင်းလည်းအားပြီဆိုတော့ content အသစ်တွေရေးပြီးတင်ပေးသွားပါမည်။
ဘယ်အကြောင်းကိုဆွေးနွေးစေချင်ကြမလဲကိုရေးသွားပေးနိုင်ပါသည်။
18/02/2023
Physiological adaptation in human
Admin grade 11 student presentation ကိုရေးသားထားခြင်းဖြစ်ပါသည်။
လိုအပ်ချက်ရှိရင်ထောက်ပြဝေဖန်ပေးဖို့ပါလို့တိုက်တွန်းအပ်ပါသည်။
16/02/2023
ဒီနေ့မှာတော့အက်မင်၂ယောက်လုံးရေးထားတာမဟုတ်ဘဲတပည့်တွေကိုစာဖတ်ခိုင်းရင်းနှင့်သူတို့ရေးပြီးအားဖြည့်ပေးတာကိုတင်ပေးလိုက်ပါသည်။
05/02/2023
သက်ရှိများအကြား အသွင်သဏ္ဌာန်မတူကွဲပြားခြင်း ~ Nature နဲ့ Nurture က ရေးခြယ်ပေးလိုက်သော စုတ်ချက်များ
Patterns of Inheritance:
The Series Bonus Issue (II)
Variation: The Color Palette that
Nature and Nurture painted on
Target: 5.3.2 Variation;
5.5 Nature Versus Nurture
မင်မင်တို့ကမ္ဘာမှာ Organisms တွေကြား မတူကွဲပြားမှုတွေ (Interspecific Variation) တွေရှိတာ Biology စသင်ကတည်းက စာဖတ်သူတို့ သိပြီးသားပါ။ ဒါကြောင့်လည်း မင်မင်တို့ဟာ Primates အဆင့်မြင့်နို့တိုက်သတ္တဝါ Order အုပ်စုထဲပါဝင်နေကြပေမဲ့၊ အုပ်စုတူ Monkeys တို့ Apes တို့နဲ့ မျိုးစိတ် Species ကြမတူနေကြတာပါ။ ဒါဟာ မင်မင်တို့ Primates တွေကြား မတူကွဲပြားတဲ့၊ ခွဲခြားလို့ရတဲ့ Characteristics တွေ (ဥပမာ အမွှေးအမျှင်၊ လမ်းလျှောက်ပုံလျှောက်နည်း၊ ဦးနှောက်ဖွံ့ဖြိုးမှု စသည်) ရှိနေလို့ပါပဲ။
နောက်ပိုင်းမှာတော့ မင်မင်တို့ဘာပါသိလာရလဲဆို ကမ္ဘာပေါ်မှာ Interspecific Variation တွေအပြင် Intraspecific Variation ပါရှိတယ်ဆိုတာပါ (Inter=ကြား၊ Intra=အတွင်း) ဒါဟာဘာကိုပြောချင်တာလဲဆို သက်ရှိတွေဟာ မျိုးစိတ်ချင်းတူနေရင်တောင်မှ မတူကွဲပြားမှုတွေမျိုးစုံ ဖော်ပြနိုင်ကြတယ်လို့ ဆိုလိုချင်တာပါ။ မင်မင်တို့ Homo Sapiens “လူ” မျိုးစိတ်ကိုပဲ စာဖတ်သူတို့ စဉ်းစားကြည့်ပါအုံး။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဘယ်လောက်အထိ မတူကွဲပြားမှုတွေ Variation တွေများပြားနေကြသလဲဆိုတာကို။
မင်မင် ဒီကနေ့ ပြောပြသွားမှာကလည်း အဲဒီ့ Variation အကြောင်းပါပဲ။ Genetics မှာ Variation ကို ဘယ်လို Define လုပ်သလဲ။ Variation ကို ဘာတွေကဖြစ်စေတာလဲ။ Variation ကို အမျိုးအစားဘယ်နှမျိုး ခွဲခြားနိုင်မလဲ။ Variation ဘာကြောင့်ဖြစ်ရတာလဲ စတာတွေကို မင်မင် ဒီကနေ့ ပြောပြပေးသွားပါမယ်။ So let us dive into this!
05/02/2023
ထွန်းခြင်း ~ သက်ရှိတိုင်း မရှောင်လွဲနိုင်သေးသော ကြမ္မာ
Patterns of Inheritance: The Series Bonus Issue (I)
Mutation: The Inevitable of Life
Target: 5.3.1 Mutation
မင်မင်တို့ လူတွေအားလုံးရဲ့ခန္ဓာမှာ နေ့စဓူဝ အသက်ရှင်နေသမျှကာလပတ်လုံး ဆဲလ်တွေ ကွဲပွါးနေကြရတယ်။ ဆဲလ်ကွဲပွါးတာနဲ့အတူတူ DNA တွေလည်းလိုက်ပွါးရသလို Chromosomes တွေလည်း ယိမ်းနွဲ့ကဟန်နဲ့ ၊ကွဲသွားတဲ့ ဆဲလ်အသီးသီးတွေစီ ရောက်ကြရတယ်။ ဒါဟာ မင်မင်တို့မီးစာကုန်တဲ့အထိ ဖြစ်၊ ပျက်နေရမယ့် ဖြစ်စဉ်တစ်ခုဖြစ်တယ်။
5.1.1 ကစာသားလေးတစ်ခု မင်မင်ရွတ်ပြပါရစေ “Cell Division is a strictly regulated process that mostly works without Errors”. ဆဲလ်ကွဲပွါးမှုဖြစ်စဉ်သည် များသောအားဖြင့် အမှားအယွင်းတွေ မရှိအောင်အထူးကြပ်မတ်ပြီးသားပါတဲ့။
ဒါဆို ဒီအမှားအယွင်း “Errors” တွေဖြစ်တဲ့ “Mutations” တွေဟာ ဘယ်အချိန်မှာသွားဖြစ်ပါသလဲ။ သူတို့ရဲ့သဘာဝကရော ဘယ်လိုရှိပါသလဲ။ မင်မင် Series P(8) တုန်းက Hereditary Mutations မျိုးရိုးဆက်ခံခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်သော ထွန်းခြင်း/ သန္ဓေပြောင်းလွဲခြင်း ကိစ္စရပ်တွေအကြောင်း စာဖတ်သူတို့ကို ပြောပြခဲ့ပြီးပါပြီ။ ဒီကနေ့မှာတော့ “Mutation” အကြောင်း တစ်ခုလုံးကို ခြုံမှုံပြီးဆွေးနွေးပေးပါရစေ။ Ready?